အင်မတန်ကြီးလေးတဲ့ဒုစရိုက်မှုတွေကို တရားဝင်လူသိရှင်ကြားထောက်ခံပြောဆိုနေတဲ့ ဒုစရိုက်သမားများကို အာဏာပိုင်များက အရေးမယူပေမယ့် သတင်းစာသမားတစ်ယောက်အနေနဲ့ အဓမ္မကိုအဓမ္မအဖြစ်ထောက်ပြခဲ့တာနဲ.ပတ်သက်ပြီး မည်သည့်နည်းနှင့်မျှတောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိကြောင်း

Ba Kaung

ကျနော့်ကို မဘသအဖွဲ.၀င်တစ်ဦးက ၆၆ ဃ နဲ့တရားစွဲတာကို မန္တလေးရဲစခန်းတစ်ခုက အမှုဖွင့်ပေးလိုက်ကြောင်း သိရပါတယ်။ (တွဲထားတဲ့ ဓာတ်ပုံတစ်ခုက တရားဝင်တိုင်ကြားချက်ပါ)

Image may contain: text

Image may contain: 1 person, sitting and indoor

Myanmar Now ကရေးတဲ့သတင်းတစ်ပုဒ်မှာ အမုန်းစကားများဖြန့်ချီနေတဲ့ သင်္ကန်းဝတ်ဝီရသူက ဦးကိုနီလုပ်ကြံသတ်ဖြတ်သူတွေကို ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုတဲ့အကြောင်း ကျနော်တို့သတင်းတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းမှာ မန္တလေးကအခြားဆရာတော်တစ်ပါးက ဒီလိုပြောဆိုမှုဟာ ပါရာဇိကကျကြောင်းပြောကြားချက်ကိုပါထည့်သွင်းထားပါတယ်။ ဒါကိုပြန်ကိုးကားပြီး ၀ီရသူပါရာဇိကကျပြီလို့သိရကြောင်း ကျနော်က အဲဒီသတင်းကို ကျနော့်ရဲ.ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာရေးပြီး ပြန်ရှဲခဲ့ပါတယ်။ နောက်ပြီး ဦးကိုနီသတင်းစာရှင်းလင်းပွဲနောက်မှာ ပေါ်ပေါ်တင် ပြည်သူကိုပြန်လည်ခြိမ်းခြောက်လာတဲ့ မဘသခေါင်းဆောင်တွေရဲ. ပြောစကားကိုအခြေခံပြီး မဘသပြန်လာပြီဆိုပြီးရေးခဲ့ပါတယ်။ ဒီမဘသပြန်လာပြီဆိုတဲ့စကားရပ်ကို အမှုဖွင့်ရာမှာထည့်သွင်းကြောင်း သိရပါတယ်။ ဒါပေမယ့် ကျနော်ကိုယ်တိုင်ကိုယ်ကျဘာကိုယ်မှအတည်မပြုနိုင်ပါ၊ ရဲတပ်ဖွဲ.ကလည်း ကျနော့်ကို ဆက်သွယ်လာခြင်းမရှိသေးပါ။ (တိုင်တန်းသူဝီရသူနောက်လိုက်ရဲ.တိုင်တန်းစာမှာ ကျနော့် မှတ်ပုံတင်နဲ.လိပ်စာအပြည့်အစုံပါတာထောက်ရှုရင်တော့ ဒီအချက်အလက်တွေကို အာဏာပိုင်ကလွဲပြီးတစ်ခြားသူတို့ကိုဘယ်သူ့မှပေးစရာမရှိပါ။)

Image may contain: 2 people

ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီတွေကို ဓမ္မခွန်အားများနဲ့ရင်ဆိုင်ဖို့၊ အဓမ္မ၀ါဒီတွေကို သစ္စာတရားနဲ့ အချိန်မရွေးတိုက်ဖျက်ဖို့ အသင့်ဖြစ်ကြောင်းအခိုင်ပြောဆိုလိုပါတယ်။ အင်မတန်ကြီးလေးတဲ့ဒုစရိုက်မှုတွေကို တရားဝင်လူသိရှင်ကြားထောက်ခံပြောဆိုနေတဲ့ ဒုစရိုက်သမားများကို အာဏာပိုင်များက အရေးမယူပေမယ့် သတင်းစာသမားတစ်ယောက်အနေနဲ့ အဓမ္မကိုအဓမ္မအဖြစ်ထောက်ပြခဲ့တာနဲ.ပတ်သက်ပြီး မည်သည့်နည်းနှင့်မျှတောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိကြောင်း လည်း ပြောဆိုလိုပါတယ်။

ဦးကိုနီသတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျာဖြိုးတို့ဟာ မဘသထိပ်တန်းခေါင်းဆောင်တွေကို သီးသန့်တွေ.ဆုံခဲ့တဲ့ဓာတ်ပုံတွေတွေ.ရတယ်၊ ဆိုတော့ ဆရာ၊ ဒကာအနေအထားနဲ့ သူတို့က ဒီကိစ္စဆောင်ရွက်တဲ့အခါမှာ မဘသအဖွဲ.ရဲ. သြဇာလွှမ်းမိုးမှုရှိမရှိကို ပြည်ထဲရေးဝန်ကြီးကိုမေးမြန်းခဲ့ပါတယ်။ ဒါကိုမဘသတွေကမကျေမနပ်စတင်ဖြစ်ခဲ့ပြီး ကျနော့်ကိုတရားစွဲဖို့အခြေအနေစိုက်လာတာပဲလို့ကျနော်ယူဆပါတယ်။ ဒုတိယဓာတ်ပုံမှာ လင်းဇော်ထွန်းနဲ. ဇေယျာဖြိုးမဘသဥက္ကဌ ဦးတိလောကနဲ. ၀ီရသူကို ၂၀၁၅ မှာတွေ.ဆုံခဲ့တဲ့ပုံပါ။ ဒီလိုပုံတွေကို ထောက်ရှုပြီး အကြောင်းရှိလို့မေးခဲ့တာပဲဖြစ်ပါတယ်။

ယိမ်းယိုင်နေတဲ့ တရားရေးစနစ်ကြီးထဲမှာနေရပေမယ့် လောကလူ့ဘောင်အတွက်မရှိမဖြစ်အရေးကြီးတဲ့ တရားဥပဒေကိုရှောင်ဖယ်ပြီး ကျနော်တို့ ဘယ်တော့မှထွက်မပြေးပါဘူး။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s