” ဒေါ်စု လမ်းစဉ် မှားနေရင်ကော လို့ တွေးကြည့်ဖူးသလား “

Min Aung

” ဒေါ်စု လမ်းစဉ် မှားနေရင်ကော လို့ တွေးကြည့်ဖူးသလား ”

တဆိတ်ရှိ ဒေါ်စုတော်တယ် တတ်တယ်နဲ့ ရှေ့ဆက်မရ လမ်းပိတ်နေကြတာ။
ဒေါ်စုတော်လွန်းလို့ ခုလို ဖြစ်နေတာပေါ့ ဟုတ်လား။

ဒေါ်စု ကော၊ ခင်ဗျားတို့၊ ကျနော်တို့၊ မျိုးဆက်အဆက်ဆက်ညံ့နေသေးလို့ စစ်အာဏာရှင် ကို မနိုင်သေးတာ၊ ရှင်းရှင်းကလေးပဲ။

ဘယ်နိုင်ငံသမိုင်းမှာများ မရက်စက်တဲ့ အာဏာရှင်ရှိခဲ့သလဲ ထောက်ပြစမ်းပါ။ လက်နက်နဲ့ ဖိနှိပ်သတ်ဖြတ်အုပ်ချုပ်ခဲ့တာချည်းပဲ။ ဇာဘုရင်၊ ချန်ကေရှိတ်၊ ဘတစ္စတာ အကုန်လုံး ရက်စက်တဲ့ အာဏာရှင်တွေချည်းပဲ။

လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပြန်တိုက်ပြီး အနိုင်ယူခဲ့တာ။ ခင်ဗျားတို့လို တလမ်းသေ၊ တလမ်းသွား နေတာ မဟုတ်ဘူး။
“”” ခင်ဗျားတို့က ဥပဒေမဲ့ အုပ်ချုပ်နေတဲ့သူတွေကို ဥပဒေနဲ့တိုက်မယ် စဉ်းစားနေတယ်။ ဒီလိုနဲ့ ဦးကိုနီ သေသွားရတာ။ ဒီလိုနဲ့ ဒေါ်စု ခုလို ဖြစ်နေတာ။
ဦးကိုနီဟာ နေမကောင်းဖြစ်ပြီး၊ အသက်ကြီးပြီး သေသွားတာ မဟုတ်ဘူး။ ဥပဒေစကားတွေ ပြောရင်း သေနတ်နဲ့ ပစ်သတ်ခံသွားရတာ။ အသတ်ခံလိုက်ရတာ။ စစ်အာဏာရှင်နဲ့ သူ့လက်ကိုင်တုတ်တွေ လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။ “””

ဥပဒေတတ်တိုင်း ဥပဒေနဲ့တိုက်လို့ရမတဲ့လား။ ဦးကိုနီ ဥပဒေတတ်သလောက်တော့ ဖီဒယ်ကက်စ်ထရိုလ် လဲ ဥပဒေတတ်တာပေါ့။ သူ့ရဲ့လျှောက်လွှဲချက်ဟာ ကမ္ဘာကျော်လျှောက်လွှဲချက် အဖြစ် အသိအမှတ်ပြုခံရတဲ့ ဥပဒေသမားပါ။

ဒါပေမဲ့ သူ့ဥပဒေ ကိုပဲ ဆုပ်ကိုင်ပြီး တိုက်သလား။ အာဏာသိမ်းထားတာ စစ်ဗိုလ်။ ဗိုလ်မှူးကြီးဘတစ္စတာ။ လက်နက်နဲ့ အုပ်ချုပ်နေတာ။ လက်နက်နဲ့ ပြန်တိုက်မှ ရမယ် လို့ သူဆုံးဖြတ်ရွေးချယ်ပြီး လက်နက်ကိုင်ခဲ့တာ။

တိုင်းပြည်ရလာဒ် အဓိကထားတော့ လက်နက်ကိုင်မှ ရမယ် လို့ မြင်ရင်၊ လက်ထဲက ဥပဒေစာအုပ်ကို ဘုတ်ခနဲ လွှတ်ချပြီး လက်နက်ကိုင်တယ်။ အဲဒါမှ နိုင်ငံရေးသမားကောင်း၊ တိုင်းပြည်ပထမ ရှေ့တန်းထားတဲ့ ခေါင်းဆောင်။
‘ကျမတို့ပါတီက ဘယ်တုန်းကမှ လမ်းပေါ်ထွက် ဆန္ဒမပြဘူး’ လို့ ဖင်မယားဘူး။
အောင်ဆန်း ဟာ သပိတ်လဲမှောက်ဖူးတယ်။
လမ်းပေါ်ထွက် ဆန္ဒလဲ ပြဖူးတယ်။
စစ်လဲတိုက်ဖူးတယ်။
တွေ့ဆုံဆွေးနွေးဖို့လိုရင် တွေ့ဆုံဆွေးနွေးမှုလဲ လုပ်တယ်။
၁။ လွတ်လပ်ရေး
၂။ လွတ်လပ်ရေး
၃။ လွတ်လပ်ရေး လို့ လုပ်ခဲ့တယ်။

အလုပ်လုပ်ပြီး အောင်ဆန်း ဖြစ်ခဲ့တာ။
စတိုင်ရှိလို့ စတား ဖြစ်ခဲ့တာ မဟုတ်ဘူး။

ဥပဒေ နားမလည်လို့ လက်နက်ကိုင်တာမှ မဟုတ်ပဲ။ ဒီလိုပဲ လီနင်၊ မော်စီတုန်း စာမတတ်၊ နိုင်ငံရေးမတတ်ကြတဲ့သူတွေ မှ မဟုတ် တာ။ သူတို့ရေးသားခဲ့တဲ့ ကျမ်းအဆူဆူ ဖတ်ကြည့်စမ်းပါဦး။

ခင်ဗျားတို့ ပြောပုံနဲ့ လီနင်တို့၊ မော်စီတုန်းတို့၊ ကက်စထရိုတို့က အလကားလူကြီးတွေ ကျ နေတာပဲ။

ပြောရရင်
သူတို့က အောင်မြင်ခဲ့တဲ့လူတွေ။ ဒေါ်စု လို စစ်အာဏာရှင် ကို ချော့ရင်း ပင်းရင်း ရှေ့ဆက်မရ ဖြစ်ခဲ့တဲ့ သူတွေ မဟုတ်ဘူး။ ဒေါ်စု တော်တယ် ဒေါ်စုတော်တယ်နဲ့ ခင်ဗျားတို့ လမ်းဆုံး လမ်းပိတ်နေတာ။

ဇာဘုရင်စစ်တပ်ပါလာတယ်။
ကျူးဘားမှာလဲ ပြည်သူတရပ်လုံးပါလာတယ်။
မော်စီတုန်း တနိုင်ငံလုံး အကွဲကွဲ အပြားပြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စုစည်းနိုင်ခဲ့တယ်။

ဒေါ်စု က စစ်တပ်နဲ့ပဲ ပေါင်းသွားတာ။ လက်နက်ကိုင်အဖွဲ့တွေကိုလဲ ကန်ထုတ်ပစ်၊ ညီညွတ်ရေး ယုံကြည်မှု ဘာတခုမှ မလုပ်နိုင်။ စစ်တပ်ကသာ တရစ်ချင်းတက်လာတာ။

မြန်မာစစ်တပ်က မပါဘူး ဆိုရင် မြန်မာနိုင်ငံရေးသမားတွေ စည်းရုံးရေးညံ့သေးလို့ပဲ။

ဒေါ်စုနဲ့ သူတို့တွေနဲ့ မတူတာက ဒေါ်စု က အကျိုးသက်ရောက်မှုထက် လုပ်နည်းလုပ်ဟန်လမ်းကြောင်းကို ဦးစားပေးတယ်။ သူဖြစ်နေတာ ဘရာဇီးအသင်း ရှုံးသလိုပဲ။ ကစာူကွက်တွေ လှပပြီး ပွဲပြီးတော့ မနိုင်ဘူး။ ဟိုလူတွေက အသင်းကြီးလဲ ၁၁ ယောက်လုံးပိတ်ကစား၊ ဘာကစားကွက်မှ မရှိ၊ ရသလို ဖျက်ထုတ်၊ အလစ်အငိုက်ဖမ်း ဂိုး ရအောင်သွင်း အနိုင်ယူတဲ့ အသင်းမျိုးတွေ။
သူ့အဖေဗိုလ်ချုပ်အောင်ဆန်း လဲ အဲသလိုပဲ လွတ်လပ်ရေးယူခဲ့တာ။
တရုတ်သွားတယ်။ ကွန်မြူနစ်နဲ့ပေါင်းဖို့။ ဖက်ဆစ်နဲ့တွေ့တယ်။ ပေါင်းမလား ပေါင်းတယ်။ နောင်ခါလာနောင်ခါဈေး။ ပြီးတော့ ပြန်တိုက်တယ်။

ကျူးဘားမှာ ကက်စထရိုတို့ ပြန်သိမ်းပိုက်ပြီး ဘတစ္စတာ ရဲ့ လူတွေ၊ (ကြံ့ဖွံ့တွေ၊ မဘသတွေ ဆိုပါတော့) ဟာ စီအိုင်အေ ကျောထောက်ံနောက်ခံနဲ့ အစစ ပြန်လည်ထူထောင်တဲ့ ကျူးဘားကို အမျိုးမျိုးနှောင့်ခဲ့တယ်။
ဒီတော့ ကက်စထရိုဟာ အဲဒီကောင်တွေကို ပြင်းပြင်းထန်ထန် ပြန်။တိုက်တယ်။ ဖမ်းစရာရှိ ဖမ်း၊ သတ်စရာရှိ သတ်ပစ်လိုက်တယ်။ ဒီတော့ ကက်စထရို ကို အာဏာရှင် လို့ အနောက်မီဒီယာ က သမုတ်တယ်။
ဟုတ်တယ် ဒီမိုကရေစီထူထောင်တဲ့ ဘတစ္စတာအာဏာကို သိမ်းခဲ့စဉ် ပြည်သူတွေဟာ စာမသင်ရ၊ ဆေးမကုရ၊ မြေယာလဲ ပိုင်ဆိုင်မှု မရှိ နဲ့။ အဲဒီအမေရိကန်အရင်းရှင်ကြီးတွေ လာရင်းနှီးမြှုပ်နှံတဲ့ ကြံခင်းတွေမှာ မလောက်မငှ လစာနဲ့ လုပ်နေခဲ့ရတယ်။
ပြီးရင် ကျူးဘားဟာ သကြားအများဆုံးထုတ်တယ်။ အဲဒီက ရသ မျှ အမြတ် အမေရိကန်တွေပဲ ရတယ်။ တိုင်းပြည်မှာ လိုအပ်သမျှ သွားတိုက်ဆေး က အစ၊ အမေရိကန်က ပြန်ဝယ်ရတယ်။
ဘတစ္စတာဟာ အာဏာသိမ်းပြီး သူ့အာဏာမြဲဖို့ အမေရိကန်ကို ဈေးပေါင်ကျိုးနဲ့ တိုင်းပြည်ထိုးအပ် ခဲ့တယ်။ ခု စစ်ဗိုလ်ချုပ်တွေ တရုတ်ကို ထိုးအပ်ထားသလိုပဲ။ ဘာမှ မထူးဘူး။

အာဏာရှင်ကြီးကက်စထရိုက မြေတွေပြန်သိမ်း လယ်သမားတွေခွဲပေး၊ အခမဲ့ ကျန်းမာရေး၊ အခမဲ့ ပညာရေး၊ နဲ့ ဆင်းရဲသားပြည်သူတွေ စာတတ်ကုန်တယ်။ ပြည့်စုံလာတယ်။ ဟုတ်တယ် စာရွက်ပေါ်က ကိန်းဂဏန်းတွေအရ ကျူးဘားစီးပွားရေး ကျခဲ့တယ်။ ဒါပေမဲ့ လက်တဆုပ်စာ လူတစု ထဲ ချမ်းသာ မနေတော့ဘူး။
ဘက်ပေါင်းစုံက သမိုင်းကို လေ့လာစမ်းပါ။ တဘက်ထဲ အမြင်သေကြီးနဲ့ ကြည့်မနေပါနဲ့။

အဲဒီလူကြီးတွေဟာ အင်မတန်ရက်စက်ခဲ့တယ်။ သူ့ပြည်သူတွေ ထမင်းနပ်မှန်ဖို့၊ စာသင်ရဖို့၊ ဆေးကုခွင့် ရဖို့ လုပ်ဆောင်နေချိန်မှာ စီအိုင်အေ အထောက်အပံ့နဲ့ အရင်လို တိုင်းတပါးကြီးစိုးခြယ့် လှယ် ဖို့ လာလုပ်တဲ့ကောင်တွေ ကို ပြတ်ပြတ်သားသား ရက် စက်ခဲ့ကြတယ်။ ဥပဒေဘွဲ့ရ ရှေ့နေ တရားတာ၊ မတရားတာ သူမသိဘဲ နေမလား။
သူတို့အားလုံးဟာ ‘အနိုင်မခံစိတ်ဓါတ်’ နဲ့ နိုင်ငံရေး လုပ်ခဲ့တာ လို့ ကျနော် မြင်တယ်။
ရွတ်ကြည့်ကြစမ်းပါ မောင်တို့ မယ်တို့

” ယမမင်း၏ ခွေးပုရပိုဒ်တွင် ငါ၏ နာမည် မည်မျှပင် ထပ်နေစေကာမူ ” တဲ့။

အခေါက်ခေါက် အခါခါ ရွတ်စမ်းပါ။

တိုင်းပြည်ကောင်းစားဖို့၊ ပြည်သူကောင်းစားဖို့ လုပ်စရာရှိတာ
ငရဲမကြောက် လုပ်မယ် လို့ ဥဒါန်းချီထားတာ။

နိုင်ငံရေးကို ကိုယ်ဆုရဖို့လောက်ပဲ ရှေ့တန်းတင် လုပ်ပြတတ်သူတွေ နားလည်နိုင်ဖို့တော့ ဝေးလိမ့်မယ်။

ချိုတူးဇော်

Advertisements

4 thoughts on “” ဒေါ်စု လမ်းစဉ် မှားနေရင်ကော လို့ တွေးကြည့်ဖူးသလား “

  1. Min Aung
    20 hrs ·
    ” ဒေါ်စု စိတ်ကူးယဉ်တယ်၊ ပုံပြောတယ်၊ ဟန်ပြတယ်၊
    ဒါပဲ ပွဲပြီးတော့မယ် ”
    ကမ္ဘာ့သမိုင်းမှာ လူ့အဖွဲ့အစည်း စနစ်တခုကနေ တခုကိုပြောင်းဖို့ တော်လှန်ခဲ့ရတာမှန်သမျှ လူမျိုးခြားနဲ့တိုက်ရတာ တခုမှ မရှိခဲ့ဖူးဘူး။
    အမေရိကန်တော်လှန်ရေး
    ပြင်သစ်တော်လှန်ရေး
    ရုရှားမဟာအောက်တိုဘာတော်လှန်ရေး
    တရုတ်ပြည်သူ့လွတ်မြောက်တော်လှန်ရေး
    ကျူးဘားတော်လှန်ရေး
    ဘယ်တော်လှန်ရေးမှာများ လူမျိုးခြားတွေ့သလဲ။
    (အမေရိကန်တော်လှန်ရေးဟာ ကိုလိုနီနယ်သား အင်္ဂလိပ်အပါအဝင် ဥရောပသားတွေနဲ့ အင်္ဂလိပ်တို့ လူဖြူချင်း တိုက်ကြတာပါပဲ)
    မြန်မာပြည်ဟာ အိန္ဒိယနိုင်ငံကြီး ဝါရင့်ဒီမိုကရေစီ ဖြစ်လာတာနဲ့ တန်းတူယှဉ်ပြီး၊ ဝါရင့်စစ်အာဏာရှင်နိုင်ငံကြီး ဖြစ်လာခဲ့တာ။
    စစ်ဗိုလ်တွေရဲ့ စစ်အုပ်ချုပ်ရေး ဆို လွှတ်တော်ထဲထိုင်နေတဲ့ တမတ်သားကောင်တွေချည်းမမြင်နဲ့ လို့ ကျနော်ရေးခဲ့တယ်။ ဌာနဆိုင်ရာအသီးသီးမှာ နေရာဝင်ယူထားတဲ့ ဗိုလ်ကျတွေ ကို ထည့်မတွက်လို့ မရဘူး လို့ ထောက်ပြခဲ့တယ်။
    အဲဒါ စစ်အာဏာရှင်ရဲ့ မြေမြှုပ်မိုင်းတွေ။ နောက်ဆုံးခံ ကတုပ်တွေ။
    တကယ်တမ်း NLD ရွေးကောက်ပွဲနိုင်ပြီး အလုပ်မဖြစ်တာ အဲဒီ ကတုပ်တွေကနေ ခံချ ခံနေရတာ။
    ဒေါ်ဒေါ်စု ဟာ စိတ်ကူးယဉ်ပြီး နိုင်ငံရေးလုပ်နေတယ်။
    ခွေးကို တုတ်ကောက်တတ်တာနဲ့ သီချင်းဆို သင်သလိုပဲ။
    ရရင်ရ မရရင်ချ ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားကို
    ကိုယ့်လူမျိုးချင်း သုံးစရာမဟုတ်ဘူး လို့ ပေါ့ပျက်ပျက် လုပ်ပစ်လိုက်တယ်။
    သမိုင်းမတတ်တဲ့ ငတုံးငအတွေ က လှေနံဓားထစ် ယုံကြတယ်။
    ကမ္ဘာ့သမိုင်းတလျှောက် ကိုယ်လုမျိုးချင်းဖိနှိပ်မှုဟာ လူမျိုးခြားကျွန်
    ပြုတာထက် ရက်စက်ခဲ့တာချည်းပဲ။
    ကိုယ့်လူမျိုးချင်း အပြင်းအထန်တိုက်ခဲ့ရတာချည်းပဲ။
    ဇာဘုရင်တွေနဲ့ မတိုက်ဘဲ ဆိုဗီယက်ဖြစ်လာနိုင်မယ် ထင်သလား။
    ချန်ကေရှိတ် နဲ့ မတိုက်ဘဲ တရုတ်ပြည်သူတွေ လွတ်မြောက်မယ် ထင်သလား။
    မြန်မာပြည်မှာ လူထုလွတ်မြောက်ရေးတိုက်ပွဲကြီး ပြတ်ပြတ်သားသား မလုပ်နိုင်မချင်း စစ်ဘိနပ်အောက် က လွတ်ဖို့ မမျှော်လင့်နဲ့။
    ချိုတူးဇော်

    Like

  2. Min Aung
    February 27 at 3:21am ·
    ” မပူပါနဲ့ ဆက်တိုက်ကြတာပေါ့ ”
    ညီနောင်များ ကို ကျနော့်သဘောထား ပြောပြချင်တယ်။ တော်လှန်ရေးအတွက် နှလုံးအေးဆေး ပါ။
    ကျနော်ဟာ လက်ရှိ စစ်အုပ်စု ဘာလုပ်လုပ် စိတ်ထဲ သိပ်မထားဘူး။ ကျနော့်စိတ်ထဲမှာ
    ၁။ စစ်ဗိုလ်တွေ အမှားကို ဝန်ခံရမယ်။ ပြည်သူကို တောင်းပန်ရမယ်။
    ၂။ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ဥပဒေနဲ့အညီ အရေးယူခံရမယ်။
    ၃။ အလွဲသုံးစားမှုတွေအတွက် ပိုင်ဆိုင်မှုတွေ စိစစ်ပြီး ပြည်သူ့ဘဏ္ဍာတွေ ပြန်သိမ်းခံရမယ်။ ( ကာယကံရှင်သေပြီးတောင် သားစဉ်မြေးဆက်ပိုင်ဆိုင်မှု ကို စိစစ်ဆောင်ရွက်ရန်)
    အဲဒီ သုံးချက်ရမှ ကျနော်တို့ ပြေငြိမ်းလို့ ရမယ် လို့ ခံယူပါတယ်။
    ခုလောလောဆယ် ဒေါ်ဒေါ်စုကြောင့် ပြည်သူတွေ မွှန်နေ၊ ဝေဝါးနေတယ်။ သူသေမှ အမွှန်တွေ ရပ်ကြမှာမို့ အဲဒါပဲ စောင့်ရမယ် ထင်ပါတယ်။ သူကတော့ ပြင်မယ့်ပုံမရ ပလုံခံပြီး သေမလားပဲ။
    သူသေပြီးရင်လဲ စစ်အုပ်စုကလဲ အချိုးပြောင်းဦးမှာ မဟုတ်လို့ တဆင့်ချင်း တော်လှန်ရေး ကို ပြန်တည်ဆောက်ကြရမယ် ခံယူထားပါတယ်။
    မရမချင်း သားစဉ်မြေးဆက် ဆက်တိုက်ကြတော့ပေါ့။
    ကျန်းမာအောင်နေ၊ ချမ်းသာအောင်နေ၊ မျိုးဆက်သစ်တွေ အတွက် ပြင်ဆင်ကြတာပေါ့။
    မတရားဘဲနဲ့ ငါတို့ဘယ်တော့မှ မပြေငြိမ်းဘူး ဆိုတဲ့ အချက်ကိုသာ ခင်ဗျားတို့ ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့။ တနေ့ မုချနိုင်ကို နိုင်ရမယ်။
    ဒီလိုရေးလို အငြှိုးအာဃာတကြီးတယ် မအောင့်မေ့ပါနဲ့။ ကျနော့်တယောက်ထဲ အနေနဲ့တော့ အင်မတန်သဘောထားကြီး ပါတယ်။ အပေါ်က တောင်းဆိုတဲ့ သုံးချက်ကိုသာ လိုက်လျောမယ် ဆို ခုချက်ချင်းကို ပြေလည်ဖို့ အသင့်ပါ။
    အမျိုးတွေပဲ ဥစ္စာ။
    နော့။
    ချိုတူးဇော်

    Like

  3. DASSK should just sent a secret official request to UN/US/EU to start an official independent investigation on Myanmar Military leaders and USDP leaders for the Rakhine conflict, War with Ethnic Minoritories and U Ko Ni assassination. To announce the list of criminals and to deploy the UN Peace keepers as buffers and for protection.

    Like

  4. Once UN announce the indictment of Generals, DASSK should declare an offer of amnesty IF they all resign from the posts and give-up ALL the positions and powers to NLD.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s