လက်ရှိအခြေအနေဟာ ဖက်ဆစ်က ရွှေရည်စိမ်လွတ်လပ်ရေးပေးပြီး ဒေါက်တာဘမော်အဓိပတိတင်၊ ရုပ်ပြအစိုးရ ဖွဲ့ပေးထားတာနဲ့ တထပ်ထဲ တူနေတာပါပဲ

Min Aung

” အနာ နဲ့ ဆေး ”

အစိုးရအဖွဲ့ထဲ ဝင်ပြီး ဥပဒေပြင်ယူလို့ ရစရာ စစ်အုပ်စု က လူကို လူလို တန်ဖိုးထားတဲ့ ဒီမိုကရက်ကိုလိုနီဗြိတိသျှနဲ့တူသလား၊ ထစ်ခနဲရှိ သတ်ဖြတ်ဖမ်းဆီးနှိပ်စက်တတ်တဲ့ ဖက်ဆစ်ဂျပန်နဲ့တူသလား သေချာစဉ်းစား။

လက်ရှိအခြေအနေဟာ ဖက်ဆစ်က ရွှေရည်စိမ်လွတ်လပ်ရေးပေးပြီး ဒေါက်တာဘမော်အဓိပတိတင်၊ ရုပ်ပြအစိုးရ ဖွဲ့ပေးထားတာနဲ့ တထပ်ထဲ တူနေတာပါပဲ။

ဖက်ဆစ်နဲ့တူရင် ဖက်ဆစ်လို တော်လှန်မှ ရပေမပေါ့။

မမေ့ဖို့က ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ်လက်အောက်မှာ သည်းခံ အစော်ကားခံ အစိုးရအနေနဲ့ နေခဲ့ကြတာ တော်လှန်ရေးပြင်ဆင်ဖို့ပဲ။
သူတို့သာ အင်္ဂလိပ်နဲ့ ဆက်သွယ် ဂျပန်ကို ပြန်တော်လှန်တာ မလုပ်ခဲ့ဘဲ၊ ဂျပန်ဘက်ကနေ အင်္ဂလိပ်ကို ပြန်တိုက်ခဲ့ကြမယ် ဆိုရင် မြန်မာ့သမိုင်းမှာ “အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ တကြောင်းတလေတောင် ရှိမှာ မဟုတ်ဘူး။
“အမျိုးသားသစ္စာဖေါက်ဖက်ဆစ်အလိုတော်ရိအောင်ဆန်း” အနေနဲ့ နိဋ္ဌိတံ သွားမယ် ဆိုတာပါပဲ။

ဖက်ဆစ်နဲ့ ပေါင်းတယ်။ ဖက်ဆစ် ကတိမတည်ရင် မတည်သလို ကိုယ့်ပြည်သူဘက်က ပြန်ချလိုက်တာဟာ အောင်ဆန်း ရဲ့ ခေါင်းဆောင်ကောင်း ဂုဏ်ပါပဲ။
ခင်ဗျားတို့ ရင်ကြားစေ့ရေးဆိုပြီး လွှတ်တော်ထဲ မပြောရ၊ မဆိုရ ပိတ်ပင်ခဲ့တာတွေ ဟာ ဘယ်လိုနိဂုံးချုပ်မလဲ ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။

ဖက်ဆစ် လို လူသတ်ကောင်တွေကို ဒီမိုကရေစီသမား လို ဆက်ဆံနေရင် ဘာနဲ့တူသလဲ ဆိုတော့ ကိုယ်သုံးရမယ့် ကိရိယာ ကိုယ်မရွေးချယ်တတ်တဲ့သဘော။ ဆိုပါတော့ မီးတောက်မီးကျီခဲ တလုံး ကို လက်နဲ့ ကိုင်လို့ ဖြစ်မလား။ မီးညှပ်နဲ့ ကိုင်မှ ရပေမပေါ့။
ဥပဒေ လမ်းကြောင်း တို့၊ ရွေးကောက်ပွဲလမ်းကြောင်းတို့၊ လွှတ်တော်လမ်းကြောင်းတို့ဆိုတာ ပလပ်စတစ်လက်အိတ်၊ အဝတ်လက်အိတ်၊ လိုမျိုးတွေနဲ့တူတယ်။ အဲဒါတွေ ဝတ်ပြီး မီးခဲကိုင်သလိုပဲ၊ ဥပဒေနည်း၊ ရွေးကောက်ပွဲနည်း၊ တွေနဲ့ အာဏာရှင်ကောင်တွေ၊ ဖက်ဆစ်လိုကောင်တွေကို ဆက်ဆံတော့ ဦးကိုနီ အသတ်ခံရ၊ ကိုပါကြီး အသတ်ခံရ၊ တယောက်ပြီးတယောက် အသတ်ခံကြရကော။
“သေမှာ ကြောက်ရင် မလုပ်နဲ့” တွေ ဘာတွေ ရူးပေါပေါ လျှောက်ပြောနေသေးတယ်။
ခု ထောက်ပြနေတာ ရဲရင့်တာ၊ ကြောက်ရွံ့တာ အကြောင်း မဟုတ်ဘူး။ ဉာဏ်ရှိခြင်း၊ မရှိခြင်း ကိစ္စပါ။

ခင်ဗျားတို့ မီးခဲကို လက်နဲ့ကိုင်နေကြတာ ကို ပြောနေတာ။

နောက် ရှိသေးတယ်။ ၈၈၈၈ ပြန်ဖြစ်သွားမှာ ပေါ့ တဲ့။

၈၈၈၈ ဟာ ပြည်သူ့အောင်ပွဲ ပါ။
၈၈၈၈ ကို စစ်အုပ်စု၊ မဆလဆွေမျိုးတသိုက်ကလွဲရင် ပြည်သူတိုင်း ဂုဏ်ယူပါတယ်။

၈၈၈၈ ပြန်ဖြစ်ရင် ဘာဖြစ်မယ်ထင်လို့လဲ။
၈၈၈၈ နဲ့ နိုင်အောင်တိုက်နိုင်ရင်

– ခု ခင်ဗျားတို့လို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဂုဏ်သိက္ခာရှိ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ဝင်ထိုင်ပြီး နှောင့်ယှက်နေတဲ့ ဘယ်က ဘယ်လို ရွေးလွှတ်လိုက်မှန်းမသိတဲ့ အုတ်ကြားမြက်ပေါက် ကလေကလွင့် ယူနီဖေါင်းဝတ် ၂၅% ကို သံပုံးတီးစရာ မလိုဘဲ တောထုတ်လို့ ရမယ်။

– မြန်မာပြည်တပြည်လုံး ကို ဒုက္ခပေးနေတဲ့ အဲဒီ ၂၀၀၈ အခြေခံဥပဒေ ဆိုတဲ့ စာအုပ်စိမ်း ကို အိမ်သာသုံးစက္ကူ လုပ်ပစ်လိုက်လို့ ရမယ်။

– ပြည်သူတွေကို ပစ်မိန့်ပေးခဲ့တဲ့၊ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေကို ရုံးတင်စစ်ဆေးပြီး ကြိုးမိန့်ပေးလို့ ရမယ်။

– ရ ထားတဲ့ လစာနဲ့ ဘာမှမဆိုင်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရာထူးရာခံသူခိုးမှန်သမျှရဲ့ ပိုင်ဆိုင်မှုတွေကို စိစစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ အနေနဲ့ ပြန်ယူလို့ရမယ်။

– ဌာနဆိုင်ရာအသီးသီးမှာ အခန့်သား ညွှန်မှူး စက်ရုံမှူး ရာထူးလာယူတွယ်ကပ် ခြစားနေတဲ့ ဗိုလ်ကျခြကောင်တွေမှန်သမျှ
ဂုတ်က ကိုင်ဆွဲပြီး ကန်ထုတ်ပစ်လို့ ရမယ်။

– မဘသ နာမည်ခံပြီး သာသနာ့အရေခြုံနေတဲ့ ဘုန်းကြီးတုမှန်သမျှ ကိုလည်း နေရာမှာတင် သင်္ကန်းဆွဲချွတ် အလုပ်စခန်းတွေမှာ ပြည်သူကို အကြွေးတင်သမျှ ပေးဆပ်ခိုင်းလို့ရမယ်။

အဲဒါတွေအားလုံးဟာ ကျနော်တို့ မြန်မာပြည်သူတရပ်လုံး ရစရာရှိတဲ့ အကြွေးတွေပါ။ ကျနော်တို့ လျှော်ပစ်ရအောင် ဘယ်လို ပြန်ရတာ ရှိလို့ လျှော်ပစ်ထိုက်သလဲ ခင်ဗျားတို့ အကြောင်းပြပါ။
ကျနော်တို့ ရသင့်ရထိုက်တာ မှန်သမျှ ၈၈၈၈၈ လို လူထုတိုက်ပွဲ အောင်မြင်ရင် ရ ရမယ် လို့ ကျနော် က အာမခံ ပြောရဲတယ်။
ခင်ဗျားတို့ လွှတ်တော်နည်း၊ ဥပဒေနည်းနဲ့ ရစေ့မယ် အာမခံနိုင်ပါသလား။

ဘယ်အရာမဆို အလကားတော့ မရနိုင်ဘူး။ ပေးဆပ်မှုရှိမှ ရမှာ အမှန်ပဲ။
ခင်ဗျားတို့ တိုက်ယူမှ ရမယ့်အရာတွေကို တိုက်ရမှာကြောက်လို့
ရှောင်လွှဲပြီး၊ မတိုက်ရမယ့်လမ်းကို ရွေးတယ်။
ဒီတော့ ဥပဒေလဲ ပြင်မရ၊ ပြည်သူ့ဘဏ္ဍာတွေလဲ ခိုးမြဲခိုး၊ ဒါတင်မက စစ်ရာဇဝတ်ကောင်တွေ ကို အပြစ်မပေးနိုင်တဲ့အပြင် ပင်စင်တောင် သမ္မတလစာထက်များတဲ့ ပမာဏ ပေးထားလိုက်ရသေး။
ပြည်သူတွေဆောင်တဲ့ အခွန်ငွေတွေထဲက ပေးနေရတာ သိရဲ့လား။

ခင်ဗျားတို့ က ၈၈၈၈ ကို ရှောင်နိုင်တာ ဂုဏ်ယူချင်တယ်။
အဲဒါ ဂုဏ်ယူစရာလား၊ နောင်မျိုးဆက်တွေ အပေါ် တာဝန်မဲ့
ကိုယ့်ကိုယ်ကိုယ် ညှာနေ၊ ညာနေ ကြလိုက်တာလား၊ ပြန်သုံးသပ်ပြီးမှ
နိုင်ငံရေးဆက်လုပ်ကြရင် ကောင်းမယ်။

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s