မလေးရှားကို လာနေချ င်သူ…မိတ်ဆွေ တယောက်နဲ့ အမေးအဖြေလုပ်ထား တာလေးပါ

Maung Maung

မလေးရှားကို လာနေချ င်သူ…မိတ်ဆွေ တယောက်နဲ့ အမေးအဖြေလုပ်ထား တာလေးပါ….
မေးလာသူတွေ များလို့…အားလုံးသိရအောင် တင်ပေးလိုက်တာပါ…
မေး=
ကျ နော် ရန်ကုန်ကပါ
– ကျ နော် အလုပ်အကိုင် လုပ်ရတာ အဆင်မပြေလို့ နောက်မြန်မာနိုင်ငံမှာလဲ မနေချ င်တော့ဘူး ကျ နော်နဲ့ ကျ နော် ဇနီး နိုင်ငံ တခုခု မှာ အခြေချ ချ င်လို့
ကျ နော်ရှိတာတွေရောင်းလိုက်ရင်သိန်း၅ဆယ်လောက်တော့လက်ထဲရှိတယ်
သိရင် သို့မဟုတ် အသိရှိရင် ညွန်းပေးပါလား
ကျ နော်မှာ အသိမရှိလို့ အကူအညီ တောင်းတာပါ
ကျ နော် အဲတိကိစ္စ တွေ လုံးဝ နာမလည်လို့ အကူညီ တောင်းတာပါ
ဖြေ=
တကယ်တော့ မလေးရှားဟာ မွတ်စလင်တွေအတွက် အလွန် အင်မတန် နေလို့ထိုင်လို့ကောင်းတဲ့နိုင်ငံပါ
အထူးသဖြင့် ဘာသာရေးမှာ တင်းကြပ်မှုမရှိ
အစွန်းရောက်မှု မရှိ
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ရှိသလို
လူအားလုံးဟာ စိတ်ရှည်သည်းခံမှုနဲ့နေထိုင်ကြ တဲ့ အတွက်
နေရထိုင်ရတာအလွန်စိတ်ချ မ်းသာစရာ ကောင်းပါတယ်
မွတ်စလင်တွေအတွက် သွားလေရာနေရာတိုင်းမှာ
အချိ န်နဲ့ဝတ်ပြု နိုင်အောင်စီစဉ်ပေးထားသလို
အစားအသောက်ကလဲ ဘယ်နေရာမှာစားစား ဟလာလ် စားသောက်နိုင်တဲ့အတွက် အဆင်ပြေလှပါတယ်

ဒါပေမဲ့ မလေးရှားမှာ တရားဝင်နေထိုင်ခွင့် လုပ်ကိုင်ရှာဖွေစားသောက်ခွင့်
ပညာသင်ကြားခွင့် ဆေးကုသခွင်(မီးဖွားခွင့်အပါအဝင်)
တွေ ရရှိဖို့ကတော့ တော်တော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်

မြန်မာနိုင်ငံထဲက ဘာသာရေး/လူမျိုးရေး ခွဲခြားမှုတွေ /လူများစုက လူနည်းစုကို အနိုင့်အထက်ပြုမှုတွေက တနေ့တခြား ဆိုးယွားလာနေတယ်
နိုင်ငံသားစီစစ်ရေးကဒ်/အိမ်ထောင်စုဇယားတွေ လုပ်ယူဖို့ ခက်ခဲလာတဲ့အချိ န်မှာ
မိတ်ဆွေတော်တော်များများက
စိတ်ပျ က်လာကြပြီး မလေးရှားကို ပြောင်းရွှေ့နေထိုင်နိုင်ဖို့ စဉ်းစားလာ
ကြတယ်
စုံစမ်းမေးမြန်းလာကြပါတယ်

ဟုတ်ကဲ့ မလေးရှားနိုင်ငံမှာ မြန်မာ နိုင်ငံမှာလို လူမျိုးရေးဘာသာရေး
ခွဲခြားဆက်ဆံမှု/နိုင့်ထက်စီးနင်း ဆက်ဆံမှုတွေ မရှိပါဘူး

အဲ့ဒီကိစ္စတွေအတွက် စိတ်ချ မ်းသာရပေမဲ့ အခြားပြသနာအသစ် တွေကိုတော့ မလွဲမသွေရင်ဆိုင်ရ ဦးမယ်ဆိုတာကို သိထားစေလိုပါတယ်


မေး=
ကျ နော် ဒုက္ခသည်တော့ မဟုတ်ပါဘူး
မြန်မာနိုင်ငံမှာ မနေချ င်ဘူးဗျာ
အခြေခံ လစာကောင်းတဲ့ အနောက်နိုင်ငံ တခုကို သွားချ င်တာ
ကျ နော်မှာ ရှိတဲ့ ငွေနဲ့ က လဲ အနောက်နိုင်ငံ တခုကို သွားပို့ မလွယ်ဘူး
UN က နေ တဆင့် သွားလို့ ရတဲ့ နည်းရှိလား
ကျ နော်ကို စိတ်မဆိုးပါနဲ့ နော် အဲတိလိုမေးလို့
မသိလို့ မေးချင်ပဲ ဖြစ်ပါတယ်

ဖြေ=
ပြသနာက ဒီမှာအမြဲတမ်းတရားဝင် နေထိုင်ခွင့် မရနိုင်တာဘဲ
လုံးဝမရဘူးတော့မဟုတ်ပါဘူး
Secondhome ဆိုတဲ့အစီအစဉ်တော့ရှိတယ်
ကျ နော်တိတိကျ ကျ တော့မသိဘူး
မလေးအေးဂျ င့်တွေဆီစုံစမ်းရင်တော့ ရတယ်
အသက် ကန့်သတ်ချ က်တွေ
မလေးဘဏ်မှာငွေသွင်းထားရတာတွေ ရှိတယ်လို့ကြားဘူးပါတယ်

တရားဝင်နေခွင့်မရှိတော့
ဆိုင်ဖွင့်လို့မရဘူး-အလုပ် လုပ်ခွင့်မရှိဘူး….
အလုပ်လုပ်တာကို ရဲမိသွားရင် ခိုးပြီးအလုပ်လုပ်မှုဖြစ်တယ်
သား/သမီးကျောင်းထားလို့မရဘူး
မကျန်းမာရင် ဆေးရုံသွားလို့မရဘူး
ယူအဲန် ကဒ်အတုနဲ့နေရတာကလဲ အန္တရာယ်များတယ်
နေထိုင်ခွင့်ရဖို့ခက်တယ်
ဒါပေမဲ့ တရားမဝင် နေတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်
စွန့်စားရတာပေါ့လေ
အဖမ်းခံရရင် ထိန်းသိမ်းရေး ကဲမ့် ထဲရောက် ပြစ်ဒဏ်ခံပြီးရင်
သံရုံးက စီအိုင်လျှောက် လေယာဉ်လက်မှတ်ဝယ် မြန်မာပြည်ပြန်ရတာပေါ့
ဒီမှာ တချို့မြန်မာပြည်သားတွေကတော့
အောက်လမ်းကလာလိုက်
အခွင့်အရေးရသလောက် အလုပ်လုပ်/ငွေရှာလိုက်–အဆင်ပြေသွားရင်အိမ်ကို ခန ပြန်လိုက်…ဒါမှမဟုတ် ရဲနဲ့ မိသွားရင်…ကဲမ့်ထဲရောက်သွားလိုက်.. စီအိုင်နဲ့ ကဲမ့်ထဲကပြန်လိုက်
နောက်ရက်အောက်လမ်းက ပြန်ဝင်လာလိုက်နဲ့ အိမ်ဦးနဲ့ ကြမ်းပြင်ပါဘဲ


မေး=
UN card အစစ် မရနိုင်ဘူးလား ဗျ- ကျ နော် အနောက်နိုင်ငံ တခုခုကို သွားချ င်တာပါ


ဖြေ=
လက်ရှိအခြေအနေက UN ကဒ်ရဖို့ ဆိုတာ မလွယ်ပါဘူး
ဒီကနေ့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ရိုဟင်ဂျာတွေတောင် မလွယ်ပါဘူး
မြန်မာမွတ်စလင်တွေအတွက်ကတော့ မရနိုင်ဘူးလို့တောင် ပြောရပါလိမ့်မယ်
ကျ နော်လည်း ရောက်ကထဲက မြန်မာမွတ်စလင်တွေကို ကဒ်ထုတ် ပေးဖို့ UN ရုံးမှာ အကြိမ်ကြိမ်တောင်းဆိုပေးနေတာ ပြသနာတွေတောင် တက်တယ်
၂၀၁၃ ကရောက်နေကြတဲ့-မိတ္ထီလာက လူတွေတောင်အခုထိ မရကြပါဘူး


မေး=
အနောက်နိုင်ငံ ကို သွားရမဲ့ UN card က မလွယ်ဘူးပေါ့နော်
လမ်းကြောင်းကော် ရှိနိုင်မလား
ကျ နော် လိမ်ခံ ရမှာ မို့လို့ မေးကြည့်တာပါ


ဖြေ=
၂၀၀၂/၂၀၀၃ က ကဒ်ရထားသူတွေတောင်
တတိယနိုင်ငံထွက်ဖို့ကိစ္စမခေါ်သေးပါဘူး
အခု တတိယနိုင်ငံရောက်သွားသူ
တွေဟာ ၂၀၁၀ လောက်ကထဲက ကဒ်ရထားသူတွေပါ

လမ်းကြောင်း လုံးဝမရှိပါဘူး
လမ်းကြောင်းနဲ့ လုပ်ပေးမယ်ဆိုတဲ့လူရှိရင်
အဲ့ဒီလူဟာ လူလိမ်ဘဲဖြစ်မှာပါ


မေး=
အဲတိ ကဒ် ရသေးလားဗျ – ထုတ်ပေးသေးလား ကဒ် ကိုင်ထားပြီး မလေးမှာ အလုပ်လုပ်နေကြတာပေါ့
ကျ နော် ဒီမှာ မနေနိုင်တော့့လို့ မေးတာပါ

ဖြေ=
မလေးအစိုးရက ကဒ်အသစ်ထုတ်ပေးတာကို လုံးဝ လက်မခံတော့ပါဘူး
ရိုဟင်ဂျာတွေကိုတောင် အဖမ်းခံရပြီး-ကဲမ့်ထဲမှာ စီစစ်ပြီးမှ ထုတ်ပေး ရပါတယ်
ယူအဲန်ကဒ် လုံးဝ မရနိုင်ပါဘူးလို့ဘဲ အဖြေပေးရပါလိမ့်မယ်..

အလုပ်ပါမစ်နဲ့တရားဝင်လာပြီး အခြေအနေကို အရင် လာကြည့်သင့်ပါတယ်
ဒီကလူတွေရဲ့အခြေအနေ ဘယ်လိုနေကြထိုင်ကြတယ်ဆိုတာကို..ကို နီးနီးကပ်ကပ် လေ့လာကြည့်ပြီး ဆုံးဖြတ်တာ က ပိုအဆင်ပြေပါလိမ့်မယ်
ဖြစ်အောင်ကြံဖန်နေမယ်ဆိုရင်တော့ နဲနဲစွန့်စားရမယ် နေလို့တော့ ရပါတယ်


မေး=
အလုပ်ပါမစ်က free calling ဗီဇာ ရလား မာမူ
ကျ နော် ကားကောင်း၂ မောင်းတက်တယ်


ဖြေ=
အဲ့ဒါတွေကတော့ အေးဂျ င့်တွေဆီမှာ စုံစမ်းရပါမယ်
ကျ နော် သေချာမသိပါဘူး
အလည်အပတ်ဗီဇာနဲ့ဝင်လာပြီး
ဒီရောက်မှ ပါမစ်ကပ်တာတွေလဲ ရှိပါတယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s