ဦးဝိမလဗုဒ္ဓိ သို့ချေပခြင်း

ဦးဝိမလဗုဒ္ဓိ သို့ချေပခြင်း
Myanmar Now သတင်းဌာနက
မဘသ အတွင်းရေးမှုးဆရာတော် ဦးဝိမလဗုဒ္ဓိကို
ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး ချေပချင်ပါတယ်..

ဆရာတော်ပြောတဲ့ စကားတွေကိုတစ်ခုချင်း
အရေးကြီးတဲ့စကားကနေစပြီး ချေပပါ့မယ်..

ပထမအချက်က..
( ဘုရားသားတော်ဖြစ်လင့်ကစား)
အတိအလင်းခြိမ်းခြောက်တဲ့ စကားပါ..

“ကိုနီကိုချည်းပဲ မဟုတ်ဘူး၊
လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည်ချောက်ကျအောင်
လုပ်နေတယ်လို့ မြင်တဲ့ပုဂ္ဂိုလ်အားလုံးက
အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊
အဲဒါ သတိပေးလိုက် ”

ဆိုတဲ့စကား ကိုသေချာလေ့လာရင်
တိုင်းပြည်ခြောက်ထဲကျပြီး
အခုထိ LDC နိုင်ငံတွေထဲက မထွက်နိုင်တာတွေ
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အကုန်လုံး
ချွတ်ခြုံကျသွားအောင် (တကယ်)လုပ်ခဲ့တဲ့သူတွေကိုပါ..
သတ်ချင်နေတယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်
ဒီလူတွေကို မြင်နေလား..
တကယ်သတ်ချင်နေပါသလား..
လို့ မေးချင်ပါတယ်..

————————-

ဒုတိယစကားက

“ဧည့်စာရင်း တိုင်တဲ့နေရာမှာ ဟိုးလွန်ခဲ့တဲ့
အနှစ်၂ဝ၊ ၂၅ လောက်တုန်းက တစ်ကျပ်လား ပေးရတယ်၊
တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။
ဘာပဲဖြစ်ဖြစ်လူတွေက ပေးရရင် မကြိုက်ဘူးလေ။
လူတွေက ဧည့်စာရင်းကိစ္စရှုပ်တယ် ဆိုပြီးတော့၊
ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူးဆိုပြီး
လုပ်လိုက်တာ။ အကြောင်းပြတာ။
ဒါဖျက်လိုက်တာနဲ့ တစ်ခါတည်း ဒီခြံစည်းရိုးတစ်ချောင်း
ကျိုးတာနဲ့ တစ်ခါတည်း သူ့မွတ်စလင်ကုလားတွေ
တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။
တိုင်းပြည် အလားအလာအတွက်
ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာ မြင်တယ်။
ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊
တဖြည်းဖြည်းချင်း လာမယ်။ အဲဒါတိုင်းပြည်
ချောက်ကျမယ့် သဘောပဲ။” ဆိုတာပါ..

ဒီစကားကို ချေပရရင်တော့ အလွယ်လေးပါ..

ဧည့်စာရင်းတိုင်တယ် ဆိုတာ ဘယ်နိုင်ငံမှာမှ
မရှိပါဘူး ၊ ဘယ်နိုင်ငံမှာမှမရှိအောင်လဲ..
သူတို့နိုင်ငံတွေရဲ့ Immigration တာကလုံပါတယ်
ပြီးရင် တိတိကျကျအရေးယူကြပါတယ်..
ဦးဇင်း ဆိုခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ၊ ၂၅..
စစ်အစိုးရခေတ်ကတည်းက..
နယ်စပ်လူဝင်မှုကြီးကြပ်ရေးအပိုင်းမှာ..
ဘယ်လောက်လုံခြုံခဲ့ပါသလဲလို့ မေးချင်ပါတယ်..

နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု တရုတ်၊ ကုလား
ဘယ်နှစ်သိန်းအထိ ရှိခဲ့ပါသလဲ..လို့ပြန်မေးချင်ပါတယ်..
နောက်တစ်ခုက ဧည့်စာရင်းတိုင်ပြီးမှ..
နယ်စပ်ကနေ ကုလားတွေဝင်တယ်လို့ ဘုန်းဘုန်းက
ဆိုခဲ့ပါတယ်..ဒါပေမဲ့ သေချာလေ့လာလိုက်တော့
နယ်စပ်ကနေဖြတ်ကျော်ခွင့်ရှိတဲ့သူတွေ..
သယ်ယူခွင့်ရှိတဲ့ အာဏာပိုင်တွေကတစ်ဆင့်ပဲ
ဒီလူတွေ ၀င်ရောက်ခဲ့တာကိုတွေ့ရပါတယ်..
ဒီတော့..ဒီဝင်ရောက်မှုတရားခံက ဘယ်သူတွေလဲ
ရှင်းရှင်းလေးပါ…

ဒါ့ကြောင့်..
ဒီနှစ် ၂၀ ၊ ၂၅ အတွင်းမှာ..
တိုင်းပြည်ရဲ့အလားအလာက..
ကောင်းခဲ့ပါသလား..ချောက်ထဲမရောက်ခဲ့ဘူးလား
တိတဆိတ် လူမြိုခံရတာမျိုးမခံရဘူးလား
လူမျိုးခြားတွေရဲ့လက်ဝါးကြီးအုပ်မှု
မခံရဘူးလား ..လို့ ပြန်မေးပါတယ်..

———————

တတိယ စကားက

” (အခြေခံဥပဒေကို) လာလောဆယ်ဆယ်
ပြင်ဆင်ဖို့မလိုသေးဘူး။
ပြင်ဆင်ဖို့ ဆိုတာလည်း မရသေးဘူး။
မရသေးတဲ့ အတွက်ကြောင့် ပြင်မယ်လို့
ပြောနေတာကလည်း အမုန်းပွားတာပဲ
အဖတ်တင်မယ်၊…
တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။
ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင်
ဘယ်သူမှ ပြင်လို့မရဘူး။ ပြင်ချင်ရင်
တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊
ညှိ။ ဟုတ်ပြီလား။ အဲဒီလိုကာကွယ်ရတဲ့
အပိုင်းတွေ အများကြီး ရှိတယ်။” ..ဆိုတဲ့စကားပါ..

ဒီစကားအရ လက်ရှိ အမျိုးသားရင်ကြားစေ့ရေးကို
တကယ်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လက်ရှိအနေအထားကို..
အရေးမစိုက်သလိုဖြစ်နေပါတယ်
အမျိုးသား ရင်ကြားစေ့ရေးထဲမှာ..
ဘုန်းဘုန်းထင်သလို တပ်မတော်နဲ့တည့်အောင်
ပေါင်းဆိုတဲ့ အတ္တ ဆန်တဲ့အကြောင်းအရာမျိုး
မပါပါဘူး ….တိုင်းရင်းသား၊ တပ်မတော်နဲ့ အစိုးရ
အားလုံးညှိနှိုင်းစေ့စပ်ပြီးတိုင်းပြည်ကိုပြန်လည်
ထူထောင်မဲ့ကိစ္စဖြစ်တဲ့အတွက် အများကြီး
အဆင့်အတန်းမြင့်ပါတယ်..
ဘုန်းဘုန်းတွေး တဲ့ပုံစံက တစ်ရွာလုံးစည်းလုံးစေချင်ရင်
အဆင်ပြေချင်ရင် ရွာထဲကလူတွေအားလုံး
ညှိနှိုင်းရမဲ့သဘောမျိုးထက် ရွာထိပ်ကနှစ်လုံးပြူးကိုင်တဲ့
အစောင့်နဲ့တည့်ရင် ရပြီ ဆိုတဲ့သဘော
သက်ရောက်နေပါတယ်..

ပြီးတော့ အခြေခံဥပဒေကို ပြင်ဆင်လို့ မရသေးဘူး
ဆိုရလောက်အောင် အခြေခံဥပဒေရဲ့အားနည်းချက်
အားသာချက်တွေကို ဘုန်းဘုန်းအနေနဲ့လေ့လာပြီးပြီလား
လို့ပဲပြန်မေးလိုပါတယ်..
ဒီမိုကရေစီ စံနှုန်းတွေနဲ့ ညီရဲ့လား..
စပြီး ပြဌာန်းကတည်းက ပြည်သူတွေရဲ့ရင်ထဲကလာတဲ့
ကျေနပ်မှုတွေရရှိခဲ့သလား ဆိုတာ ဘုန်းဘုန်းသိသင့်ပါတယ်
ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာပြည်သူတွေဟာ..
ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာရဟန်းတွေတွေရဲ့ ဒါယကာတွေ
ဒါယိကာ မတွေဆိုတာလဲ သတိထားသင့်ပါတယ်..
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို..
သူတို့တွေ ကျေနပ်ရဲ့လား ဆိုတဲ့မေးခွန်းကို
ပြန်မေးချင်ပါတယ်..

————————–

စတုတ္တ စကားက..

“ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်
ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင်
သူလုပ်နိုင်သလဲ။ သူ့လုပ်ဆောင်ချက်က
တိုင်းပြည်အတွက် ဘယ်လောက်တောင်
အန္တရာယ် များသွားသလဲ။
ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊
လူထုက သူ့ကို တအား ယုံကြည်နေတာကို။
ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်း
ဖြစ်လောက်အောင် မဖြစ်သေးဘူး။
မဖြစ်သေးတဲ့ အတွက်ကြောင့် ဒီအတိုင်ပင်ခံ ဆိုင်ရာ၊
ဒီ ကိုနီတို့ လုပ်လိုက်တဲ့ အခါကျတော့၊
အခြေခံဥပဒေနဲ့မညီတဲ့ အခါကျတော့၊
တပ်မတော်က တောက်တစ်ချက် ခတ်သွားတယ်၊
သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊
စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင်
ပါးစပ်က တောက်ခတ်ရုံတင်မကတော့ဘဲ
လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လား
ဆိုတာတော့ မပြောနိုင်ဘူးလေ။
ငါတို့ကတော့ စိတ်ပူနေတယ်။” ဆိုတဲ့စကားပါ..

ဒီစကားဟာ သံဃာတော်တစ်ပါးအနေနဲ့
မဝေဘန် သင့်တဲ့စကားလို့ မြင်ပါတယ်..

ဘုန်းဘုန်းပြောသလိုမျိုး ဆိုရင်..
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက်
အန္တရာယ်များတဲ့သဘောမျိုး သက်ရောက်သွားပါပြီ..
လူထုက သူမကို ယုံကြည်တယ် လို့ လဲ..
ဘုန်းဘုန်းသိနေတယ်ဆိုရင်..
ဘာ့ကြောင့် ယုံကြည်ရတာလဲ ဆိုတာကိုလဲ
ဘုန်းဘုန်း နားလည်သင့်ပါတယ်..
လူထုကတင်မဟုတ်ပါဘူး ကမ္ဘာကကို
သူမကို အသိအမှတ်ပြုလေးစားတာဖြစ်ပါတယ်..

တပ်မတော်ကတောက်ခေါက်တယ်…..
လက်ပါလာမယ် ..ဆိုတဲ့စကားနဲ့
မလုပ်သေးဘူး စောင့်ကြည့်နေတယ်ဆိုတဲ့
စကားက ဘုန်းဘုန်းပြောထွက်ခဲ့ပေမဲ့..

“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
အစိုးရလက်ထက်မှာ ..
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အောင်မြင်မှု ရရှိမယ် လို့
တပ်မတော် အနေနဲ့
၁၀၀%မျှော်လင့်ထားပါတယ် …”
လို့ ဖေဖေါ်ဝါရီ ၂၈ ရက်..
မနေ့ကတင်ပဲ တပ်မတော်က
ကြေငြာခဲ့တာရယ်..

ဦးကိုနီလုပ်ကြံခံရမှုမှာ တပ်မတော်
ပါဝင်ပတ်သက်မှုမရှိဘူးလို့ တရားဝင်
ကြေငြာလိုက်တာတွေရယ် ..

တပ်မတော်နေ့ရဲ့ ဦးတည်ချက်တွေမှာ
အစိုးရရဲ့လုပ်ဆောင်ချက်တွေကို တပ်မတော်က
ကာကွယ်မယ် ၊ ပြီးရင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ
အစိုးရဲ့ဦးဆောင်မှုနဲ့ ပါဝင်မယ် လို့ပြည်သူကို
ချပြခဲ့တာတွေက အလကားဖြစ်နေပါတယ်..

ဒါ့ကြောင့် ဘုန်းဘုန်းစကားကိုဘုန်းဘုန်း
တာဝန်ယူသင့်ပါတယ်..

————————–

နောက်ဆုံးစကားတစ်ခွန်းက..

သူ့ဟာနဲ့သူ စည်းလုံးမှုရှိနေတဲ့..
NLD ကို အက်ကြောင်းဖေါ်ချင်တဲ့
စကားဖြစ်နေပါတယ်

“ဘယ်သူမှန်းတော့ မသိဘူးလေ။
တို့အပြင်မှာ ကြားနေတာက
ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပါနေတဲ့
အဖွဲ့အစည်းထဲက တချို့ကတောင်
လုပ်တယ်လို့တောင် ကြားတာ..
သူတို့အဖွဲ့ထဲမှာကို သူချယ်လှယ်နေတာကို
မကြိုက်တဲ့သူ အများကြီး ရှိတယ်။
တိုင်းပြည်တစ်ခုလုံးကို တစ်ဦးတည်း ကြိုးကိုင်ပြီး
မွှေနေတယ်ဆိုတော့။ သူတို့ထဲမှာလည်း
တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ
ကြောက်တဲ့သူ အများကြီးရှိတယ်လေ။
ဗြောင်မပြောရဲတဲ့သူတွေလေ၊
ဗြောင်ပြောရင် ဘေးရောက်သွားမယ်လေ။
ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။
သိမ်မွေ့တယ်လေ။ အဲ့ဒီလိုတွေ အများကြီး
အန္တရာယ်ဖြစ်လာနိုင်ရင်တော့
ဒီလိုရှင်းပစ်မယ်ဆိုတာတွေ လာလိမ့်ဦးမယ်။
နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲ
ဆိုတာတော့ မပြောနိုင်ဘူး” ဆိုတဲ့ပြောကြားချက်ပါ..

ဒီစကားကတော့ ဘုန်းဘုန်းရဲ့
အပေါ်ကစကားလွန်ထားတဲ့အပေါ်မှာ.
တပ်မတော်ဘက်ကို တရားခံ လိုမျိုးပြောနေရာကနေ
Over speed ဖြစ်ပြီး…
စကားအရမ်းလွန်သွားလို့ NLD ဘက်ကို
မသိမသာတရားခံအဖြစ်ပြန်တည်တဲ့..
စကားဆိုတာ
အရမ်းသိသာပါတယ်..

ဒီစကားရဲ့အစဟာ ဘယ်ကလာသလဲဆိုတာ
တပည့်တော်တို့ သတိထားမိပြီးသားပါ..
ဆက်စပ်မှုတိုင်း ဖေါ်ထုတ်ကြေးဆိုရင်..
ဘယ်သူတွေက ဘယ်လိုနီးစပ်ခဲ့လဲ..
ဘယ်သူတွေက ဘယ်လို ချိတ်ဆက်မှု
အမှန်တကယ်ရှိခဲ့လဲ ဆိုတာ..
ပြောချင်သလို.ဆက်စပ်ချင်သလို
မြေလှန်ပြောလို့ရပါတယ်..
စစ်ဖက်ရေးရာ နဲ့ ပြည်ထဲရေးကလဲ
အခုအချိန်အထိကို..
ဆက်စပ်မှုတွေကို Trace လုပ်နေတယ်လို့
သတင်းကြားပါတယ်..

မဘသ၀င်တစ်ချို့.. ကိုယ်တိုင်တောင်မှ
ဘယ်သူဘယ်ဝါနဲ့ဘယ်လို ဆိုတာမျိုးတွေ
သိတဲ့သူ သိပြီးသားပါ..

အခုဖြစ်စဉ်မှာ တပ်မတော်နဲ့ပြည်ထဲရေး
ကိုယ်တိုင်က ပါဝင်ဖေါ်ထုတ်နေတယ်လို့..
တရားဝင်ကြေငြာထားပြီးဖြစ်ပါတယ်..
ဖမ်းမိတဲ့တရားခံတိုင်းကလဲ စစ်အရာရှိဟောင်းတွေ
ဖြစ်ပါတယ် ၊ ပိုင်ရာဆိုင်ရာနီးစပ်ခဲ့သူတွေ
ဖြစ်ပါတယ်..

ဒါကို ဘာလို့ ပါတီဘက်ကို လှည့်ပေးနေသလဲ
ဆိုတာကို နားလည်ရခက်နေပါတယ်..
လုံးဝ မသက်ဆိုင်တဲ့ကိစ္စကြီးပါ..

ဒါ့ကြောင့် ဆိုလိုချင်တာက..
အခုလို အကဲဆတ်နေချိန်မှာ..
နိုင်ငံရေး ကိုစေ့စေ့စပ်စပ်နားမလည်ပဲနဲ့..
မီဒီယာမှာ အလွန်အကျွံတွေသွားပြောတဲ့
ဘုန်းဘုန်းအနေနဲ့ စကားတွေအများကြီး
သတိထားသင့်ပါတယ်..လို့ပဲ..
လျှောက်ထားချေပချင်ပါတယ်..

( Pa Yit)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s