မြန်မာနိုင်ငံမှာတော့ ကျ နော်တို့ မွစ္စလင်မ်တွေဟာ ကျောသားပါ..။ ရင်သားတွေကို ထွေးပိုက်ထားသလောက် ကျ နော်တို့ ကျောသားတွေ ကိုတော့ အာဏာရှင်တွေ အာဏာရဖို့ ချ နင်းခံနေရတယ်.. ဖိနှိပ်ခံနေရတယ်.. ဥပေက္ခာပြူခံနေရတယ်

Thu Ya Zaw
·
ဘာသာခြား တစ်ယောက်က ကျ နော့်ကို လာမေးတယ်..

“အင်းဝ အပ်ချု ပ်ဆိုင်က အိမ်ဖော်ကို ကျွ န်ပြု ပြီး ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမူ ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ”……..တဲ့…..
“ခင်ဗျားသာ ဆိုရင် တရားခံတွေကို ဘယ်လို ပြစ်ဒဏ်မျိုးပေးစေချ င်သလဲ”………တဲ့…။


ဟုတ်ကဲ့… အင်းဝ အပ်ချု ပ်ဆိုင်ကိစ္စ ဘယ်လိုမြင်ပါသလဲဆိုတော့…….
ကျ နော် ရာဇဝတ်မှုကို ရာဇဝတ်မှုလို့ သာ မြင်ပါတယ်..။

“တရားခံတွေကို ဘယ်လို ပြစ်ဒဏ်မျိုးပေးစေချ င်သလဲ”…. လို့ မေးလာတော့.
-.
၅ နှစ်နီးပါး.. အိမ်ဖော် ကောင်မလေး နှစ်ယောက်ကို လုပ်အားခ မပေးပဲ ကျွ န်ပြု ရုံတင်မက…. ရက်ရက်စက်စက် ရိုက်နှက်.. လက်တွေချိုးပြီး ဘဝတစ်ခုလုံး ဘာမှ လုပ်ကိုင်စားသောက်လို့ မရအောင် ဖျ က်ဆီးပစ်လိုက်တဲ့ တရားခံတွေကို ဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေပေးပါ..။ သက်ဆိုင်သူ အားလုံးကို အရေးယူပါ. ….
ထို့အပြင်….

ရခိုင် ဗုဒ္ဒဘာသာဝင် ဗိုလ်မှူး ကျော်နုမော်ရဲ့ ဇနီး……… အိမ်ဖော်ကို ကိုယ်လုံးတီးဖြစ်အောင် လုပ်ပြီး ကြိုးတုတ် ရိုက်နှက်နှိပ်စက်တာကိုလည်း အရေးယူပေးပါ..။

ဖမ်းဝရမ်းထုပ်ခံထားရတဲ့ ပဲခူးက တရားသူကြီးမိန်းမ………….. ၂ နှစ်ကျော်… လွတ်မြောက်နေသူ……….အိမ်ဖော်မလေးကို ရက်ရက်စက်စက် မီးပူနဲ့ ကပ်တဲ့ ကိစ္စ……လူသိရှင်ကြား….. အရေးယူပေးပါ..။

ပန်ဒိုရာ ဗိုလ်ကြီးမိန်းမ………….. သူ့ အလုပ်သမားတွေကို အစုလိုက်အပြုံ လိုက် လူမဆန်စွာ ရက်စက်မူကြီးကိုလည်း အခုလိုပဲ အရေးယူပေးပါ..။

မူဆယ်မှာ လူငယ်ချ င်းစကားများရာမှာ အချု ပ်ခန်း ရောက်ပြီး ရက်ရက်စက် စက် ရဲတွေ ရိုက်သက်လို့  သေသွားရှာတဲ့ ဖိုင်ဇလ် ခေါ် မောင်ဖြိုးဝေအောင် ကိစ္စလည်း ဖော်ထုတ်….အရေးယူပေးပါ..။

တောင်ကြီးမှာ မင်္ဂလာဆောင်သွားနေတဲ့ သတို့သား သတို့သမီးအပါအဝင် နှစ်ဖက် မိသားစုဝင်တွေကို ဘာ အထောက်အထားမှ မရှိ ဘာလက်နက်မှ မပါတဲ့ မွစ္စလင်မ် မိသားစု ၂ စုကို အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့  အဆက်သွယ်ရှိပါတယ် …….ဆိုတဲ့ စွပ်စွဲချ က်နဲ့ မတရားဖမ်းဆီး ထောင်ချ ပစ်တယ်…… အကြမ်းဖက်သမားလို့  စွပ်စွဲပြီး အဖမ်းခံရတဲ့ ထဲမှာ အဖိုးအဖွားအရွယ်ရှိတဲ့ သက်ကြီးရွယ်အိုကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အထိ ပါတယ်..။
ဒီကိစ္စကိုလည်း တရားဥပဒေအရ အရေးယူ ပေးပါ..။ ဖမ်းခံထားရတဲ့ မိသားစုဝင်တွေကို လွတ်မြောက်ခွင့်ပေးပါ..။

ရန်ကုန် ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်းကို မီးကွင်းပစ်ပြီး ကလေးငယ်တွေ ၁၃ ယောက်တိတိ မီးလောင်တိုက်သွင်း အသတ်ခံရတဲ့ အပြင် ကျောင်းဆရာ ၂ ပါးကိုပါ အပြစ်မဲ့ထောင်ချ ထားတယ်..။
ဒီရာဇဝတ်မူကို တရားဥပဒေ အရ အရေးယူပေးပါ..။ အပြစ်မဲ့ ဖမ်းဆီးခံထားရတဲ့ ဆရာ ၂ ပါးကို လွတ်မြောက်ခွင့်ပေးပါ..။

ကျ န်ပါသေးတယ်..။

၂၀၁၂ ခုနှစ်ရဲ့ ပထမဦးဆုံး သွေးစွန်းခဲ့တဲ့ ရက်…။
အစ္စလာမ် ဘာသာဝင် ၁၁ ဦး ကို နေ့ ခင်းကြောင်တောင် ဘတ်စ်ကားပေါ်က ဆွဲချ ပြီး…. ဦးနှောက်တွေထွက်……. ခန္ဒာကိုယ်အပိုင်းပိုင်း အတစ်တစ်ဖြစ်အောင် ရက်ရက်စက် ရိုက်သတ်ခဲ့တဲ့ လူသတ်တရားခံတွေကိုလည်း ခုလို တရားဥပဒေနဲ့ အညီ အရေးယူစေချ င်တယ်..။

ရခိုင်…မိထ္ထီလာ.. လားရှိုး.. ပဲခူး… မန္တလေး စတဲ့ နေရာတွေမှာ ဘာသာရေးစော်ကားမူတွေ.. အနိုင်ကျ င့်သတ်ဖြတ်မူတွေ နဲ့  မီးလောင်တိုက်သွင်းခဲ့တဲ့ ရာဇဝတ်ကောင်တွေကိုလည်း အမြန်ဆုံး ထိရောက်တဲ့ ပစ်ဒဏ်တွေပေးပါ..။

ဘာသာရေးတစ်ခုလုံးကို လှည့် ပတ်စော်ကားပြီး တိုင်းပြည် ပျ က်စီးအောင် လုပ်နေတဲ့ ရဟန်းတွေကို အရေးယူပေးပါ…

မကြာခင်က အီဒ်အလူ အတွက် သိန်းပေါင်းများစွာ အကုန်ကျ ခံပြီး ဝယ်ခဲ့တဲ့ နွားတွေကို ရဟန်းတွေ ဓါးပြတိုက်ယူပြီး သတ်ပစ်ကြတယ်..။ ဒါတွေကိုလည်း ထိရောက်တဲ့ အရေးယူမူ လုပ်ပေးပါ…….

ငါးလောင်းပြိုင်..လေးလောင်းပြိုင်…သုံးလောင်းပြိုင် စတဲ့ ကြောက်စရာကောင်းတဲ့ လူသတ်မူတွေကိုလည်း အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါ……..

အင်းဝ အပ်ချု ပ်ဆိုင်ကိစ္စ အစ္စလာမ် ဘာသာဝင် အချ င်းချ င်း ဖြစ်နေလို့  ဆိုပြီး ဘယ်မွစ္စလင်မ်ကမှ ဖုံးကွယ်မထားပါ.. မကာကွယ်ပါ..။

ဒီကိစ္စကို အခုလို အရေးယူနိုင်ဖို့ သတင်းထောက်ကို သတင်းပေးခဲ့တာလည်း မွစ္စလင်မ်ပါပဲ..။
မွစ္စလင်မ်တွေ ကိုယ်ချ င်းစာစိတ်နဲ့ တစ်ဖက်တစ်လမ်းက ဆောင်ရွက်ခဲ့တယ်..။
ဒါပေမယ့်.. အထက်ပါကိစ္စတွေမှာ ဗုဒ္ဒဘာသာဝင်တွေ လေသံတောင်မထွက်တာများတယ်……

#တိုင်းပြည်တစ်ခုမှာ တရားဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားပဲ အကာကွယ်ပေးရပါတယ်..။

တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရဆိုတာကလည်း တိုင်းသူပြည်သားတွေကို ကျောသားရင်သား မခွဲခြားဘဲ အုပ်ချု ပ်ရပါတယ်…….

#ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကျ နော်တို့ မွစ္စလင်မ်တွေဟာ ကျောသားပါ..။
ရင်သားတွေကို ထွေးပိုက်ထားသလောက် ကျ နော်တို့ ကျောသားတွေ ကိုတော့
အာဏာရှင်တွေ အာဏာရဖို့ ချ နင်းခံနေရတယ်.. ဖိနှိပ်ခံနေရတယ်.. ဥပေက္ခာပြူခံနေရတယ်……..

မျ က်နာကြီးရာ ဟင်းဖတ်ပါတဲ့ တရားဥပဒေဆိုတာကလည်း ကိုးကွယ်ရာ ဘာသာ မတူရုံနဲ့ ရင်သားတွေအတွက် ဥပဒေတစ်မျိုး ကျောသားတွေအတွက် ဥပဒေတစ်မျိုး ဖြစ်ရတယ်…..

Crd->>Tin CandyKoko
Via Thae Naw

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s