အမှန်တရားအတွက်….လွှတ်တော်…အလုပ် လုပ်ပါတော့… – #Stand with #Unite with Ko Swe Win

Thorn Nay Soe was live.

ဦးဝီရသူကို စော်ကား၍ဆိုကာ အမှုဖွင့်ခံရသော ကိုဆွေဝင်း၏ စာနယ်ဇင်းရှင်းလင်းပွဲ။

Thun Sit Nay

ကျနော့်ကိုဖမ်းသွားရင်ဗျူးမရကြမှာဆိုးလို့ ကိုယ့်ဟာကိုယ်ဗျူးပြီး ကိုယ့်ဟာ့ကိုဖြေထားတယ်။

မေး။ ။ ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို ပါရာဇိကကျသွားပြီလို့ Ba Kaung နာမည်နဲ့ ဖေ့ဘွခ်ပေါ်မှာရေးတယ်ဆိုတာဟုတ်လား။

ဖြေ။ ။ ဦးကိုနီသတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ်ဆိုပြီး ဦးဝီရသူကထုတ်ဖော်ရေးသားပြောဆိုနေတာအားလုံးအသိပါပဲ။ အာဏာပိုင်များကလည်း ဒီလို ပြည်သူတစ်ရပ်လုံးချောက်ချား တုန်လှုပ်ဖွယ်ရာဇ၀တ်မှုကို ထောက်ခံကြောင်းပြောနေတာတွေကို လျစ်လျူရှု အရေးမယူတာအားလုံးအသိပါပဲ။ ဒီလိုအခြေအနေမှာ ကျနော်တို့က ဒါကိုသတင်းရေးခဲ့တယ်၊ သတင်းရေးတဲ့နေရာမှာ မန္တလေးကဆရာတော်ဦးစိန္တကိုမေးမြန်းပြီးသူ့မှတ်ချက်ကိုတောင်းတဲ့အခါ ဆရာတော်က ဦးဝီရသူရဲ.ပြောဆိုချက်ဟာ ပါရာဇိကကံမြောက်တယ်ဆိုပြီးဖြေကြားခဲ့တယ်။ ဒီဖြေကြားချက်ကိုသတင်းထဲမှာထည့်ခဲ့တယ်။ ပြီးတော့ ဒီသတင်းကို ကျနော့်ရဲ. ဖေ့ဘွတ်ပေါ်မှာတင်တဲ့အခါ ဦးဝီရသူ ပါရာဇိကကျပြီဖြစ်ကြောင်းသိရဆိုပြီး ရေးသားခဲ့တယ်။ ကျနော့်ရဲ.သတင်းရင်းမြစ်ပြောဆိုချက်ကို ကိုးကားပြီးဖေ့ဘွတ်ပေါ်ပြန်ရေးတာကို အမှုဖွင့်တဲ့အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်ဒီသတင်းနဲ့ပတ်သက်ပြီးကတော့ ကျနော်က ၁၀၀ ရာခိုင်နှုန်းအပြည့်အ၀တာဝန်ခံပါတယ်။

မေး။ ။ အာဏာပိုင်တွေကရော လာရောက်အကြောင်းကြားပြီလား။

ဖြေ။ ။ ခုမတ်လ ၈ ရက်မနက်စောစောထိတော့ တရားဝင်ဘာမှအကြောင်းကြားတာမရှိဘူး။ ကျနော်တို့ကတော့ မြတ်စွာဘုရားရဲ. သင်္ကန်းရေခြုံပြီး ဒုစရိုက်မှုတွေကျူးလွန်နေသူ၊ ရာဇ၀တ်မှုကို အားပေးအားမြှောက်ပေးနေတဲ့သူတွေကို ဘာမှတောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိဘူး။ ရဲကလာခေါ်လို့ကတော့ လိုက်သွားဖို့အသင့်ပဲ။

မေး။ ။ ခုတိုင်တန်းချက်ကို ရဲတပ်ဖွဲ.ကအမှုလက်ခံဖွင့်ပေးလိုက်ပြီလို့သိရတယ်။ အင်တာနက်ပေါ်မှာဆိုရင် ဦးဝီရသူကိုဆဲဆိုဆန့်ကျင်နေတဲ့သူတွေအများကြီးပဲ၊ ခင်ဗျားကိုကျမှ ရွေးပြီးတိုင်တန်းကို ရဲတပ်ဖွဲ.ကလက်ခံလိုက်တဲ့ အခြေအနေကိုရောဘယ်လိုသဘောရလဲ။

ဖြေ။ ။ အားလုံးသိတဲ့အတိုင်းပဲ သတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျဖြိုးတို့ဟာ မဘသဥက္ကဌဆရာတော်ကို သွားရောက်တွေ.ဆုံတာတွေရှိခဲ့တယ်၊ ဒီအခြေအနေပေါ်မှာ ဆရာ၊ ဒကာဆိုတဲ့ဆက်ဆံရေးအကြောင်းခံပြီး မဘသက ဦးကိုနီအမှုကိစ္စမှာ ဒီလူတွေအပေါ်တစ်စုံတစ်ရာလွှမ်းမိုးမှုရှိသလားဆိုတာကိုမေးမြန်းခဲ့တယ်။ ဒါကို မဘသတွေက မကျေနပ်ကြဘူး၊ တစ်ဖက်မှာလည်း ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ. ကိုင်တွယ်ပုံ၊ သတင်းထုတ်ပြန်ပုံကိုကျနော့်ဖက်က ဝေဖန်မှုတွေရှိတယ်။ ဆိုတော့ ဒီအခြေအနေတွေပေါင်းစုပြီး ကျနော့်ကိုအမှုဖွင့်ဖို့အကြောင်းဖန်လာတယ်လို့ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရာဇ၀တ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်းထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင်ကျနော့ကိုလာအရေးယူမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ.ပတ်သက်လာရင် အာဏာပိုင်တွေရဲ.နည်းလမ်းမကျတဲ့ မူဝါဒတွေဘယ်လောက်အတိုင်းအတာထိဆက်ဖြစ်နေသလဲဆိုတာ ပေါ်လွင်မှာဖြစ်ပါတယ်။

မေး။ ။ ကိုဆွေဝင်းကို ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆဲဆိုခြိမ်းခြောက်တာတွေရှိတယ်။ ဒါတွေကိုရော ကိုဆွေဝင်းက အာဏာပိုင်တွေကို အကြောင်းကြားတာရှိလား။ ကုလားသတင်းထောက်ဘာညာဆိုပြီး ဆဲဆိုနေကြတာ။

ဖြေ။ ။ အာဏာပိုင်တွေလည်းအားလုံးသိနေကြားနေတာပဲ။ ဥပဒေစိုးမိုးရေးအတွက် ပါးစပ်ကသာပြောပြီး လက်တွေ.မလုပ်တဲ့ဒီလူတွေကို ကျနော့်အနေနဲ့ ဘာမှအကြောင်းကြား အကူအညီတောင်းစရာမရှိပါဘူး။ ကုလားသတင်းထောက်ဘာညာကတော့ ကျနော်ဂရုမစိုက်ပါဘူး။ ရခိုင်ပြည်နယ်အရေး၊ မိတ္ထီလာအရေးအခင်းတွေ ကျနော်သတင်းရေးတုန်းက ကျနော့်ကိုကုလားသတင်းထောက်ဆိုပြီးစွပ်စွဲတာတွေကြုံခဲ့ရတယ်။ အင်းဝအပ်ချုပ်ဆိုင်ကိစ္စရေးတော့ ဆိုင်ရှင်တွေကအစ္စလာမ်ဘာသာဝင်မို့လို့ အစွန်းရောက်ရခိုင်ဘာညာဆိုပြီး အချို.ကဆဲဆိုတာခံခဲ့ရတယ်။ ခုဦးကိုနီကိစ္စလည်း ကျနော့်ကို ကုလားသတင်းထောက်ဆိုပြီးထပ်ဆဲကြတယ်။ ဆဲချင်ဆဲကြပေါ့ဗျာ။ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တွေကို လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်နမိတ်စွဲမရှိဘဲ အမှန်ကိုအမှန်အတိုင်းရေးဖို့က ကျနော်တို့တာဝန်ပဲ။ ကျနော်တို့သတိထားတာက ကိုယ်ရေးတာက မှန်ကန်တိကျဖို့၊ ဓမ္မနည်းလမ်းကျဖို့၊ လောကလူသားအချင်းချင်းထားရမယ့် လောကပါလတရားတွေကိုအထောက်အကူပြုဖို့၊ လူကိုလူလိုမြင်ပြီး၊ လူကိုလူလိုစာနာဖို့ပဲ။

မေး။ ။ တစ်ခြားဘာများဖြည့်စွက်ပြောဆိုစရာရှိလဲ။

ဖြေ။ ။ အကယ်၍ကျနော်ဖမ်းခံရရင် ကျန်ရစ်ခဲ့တဲ့ဇနီးနဲ.သမီးငယ်ကို ကျနော့ကို နားလည်ဖို့တောင်းပန်ချင်ပါတယ်။ အဓမ္မ၀ါဒီတွေကို တိုက်ဖျက်ဖို့ ကျနော်တို့ ကိုယ်တွင်းသန္တာန်မှာရော၊ ကျနော်တို့ကျင်လည်နေတဲ့နေတဲ့ လူ့ဘောင်မှာရော ဓမ္မဖက်ကနေအမြဲထင်ထင်ရှားရှား၊ ကျယ်ကျယ်လောင်လောင်ရှိနေဖို့လိုအပ်လို့ပါ။

လွန်ခဲ့တဲ့ ၁၈ နှစ် ကျနော်အသက် ၂၀ အရွယ်မှာကျနော့်ကို ထောက်လှမ်းရေးတွေလာဖမ်းပြီး နိုင်ငံတော်အေးချမ်းသာယာစေမှုကို ပျက်ပြားစေတဲ့ဆိုတဲ့စွဲချက်နဲ့ ထောင် ၂၁ နဲ့ချခဲ့တယ်။ အဲဒီတုန်းကလည်း ကျနော်ဘယ်ကိုမှထွက်ပြေးခဲ့တာမဟုတ်ဘူး။ ခုလည်းထွက်ပြေးမှာမဟုတ်ဘူး။ အဓမ္မ၀ါဒီတွေကိုရင်ဆိုင်ဖို့အသင့်ပါပဲ။

Credit >>> Ba Kaung ( ကိုဆွေဝင်း)

Moe Thway

 ကျနော်မှားတယ်…

၂၀၁၅ရွေးကောက်ပွဲအပြီး
အစိုးရသစ်တက်ကာစမှာ
ပြင်သစ်သံရုံးက Conferenceတခုလုပ်တယ်
အဲ့ဒီမှာနိုင်ငံတကာကပညာရှင်တွေနဲ့အတူ
Penal discussion စကားဝိုင်းတခုမှာပြောခွင့်ရတယ်
ပညာရှင်တွေက အစိုးရသစ်နဲ့ပတ်သက်လို့
စိန်ခေါ်မှုတွေနဲ့စီမံခန့်ခွဲမှုပြသနာဖြစ်နိုင်ခြေတွေပြောတယ်.

Image may contain: 1 person

လူထုမျှော်လင့်တာတွေဖြစ်မလာလို့
သိပ်မကြာခင်မှာလူထုဟာအစိုးရကို
မကျေမနပ်ဖြစ်လာကြမယ်လို့လည်း
ဟောကိန်းတွေထုတ်ကြတယ်…

ကျနော်ကခံငြင်းတယ်
ငါတို့လူထုဟာတိုင်းပြည်ကို
ချက်ချင်းကြီးဖွံ့ဖြိုးတိုးတက်လာဖို့မျှော်လင့်မထားဘူး
NLDနိုင်လို့ ငါ့လခတော့တိုးလာရမယ်
ငါ့မိသားစုအိမ်ဝယ်နိုင်ရမယ်
င့ါစီးပွားရေးပိုကောင်းရမယ်လို့
ငါတို့ပြည်သူတွေမျှော်လင့်မထားဘူး…

ငါတို့မျှော်လင့်တာ
အရင်လိုမတရားမှုတွေမများတော့တာ
အမှန်ကိုအမှန်တိုင်းပြောခွင့်လုပ်ခွင့်ရှိတာ
မတရားဖမ်းဆီးဖိနှိပ်မှုတွေမရှိတော့တာ
ငါတို့အစိုးရနဲ့အတူ
ငါတို့တိုင်းပြည်ကိုပြောင်းလဲအောင်
ငါတို့ကိုယ်တိုင်ဝင်ပြီးလုပ်ခွင့်ရှိလာတာမျိုးပဲလို့
ပြည်ပကပညာရှင်တွေကိုပြောခဲ့မိတယ်…

ခုဆိုငါတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က
ပြည်သူတွေကိုအမှိုက်ကောက်ကြဖို့
နှိုးဆော်ထားပြီ
ဒါဟာပြည်သူတရပ်လုံးကို
အပြောင်းအလဲမှာပါဝင်နိုင်အောင်
လမ်းစဖွင့်လိုက်တာပဲလို့လည်း
ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သေးတယ်
ကိုယ်က ဒေသခံလည်းဖြစ်
ယုံကြည်မှုရှိရှိလည်းပြောနိုင်တော့
ပညာရှင်တွေ ခေါင်းညိတ်ရတာပေါ့…

ခုတော့ကျနော်ဝန်ခံရပြီ
ရုပ်ဝတ္ထုတွေမတိုးတက်သေးရင်တောင်
ကျနော်တို့ရဲ့ကိုယ်ကျင့်တရားတွေမြင့်မားဖို့
အမှန်တရားကိုကာကွယ်ရပ်တည်ဖို့လောက်တော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအနေနဲ့
လုပ်နိုင်ပြောနိုင်လိမ့်မယ်ထင်ခဲ့တာ

စစ်ကိုင်းအလုပ်သမားတွေအရေး
ငြိမ်းချမ်းရေး
ရှမ်းပြည်ကလယ်သမားတွေအရေး
၁၇/၁နဲ့ဖမ်းခံထားရတဲ့
ကချင်နဲ့ရခိုင်ကလူငယ်တရာကျော်အရေး
ရိုဟင်ဂျာလူနည်းစုတွေအရေး
မွန်ပြည်နယ်ကတံတားနာမည်သတ်မှတ်ရေး
ဦးကိုနီလုပ်ကြံခံရမှု
ခုလက်ရှိကိုဆွေဝင်းကိုဖမ်းတော့မယ့်
၆၆(ဃ)ပြင်ဆင်ရေး…

စကားတခွန်းလောက်လေး
အဆိုတရပ်လောက်လေး
ပြောလိုက်လုပ်လိုက်ရုံနဲ့
ပြည်သူတွေအားဖြစ်သွားမယ့်ကိစ္စတွေမှာတောင်
တေမိဇာတ်ကပြနေကြတော့
ကျနော်တို့တင်လိုက်တဲ့အစိုးရဟာ
ဒီမိုကရေစီကိုဘယ်လိုနားလည်ထားလဲဆိုတာ
ကျနော်နားမလည်နိုင်တော့ပါဘူး…

နောက်ဆုံးတော့
ကျနော်တို့အစိုးရဟာ
ပြည်သူတွေမတရားခံရတဲ့အခါ
ကျနော်တို့ပြည်သူတွေဘက်မှာတော့
မတ်မတ်ရပ်နေပေးမှာပဲလို့
အနိမ့်ဆုံးမျှော်လင့်ချက်လေးထားခဲ့မိတာကိုက
ကျနော့်ရဲ့အမှားတရပ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း
စိတ်မကောင်းခြင်းကြီးစွာဖြင့်…

မိုဃ်းသွေး
March 8th 2017

#Stand with
#Unite with Ko Swe Win

တကယ်တော့ မြန်မာနိုင်ငံမှာ အမှန်တရားကို ချ စ်မြတ်နိုးသူ
အမှန်တရားအပေါ်မှာ ရပ်တည်လိုသူတွေ အများကြီးရှိနေတယ်…..လို့
ကျ နော်…ယုံကြည်ပါတယ်….

ဒါပေမဲ့……

အမှန်တရားကို ချ စ်မြတ်နိုးလို့…..အမှန်တရားအတိုင်းရပ်တည်လိုက်လို့
ထိပ်တိုက် ရင်ဆိုင်ရမဲ့ အဖွဲ့အစည်းကြောင့် …လူတွေ စိုးရိမ်ကြီးပြီး အသံ
မထွက်လိုကြတာလို့ …ထင်ပါတယ်…

အဲ့ဒီ စနစ်တကျ ဖွဲ့စည်းပြီး….လက်နက် ယန္တယားအင်အား…လူအင်အား
အပြည့်အစုံနဲ့ အဖွဲ့အစည်းဟာ…..
ပြည်သူတွေ တောင်ပြို ကမ်းပြို မဲပေး …ရွေးချ ယ်တင်မြှောက်ထားတဲ့
ပြည်သူ့အစိုးရအပေါ်တောင် လွှမ်းမိုးမှုတွေ သိသိသာသာ ရှိနေတဲ့ အချိ န်
ဖြစ်နေပါတယ်…

သတ္တိရှိတဲ့ ပြည်သူတွေဟာ…ဘယ်လိုအင်အားရှိတဲ့ ရန်သူကို ရင်ဆိုင်ရ…ရင်ဆိုင်ရ….ရင်ဆိုင်ရဲတဲ့ စိတ်ရှိတာတော့မှန်ပါတယ်…..

ဒါပေမဲ့…ဒီကနေ့ အမှန်တရားကိုမြတ်နိုးသူတွေ ရင်ဆိုင်ရမဲ့ အဖွဲ့အစည်းကတော့

လူတွေကို ….လူသားတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံလေ့ရှိသူ မဟုတ်တဲ့ အတွက်………အမှန်တရားမြတ်နိုးသူတွေ နှုတ်ဆိပ်နေကြခြင်း ဖြစ်လိမ့်
မယ်လို့….ယူဆမိပါတယ်….

ဒီအခြေအနေမှာ…..အမှန်တရားကိုဖော်ထုတ်ဖို့…အမှန်တရားအတိုင်းရပ်တည်
ဖို့……တိုင်းသူပြည်သားတွေ အမှန်တရားအတွက် …ဖွင့်ဟလာအောင်…ဆောင်
ရွက်ဖို့…ပြည်သူတွေ ရွေးချ ယ်တင်မြှောက် ဖွဲ့စည်းပေးထားတဲ့ လွှတ်တော် မှာ
တာဝန်အရှိဆုံးဖြစ်ပါတယ်….

အမှန်တရားအတွက်….လွှတ်တော်…အလုပ် လုပ်ပါတော့…

#Stand with
#Unite with Ko Swe Win

သက္က မိုးညို ပိုစ်

၁- လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဟာ လွှတ်တော်မှာ ပြောကြားတဲ့ ကိစ္စတွေ၊ မေးခွန်း မေးတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူခံရခြင်းကနေ ကင်းလွတ်ပါတယ်။ ဒါမှသာ တိုင်းပြည်အတွက် ပွင့်ပွင့်လင်းလင်း ပြောဆို ဆောင်ရွက်လို့ ရမှာ မို့ပါ။

၂- ပါတီနဲ့ ဆန့်ကျင်ဘက် ကိစ္စ ပြောမိတယ်၊ ပါတီမကြိုက်တာ လုပ်မိတယ် ဆိုရင်လည်း ပါတီတာဝန်ကပဲ ရပ်ခံရတာ ဖြစ်နိုင်ပြီး ကိုယ်စားလှယ်အဖြစ်က လျောကျ ပျောက်ဆုံးမသွားပါ။ ဒါအပြင် ကိုယ်စားလှယ်ကို ပြန်ခေါ်နိုင်တဲ့ ဥပဒေလည်း အသင့်မဖြစ်သေးပါ

၃- ဒီလောက် အကာကွယ်တွေ ရထားပါလျက်နဲ့ ကိုဆွေဝင်းကိစ္စ အသံမထွက်ရင် ကျွန်တော်တို့ အသံထုတ်ရပါတော့မယ်။ ကျွန်တော်တို့ ၆၆ဃ နဲ့ရော စွဲနိုင်ပါတယ်။ ကျန်တဲ့ ဥပဒေတွေနဲ့လည်း စွဲနိုင်ပါတယ်။ ကိုယ်စားလှယ်တော်တွေလို ကင်းလွတ်ခွင့် ရမထားပါ။

၎- မကြောက်ဘူးလားလိုရင် ကြောက်ပါတယ်။ ဒါပေမယ့် ဆက်ကြောက် မနေချင်တော့လို့ပါ။ ကိုယ့်သားသမီးလေးတွေကို အကြောက်ခေတ်ထဲမှာ မထားခဲ့ချင်တော့လို့ပါ

၅- Blaming လုပ်နေတာ မဟုတ်ပါ။ ကျွန်တော်တို့ရှေ့က မားမားမတ်မတ်လေး လာရပ်စေချင်လို့ မဲပေးထားခဲ့တာပါ။ အကုန်အသံတိတ်နေကြတော့ ၀မ်းနည်းရပါတယ်။ ဒါရင်ကြားစေ့ရေး ကိစ္စ မဟုတ်ပါ။ ရပ်တည်မှု ကိစ္စပါ

၆- ဒီလိုတွေ ပြောနေရတာကို တဖက်ကို ပါသွားပြီတို့၊ ဟိုဘက်က လူတို့ လာပြီး သွေးခွဲမယ့် အန္တရာယ် ရှိနေမှန်း သိပါတယ်။ ကိုယ်ချစ်တဲ့ ပါတီ ထောက်ခံမှု ကျသွားနိုင်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် လုပ်စရာသေးသေးလေးတောင် မလုပ်ရင် အကြီးကြီးကို မျှော်ဖို့ ခက်လှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ညာပြီး နေရာယူခဲ့ကြသူတွေလို့ မမြင်ချင်ပါ.

၇- ဦးကိုနီသည် ခင်ဗျားတို့ အတွက် အသက်စွန့် သွားခဲ့ရတာပါ။ မေ့နေမှာစိုးလို့ ပြောပြတာပါ

Credit -သက္က မိုးညို

Maung Maung

7 hrs ·

Thu Ya Zaw
·
ဘာသာခြား တစ်ယောက်က ကျ နော့်ကို လာမေးတယ်..

“အင်းဝ အပ်ချု ပ်ဆိုင်က အိမ်ဖော်ကို ကျွ န်ပြု ပြီး ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမူ ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ”……..တဲ့…..
“ခင်ဗျားသာ ဆိုရင် တရားခံတွေကို ဘယ်လို ပြစ်ဒဏ်မျိုးပေးစေချ င်သလဲ”………တဲ့…။

ဟုတ်ကဲ့… အင်းဝ အပ်ချု ပ်ဆိုင်ကိစ္စ ဘယ်လိုမြင်ပါသလဲဆိုတော့…….
ကျ နော် ရာဇဝတ်မှုကို ရာဇဝတ်မှုလို့ သာ မြင်ပါတယ်..။

“တရားခံတွေကို ဘယ်လို ပြစ်ဒဏ်မျိုးပေးစေချ င်သလဲ”…. လို့ မေးလာတော့.
-.
၅ နှစ်နီးပါး.. အိမ်ဖော် ကောင်မလေး နှစ်ယောက်ကို လုပ်အားခ မပေးပဲ ကျွ န်ပြု ရုံတင်မက…. ရက်ရက်စက်စက် ရိုက်နှက်.. လက်တွေချိုးပြီး ဘဝတစ်ခုလုံး ဘာမှ လုပ်ကိုင်စားသောက်လို့ မရအောင် ဖျ က်ဆီးပစ်လိုက်တဲ့ တရားခံတွေကို ဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေပေးပါ..။ သက်ဆိုင်သူ အားလုံးကို အရေးယူပါ. ….
ထို့အပြင်….

ရခိုင် ဗုဒ္ဒဘာသာဝင် ဗိုလ်မှူး ကျော်နုမော်ရဲ့ ဇနီး……… အိမ်ဖော်ကို ကိုယ်လုံးတီးဖြစ်အောင် လုပ်ပြီး ကြိုးတုတ် ရိုက်နှက်နှိပ်စက်တာကိုလည်း အရေးယူပေးပါ..။

ဖမ်းဝရမ်းထုပ်ခံထားရတဲ့ ပဲခူးက တရားသူကြီးမိန်းမ………….. ၂ နှစ်ကျော်… လွတ်မြောက်နေသူ……….အိမ်ဖော်မလေးကို ရက်ရက်စက်စက် မီးပူနဲ့ ကပ်တဲ့ ကိစ္စ……လူသိရှင်ကြား….. အရေးယူပေးပါ..။

ပန်ဒိုရာ ဗိုလ်ကြီးမိန်းမ………….. သူ့ အလုပ်သမားတွေကို အစုလိုက်အပြုံ လိုက် လူမဆန်စွာ ရက်စက်မူကြီးကိုလည်း အခုလိုပဲ အရေးယူပေးပါ..။

မူဆယ်မှာ လူငယ်ချ င်းစကားများရာမှာ အချု ပ်ခန်း ရောက်ပြီး ရက်ရက်စက် စက် ရဲတွေ ရိုက်သက်လို့  သေသွားရှာတဲ့ ဖိုင်ဇလ် ခေါ် မောင်ဖြိုးဝေအောင် ကိစ္စလည်း ဖော်ထုတ်….အရေးယူပေးပါ..။

တောင်ကြီးမှာ မင်္ဂလာဆောင်သွားနေတဲ့ သတို့သား သတို့သမီးအပါအဝင် နှစ်ဖက် မိသားစုဝင်တွေကို ဘာ အထောက်အထားမှ မရှိ ဘာလက်နက်မှ မပါတဲ့ မွစ္စလင်မ် မိသားစု ၂ စုကို အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့  အဆက်သွယ်ရှိပါတယ် …….ဆိုတဲ့ စွပ်စွဲချ က်နဲ့ မတရားဖမ်းဆီး ထောင်ချ ပစ်တယ်…… အကြမ်းဖက်သမားလို့  စွပ်စွဲပြီး အဖမ်းခံရတဲ့ ထဲမှာ အဖိုးအဖွားအရွယ်ရှိတဲ့ သက်ကြီးရွယ်အိုကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အထိ ပါတယ်..။
ဒီကိစ္စကိုလည်း တရားဥပဒေအရ အရေးယူ ပေးပါ..။ ဖမ်းခံထားရတဲ့ မိသားစုဝင်တွေကို လွတ်မြောက်ခွင့်ပေးပါ..။

ရန်ကုန် ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်းကို မီးကွင်းပစ်ပြီး ကလေးငယ်တွေ ၁၃ ယောက်တိတိ မီးလောင်တိုက်သွင်း အသတ်ခံရတဲ့ အပြင် ကျောင်းဆရာ ၂ ပါးကိုပါ အပြစ်မဲ့ထောင်ချ ထားတယ်..။
ဒီရာဇဝတ်မူကို တရားဥပဒေ အရ အရေးယူပေးပါ..။ အပြစ်မဲ့ ဖမ်းဆီးခံထားရတဲ့ ဆရာ ၂ ပါးကို လွတ်မြောက်ခွင့်ပေးပါ..။

ကျ န်ပါသေးတယ်..။

၂၀၁၂ ခုနှစ်ရဲ့ ပထမဦးဆုံး သွေးစွန်းခဲ့တဲ့ ရက်…။
အစ္စလာမ် ဘာသာဝင် ၁၁ ဦး ကို နေ့ ခင်းကြောင်တောင် ဘတ်စ်ကားပေါ်က ဆွဲချ ပြီး…. ဦးနှောက်တွေထွက်……. ခန္ဒာကိုယ်အပိုင်းပိုင်း အတစ်တစ်ဖြစ်အောင် ရက်ရက်စက် ရိုက်သတ်ခဲ့တဲ့ လူသတ်တရားခံတွေကိုလည်း ခုလို တရားဥပဒေနဲ့ အညီ အရေးယူစေချ င်တယ်..။

ရခိုင်…မိထ္ထီလာ.. လားရှိုး.. ပဲခူး… မန္တလေး စတဲ့ နေရာတွေမှာ ဘာသာရေးစော်ကားမူတွေ.. အနိုင်ကျ င့်သတ်ဖြတ်မူတွေ နဲ့  မီးလောင်တိုက်သွင်းခဲ့တဲ့ ရာဇဝတ်ကောင်တွေကိုလည်း အမြန်ဆုံး ထိရောက်တဲ့ ပစ်ဒဏ်တွေပေးပါ..။

ဘာသာရေးတစ်ခုလုံးကို လှည့် ပတ်စော်ကားပြီး တိုင်းပြည် ပျ က်စီးအောင် လုပ်နေတဲ့ ရဟန်းတွေကို အရေးယူပေးပါ…

မကြာခင်က အီဒ်အလူ အတွက် သိန်းပေါင်းများစွာ အကုန်ကျ ခံပြီး ဝယ်ခဲ့တဲ့ နွားတွေကို ရဟန်းတွေ ဓါးပြတိုက်ယူပြီး သတ်ပစ်ကြတယ်..။ ဒါတွေကိုလည်း ထိရောက်တဲ့ အရေးယူမူ လုပ်ပေးပါ…….

ငါးလောင်းပြိုင်..လေးလောင်းပြိုင်…သုံးလောင်းပြိုင် စတဲ့ ကြောက်စရာကောင်းတဲ့ လူသတ်မူတွေကိုလည်း အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါ……..

အင်းဝ အပ်ချု ပ်ဆိုင်ကိစ္စ အစ္စလာမ် ဘာသာဝင် အချ င်းချ င်း ဖြစ်နေလို့  ဆိုပြီး ဘယ်မွစ္စလင်မ်ကမှ ဖုံးကွယ်မထားပါ.. မကာကွယ်ပါ..။

ဒီကိစ္စကို အခုလို အရေးယူနိုင်ဖို့ သတင်းထောက်ကို သတင်းပေးခဲ့တာလည်း မွစ္စလင်မ်ပါပဲ..။
မွစ္စလင်မ်တွေ ကိုယ်ချ င်းစာစိတ်နဲ့ တစ်ဖက်တစ်လမ်းက ဆောင်ရွက်ခဲ့တယ်..။
ဒါပေမယ့်.. အထက်ပါကိစ္စတွေမှာ ဗုဒ္ဒဘာသာဝင်တွေ လေသံတောင်မထွက်တာများတယ်……

#တိုင်းပြည်တစ်ခုမှာ တရားဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားပဲ အကာကွယ်ပေးရပါတယ်..။

တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရဆိုတာကလည်း တိုင်းသူပြည်သားတွေကို ကျောသားရင်သား မခွဲခြားဘဲ အုပ်ချု ပ်ရပါတယ်…….

#ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကျ နော်တို့ မွစ္စလင်မ်တွေဟာ ကျောသားပါ..။
ရင်သားတွေကို ထွေးပိုက်ထားသလောက် ကျ နော်တို့ ကျောသားတွေ ကိုတော့
အာဏာရှင်တွေ အာဏာရဖို့ ချ နင်းခံနေရတယ်.. ဖိနှိပ်ခံနေရတယ်.. ဥပေက္ခာပြူခံနေရတယ်……..

မျ က်နာကြီးရာ ဟင်းဖတ်ပါတဲ့ တရားဥပဒေဆိုတာကလည်း ကိုးကွယ်ရာ ဘာသာ မတူရုံနဲ့ ရင်သားတွေအတွက် ဥပဒေတစ်မျိုး ကျောသားတွေအတွက် ဥပဒေတစ်မျိုး ဖြစ်ရတယ်…..

Crd->>Tin CandyKoko
Via Thae Naw

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s