SeinHtay Han “ယ​နေ့ အကျွန်​​ဟော​သော တရားအနှစ်​ချုပ်​”

SeinHtay Han

ယနေ့ အကျွန်ဟောသော တရားအနှစ်ချုပ်
~~••••~~~•••••~~•••••~~
မွတ်စလင်မ်ဆိုတာ~
ကောင်းတာလုပ်ပေမဲ့
ခေါင်းခါထုတ်ခံရရင်လည်း
ကောင်းတာပဲ ဆက်လုပ်တယ်…..
ဘာ့ကြောင့်လဲဆို
အလ္လာဟ်က
ကောင်းတာလုပ်ဖို့ပဲ မိန့်ထားတယ်….
ကောင်းရာလုပ်သူကိုလည်း
ချစ်မြတ်နိုးတော်မူတယ်။

မွတ်စလင်မ်ဆိုတာ~
ဖေးဖူးထားတဲ့
ကျေးဇူးတရားကိုလည်း
သိတတ်တဲ့သူဖြစ်တယ်။

မွတ်စလင်ဆိုတာ~
အများအကျိုးဆောင်ရွက်တဲ့အခါ
လူတွေဆီကနေ…
‘တစ်စုံတစ်ခု ပြန်ရဖို့
ဂုဏ်ပြုခံရဖို့ထက်
အလ္လာဟ့်နှစ်မြို့ကျေနပ်မှုကိုပဲ’
ပိုပြီး အာရုံထားတယ်။

မွတ်စလင်မ်ဆိုတာ~
အများကောင်းစားငြိမ်းချမ်းရေးအတွက်
တွက်ကပ်နေသ၍တော့
မွတ်စလင် မစစ်ဘူး….
ကွက်လပ်တွေဖြည့်မှ
မွတ်စလင်မ်ဖြစ်မယ်။

မွတ်စလင်မ်ဆိုတာ~
ဘေးထိုင် ဘုပြောလျက်
ငုတ်တုပ်ထိုင်မနေဘဲ …
မငေးငိုင် အပြုသဘောနဲ့
အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်တယ်။

မွတ်စလင်မ်ဆိုတာ~
သေရင် အမည်ကောင်းကျန်အောင်ကွယ်..
မသေခင် အတည်အကောင်းကြံဆောင်တယ်။
…… …… …… …… …… …….
(ကုရ်အာန် ၂း၁၉၅ ၂၂း၇၇ ၇၆း၉ ၄း၉၄ ၄း၉၅ ၄၆း၁၅)

(အဟ်မဒ်ကျမ်း၊ သိရ်မိဇီကျမ်း)
`´`´`´`´`´`´`´`´`´´`´`´`´`´`´`´`´`´`
ဆက်စပ်တင်ပြသော မြတ်ဗုဒ္ဓ၏
အဆုံးအမတရားတော်
~~•••••~~••••••~~
“အကြင်သူသည် အပြစ်ကင်းစင်၍
မပြစ်မှားထိုက်သော ပုဂ္ဂိုလ်ကို
တုတ် လှံ စသည်ဖြင့် ပြစ်မှား၏။
ထိုသူသည် ဆင်းရဲခြင်း ဒဏ်(၁၀)ပါးတို့တွင်
တစ်ပါးပါးသော ဆင်းရဲခြင်းသို့
လျင်မြန်စွာ ရောက်ရ၏။
ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊
ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊
(နူနာစသော)အနာရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊
စိတ်မနှံ့ခြင်းသို့လည်းကောင်း၊
ဆွေမျိုးတို့ပျက်ပြားခြင်းသို့လည်းကောင်း၊
စည်းစိမ်ယိုယွင်းခြင်းသို့လည်းကောင်း၊
အိမ်တို့ကို ပကတိမီးသည်လည်းကောင်း
လောင်မီးသည်လည်းကောင်း လောင်၏။
ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးပြီးနောက် ငရဲသို့ရောက်ရ၏။
(:ဓမ္မပဒ ၁၃၇-၁၄၀)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s