ဘာသာတရားအမည်​ခံပြီး အမုန်းတရားအဆိပ်​ကို ရိုက်​သွင်း​ဟောကြားသင်​​ပေးမှု​တွေဟာ အဆိုးဆုံး လမ်းလွဲမှုပါပဲ- ကိုယ့်​ဟာကို ဖျက်​မှန်းမသိ ဖျက်​ကြရင်း ပြင်​မရ​လောက်​​အောင်​ ပျက်​ခဲ့ကြပြီးပြီ

Swe Mon

လူသတ်တာကို ကြိုက်တယ်။ လူသေတာကို ၀မ်းသာတယ်။ ဖုံးမနိုင် ဖိမရ ၀မ်းသာကြောင်း ထုတ်ဖော်ပြောဆိုရေးသားတယ်။

အဲဒီလူတွေဟာ ဘယ်ဘာသာတရားကို ကိုးကွယ်သလဲ အရမ်းသိချင်မိတယ်။

ဦးကိုနီကို ကာယကံမြောက် တကယ်သတ်တဲ့ ကြည်လင်းဟာ သေနတ်ခလုတ်ကိုဆွဲပြီး ပစ်သတ်ဖို့ စက္ကန့်ပိုင်းပဲ ကြာခဲ့ပေမယ့် …

Image may contain: 2 people
.
ဦးကိုနီသေပြီး တစ်လကြာတဲ့တိုင် အငြိုးတကြီးနဲ့ ၀စီကံမြောက် ဦးကိုနီိကို သတ်နေကြဆဲ လူအချို့ …
.
မနောကံနဲ့ နေ့စဉ် ဆက်လက် သတ်ဖြတ် ကြည်နှုး ၀မ်းသာနေတဲ့ လူအချို့ဟာ …

Image may contain: 4 people, people smiling, text

ခင်ဗျားတို့ မုန်းလှချည်ရဲ့ဆိုတဲ့ ဟိုးးးးးး IS ဆိုတဲ့ လူသတ်သမားတွေနဲ့ ဘာမှ မကွာ။
.
အဲဒီ IS ဆိုတဲ့ လူသတ်သမားတွေက အပြစ်မဲ့သူတွေကို သတ္တိကြောင်စွာ အဆင့်အတန်း ယုတ်ညံ့စွာ ပုံစံအမျိုးမျိုးနဲ့ ဗြောင်သတ်ဖြတ်သလို ခင်ဗျားတို့စိတ်ဓာတ်တွေထဲမှာ နေ့စဉ်နဲ့အမျှ ကိုယ်တိုင်ကိုယ်ကျ ဗြောင်လူသတ်နေကြတယ်။ လူသေတာကို ဖုံးမနိုင် ဖိမရ ပျော်ကြရွှင်ကြတယ်။

Image may contain: 1 person, text
လူနည်းနည်းလေး မဟုတ်ဘူးနော်။ ပရိုဖိုင်းအမှန်နဲ့ လူသတ် လူသေတာကို နှစ်သက်ကြသူတွေမှ အုံလိုက်ကျင်းလိုက်။
.
ဒီနိုင်ငံမှာ အင်မတန် ငြိမ်းချမ်းလှတဲ့ အမည်ကောင်းခဲ့တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကို ဘယ်သူတွေက ဘယ်လိုဖျက်ဆီးလိုက်သလဲ … မစဉ်းစားနိုင်မိခင်မှာပဲ မြန်မာနိုင်ငံထဲက လူတော်တော်များများဆီမှာ ဗုဒ္ဓအနှစ်သာရတွေ ကင်းမဲ့ပျောက်သွားခဲ့ပြီးပြီ။ အမုန်းတရားကို ဘာသာတရားအမည်လွှဲပြောင်းပြီး ပူးတွဲဟောပြောခဲ့သူတွေက ဒီလိုလူတွေ ပေါ်ထွက်လာအောင် အဓိကတွန်းပို့ခဲ့ကြသူတွေပါ။

Image may contain: 2 people
.
မြန်မာနည်း မြန်မာ့ဟန် ကိုးကွယ်ချင်တာကို ကိုးကွယ်ပြီး ဗုဒ္ဓဘာသာအမည်ခံယူသူတွေ တကယ်ရှိနေတာတော့ သေချာပါတယ်။
.
ဗုဒ္ဓဘာသာဝင်အစစ်တွေအတွက် ဗုဒ္ဓကိုယ်တော်မြတ်ကြီး ဘာတွေကို သင်ပေးခဲ့ပါသလဲ။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး လူသတ်တာကိုတော့ ကြိုက်မယ် မထင်မိသေး။ လူသတ်တာကို ဗုဒ္ဓထောက်ခံမယ် မထင်မိ။ လူသေတာကို ၀မ်းသာရအောင် ဗုဒ္ဓသင်ပေးခဲ့မယ် မထင်မိ။
.
ကျုပ်အမြင်မှာ သူတို့ကို သနားတယ်။ နှမြောစိတ်နဲ့အတူ တခါတလေ ရွံရှာစိတ်ပေါ်မိတယ်။
.
ကိုယ့်ဟာကို ဖျက်မှန်းမသိ ဖျက်ကြရင်း ပြင်မရလောက်အောင် ပျက်ခဲ့ကြပြီးပြီ။
.
ဘာသာတရားအမည်ခံပြီး အမုန်းတရားအဆိပ်ကို ရိုက်သွင်းဟောကြားသင်ပေးမှုတွေဟာ အဆိုးဆုံး လမ်းလွဲမှုပါပဲ။
.
SM

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s