မတရားခံရတာမဟုတ်ပဲ.. သူများနိုင်ငံထဲမှာ ခိုးဝင်ပြီး တကယ်သူများ မယားကို လင်အရှေ့မှာ မဒိန်းကျင့်ပြီး လင်ကိုရေား မယားကိုပါ သက်ဖြတ်ခဲ့တယ်ဆိုရင် အဲဒိပစ်မူအတွက် တရားဥပဒေက ပေးတဲ့ သေဒဏ် နည်းတယ်

ရန် နိုင် စိုး

ဒိ လူငယ်လေး နှစ်ယောက်သာ တကယ်မတရားခံရရင် သူတို့ နှစ်ယောက်အတွက် ကျနော် သတော်လေး စိတ်မကောင်းဖြစ်မိပါတယ်..။
မတရားခံရတာမဟုတ်ပဲ.. သူများနိုင်ငံထဲမှာ ခိုးဝင်ပြီး တကယ်သူများ မယားကို လင်အရှေ့မှာ မဒိန်းကျင့်ပြီး လင်ကိုရေား မယားကိုပါ သက်ဖြတ်ခဲ့တယ်ဆိုရင်
အဲဒိပစ်မူအတွက် တရားဥပဒေက ပေးတဲ့ သေဒဏ် နည်းတယ်လို့ တောင်ပြေားလို့ ရပါသေးတယ်..။
ပြီးတော့ တရားဥပဒေက သူတို့ နှစ်ယောက်ကို မသေမချင်း အချုပ်ခန်းထဲမှာ ရိုက်သက်မှာ မှ မဟုတ်တာ… သက်ညှာသေား အားဖြင့် ဆိုဖာ ကုတင်ပေါ်မှာ ဆေးတစ်လုံးနဲ့ ထိုးသက်မှာ…။

Image may contain: 2 people, people standing

Image may contain: 3 people, people standing

ရိုက်မသက်ပဲ ဆေးထိုးသက်တာကိုပဲ ကျနော် ထိုင်းအစိုးရကို ကျေးဇူးတင်လှပါပြီ..။
ဒိအကြောင်းကို ကျနော် ဒိလူငယ်လေ နှစ်ယောက် အဖမ်းခံကာစမှာ ရေးဖူးပါတယ်..။

ကျနော် ဒိလူငယ်လေး နှစ်ယောက်ထက်ပိုပြီး စိတ်မကောင်းဖြစ်ရတဲ့ လူငယ်လေး သုံးယောက်ကတော့ ရခိုင်ပြည်နယ်မှာ သီတာထွေး အသက်ခံရမူနဲ့  မတရားစွပ်စွဲပြီး ဖမ်းဆီး အသက်ခံရတဲ့ လူငယ်လေ သုံယောက်ပါပဲ..။

ထိုင်းမှာ အဖမ်းခံရတဲ့ လူငယ်လေး နှစ်ယောက်ဟာ အဖမ်းခံရပြီးနောက်ပိုင်း.. တရာဥပဒေအရ ရှေ့နေငှားခွင့်.. လျှောက်လဲချက် ပေးမူ.. အယူခံလျှောက်ခွင့်… ပြန်လည်ချေပခွင့်.. အမှုရင်ဆိုင်ခွင့်.. လူမူရေး အဖွဲအစည်းတွေရဲ့ အကူအညီ.. သံရုံးအကူအညီ.. အမှုရင်ဆိုင်ရာမှာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး အားလုံး တရာဥပဒေဘက်က ရခဲ့ပါတယ်..။ သူတို့ အမူကို စစ်ဆေးဖို့ ပဲ အချိန် ၂ နှစ်ကျော် ကြာခဲ့တယ်..။ မြန်မာတစ်ပြည်လုံးနီးပါးလည်း သူတို့  နှစ်ယောက် လွတ်မြောက်ဖို့ ဆန္ဒတွေ ထုပ်ဖော်ခဲ့ကြတယ်..။ ကန်ပိန်းတွေ လုပ်ခဲ့ကြတယ်..။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ သီတာထွေး အသက်ခံရမူမှာ မတရားစွပ်စွဲအဖမ်းခံရတဲ့ လူငယ်လေးတွေဟာ ဒီအခွင့်အရေးတွေ ဘာမှ မရခဲ့ပါဘူး..။ သုံးယောက်ထဲမှာ တစ်ယောက်ကို စစ်ကြေားရေးမှာပဲ ရိုက်သက်ပြီး ရဲတွေ နုတ်ပိတ်လိုက်တယ်..။ ကျန်နှစ်ယောက်ကိုလည်း ရက်ပိုင်းအတွင်းမှာပဲ ရိုက်သက်လိုက်ကြတယ်..။

သူတို့ အားလုံးကို စွပ်စွဲချက်နဲ့ သာ ဖမ်းသွားတာ.. မျတ်မြင်သက်လည်း မရှိ.. ဘာသက်သေအထောက်မှ မရှိ… ရှေ့နေငှားခွင့် မရှိ.. မိဘ..ဆွေမျိုးတွေနဲ့  တွေ့ ခွင့်မရှိ..။ ဘယ်အဖွဲ့ အစည်း အကူအညီမှမရ…။ တရားရင်ဆိုင်ခွင့်မရှိ.. လျှောက်လဲချက်ပေးခွင့်မရ.. ချေပခွင့်မရ… ဘာအယူခံမှ မရှိ.. ဘာအထောက်အထားမှ မခိုင်လုံပဲ တစ်ဘက်သက် ရက်ရက်စက်စက် ရိုက်သက်ပစ်လိုက်ကြတယ်..။ အကျဉ်းသားတစ်ယောက်ရဲ့ အခွင့်အရေး ဘာဆို ဘာတစ်ခုမှ မရခဲ့ဘူး..။
မြန်မာပြည်ရဲ့ တရားဥပဒေကပဲ သူတို့ ကို မတရားသက်ပစ်လိုက်ကြတယ်..။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွစ္စလင်မ်တွေကို လူမျိုးတုံးသက်ဖြတ်ဖို့  တမင်အကွက်ဆင်ခဲ့တဲ့ လုပ်ကြံမူထဲမှာ ဒိလူငယ်လေ သုံးယောက် ပထမဦးဆုံး တရာဝင် မတရား ရိုက်သက်ခံလိုက်ရတာပဲ..။ သူတို့ နှစ်ယောက်ကနေစပြီး ရခိုင်တပြည်လုံးက ရိုဟင်ဂျာ မွစ္စလင်မ်တွေကို မီးလောင်တိုက်သွင်း သက်ဖြတ်တော့တာပါပဲ..။

မြန်မာပြည်သူ ဗုဒ္ဒဘာသာဝင် အများစုကြီးကလည်း နိုင်ငံရေးခံယူချက်.. ဘာသာရေးခံယူချက်တွေ ကွဲလွဲရင်တောင် မွစ္စလင်မ်တွေနဲ့ ပါသက်လာရင် အားလုံးက မတရားတာကို လေသံတစ်ခုတည်း ထွက်လာကြတယ်..။

မြန်မာပြည်ရဲ့ လူထုခေါင်းဆောင်.. နိုဘလ် ငြိမ်းချမ်းရေး ဆုပိုင်ရှင် ဒေါ်စုကိုတိုင်တောင် ကိုယ့်ပြည်တွင်းထဲက တိုင်းရင်းသားမွစ္စလင်မ်တွေ မတရား နှိပ်ကွတ်..သက်ဖြတ်ခံနေရတာတွေ.. ခွဲခြားဆက်ဆံခံနေရတာတွေကို ဥပေက္ခာ ပြူနေပေမယ့် ထိုင်းနိုင်ငံက တရားဥပဒေအရ အကြိမ်ကြိမ် စစ်ဆေးပြီးမှ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်လေး နှစ်ယောက်အတွက် ဘာသာတူမို့ လို့ အသံဗလံတွေ ထိုင်းအစိုးကို တောင်းဆိုတာတွေ ဘာတွေ ထွက်လာတာပဲ..။

အဲဒါကြောင့် ဒိလူငယ်လေး နှစ်ယောက် မတရားခံလိုက်ရတယ်ဆိုရင်တောင် သူတို့ ထက်ပိုပြီး စိတ်မကောင်းဖြစ်မိတာက ရခိုင်ပြည်နယ်က သီတာထွေးအမူမှာ ထိုးကျွေးခံလိုက်ရတဲ့ ရီုဟင်ဂျာ မွစ္စလင်မ် လူငယ်လေး သုံးယောက်ပဲ..။

လေးစာလျက်…. #ရန်နိုင်စိုး…. Yan Naing-soe

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s