ဒီ ဝီရသူ ရယ် သူ့နောက်လိုက်ကိုယ်တော် မ.ဘ.သ တွေရယ် ဒီကိုယ်တော်တွေဟာ ပြည်သူအများနဲ့ ဆန့်ကျင်သူတွေ ဖြစ်နေတယ်

Ariya Wuntha Bhiwunsa

မြဝတီဆရာတော်Myawaddy Sayadaw ရဲ့ 
ရွှေဝါရောင်လှုပ်ရှားမှု(၉)နှစ်ပြည့်
သဘောထား
ထုတ်ပြန်ကြေငြာချက်
မင်းကျင့်တရား ၁၀ ပါး
ဘုရားဟောထားတဲ့အထဲမှာ
အရေးကြီးဆုံးတချက်က. .
အဝိရောဓန
ပြည်သူများနှင့်ဆန့်ကျင်သည့်အမှုမပြု ခြင်း. .ဘဲ။
အရင်အစိုးရဟာ
ပြည်သူမနှစ်မြို့ တဲ့အစိုးရ၊
အဲဒီအစိုးရကို ထောက်ခံအားပေးနေတဲ့
ဒီ ဝီရသူ ရယ်
သူ့နောက်လိုက်ကိုယ်တော်
မ.ဘ.သ တွေရယ်
ဒီကိုယ်တော်တွေဟာ
ပြည်သူအများနဲ့ ဆန့်ကျင်သူတွေ ဖြစ်နေတယ်။

Image may contain: 1 person, text

Image may contain: 2 people, text

အခုလက်ရှိအစိုးရဟာ
ပြည်သူအားလုံးနီးပါး တခဲနက်ထောက်ခံပြီး
အသက်တွေသွေးတွေ ပေးဆပ်ပြီး
တင်ထားတဲ့အစိုးရ
ဒီအစိုးရကို သက်သက်မလိုတမာ ကန့်လန့်တိုက်
နေတဲ့ ဒီကိုယ်တော်တွေကို ပြည်သူများ
မနှစ်မြို့သလို ဘုရားလဲ မနှစ်မြို့ဘူးဆိုတာ
ပြတ်ပြတ်သားသား သိထားဘို့ လိုနေပါပြီ။

Image may contain: 1 person, text and closeup

ဘုရားကိုယ်တော်တိုင် . .
အပ္ပသန္နာနံ ဝါ ပသာဒါယ
ပသန္နာနံ ဝါ ဘိယျောဘာဝါယ
(မကြည်ညိုသေးသော ဘာသာမဲ့များ
ဘာသာခြားများ ကြည်ညိုလေးစား
ချစ်ခင်လာအောင် နေထိုင်ရမည်။
ကြည်ညိုကိုးကွယ်နေကြသော
ပြည်တွင်းပြည်ပ ဗုဒ္ဓဘာသာဝင်များ
ပို၍ပို၍တိုးကာ ကြည်ညိုလာအောင်
ချစ်ခင်လေးစားလာအောင်
နေထိုင်ကြရမည်)
အချုပ်ပြောရင်. .

No automatic alt text available.

ပြည်သူအများ ကြည်ညိုအောင်
ပြု မူနေထိုင်ကြရမည်။
ပြည်သူများမနှစ်မြို့သည် များကို
မပြုလုပ်ကြရ ဟု သဃာ့အခြေခံစည်းမျဉ်းကို
ပြတ်ပြတ်သားသားမိန့်ထားတာဖြစ်တယ်။

Image may contain: 2 people, people smiling, text

ဒီသံဃာ့ဥပဒေကို ချိုးဖောက်ဖျက်ဆီးပြီး
ပြည်သူစိတ်မချမ်းသာအောင်
တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင်
လုပ်ဆောင် ကျူး လွန်နေတဲ့
ဒီ ဝီရသူဂိုဏ်းကို
ပရမ်းပတာ ရဟန်းဆိုးရဟန်းပျက်
အဖွဲ့အစည်းတရပ်ဟု
သတ်မှတ်ပြီး ထိထိရောက်ရောက်
အရေးယူဘို့ အချိန်တန်နေပြီ ။
သံဃာထုကိုယ်စား ပြင်းထန်စွာ ရှုံ့ချသည်။
ပြည်သူလူထုကိုယ်စား ပြင်းထန်စွာ ရှုံ့ချသည်။

Image may contain: 1 person, text

မြဝတီဆရာတော်
အရှင်အရိယဝံသာဘိဝံသ
ရွှေဝါရောင်သံဃာ့ဦးဆောင် ဆရာတော်
( အစိုးရ) သာသနဓဇ ဓမ္မာစရိယ
( မန္တလေး) သကျသီဟ ဓမ္မာစရိယ
(ရန်ကုန်) စေတိယင်္ဂဏဓမ္မာစရိယ ဝဋံသကာ
မြဝတီမင်းကြီးကျောင်းတိုက် ၊ ဘုံပျံတောရ
၆၂ လမ်း၊ ပြည်ကြီးတံခွန်၊ မန္တလေး။
(စက်တင်ဘာ ၂၆ ရက်, ၂၀၁၆)

Image may contain: 1 person, text

No automatic alt text available.

Image may contain: 3 people, people sitting and text

No automatic alt text available.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s