သတင်းစာရှင်းလင်းပွဲဟာ၊ အမှုမှန်ပေါ်ဖို့ထက်၊လူထုကိုချွေးသိပ်ဖို့ကြိုးစားတဲ့လုပ်ရပ်၊မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာတဲ့လုပ်ရပ်

ဒီနေ့ကျင်းပသွားတဲ့ဦးကိုနီလုပ်ကြံရမှုအပေါ်သတင်းစာရှင်းလင်းပွဲဟာ၊
အမှုမှန်ပေါ်ဖို့ထက်၊လူထုကိုချွေးသိပ်ဖို့ကြိုးစားတဲ့လုပ်ရပ်၊မိုးကြိုးပစ်ရာ
ထန်းလက်နဲ့ကာတဲ့လုပ်ရပ်သာဖြစ်တယ်။

တပ်ရင်းမှူးအဆင့်အထိတာဝန်ထမ်းခဲ့ပြီး၊လက်ရှိအသက်လေးဆယ်ငါးဝန်းကျင်
ရှိနေတဲ့ကောင်တွေဟာ၊သေခါနီးတွေမို့လူငယ်တွေလို့သုံးနှုံးခြင်းဟာ
တရားခံတွေအပေါ်ဂရုဏာသက်အောင်၊ပြစ်ဒဏ်လျှော့ပေါ့အောင် ခုကတည်းက
လမ်းလွှဲနှပ်ကြောင်းပေးနေတဲ့သဘောသက်ရောက်တယ်။

လက်ရှိတရားခံစာရင်းဝင်တွေဟာမသမာတဲ့နည်းတွေနဲ့ကြီးပွားချမ်းသာနေပြီး
စစ်တပ်က သေချာလေ့ကျင့်ပေးထားခဲ့သူတွေသာဖြစ်တယ်။စစ်တပ်နဲ့ပြည်ထဲ
ရေးပါတစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတယ်။

ပုဂ္ဂိုလ်ရေးမုန်းတီးမှုသက်သက်လောက်နဲ့
ဘယ်အရူးမှ ဒီလောက်ကြီးတဲ့စည်းစိမ်ကိုချမရင်းဘူး။
ဘဝအပျက်မခံဘူး။လူမြင်ကွင်းမှာသေနတ်နဲ့လုပ်ကြံစရာမလိုဘူး။

ဒီအမှုရဲ့လက်သည်တရားခံဟာ မျိုးချစ်စိတ်ဗန်းပြပြီးအစွန်းရောက်နေတဲ့
အာဏာရှင်နောက်ချန်တပ်တွေသာဖြစ်တယ်။ဒီသုံးယောက်တင်မကဘူး။
နောက်မှာအုံလိုက်ကျင်းလိုက်၊ငွေကြေးတောင့်တင်းစွာနဲ့ရပ်တည်ပေးနေတယ်။

ဒီလေသံအတိုင်းဆိုရင် တရားခံစာရင်းကို ဇေယျာဖြိုးမှာ အဆုံးသတ်လိမ့်မယ်။
အောင်ဝင်းခိုင်ကိုဖမ်းမိရင်လည်း ဇေယျာဖြိုးပြောတဲ့အတိုင်းပါပဲဆိုပြီး၊
အမှုကိုနိဂုံးချုပ်မယ်။

မျှော်လင့်ချက်တစ်ခုကတော့ ဘဝတစ်ခုလုံးရင်းလိုက်ရပြီး ချကြွေးခံရလိုက်တဲ့
တရားခံတွေဖက်က ၊မကျေမနပ်ဖြစ်ပြီး၊ဖြစ်စဉ်မှန်ကို ဖွင့်ချမဲ့အချိန်ကိုသာ
စောင့်ဖို့ရှိတော့တယ်။ ဒါမှမဟုတ် လူထုအနေနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး
အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြပေတော့။ဒါပေမဲ့ ပြည်ထဲရေးကတော့
အသေအလဲဖျက်ထုတ်ကာကွယ်နေဦးမှာပဲ။

ပြည်ထဲရေးကတော့ ထုံးစံအတိုင်း သူ့ဇာတိကိုသူပြသွားပြီ။ပြည်ထဲရေးဆီက
ဘာမှမမျှော်လင့်ကြနဲ့တော့။

လိုရင်းကိုပြောရရင် ကျွန်တော်တို့ခင်ဗျားတို့ ကြိုတင်တွေးဆထားချက်တွေဟာ
သွေးထက်အောင်မှန်နေဆဲပါပဲ။

(မောင်ဒင့်ကောက်ချက်။ ။) မင်း ဒင်

မင်း ဒင်
https://www.facebook.com/min.din.58/posts/10211231133592056
.
Credit : မင်း ဒင်

Advertisements

2 thoughts on “သတင်းစာရှင်းလင်းပွဲဟာ၊ အမှုမှန်ပေါ်ဖို့ထက်၊လူထုကိုချွေးသိပ်ဖို့ကြိုးစားတဲ့လုပ်ရပ်၊မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာတဲ့လုပ်ရပ်

  1. Aung N Htwe
    9 hrs ·
    လေဆိပ်မှာ ကိုနေ၀င်းက
    ဆီးခုံမှန်တယ်

    ဦးကိုနီက နောက်စေ့မှန်တယ်

    မူးယစ်ပြခန်းသတင်းစာရှင်းလင်းပွဲမှာ
    ကိုနေ၀င်းက ရင်ဝမှန်တယ်
    ဦးကိုနီက နဖူးမှန်တယ်

    လေဆိပ်မှာပစ်တာ (၉မမ) နဲ့ လူတစ်ယောက်
    မူးယစ်ခန်းမှာ ပစ်တာ (ယူနီဖောင်း)နဲ့ လူသုံးယောက်

    အသေချာ မြင်လိုက်ရတာကတော့
    သူတို့တတွေ သေပြီးသားလူကိုပဲ
    အခါခါထပ်တလဲလဲ
    သေအောင် ပစ်သတ်ကြတယ်

    ဂိုလ်ရှယ်လေး

    Like

  2. Aung N Htwe
    3 hrs ·
    မာဖီးယားအုပ်ချုပ်သောနိုင်ငံတော် (၂)
    (ပြည်ထဲရေးက လိမ်နေလို့ စိန်ခေါ်တယ်)

    ဥပဒေကြောင်းအရ အတိလင်းဖြေရှင်းနိုင်ပါသည်….

    ဇေယျားဖြိုး သည် ဖေဖေါ်ဝါရီလ (၄)ရက်နေ့ ညနေ (၄) နာရီမှ (၆) နာရီအကြားတွင် ၄င်း၏ တာမွေကလေး အောင်မင်္ဂလာ (မင်္ဂလာ)လမ်းအိမ်တွင် သက်ဆိုင်ရာ ရဲအထူးတပ်ဖွဲမှ ရှေ့တက် စောင့်ကြည့် ၀ိုင်းပိတ် စီးနင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတင် တွေ့ရသည်။

    အဆိုပါ ဖမ်းဆီးချိန်တွင် စာရေးသူ တိကျစွာပြောနိုင်သည်မှာ သက်ဆိုင်ရာတာမွေမြို့နယ်ရဲစခန်းမှ (သုံးပွင့်) အရပ်ဝတ်ဖြင့် ၄င်းရောက်ရှိလာပြီး ၄င်း၏ နောက်တွင် လိုက်ပါလာသော အုပ်ငယ်နှင့် ရဲတပ်ကြပ်နှစ်ဦး တပ်သားတစ်ဦးတို့ ယူနီဖေါင်းများဝတ်ဆင်၍ လိုက်ပါလာခြင်းကြောင့် (မင်းတို့ တော်တော်စောက်သုံးမကျတဲ့ကောင်တွေ အရေးကြီးချိန်ကိုက်ဖမ်းတာမသိဘူးလား ယူနီဖေါင်းဝတ်လာရသလား) ဟု ကျယ်လောင်သော ဆဲဆိုသံအား (ညနေ ၅) နာရခန့်တွင် ပြောဆိုကြောင်း တာမွေ မြို့နယ်မှ ရဲအရာရှိအား သတင်းမေးနိုင်ပါသည်။

    ဇေယျာဖြိုးကို ဖမ်းဆီးစဉ် ဆံကေသာ ကတုံးဆံပင်ဖြစ်ပြီး အိမ်သော့ ကားသော့များကို ၄င်းမှ အိမ်ဖေါ်ဖြစ်သူအား ပေးအပ်ပုံ အေးအေးဆေးဆေးပဲ လိုက်ပါခဲ့ကြောင်း တင်ပြပြီးဖြစ်ခဲ့ပါသည်။ ၄င်းနောက် မင်္ဂလာဒုံ စစ်ကြောရေး အဖွဲ့ခွဲ(၂) သို့ ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်းသိရသည်။

    အောင်ဝင်းဇော်အား ငွေ (၅)ကြိမ် ပေးခဲ့ရာ လူချင်းငွေသား (၂) ကြိမ် နှင့် ဘဏ်မှ ငွေသုံးကြိမ်လွဲပေးခဲ့ကြောင်းသိရပြီး အောင်ဝင်းဇော်အားနောက်ဆုံးငွေလွဲပေးသူမှာ ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်မှ လွဲပေးခဲ့ကြောင်းသိရသည်။

    ဇေယျာဖြိုးမှာ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး အောင်ဝင်းခိုင်မှ သာသနာရေးကိစ္စအတွက်လုပ်ရန် ၄င်းမှ ကတိပြုထားသည့်အတိုင်း ကျပ် သိန်းပေါင်း( ၂၀၀) အား လွဲခဲ့ကြောင်းဆိုသည်။

    အောင်ဝင်းခိုင်မှ ကျပ် သိန်း(၁၁၀)ဖြင့် နဂါးလေးအား ဒီဇင်ဘာလ ၁၀ရက် (၂၀၁၆)တွင် ဖေါ်ပြပါ ကျဉ်ဆံထိမှန်သောကားကို ၀ယ်ပေးပြီး ကနဦး သဘောတူထားကြောင်း သိရသည်။ သို့သော် နဂါးလေးအား လုပ်ငန်း စတင်လုပ်ကိုင်ရန် ဆက်သွယ်သောအခါ တိကျသော အဖြေတစ်ခု မ၇ှိသောကြောင့် အောင်ဝင်းဇော်မှ ကြည်လင်းဖြင့် အစီစဉ် ဆက်လက် ဆွဲခဲ့ကြောင်းသိရသည်။

    ဇေယျာဖြိုးမှာ ငွေလွဲပေးရုံတင်မကပဲ အောင်ဝင်းခိုင်နှင့် အဆိုပါ လုပ်ငန်းလုပ်ရန် (၂၀၁၆) ဇူလိုင်လ အတွင်းကပင် အသေးစိတ် တိုင်ပင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

    လူချင်း အောင်ဝင်းခိုင် နေအိမ်တွင်၎င်း လက်ရှိ ဖမ်းဆီးခံရသော တာမွေကလေး အိမ်တွင်၎င်း ၄င်းပိုင်သော ကုမ္မဏီရုံးခန်းတို့တွင်၎င်း တိုင်ပင်ခဲ့ပြီး ဇန်နာဝရီလ (၄)ရက် ဟုထင်ရသော အချိန်တွင် သတင်းစာရှင်းလင်းပွဲတွင် ဖေါ်ပြသော လက်ဖက်ရည်ဆိုင်ဝယ် အောင်ဝင်းခိုင် ဇေယျာဖြိုးနှင့် သူငယ်ချင်း(……..လွှတ်တော်အမတ်) တစ်ဦး နှင့်ပါ အဆိုပါ ကိစ္စ ပြောဖြစ်ကြောင်း ထိုသို့ပြောကြရာတွင် လုပ်ကြံကြမည့် လုပ်ငန်းများအကြောင်းကို မပြောပဲ ဦးကိုနီကို မမြင်လိုတော့ကြောင်း အပေါ်မှ အမိန့်လည်း ပေးထားပြီဖြစ်ကြောင်း ..တချိန်ချိန်တွင် တခုခုဖြင့် ရှင်းလင်းလိုက်မှကို ဖြစ်တော့မည် ဖြစ်ကြောင်းလောက်သာ ထွက်ဆိုသည်ဟုဆိုသည်။ သို့ကြောင့် ကွက်လပ်ဖြင့် ဖေါ်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်မှ စိတ်မကောင်းကြောင်း မသိရှိကြောင်းမှာ ဘီဘီစီသို့ အတိလင်း လိမ်လည်ခဲ့ပါကြောင်း ပြောနိုင်ပါသည်။

    လုပ်ငန်းစတင်ရန် ဆိုက်(၂) ခုခွဲထားပြီး အောင်ဝင်းဇော်ဘက်မှ ကြည်လင်းဖြင့် လုပ်ဆောင်ရန်နှင့် အောင်ဝင်းခိုင် ဇေယျာဖြိုးဘက်မှ နဂါးလေးဖြင့် လုပ်ဆောင်ရန် အစီစဉ်ဆွဲထားခဲ့ကြောင်း သို့သော် နဂါလေးမှာ လုပ်ငန်းအပေါ် တာဝန်ယူလိုစိတ် အားနည်းနေခြင်းကြောင့် အောင်ဝင်းဇော်ဘက်ဆိုက်မှ ကြည်လင်းဖြင့် အကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့ရပါကြောင်း ဖြစ်သည်။ ၄င်းတို့ အဖွဲ့ (၂) နှစ်ခု ခွဲထားသော်လည်း တဖွဲ့နှင့် တဖွဲ့ သိနေကြခြင်း ဆက်စပ်နေကြခြင်း တွေ့ရသည်။

    အဆိုပါ စစ်ချက်တွင် စိတ်ဝင်စားစရာတစ်ခုမှာ အထက်မှ အမိန့်ရထားပြီးဖြစ်ကြောင်းကို စာရေးသူတို့ ဆက်လက် စုံစမ်းခဲ့ရာ အတော်တန်သိရှိခဲ့ရပြီး အောင်ဝင်းခိုင် ဇေယျာဖြိုး တို့နှင့် တိုက်ရိုက်ဆက်စပ်သော ဒီအက်အေ အပတ်စဉ်အမှတ်(၃၆) ဆင်း ခရိုနီဖြစ်ကြောင်း သိရသည်။

    အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးသည် အဓိက အကြီးဆုံး နောက်ဆုံး မဟာဗျူ ဟာ ရေးဆွဲပေးနေသူထိ သိရှိနေကြပြီး အောင်ဝင်းဇော်…၊ကြည်လင်း..၊ နဂါးလေး တို့မှာ မသိရှိကြပါ။

    ပုဂ္ဂိုလ်ရေးအရ မျိုးချစ်စိတ်ကြောင့် လုပ်ကြံသတ်ဖြတ်သည်ဟု ပြည်ထဲရေးဝန်ကြီးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်မှာ တက်တက်စင် မှားယွင်းမှုဖြစ်ပြီး
    (၂၀၁၆) မေလ ၀န်းကျင်တွင် အင်းစိန်မှ ကိုအောင်စိုးအား ဆက်သွယ်သော အချိန်တွင် သံတမန်တစ်ဦးဖြစ်သူအား သတ်ဖြတ်ပေး၇န် အောင်ဝင်းဇော်(ဗက)မှ ပြောဆိုချက်သည်မှန်ကန်ပါကြောင်း စာရေးသူ ဖေါ်ထုတ်လိုသည်။ အောင်ဝင်းဇော်တို့၏ အနောက်တွင် စေခိုင်းသူ၏ ပထမ မှားယွင်းစွာ ချမှတ်သော ဗျူ ဟာအရ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်ရေးသံတမန်ဖြစ်သူ မစ္စယံဟီးလီးအား လုပ်ကြံရန်ဖြစ်ကြောင်း ထောက်လှမ်း သိရှိ၇သည်။ ၄င်းတို့၏ တိုက်ကွက်သည် နိုင်ငံတကာ သံတမန် အရှုပ်အရှင်းအား ပြုလုပ်၍ လက်ရှိ အများပြည်သူ တင်မြောက်သော အစိုးရအား အကြပ်ရိုက်စေရန်ရည်ရွယ်ကြောင်း သိရပြီး နောက်ပိုင်းတွင် အဆိုပါ အကြပ်တည်းမှာ တိုင်းပြည်ပွက်လောရိုက် လှုပ်လှုပ်ရှားရှား ဖြစ်နိုင်လောက်သည့် အခြေနေမဟုတ်ကြောင်း တွေ့ရှိ၍ ဗျူဟာပြောင်းလဲချမှတ်ခဲ့ပုံဖြစ်သည်။

    နဂါးလေး၏ ထွက်ချက်တွင် သံတမန်တစ်ဦးမဟုတ်ရပဲ ဦးကိုနီသာ ဖြစ်ကြောင်း နာမည် နှင့်လူတစ်ဦးသာဖြစ်ကြောင်း ဆိုထားလေသည်။ အဆိုပါ ဗျူဟာ ပြောင်းလဲမှု ဖြစ်စဉ်အရ နောက်ကွယ်တွင် ပထမ မစ္စယံဟီးလီးအား လုပ်ကြံရန် ရေးဆွဲထားသော်လည်း နောက်ပိုင်းတွင် ဦးကိုနီအားပြောင်းလိုက်ရခြင်းမှာ ၄င်းတို့ ဆက်လက် ဖြစ်ပေါ်စေလိုသော အထိကရုန်းများ ဖြစ်ပေါ်လာရန် ရည်ရွယ်သော်လည်း လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းအား အသက်စွန့်ဖမ်းဆီးပေးခဲ့သော ကိုနေ၀င်း၏ စွန့်လွှတ်မှုကြောင့် တိုင်းပြည် ချောက်ထဲသို့ မကျသွားနိုင်သော အချေနေတစ်ခုတွင်ကံကောင်းစွာရရှိခဲ့ပြီး ယခု လက်ရှိအခြေနေအရ ပြည်ထဲရေး၏ သောင်မတင် ရေမကျ သတင်းစာရှင်းလင်းပွဲလုပ်ပြသောအနေထားတွင် ရပ်တန့်နေကြောင်းပါ။

    သို့သော် အောင်ဝင်းဇော်လုပ်နေသော မူးယစ်ဆေ၀ါးဖြန့်ဖြူးသယ်ဆောင် ရောင်းချခြင်းနှင့် ကျောက်စိမ်းမှောင်ခိုလုပ်ငန်းများအားလုံးကို ပြည်ထဲရေးမှ ဖုံးကွယ်ခဲ့ပြီး အောင်ဝင်းခိုင် ပိုင်ဆိုင်မှု စီးပွားရေးလုပ်ငန်းများကိုလည်း ဖေါ်ထုတ်ခြင်း ချိပ်ပိတ်ခြင်းမရှိကြောင်း သိရသည်။

    ဒီဗွီဘီမှလည်း ဇေယျာဖြိုး၏ ဇနီးကို အင်တာဗျူး လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရပြီး ၄င်းအင်တာဗျူး ထွက်မလာခင် ကြိုတင်၍ တင်ပြလိုက်ရခြင်းဖြစ်သည်။

    လိုအပ်လျင် လက်မဲတို့၏ Plan (B) ကို အသေးစိတ် တင်ပြရပါလိမ့်မည်။

    ဂိုလ်ရှယ်လေး

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s