ဦးကိုနီလုပ်ကြံခံရမှု နောက်ဆုံးလက်သည်ဖေါ်ပေးရန်အစ္စလာမ်ဘာသာရေးခေါင်းဆောင်များတောင်းဆို

Myanmar Muslim Media

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆုံးလက်သည်ဖေါ်ပေးရန်အစ္စလာမ်ဘာသာရေးခေါင်းဆောင်များတောင်းဆို

အောင်ဈာန်သစ်
Myanmar Muslim Media
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုတွင် အဆင့်ဆင့်ကြိုးကိုင်ခဲ့သည့် နောက်ဆုံးတရားခံကိုထုတ်ဖေါ်ပေးရန်အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်များကအစိုးရကိုတောင်းဆိုလိုက်သည်။

Image may contain: 1 person, sitting

Image may contain: one or more people and people standing

“ဒီကိစ္စဟာ စနစ်တကျစီစဉ်ထားတာမျိုးကိုတွေ့ရှိရတဲ့အတွက် နောက်ဆုံး လက်မဲကြီးဟာ အုပ်စုပဲဖြစ်ဖြစ်၊လူတစ်စုပဲဖြစ်ဖြစ် ၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ထိရောက်စွာဖေါ်ထုတ်ပေးမှပဲ ပြည်သူတွေက ဒီမိုကရေစီအစိုးရကို အားကိုးလာမယ်၊ တရားဥပဒေစိုးမိုးမှု ကိုဖြစ်ပေါ်လာမယ်လို့ပဲယူဆတယ်”ဟု မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းက Myanmar Muslim Media သို့ပြောသည်။

တရားခံအစစ်ကိုမဖေါ်နိုင်သေးဘဲမှန်းဆစွပ်စွဲချက်များသည်ကောလဟလကိုပိုမိုကြီးထွားစေနိုင်ကြောင်းနှင့်
တရားခံ အစစ်အမှန်ကို အမြန်ဆုံးဖေါ်ထုတ်မှသာလျှင် လူမှုဘဝလုံခြုံမှုရှိပြီး တရားဥပဒေဘောင် ပြင်ပအကြမ်းဖက်မှုများ၊ လက်နတ်အားကိုး ဖြေရှင်းသည့် အလေ့အထများချုပ်ငြိမ်းရန် လမ်းစပေါ်မည်ဖြစ်ကြောင်းအစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ခေါင်းဆောင်တစ်ဦးကပြောသည်။

“အစိုးရပိုင်းဆိုတာအဓိကပြည်ထဲရေးပေါ့ကိုင်တွယ်တာနှေးပေမယ့်အခုအချိန်ထိပေါ်လာတဲ့ဂွင်းဆက်တွေ ဟာနောက်ကွယ်ကပင်မတရားခံကိုဖေါ်ထုတ်ဖို့နီးစပ်နေပြီလို့ထင်တယ်။သူတို့ဆက်ပြီးအားထည့်ဖေါ်ရင် ရေသောက်မြစ် ပေါ်လောက်ပါတယ်သူတို့ ရေဆုံးမြေဆုံးမလိုက်ဘဲ ပြီးပြီရော နေလိုက်မှာဘဲ စိုးရိမ်တာ”ဟု အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ပြောသည်။

မတရားသဖြင့်ကြိုတင်စီစဉ်လုပ်ကြံမှုဖြစ်သဖြင့် တရားနည်းလမ်းတကျ ဖေါ်ထုတ်အရေးယူပေးရန်လည်း မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ မှခေါင်းဆောင်တစ်ဦးက တောင်းဆိုသည်။

“အခုဆိုလုပ်ကြံမှုဟာ ရက် ၂၀ ကျော်သွားပြီ ဒီအချိန်မှာ တကယ်တန်းဆို တရားခံကိုမိရမှာပေါ့နော်။အရမ်းနှေးနေတယ်။တကယ်တမ်း ဦးကိုနီကိုလုပ်ကြံတဲ့တရားခံကို ဖေါ်ထုတ်ပေးနိုင်မှသာလျှင် အခြားပြည်သူအတွက်လည်း လုံခြုံမှုရှိနိုင်မယ်လို့ထင်တယ်”ဟု မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က Myanmar Muslim Media သို့သုံးသပ်ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး လက်ရှိစုံစမ်းဖော်ထုတ်ရရှိမှုအခြေအနေများကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးကလည်းပြောကြားထားသည်။

“တိုင်းပြည်ရဲ့Image ကိုထိခိုက်ပျက်ဆီးစေတဲ့လုပ်ရပ်မို့တောင်းဆိုနေတာဖြစ်တယ်။ဒါတွေကိုမ
ရှင်းလင်းနိုင်ရင်တော့နောက်ထပ်နောက်ထပ်ဦးကိုနီလိုဖြစ်ရပ်မျိုး တွေပေါ်ပေါက်မလာနိုင်ဘူးလို့ဘယ်သူမှအာမခံပြောဆိုနိုင်မှာမဟုတ်ဘူး။တိုင်းပြည်ပျက်ကိန်းဆိုက်မှာကြောက်လို့တိုင်းပြည်ချစ်စိတ်နဲ့ပြောနေတာဖြစ်တယ်။တဲ့တဲ့ပြောရရင်တိုင်းပြည်ဖျက်တဲ့အထဲမှာကျုပ်တို့မပါဘူး”ဟုထင်ရှားသည့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့်ကိုမြအေးကလည်းဦးကိုနီသတ်ဖြတ်ခံရမှုဖေါ်ထုတ်ရေးတောင်းဆိုနေရခြင်းနှင့်ပတ်သက်ပြီး သူ၏ ဖဘစာမျက်နှာတွင်ရေးသားထားသည်။

“တကယ်တမ်းဆိုရင်စေခိုင်းသူအစစ်အမှန်ကိုအစိုးရပိုင်းအနေနဲ့ဖေါ်ထုတ်သိရှိထားပြီးဖြစ်တယ်လို့အကြွင်းမဲ့ယုံတယ်၊ဘာ့ကြောင့် မထုတ်ပြန်သေးသလဲဆိုတာပဲ စဉ်းစားရမှာ၊ဒီပုံစံနဲ့ဆို ပြည်သူတွေအနေနဲ့ ဒီလုပ်ကြံမှုကြီးကို ဘယ်အတိုင်းအတာ အထိသိခွင့်ရမလဲဆိုတာကတော့ မေးခွန်းထုတ်စရာပဲ”ဟု Myanmar Muslim Media မှ ဟိန်းအောင် ကသူ၏အမြင်ကိုပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ကြည်လင်းနှင့်အောင်ဝင်းဇော် ဆိုသူ ၂ ဦးကို ဖမ်းဆီးထားကြောင်း နှင့် ယင်းတို့ကို ငွေပေးစေခိုင်းသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုသူမှာ လွတ်မြောက်နေကြောင်း နိုင်ငံတော်သမ္မတရုံးက ယခုလ ၁၅ ရက်နေ့နေ့စွဲဖြင့်ထုတ်ပြန်သည့် ကြေညာချက်တွင်ဖေါ်ပြထားသည်။

Kyi Kyi ဘယ်အချိန်ကြည့်ကြည့်တော်တော်ကိုစိတ်မကောင်းဖြစ်စရာမြင်ကွင်းပဲ
ခလေးချီထားတဲ့သူ
ကျောပေးထားတဲ့သူ
ဒီလိုနေရာမျိုးးမှာဒီလိုလုပ်မယ်လို့
ဘယ်သူမှထင်မှာမဟုတ်ဘူး
တော်တော်ကိုခံပြင်းဖို့ကောင်းတယ်

Ko Oo တကယ်ဖြစ်ခြင်တကယ်လုပ်အဟုတ်ဖြစ်ရမည်
တကယ်မလုပ်လို့တကယ်မဖြစ်လို့တရားခံတွေအချိန်နဲ့ပြေးခိုင်းသလိုဖြစ်နေတယ်
ပြေးစရာလူကျန်နေသေးလို့အချိန်စွဲနေတာလား
ကို အာကျယ် တရားခံကြည်လင်းကို တရားရုံးက ချုပ်ရီမန်ပေးတာ ၁၅ရက်၂ကြိမ်ပြည့်တော့မယ်။ နောက်ဆက်တွဲ အောင်ဝင်းဇော်လဲ ရီမန်၂ကြိမ်ပြည့်ခါနီးပြီ။ ရာဇဝတ်ကျင့်ထုံးဥပဒေအရ တရားခံကို ရီမန်ကာလ ၁လထက်ကျော်လွန်ပေးအပ်လို့မရပါ။ ၁လပြည့်လို့မှ တရားစွဲမတင်နိုင်ယင် တရားခံကို လွှတ်ပစ်လိုက်ရပါသည်။ အခု ပြည်ထဲရေးက နောက်ကွယ်က ကြိုးကိုင်သူများကို မဖော်ထုတ်ဘဲ လက်ရှိတရားခံ၂ဦးကိုသာ တရားစွဲတင်ပို့သွားဖို့နဲ့ နောက်ကွယ်ကကြိုးကိုင်သူများကို အစဖျောက်ပစ်ဖို့ တမင်အချိန်ဆွဲလိုက်ပုံရပါသည်
Zay Yar Lin Kogyi ဒီအမူမှာ သန်းရွေးခိုင်တာဖြစ်တယ်လို ကျွန်တော်ရဲရဲပြောရဲတယ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s