နောက်ဆုံးလက်ကျန်အချိန်လေးမှာ ဒီစစ်အာဏာရှင်တွေ ကို အပြုတ်ဖြုတ်ခဲ့စမ်းပါ။ “အောင်ဆန်းသွေး” အစစ် ပြလိုက်စမ်းပါ လို့ပဲ တိုက်တွန်းချင်ပါတယ်

Min Aung

” အတ္တရှေ့တန်းတင် လုပ်နေရင် တသက်လုံးအောင်မြင်မှာ မဟုတ်ဘူး ”

မင်းသားမင်းသမီးသရုပ်ဆောင်ရင်လဲ ဒါငါ့စတိုင် လို့ ပုံသေယူလို့မရဘူး။ မုန့်ဟင်းခါးသည်လုပ်ရင် မုန့်ဟင်းခါးသည်နဲ့တူမှ ကြည့်ကောင်းတယ်ဗျ။ မုန့်ဟင်းခါးသည်လည်း ဆံပင်အမောက်ကြီးနဲ့၊ လေယာဉ်မှူးလဲ ဆံပင်အမောက်ကြီးနဲ့ ဆို သဘာဝကျမှာ မဟုတ်ဘူး။ ကြည့်ကောင်းအောင် ဘယ်လိုလုပ်လုပ်၊ သူ့ဖန်းတွေ ဘယ်လိုကြိုက်ကြိုက် ပေမီ ဒေါက်မီ သရုပ်ဆောင်မှုမျိုးတော့ ဖြစ်မှာ မဟုတ်ဘူး။

နိုင်ငံရေးလုပ်ရင်လဲ တိုက်စရာလိုရင် တိုက်ကိုတိုက်ရလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်း ဟာ သူ့အမျိုးသားလွတ်လပ်ရေးအတွက်
သပိတ်လည်းမှောက်သင့်ရင်မှောက်တယ်။
စစ်လည်းတိုက်သင့်ရင်တိုက်တယ်။
တွေ့ဆုံဆွေးနွေးမှုလည်း လုပ်သင့်ရင်လုပ်တယ်။
အဲဒါ နိုင်ငံရေးပဲ။
အဲဒီလို လုပ်နိုင်မှ ဒေါင်ဒေါင်မြည်တဲ့ နိုင်ငံရေးသမားကောင်း၊ ခေါင်းဆောင်ကောင်းပဲ။

နိုင်ငံရေး ဆိုတာ အကြမ်းမဖက် လက်နက်မကိုင်ဘဲ ဆွေးနွေးဖြေရှင်းတာ လို့ ကျောင်းက သင်သင်တဲ့အတိုင်း လာရွတ်ပြမနေနဲ့။

အဲဒီကျောင်းတွေ ရှိတဲ့တိုင်းပြည်တွေ ကမ္ဘာပေါ်မှာ စစ်အတိုက်ဆုံးပဲ။ ဒီကနေ့အထိ ထစ်ခနဲရှိ လက်နက်ကိုင်ဖြေရှင်းနေတာ မမြင်ဘူးလား။
မီးမီးကတော့ ငြိမ်းချမ်းရေးသမား၊ သားသားကတော့ ကဗျာပဲရေး၊ ပန်းချီပဲ ဆွဲ လုပ်လို့မရဘူး။

နိုင်ငံရေးအလုပ် လို့ စဉ်းစားရင်၊ ” အောင်ဆန်း” ဟာ စံပြပဲ။
နုစရာရှိနု၊ ကြမ်းစရာရှိကြမ်း၊ လုပ်စရာရှိလုပ်၊ ခံစရာရှိခံ၊ တိုက်စရာရှိတိုက်တာ နိုင်ငံရေး။

မီးမီးတို့ပါတီက လမ်းပေါ်ထွက်ဆန္ဒ ဘယ်တော့မှ မပြဘူး ဆိုတာ နိုင်ငံရေး ကို မဟုတ်ဘူး။

ခု အမေရိကန်မှာ ဒီမိုကရက်အမတ်တွေ ကိုယ်တိုင် ထွက် ဆန္ဒပြနေတယ်။ မျက်လုံးဖြဲကြည့်။ ပါးစပ်တပေါက်ထဲမှာ ခင်ဗျားတို့ တွေးမြင်စဉ်းစားမှုတွေ လမ်းဆုံးမနေနဲ့။

ဒေါ်ဒေါ်စု ဟာ ကိုယ်လုပ်ချင်တာ လုပ်ချင်တဲ့ပုံစံကိုချည်းပဲ အတ္တရှေ့တန်းတင်လုပ်နေတယ်။

နိုင်ငံရေးဆိုတာ မော်ဒယ်ကက်ဝေါ့ခ် လျှောက်သလို များ အောင့်မေ့နေသလားပဲ။ ဒီပွဲ ဒီလိုလေးဝတ်၊ ဟိုပွဲ ဟိုလိုလေးပြင်ပြီး ဟောသလိုလေး ပြောလိုက်ရင် ငါ့ကို ချစ်သွားကြ၊ နားထောင်ကြမယ် စိတ်ကူးယဉ်မနေပါနဲ့။

တိုက်စရာရှိတာ ပြတ်ပြတ်သားသား မတိုက်ချင်ရင် နိုင်ငံရေး ကို လုပ်လို့ မရဘူးဗျ။
မလုပ်နိုင်၊ မလုပ်ချင်လဲ နားပါတော့။

မြန်မာပြည်သူတွေဟာ ခင်ဗျာ့မပါဘဲ ၆၂၊ ၇၄၊ ၈၈၈၈၊ ရွှေဝါရောင် အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။ မနိုင်သေးတာပဲ ရှိတယ်။ ဘယ်တုန်းကမှ အရှုံးမပေးခဲ့ကြဘူး။ အင်္ဂလိပ် ကို နှစ်ရာတန်းချီ တော်လှန်ခဲ့သလို မျိုးဆက်အဆက်ဆက် မလျှော့တမ်း ကျနော်တို့ တိုက်ကြမှာပါပဲ။

ဒီတိုင်းပြည်သမိုင်းဟာ ခင်ဗျား လုပ်မှပဲ စစ်အာဏာရှင် ကို တရားဝင် အသိအမှတ်ပြုတဲ့ အဆင့် ဖြစ်သွားရတော့တယ်။
ပြည်သူတွေလဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲရတဲ့ အခြေအနေ ဖြစ်သွားတော့တယ်။ ခင်ဗျား မပေါ်ခဲ့ခင်မှာကော၊ ပေါ်လာပြီး အားလုံးဝန်းရံပေးကြစဉ်မှာရော ဒီတိုင်းပြည်မှာ အုပ်စု နှစ်စုပဲ ရှိခဲ့တယ်။ မတရား ခြစားဖိနှိပ်နေတဲ့ စစ်အာဏာရှင်တွေနဲ့ ဖီဆန်ဆန့်ကျင်နေကြတဲ့ ပြည်သူတွေ။

ကိုယ့်ကိုယ်ကိုယ် ညာမနေပါနဲ့။ အနှစ်မရှိတဲ့ လက်ခုပ်သံတွေ၊ အရေးမပါတဲ့ မီဒီယာမြှောက်ပင့်မှုတွေမှာ မျောမနေပါနဲ့။
ကျနော်တို့ ဘယ်အခြေဆိုက်နေပြီလဲ ခင်ဗျား အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

ခုလောက်အဆင့်အတန်းကတော့ စစ်ဗိုလ်တွေဟာ ခင်ဗျားကြောင့်မှ မဟုတ်ဘူး၊ သူတို့ဆက်လက် ရှင်သန်ရေးအတွက် ပေးကို ပေးကြမှာ။
ဒါကို ခင်ဗျားကြောင့် ရခဲ့သလိုလို ဝိုင်းမြှောက်ပင့်ကြ၊ ခင်ဗျားကလဲ ငါတွန်မှ နေထွက်သလိုလို ဘဝင်မြင့်တဲ့ကြက်ဖကြီး လို လုပ်မနေပါနဲ့။

နောက်ဆုံးလက်ကျန်အချိန်လေးမှာ ဒီစစ်အာဏာရှင်တွေ ကို အပြုတ်ဖြုတ်ခဲ့စမ်းပါ။ “အောင်ဆန်းသွေး” အစစ် ပြလိုက်စမ်းပါ လို့ပဲ တိုက်တွန်းချင်ပါတယ်။
ခင်ဗျားသာ အဲသလို ပြတ်ပြတ်သားသားရင်ဆိုင်မယ်ဆိုရင် တကမ္ဘာလုံး ပြန့်နေတဲ့ ၈၈ တွေ၊ မျိုးဆက်အဆက်ဆက် ကျောင်းသားတွေဟာ ( အချောင်သမားတွေကလွဲလို့) အကုန် ထောက်ခံကြ၊ ဝန်းရံကြ လက်တွဲကြပါလိမ့်မယ်။
ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ စစ်အာဏာရှင်အပြုတ်တိုက်ရေး ဆွေးနွေးမယ့် ၂၁ ရာစု ပင်လုံအစစ်ကိုလဲ ကျင်းပနိုင်ပါလိမ့်မယ် လို့ပဲ ပြောလိုက်ပါရစေ။

ချိုတူးဇော်

Advertisements

3 thoughts on “နောက်ဆုံးလက်ကျန်အချိန်လေးမှာ ဒီစစ်အာဏာရှင်တွေ ကို အပြုတ်ဖြုတ်ခဲ့စမ်းပါ။ “အောင်ဆန်းသွေး” အစစ် ပြလိုက်စမ်းပါ လို့ပဲ တိုက်တွန်းချင်ပါတယ်

  1. Min Aung
    15 hrs ·
    ” နိုင်ငံရေးချော်လဲရောထိုင်မနေနဲ့ တိုင်းပြည်နာသဗျ ”
    ဗျိုး ဒေါ်ဒေါ်စု
    အလိမ်ခံရရင်လဲ ခံရတယ်ပြောပါဗျ၊
    ကြိတ်ခံမနေပါနဲ့
    ယိုသူမရှက် မြင်သူရှက်ရ
    ခင်ဗျာ့ ရင်ကြားစေ့ကြီး က။
    တဆိတ်ရှိ ပြည်သူမနာအောင် ပြည်သူမနာအောင် နဲ့
    လမ်းပေါ်ထွက်လို့ ပစ်သတ်ခံရမှ နာတာ မဟုတ်ဘူး
    ခုလိုအုပ်ချုပ်မှုမျိုး စနစ်ဆိုးမျိုးကြောင့် နာတာ
    ပိုတောင် နာပါတယ်။
    လူအသတ်ခံရပြီး သေမှ သေတာ မဟုတ်ဘူးဗျ၊
    ဘဝတွေ မျိုးဆက်အဆက်ဆက်
    အသတ်ခံနေရ
    အညွန့်ချိုးခံနေရ။
    ချိုတူးဇော်

    Like

  2. Min Aung
    16 hrs ·
    ” ဒီတခါတော့ ပြည်သူတွေအလှည့် ဆိုပါတော့ ”
    စစ်ဗိုလ်ပြုတ်တွေက ဥပဒေပညာရှင်တယောက်ကို
    သေနတ်နဲ့ပစ်ပြီး လုပ်ကြံတယ်။
    အစိုးရက ပြည်သူကို
    သတင်းစာရှင်းလင်းပွဲလုပ်ပြီး လုပ်ကြံတယ်။
    ချိုတူးဇော်

    Like

  3. Min Aung
    18 hrs ·
    ” ၅၅၀ ဇာတ်ပေါင်းသော် ”
    ဇာတ်ပေါင်းသော်
    မိမိ လမ်းပြပြီး ပုခုံးဖြင့်ထမ်းပိုးခေါ်ဆောင်ပေးခဲ့သော ပုဏ္ဏား က
    မိမိကို ပြန်လည်လုပ်ကြံခံရသော မျောက်ကြီး သည်
    ‘တစုံတယောက်’မဟုတ်ဘဲ၊
    ‘အသက်သွေးချွေးပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော
    ‘ရဟန်းရှင်လူပြည်သူကျောင်းသား’ အပေါင်းတို့သာ
    ဖြစ်ပေတော့သည်။
    သည်တိုင်းပြည်မှာ
    ခေတ်အဆက်ဆက် မိမိတို့လွတ်လပ်ရေးအတွက်
    မိမိတို့ဖါသာ ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူများအပေါ်
    ဘယ်နိုင်ငံရေးသမားကျေးဇူးမှ
    မူးလို့တောင် ရှုစရာ မရှိဘူး မှတ်ပါလေ။
    ချိုတူးဇော်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s