လူလတ်ပိုင်းအရွယ် စိတ်ကျဝေဒနာ

Kaung Kin Ko

(လူလတ်ပိုင်းအရွယ် စိတ်ကျဝေဒနာ)

ရွယ်တူ အမျိုးသမီးတချို့ကို ကြည့်တော့
မိတ်ကပ်နဲ့ ဇရာရဲ့ အဓိကရုဏ်းမှာ
မိတ်ကပ်တွေ ရှုံးစပြုချိန်

ရွယ်တူ အမျိုးသားတချို့ကိုကြည့်တော့
အိပ်မက်နဲ့ လက်တွေ့ဘဝ အဓိကရုဏ်းမှာ
အိပ်မက်တွေ ရှုံးစပြုချိန်

အညတရ ဘောလုံးသမားဆိုရင်
အလုပ်လက်မဲ့ဖြစ်တော့မယ့် အသက်အရွယ်မျိုးပေါ့
နည်းပြခိုင်းမယ့် အသင်းလည်း ရှိမှာမဟုတ်ဘူး
ရွှီးခိုင်းမယ့် ရုပ်သံလည်း ရှိမှာမဟုတ်ဘူး

အခုမှ ဘဝစမှာလို့ အားတင်းရအောင်ကလည်း
မစခင်ကတည်းက ဆုံးသလိုဖြစ်နေ
လှော်တက်လေး ကျပျောက်သွားမှာလည်း စိုးရိမ်ရသေး

သုတ်သုတ်သုတ်သုတ် ဘဝမှာ
ဟုတ်ဟုတ်မဟုတ်ဟုတ်
အပူတွေကို zoom လုပ်ကြည့်မယ်
သောကတွေကို လော်စပီကာထဲ ထည့်ကြည့်မယ်

ကိုယ့်ကျန်းမာရေး မြောင်းထဲကျသွားပြီး
ကိုယ်စုထားတဲ့ စက္ကူတွေ ဖောင်းပွသွားတဲ့အခါ
ဂီတာတစ်လက်နဲ့ Busker လုပ်ရင်ကောင်းမလား
မာနတွေကို မသေမချင်းသတ်ပြီး Beggar လုပ်ရင်ကောင်းမလား

အခွန်အကောက်တွေသာကြမ်းပြီး
ဘာမှ အာမခံချက်မရှိတဲ့လမ်းမှာ
ကိုယ်တို့ခြေထောက်လေးတွေ ဘယ်ကိုလျှောက်ရမလဲဆိုတာ
တကယ့် လျှို့ဝှက်သည်းဖိုပဲ။

ကောင်းကင်ကို (ဖေဖော်ဝါရီ ၁၇ – ၂၀၁၇)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s