ရလိမ့်မယ်လို့မထင်နဲ့

J Hla Thin
·
*** ရလိမ့်မယ်လို့မထင်နဲ့ ***

*နန်းကျ ဘုရင် ပလ္လင်ပေါ်ပြန်တက်ရတယ်ဆိုတာ
မြန်မာ့ ရာဇဝင်မှာထုံးစံမရှိဘူး ။

*ကနောင်မင်သားကိုသတ်လိုက်လို့
မြင်ကွန်းလည်း ရှင်ဘုရင်မဖြစ်ဘူး
မြင်းခုန်တိုင်လည်း အိမ်ရှေ့အရာမရဘူး ။

*သီပေါထက်အရည်အချ င်းရှိတဲ့
မင်းသား ၇၀ ကျော်ကိုသတ်ခဲ့တဲ့
ဆင်ဖြူ မရှင်မိဘုရားကြီး နဲ့ သမီးတော်ထိပ်စုဖုရားလတ်
ဘယ်လိုဇာတ်သိမ်းသွားကြသလဲ
သူတို့ဘဝနေဝင်ချိ န်တွေကိုကြည့်လိုက်ဦး ။

*ဗိုလ်ချု ပ်အောင်ဆန်း နဲ့ သူဦးဆောင်တဲ့အစိုးရတစ်ဖွဲ့လုံးကို
ဘရင်းဂန်းကျည်ဆံတွေနဲ့ အမှည့်ခြွေ ခြွေခဲ့ကြတာပဲ
ဂဠု န် ဦးစော နန်းရင်းဝန်နေရာပြန်ရခဲ့လို့လား
သူ့ဆွေစဉ်မျိုးဆက်ကို ရော ယနေ့မြန်မာ့လူ့အဖွဲ့အစည်းက
ဘယ်လိုသဘောထားသလဲ ဆိုတာလေး လေ့လာလိုက်ဦး ။

*အခု ဦးကိုနီကို ရှင်းထုတ်တယ်

မင်းတို့ရဲ့ ယုတ်မာခြင်းစာရင်းမှာ နောက်ထပ်
နောက်ထပ် လုပ်ကြံရမယ့် NLD လူစာရင်း သို့မဟုတ်
ပြည်သူ့အရေးကို အလေးထားသူတွေရဲ့စာရင်းစီထားလောက်ရောပေါ့

*လုပ်ပါ လုပ်ကြပါ ဒီနာဂစ်စာအုပ်ကြီး အရာမယွင်းသေးသရွေ့
မင်းတို့တွေ စိတ်သွားတိုင်းကိုယ်ပါ မှားလိုရာ
ဆက်မှားခွင့် ရနေကြပါသေးတယ်

* တစ်ခုတော့ ပြောလိုက်မယ်
NLD ခေါင်းဆောင်တွေ တစ်ယောက်မှ မကျ န်ရင်တောင်
မြန်မာပြည်သူလူထုက မင်းတို့ကိုမရွေးဘူး ဆိုတာမင်းတို့ မြဲမြဲမှတ်ထား

*မြန်မာ့ ဒီမိုကရေစီနွေဦးကို မင်းတို့သွေးစွန်းစေခဲ့ပြီ
ဒီခရီး ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းမလဲ
ကြမ်းချ င်သလောက်ကြမ်း တို့အရောက်ချီ တက်မယ်
လူထု အားနဲ့ ကျောက်ဆောင်ပေါ်မှာပန်းတွေပွင့်ပြမယ် ။

ကြောက်သွားကြလိမ့်မယ်လို့ အထင်မလွဲနဲ့
*မြန်မာ့ ဒီမိုကရေစီခရီးမှာ သေနပ်နဲ့ပစ်သတ်ခံရတာ
ဦးကိုနီ နဲ့ ကိုနေဝင်း ၂ယောက်တည်း မဟုတ်ဘူး

မင်းတို့က သေနပ်တွေကို အခုမှအထူးအဆန်းလုပ်ပြီး
ထုတ်သုံးကြတာလည်း မဟုတ်ခဲ့ဘူး

လန့်သွားကြပြီလို့ တော့ ဘဝင်မမြင့်လေ နဲ့
ပြည်သူက သေနပ်နဲ့ယဉ်ပါးနေပြီးသား

အဲဒီတော့
လွယ်လွယ်လေးနဲ့ ရလိမ့်မယ်လို့တော့ မထင်လေနဲ့ ။ ။

ဂျေ လှသင်
27.2.2017
9 : 00 am

Advertisements

One thought on “ရလိမ့်မယ်လို့မထင်နဲ့

  1. Nyi Nyi
    1 hr ·
    မြန်မာပြည်မှာ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ကိစ္စ တွေ နိုင်ငံတကာက ရှု့မြင်ပုံ ပြောင်းလာတာတွေ တဆင့်ခြင်း ပြောကြည့်ရအောင်။
    1. Communal trouble. ကစတယ်။
    2. ဒီမှာ Muslims were targetted.
    မွတ်စလင်မ်တွေ ပစ်မှတ်ထားတာခံနေရတယ်။
    ( ဒီမှာ ဒေါ်စုက Buddhists were also subjected.
    ဗုဒ္ဓ ဘာသာဝင်တွေလည်း ဦးတည်ခံနေရတာပဲလို့ချေပတယ်)
    3. Someone big is behind.
    ‘ နောက်ကွယ်က တစုံတယောက် ရှိနေတယ်။
    4. Security forces did nothing and watched.
    လုံခြုံရေးများ ဘာမှမလုပ်ပဲရပ်ကြည့်နေတယ်။
    5. Government orchestraed whole thing.
    အားလုံးကို အစိုးရက စီမံ လုပ်ကိုင်နေတယ်။
    6. It is institutional.
    ဒါ အစိုးရ ယန္တယား ( နဲ့လုပ်နေတာ) ပါ။
    ( ခု ရခိုင် NVC ကဒ် စီမံချက်နဲ့ လဝက ဦးဆောင်ရာမှာ
    NVC မကိုင်ရင် ခရီးသွားခွင့်ကန့်သပ်တာ
    စာမေးပွဲဖြေဆိုခွင့် နဲ့အကြပ်ကိုင်တာ
    ခု KBZ ကပါ NVC မကိုင်တဲ့သူတွေဘဏ်စာရင်း
    ဒုက္ခပေးတာတွေက Institutional ဆိုတဲ့ ပြောဆိုချက်
    ကို ပိုမို ခိုင်မာစေပါတယ်။)
    တိုင်းပြည် မျက်နှာ ကြည့်ပြီး ပြင်သင့်ကြပါပြီ။
    ခု နိုဘယ်လ်ဆုရှင် ဆိုတဲ့ အားသာချက်ပါ အယုံအကြည်မဲ့
    ခံလိုက်ရပါပြီ။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s