ကလောကိုသတိရချင်းတွေ လွမ်းတာထက်ပိုလာတယ် … သတိရတယ်…

Sai YarZar

ကလော သား

အတွေးတွေထဲမျောပီး

ဆောင်းတွင်းရောက်ရင်
ကလောကိုခဏခဏ
ပြန်ရောက်ဖြစ်တယ်…

ငယ်ငယ်က မိသားစုနဲ့
မီးဖိုပြီးမီးလုံခဲ့တဲ့အခိုက်အတန့်
မီးဆော့လို့ ခဏခဏ
အဆူခံခဲ့ရဖူးတဲ့
အမေ့အသံတွေလဲပြန်ကြားတယ် …

နှင်းငွေ့ နဲ့မြူမှုန်ကြားက
အရောင်တဖိတ်ဖိတ်လက်နေခဲ့တဲ့
ကြယ်တွေ ကြည့်ရင်း
ကလေးဘဝရဲ့ အိမ်မက်တွေ
ဆေးရောင်စုံချယ်ခဲ့ဖူးတယ်..

ညနေစောင်းတာနဲ့
ခြေထောက်လက်ဆေးဆိုတဲ့
အမေ့အသံ ….

အနွေးထည်တွေအထပ်ထပ်
ခြေအိတ်ကအစ ဝတ်ပြီးပေးပြီး
အရိပ်တကြည့်ကြည့်
ဂရုစိုက်နေတဲ့ အမေ့ မျက်ဝန်းတေ… တမ်းတမိတယ်

ဒီဇင်ဘာ နှင်းစက်တွေကြား
အေးစက် ချမ်းစိမ့်နေပေမဲ့

ကလော
ဆိုတဲ့ စကားလုံးက
ရင်ကိုနွေးထွေးစေတယ် …

ကလောဆိုတဲ့ စကားလုံးကပဲ
ကျနော့စိတ်တွေ
ကျနော်နဲ့ဝေးရာအရပ်စီ
ခဏခဏ သယ်ဆောင်သွားတယ် …

အိမ်မက်တွေလဲမက်တယ်….

ကလောကလမ်းတွေပေါ်
ကျနော်ရောက်တယ် …
ကလေးဘဝရဲ့နေ့ရက်တွေ
ကိုအိမ်မက်တယ်..
တခါတလေ
စာမေးပွဲဖြေနေရတယ် ..
တခါတလေ
ဆေးရုံ မာ အဖေ နဲ့ အမေ
ကို ထမင်းပို့တယ် …
တခါတလေကျတော့လဲစက်ဘီး
တွေစီနေပြန်တယ် …
တခါတလေကျတော့လဲ
ကျူရှင်ခန်းထဲရောက်နေတယ် …
တခါတလေ
ကျနော့ခွေးနှစ်ကောင်နဲ့
ထင်းရှုးဆီ ခုတ်နေတယ် …
တခါတလေတော့
အုတ်ခုံလေးမှာ ထိုင်ငေးနေမိတယ် …

ဒီလိုနဲ့

ကလော …
နဲ့ ဝေးရာ
ဆောင်းရာသီအတုတွေဖြတ်သန်းလာခဲ့ရင်း
ကလောကိုသတိရချင်းတွေ
လွမ်းတာထက်ပိုလာတယ် …

သတိရတယ်…

ကလောသား 😊

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s