ကျားကြောက်လို့  ရှင်ကြီးကိုး ရှင်ကြီးက ကျားပြန်ကြောက်လေတော့ ….. ခက်လှ ငါတို့ ဘဝနှယ် …

Htoo Htoo Han

‘စိတ်ကူး’

ကျားကြောက်လို့  ရှင်ကြီးကိုး
ရှင်ကြီးက ကျားပြန်ကြောက်လေတော့ …..
ခက်လှ
ငါတို့ ဘဝနှယ် …

ကဲ…..
စိတ်ကူးယဉ်ကြစို့ ရဲ့ …

Image may contain: one or more people

ဇော်ဂျီဖိုဝင်သားကို….. စားကြ
ငတက်ပြားရဲ့ဆေးမှင်ကြောင်ကို …ပေါင်ပြင်မှာထိုးကြ
အါရိမ်နမ္မာလှံကို…….ဆွဲကိုင်ကြ
အောင်မြေကို…….နင်းကြ
ဘုရင့်နောင်ကဲ့သို့ ဖောင်ကို……ဖျက်ကြမယ်ဆိုရင်….
ကိုးကွယ်ရာ…ပျောက်နေတဲ့ ပြည်သူဟာ …..

ဝေသာလီပြည်ကိုဝင်တဲ့ ဘီလူးကိုတောင်
ခါးတောင်းကြိုက်ပြီး
ဖါးနောက်နဲ့ တင်ပါး
တသားထဲကျအောင် ပြေးသွားမယ်လို့ 
စိတ်ကူးယဉ်မိတယ်လေ……

အခုတော့….

မနက်ဖန်အတွက်…
ဟင်းတခွက်ရဖို့ 
စိတ်ကူးတာတွေရပ်ပြီး
ဒီနေဆီသို့  ချီတက်ကြအုံးစို့ ရယ် ……

ထူးထူးဟန်။၈၈

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s