ဦးကိုနီအားလုပ်ကြံသူများကို ဗုဒ္ဓဘုရားလောင်း၊ ရဲဘော် ၃ ကျိပ်တို့နှင့်ခိုင်းနှိုင်းပြီး ၀ီရသူချီးကျူးချီး

Myanmar Muslim Media

ဦးကိုနီအားလုပ်ကြံသူမျး  ကို ဗုဒ္ဓဘုရားလောင်း၊ ရဲဘော် ၃ ကျိပ်တို့နှင့်ခိုင်းနှိုင်းပြီး ၀ီရသူချီးကျူး

အောင်ဈာန်သစ်
Myanmar Muslim Media
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၇

ဦးကိုနီကိုလုပ်ကြံဖို့ ငွေကြေးစိုက်ထုတ်သူနဲ့ စီစဉ်သူ တို့ဟာ ဗုဒ္ဓဘာသာတရားကို ကိုင်းရှိုင်းသူများဖြစ်တာကြောင့် သတ်သူတိုင်းဆိုးတာမဟုတ်ဘူးလို့ ဘာသာရေးအစွန်းရောက်ဘုန်းတော်ကြီး ဦးဝီရသူက Wira Thu ဖဘစာမျက်နှာမှာ ဗုဒ္ဓဘုရားလောင်း၊ ရဲဘော်ကျိပ်တို့နှင့်ခိုင်းနှိုင်းပြီးချီးကျူးလိုက်ပါတယ်။

Image may contain: text

“သတ်သူနဲ့ သေသူရှိရာမှာ
သတ်သူတိုင်း ဆိုးတာမဟုတ်သလို
သေသူတိုင်း ကောင်းတာမဟုတ်ဘူး။
ဗိဠာရဝတဇာတ်တော်မှာ
ကြွက်မင်းက
မြေခွေးကို ကိုက်သတ်ပစ်လိုက်တယ်။
မြေခွေးက
သူတော်ယောင်ဆောင်ပြီး
ကြွက်မျိုးသုဉ်းအောင် သတ်စားပစ်လို့။
ရဲဘော်သုံးကျိပ်လူသတ်ခဲ့တယ်။
သူတို့သတ်လိုက်တဲ့ထဲမှာ
ကျေးဇူးရှိတဲ့ ဆရာတွေတောင်ပါတယ်။
ရဲဘော်သုံးကျိပ်လူကောင်း
ဂျပန်လူဆိုး။
ဝီရသူ ( မစိုးရိမ် )
25.2.2017
pm 11:37”လို့ မွတ်စလင်မ်ဆန့်ကျင်ရေး ဘုန်းကြီးအဖြစ် ကမ္ဘာသိ အစွန်းရောက်ဘုန်းတော်ကြီး ၀ီရသူကရေးသားတာဖြစ်ပါတယ်။

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ကျပ်သိန်းတစ်ထောင် ပေးသူလို့ အစိုးရက သတင်းထုတ်ပြန်ထားတဲ့ ထောက်လှမ်းရေးဗိုလ်ဟောင်း ဇေယျာဖြိုးဟာ လုပ်ကြံမှုဖြစ်အပြီး ဒုလ္လဘရဟန်းအဖြစ် တိမ်းရှောင်နေစဉ်ဖမ်းဆီးခံရတာဖြစ်ပြီး ဒုဗိုလ်မှူးကြီးဟောင်း ၀ရမ်းပြေးအောင်ဝင်းခိုင်ကတော့ ဦးကိုနီကိုသတ်ဖြတ်အပြီးမှာ ရွှေဘုန်းပွင့်စေတီကို ၃ ကြိမ်ပတ်ရှိခိုးပူဇော်ကာထွက်ပြေးတိမ်းရှောင်နေတာဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

So Hail အိုက်ကောင်းတွေက လူငယ် တွေဆိုတာ
အသက်ကိုပြောတာဟုတ်လောက်ဘူးးးး

အိုက်ကောင်းတွေ အနောက်မှာ လူကြီး
တွေ အကြီးကြီး တွေ ရှိပါတယ်လိုဘဲ
သဘောပေါက်ပါတယ်းးးး


တတ်နိုင်ဘူး မြန်မာစကား ကိုက
အဓိပ္ပါယ် ကိုလိုက်ကောက်နေရတာပဲ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s