Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို တိုင်ကြားခဲ့သူ ကျော်မျိုးရွှေ

Ye K Htwe

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို တိုင်ကြားခဲ့သူ ကျော်မျိုးရွှေ

No automatic alt text available.

“ ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီ၊ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး”

ဆိုတာပြောလို့ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)နဲ့  မန္တလေးမဟာအောင်မြေမြို့နယ် အမှတ် ၇ စခန်းမှာ အမှုဖွင့် တိုင်ကြားလိုက်တဲ့ သူဟာ ကျော်မျိုးရွှေ ဖြစ်ပါတယ်။

သူဟာ တပ် မတော်သားတစ်ဦး မဟုတ်သူ အရပ်သားစစ်စစ် မန္တလေးတိုင်း တစည ပါတီအဖွဲ့ဝင်၊ ယခင် စစ်သွေးသစ္စာ အကောင့် ပိုင်ရှင်၊

Image may contain: 2 people, people standing and outdoor

မန္တလေး မဘသ အဖွဲ့ဝင်၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ (မန္တလေး) အဖွဲ့ဝင် တစ်ဦးဟု ယူဆရသူ၊ မန္တလေးတွင် ရိုဟင်ဂျာ ကန့်ကွက်ပွဲတွင် ပါဝင်ခဲ့သူ ( အားလုံးမှာ ဓာတ်ပုံ အထောက်ထားများ အရ သိရ )

တပ်မတော်ကိုလေးစားသူ၊ စစ်အရာရှိကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက်ရတာကို မွေ့လျော်သူ၊

Image may contain: 1 person, standing

၁၅ – ၁ – ၂၀၁၇ ( တနင်္ဂနွေ )နေ့ မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းမှာ
တရားသောစစ်အောင်မြင်စေကြောင်း လူထုထောက်ခံဆွေးနွေးဟောပြောပွဲမှာ ၊ ဘူးလက် -လှဆွေ၊ မျိုးချစ် ( မန်းတက္ကသိုလ် ) နဲ့အတူ ကျော်မျိုးရွှေ ( စစ်သွေးသစ္စာ ) တို့က အတူတကွ ဟောပြောခဲ့သူ

Image may contain: 3 people, people sitting and people standing

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး အရ ဖိုတိုရှော့များ မတင်ရွှေဟု ခေါ်ပြီး အရေးသားများဖြင့် တိုက်ခိုက်ခဲ့သူ

ကွီးဖြိုးအား သောက်ပိုတွေသိပ်မပြောပါနဲ့  အ၆မရာ ! (အခြောက်မ) ဟု ခေါ်ဝေါ်ခဲ့သူ

တစ်ဦးလည်း ဖြစ်ပါတယ် ။

Image may contain: 3 people, people standing and outdoor

သူဖေ့ဘုတ်ပေ့ခ်ျမှာ ရေးသားခဲ့တာတွေ အများကြီးထဲက ထင်ရှားတဲ့ စကားတွေ ကတော့-

Image may contain: 1 person, standing and outdoor

” နောက်ထပ် ကြည်လင်းတွေ အများကြီး အများကြီး ရှိသေးတာ မမေ့ထားပါနဲ့ ”
” ဒီတစ်ကြိမ် လိုအပ်လို့ စစ်တပ်က အာဏာသိမ်းရင် သမိုင်း တရားခံက ဗိုလ်ချုပ် သမီးပဲ”
” နိုင်ငံရေး မရောနှောတဲ့ သံဃ်ာအရေးတော်ပုံ အစစ်ကြီး မကြာမှီ ပေါ်လာပါလိမ့်မယ်”

Image may contain: 1 person, standing and outdoor

Image may contain: 3 people, people standing

 

Advertisements

5 thoughts on “Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို တိုင်ကြားခဲ့သူ ကျော်မျိုးရွှေ

  1. Ye K Htwe
    2 hrs ·
    တိုင်ကြားတဲ့လူဟာ
    ကျွန်တော်မှတ်ပုံတင် နံပါတ်အတိအကျ၊
    မကြာသေးခင်မှ ပြောင်းထားတဲ့
    အိမ်လိပ်စာ တိုက်ခန်းအလွှာ အတိအကျနဲ့ တိုင်ကြားတယ်။
    ဒီအချက်အလက်ဟာ ပြည်ထဲရေးက
    မပေးဘဲ တိုင်ကြားတဲ့လူ မရနိုင်ပါဘူး။
    ကိုဆွေဝင်း
    https://m.facebook.com/story.php…

    Like

  2. Thun Sit Nay
    18 hrs ·
    ကိုဆွေဝင်းကို
    ဆက်သွယ်ရေး ပုဒ်မ /သာညှိုး .. ဘာညာနဲ့
    မဘသ က တရားစွဲနိုင်တယ်
    ပြည်သူတင်လို့ စင်ပေါ်ရောက်တဲ့
    သောက်အစိုးရက
    ဝီရသူ ဆိုတဲ့ ကတုံးအစုပ်အပြတ်ကို
    ပမာပြောရရင်
    မူးဆူ ပုဒ်မလောက်လေးနဲ့ကို
    တရားစွဲ လက်ထိပ်မခတ်နိုင်သေးတာ
    ဘာကြောင့်လဲလို့… ထ,မေးပြန်ရင်လည်း
    ဖတဆိုးလေးတွေက
    ခွေးလို ဝိုင်းကိုက်ကြဦးမယ် …
    နှစ်ပေါင်း ၆၀ကျော် အချောင်းနဲ့ထိုးသမျှ ခံလာရတာက ကျင့်သားရပေမယ့်…
    ဗြန်း…ဆို…
    အပြားကြီးနဲ့ ပြောင်းပွတ်ခံနေရတာကတော့
    လွှတ်အခံရခက်တယ် … တော်ရုံစကေးတော့မဟုတ်ဘူးဗျ
    #သွန်းစစ်နေ

    Like

  3. Sithu Aung Myint
    4 hrs ·
    ကိုဆွေဝင်း (Myanmar Now)က ဦးဝီရသူ အကြောင်းရေးလို့ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဖို့ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်း ခံထားရတယ်လို့ သိရတယ်။ တည်ဆဲ ဥပဒေ ဖြစ်နေတာ၊ နည်းဥပဒေ မရှိသေးတာကြောင့် ပုဒ်မ ၆၆(ဃ) အကြောင်း လတ်တလော ဘာမှ မပြောလိုပါ။ ဒါပေမယ့် အမှန်ကို အမှန်အတိုင်း ရေးသားတဲ့ သတင်းစာ ဆရာကို တရားစွဲဖို့ ဥပဒေက ရှိပြီး တိုင်းဖျက် ပြည်ဖျက် လူသတ် စက်ဆုတ် ရွံရှာစရာ ကောင်းတဲ့ အကြမ်းဖက် သမားတွေကို အတိအလင်း ကျေးဇူးတင်စကား ပြောတဲ့ ဦးဝီရသူ လိုမျိုးကို တရားစွဲဖို့ ဥပဒေ မရှိတာ (ကျနော် မသိတာလည်း ဖြစ်နိုင်ပါတယ်။) အတော် မကျေမနပ် ဖြစ်စရာ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဥပဒေအရ ရင်ဆိုင်မယ့် ကိုဆွေဝင်းကို အကူအညီပေးပါမယ်။ ဥပမာ တရားရုံးမှာ သွားပြီး တရားခံပြသက်သေ အဖြစ် ထွက်ဆိုပေးတာမျိုး၊ အခြား လိုအပ်သမျှ အကူအညီ ပေးတာမျိုးပေါ့။
    စည်သူအောင်မြင့်။

    Like

  4. Kyaw Zwa
    7 hrs ·
    အလင်းရောက်မှ အမှောင်ပျောက်မယ်
    ~~~~~~~~~~~~~~~~~~~~~~~~~
    ကိုနေဝင်းတွေများလာရင် ကြည်လင်းတွေပျောက်သွားမယ်။
    ကိုဆွေဝင်းတွေများလာရင် ဝီရသူတွေ ပျောက်ကုန်မယ်။
    အဓမ္မတွေပျောက်ဘို့အတွက် ဓမ္မထွန်းကားဘို့လိုတယ်။

    Like

  5. Soe Min added 2 new photos.
    1 hr ·
    အမုန်းတရားများဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အရေးယူရန် ပျက်ကွက်နေဟု အစိုးရကို ကိုဆွေဝင်း ဝေဖန်
    ==========================-
    အမုန်းတရားများဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အရေးယူရန် ပျက်ကွက်နေပြီး သွေးထိုးလှုံဆော်သူများအကြောင်းကို ဖော်ထုတ်သူများကိုမူ ဖမ်းဆီးရန် ပြင်ဆင်နေသည့် အစိုးရ၏ လုပ်ရပ်ကို Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်းက ဝေဖန်လိုက်သည်။
    ”ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်နိမိတ်စွဲမရှိဘဲ အမှန်ကို အမှန်အတိုင်းရေးဖို့က ကျနော်တို့တာဝန်ပဲ။ ကျနော်တို့ သတိထားတာက ကိုယ်ရေးတာက မှန်ကန်တိကျဖို့၊ ဓမ္မနည်းလမ်းကျဖို့၊ လောကလူသား အချင်းချင်းထားရမယ့် လောကပါလ တရားတွေကို အထောက်အကူပြုဖို့၊ လူကိုလူလိုမြင်ပြီး၊ လူကိုလူလိုစာနာဖို့ပဲ”
    ကိုဆွေဝင်းအား တိုင်ကြားရာတွင် အခြားသူများ သိရှိရန်ခက်ခဲသည့် နိုင်ငံသားစိစစ်ရေးနံပါတ်နှင့် မကြာသေးမီကက ပြောင်းရွှေ့နေထိုင်နေသည့် ၎င်း၏ အိမ်လိပ်စာကိုပါ အတိအကျ ထည့်သွင်းတိုင်ကြားခြင်းသည် အာဏာပိုင် အဖွဲ့အစည်းတခုခု၏ လက်ချက်ဖြစ်နိုင်သည်ဟု သင်္ကာမကင်းဖြစ်ရကြောင်းလည်း ကိုဆွေဝင်းက ပြောသည်။
    ”ဒီသတင်းအချက်အလက်(မှတ်ပုံတင်နဲ့ လိပ်စာ)ဘယ်ကရလဲ။ ကျွန်တော် တိတိကျကျပြောမယ်။ ဒါပြည်ထဲရေးက မပေးဘဲ ဒီသတင်းအချက်အလက် ရစရာအကြောင်းမရှိဘူး။ အာဏာပိုင်အဖွဲ့အစည်းတခုခုက မပေးဘဲရစရာ အကြောင်းမရှိဘူး”ဟု ကိုဆွေဝင်းက ပြောသည်။
    ဝီရသူကဘက်က တောင်းပန်ရန် ကမ်းလှမ်းမှုကို ကိုဆွေဝင်းက ပယ်ချလိုက်ပြီး လူသတ်ဝါဒကို အားပေးသည့် ဦးဝီရသူကို တောင်းပန်ရန် အကြောင်းအရင်းမရှိဟုလည်း တုန့်ပြန်ခဲ့သည်။
    ကိုဆွေဝင်းက ဦးဝီရသူ၏ ရာဇဝတ်မှုကို အားပေးသည့် လုပ်ရပ်များကို ထောက်ပြဝေဖန်ခဲ့ပြီး အစိုးရ၏နှုတ်ဆိတ်နေမှုအပေါ်လည်း မေးခွန်းထုတ်ခဲ့သည်။
    “ရာဇဝတ်မှုတစ်ခုကို ဘယ်သူဘဲ ကျူးလွန်ကျူးလွန်၊ ဘယ်သူဘဲလုပ်လုပ်၊ ဒါကိုအားပေးအားမြှောက် ဘယ်နိုင်ငံမှ လုပ်လို့ မရဘူး”ဟု ကိုဆွေဝင်းက ဝေဖန်ခဲ့သည်။
    “(ဦးဝီရသူဟာ) တစ်ကြိမ်တစ်ခါတည်းဘဲ အမုန်းတရားတွေ ပြောနေတာမဟုတ်ဘူး။ အမြဲတမ်းပဲ တောက်လျှောက် တနိုင်ငံလုံးကိုပတ်ပြီး မီးမွေးနေတဲ့ပုဂ္ဂိုလ်၊ ဒါတွေဟာ အားလုံးအသိဘဲ” ဟု ကိုဆွေဝင်းက ဆိုသည်။
    post from Frontier Myanmar
    and Irrawaddy

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s