Sit Khwe? Military lapdog? Khwe Thars? ရပ်​ကွက်​ထဲက စိတ်​ပျက်​စရာ ​ခွေးတစ်​​ကောင်

Sit Khwe? Military lapdog? Khwe Thars?

Before throwing a stone to the dog, we need to look at the face of its owner.
Like · And we could not throw stone at the dog that is barking while under the shade of the pagoda.
Swe Mon

ရပ်ကွက်ထဲက စိတ်ပျက်စရာ ခွေးတစ်ကောင်
ဒီခွေးအကြောင်း မပြောချင်ဆုံး၊ နေ့ရှိသရွေ့ ဟောင်၊ ညဖက်လည်း မရှောင်၊ လူခြေတိတ် ညအိပ်ကောင်းချိန်ဆို စူးစူးဝါးဝါး အူတဲ့အခါ အူသေး။ ရှူးတိုက်လည်း ကိုက်။ ရှူးမတိုက်လည်း သူ့သဘောနဲ့သူ ကိုက်၊ လမ်းသွားလမ်းလာကိုလည်း ကိုက်။ ရဟန်းရှင်လူမရှောင်၊ လူကောင်းမှန်ရင် အကုန်ကိုက်။
ဒီခွေးက တစ်မျိုး၊ ဇာတိပျက် ဇာတ်ပျက်နေတဲ့ ခွေးပျက်၊ အများတကာခွေးက သူခိုး ဓားပြ လူဆိုးဆိုရင် လက်မခံ ပြေးကိုက်တတ်ကြပေမယ့် ဒီခွေးက ခွေးပျက်၊ ခွေးစစ် ခွေးမှန်တို့ရဲ့ ပင်ကိုယ်ဗီဇက ပျက်နေပြီးသား။ လူဆိုး၊ သူခိုး၊ ဘိန်းစား၊ ဓားပြ၊ ဖာခေါင်း တစ်ကောင်ကိုမှ မကိုက်။ ရပ်ကွက်ထဲက စာသမား ပေသမား၊ ဘာသာရေးသမား၊ လူကြီးလူကောင်းမှန်ရင် အဲဒီခွေးက ကြည့်မရ၊ ဘုန်းကြီးကိုတောင် မရှောင်တတ်၊ အစွယ်တငေါငေါနဲ့ လိုက်ကိုက်ပစ်တာပဲ၊ တစ်ခါတစ်လေ ရပ်ကွက်ထဲက သာရေးနာရေးလုပ်နေတဲ့ ကောင်လေးကောင်မလေးတွေကိုတောင် ပတ်ကိုက်တတ်သေး။ ရပ်ကွက်ထဲက လမ်းတကာလျှောက်သွားပြီး ကိုက်တတ်လို့ ပြသနာဖြစ်ရတာ အကြိမ်ကြိမ်။ ရပ်ကွက်က ဒီခွေးဆို ရွံရှာလွန်းလို့၊ ဒီခွေးကတော့ လူပေါင်းစုံက သူ့ကို ရွံနေတာကိုပဲ သူ့ကိုကြောက်ကြတာလို့ ထင်ပြီး အမြီးတထောင်ထောင်နဲ့ လမ်းသလား ဂုဏ်ယူနေလေရဲ့။
.
အဓိကပြသနာက ခွေးရှင်၊ ပိုင်ရှင်သားအဖတွေ နှစ်ဆင့် သုံးဆင့် လက်ပြောင်းခဲ့ပေမယ့် သူ့ခွေး ဆိုးတယ် ကိုက်တတ်တယ် ရိုင်းပြတယ်ပြောရင် ပိုင်ရှင် အဖိုးရော၊ ပိုင်ရှင်အဖေရော၊ ပိုင်ရှင်သားရော … ခွေးရှင်တစ်မိသားစုလုံးက လုံးလုံးကြီးရော ပြားပြားကြီးပါ လက်မခံ၊ သူ့ခွေးက လူကောင်းတစ်ဦးကို ဘလိုင်းကြီး ကိုက်လိုက်ပြီးတိုင်း ခွေးရှင်မိသားစုက အသည်းအသန် အရုးကွက်နင်းပြတတ်တယ်။ အကိုက်ခံရသူက လူဆိုးမို့ ကိုက်သယောင်၊ လူကောင်းတွေ ကြောက်လန့်နေတာ ရပ်ကွက်အတွက်ပဲ ကောင်းသယောင်ယောင် အမြဲတမ်း ပြောင်းပြန်တွေပြော၊ သူ့ခွေးကပဲ တရားသယောင် အသံတွင်တွင်လွှင့်။ တကယ်တမ်း ခွေးရှင်ကြီးကိုယ်တိုင်က ရာဇ၀င်လူဆိုး လူသတ်ဖူးသူမို့ ရပ်ကွက်ထဲမှာ ဆက်ဆံချင်သူကနည်း။ ဘိန်းစား၊ ဓားပြ၊ ဆေးသမား၊ ဖာခေါင်းတွေလောက်ပဲ သူ့ကို လေးလေးစားစား ဆက်ဆံကြတယ်။
.
သူ့ခွေးက အချိန်ပြည့်ရိုင်းပြ ဆိုးသွမ်းလိုက်ကိုက်နေပေမယ့် ရာဇ၀င်လူဆိုးကြီး ခွေးရှင်မျက်နှာကို ကြည့်ပြီး ရပ်ကွက်ထဲက တစ်ယောက်မှ အဲဒီခွေးဆိုးကို မထိရဲကြ၊ မရိုက်ရဲကြ။
.
တစ်ရပ်ကွက်လုံးလည်း အော့ကြောလန်နေကြပြီ။ ဒါပေမယ့် ခွေးရူးကို ထိရဲလောက်အောင် သတ္တိမကောင်းကြ။ ရပ်ကွက်လူကြီးတွေလည်း သိတယ်။ ထိန်းနိုင်တဲ့ အဖွဲ့အစည်းမရှိ၊ ခွေးရော ခွေးရှင်ပါ ဆိုးနေပေမယ့် ဒီခွေးပြသနာနဲ့ ပတ်သက်ပြီး မသိချင်ယောင်ဆောင်နေကြရ။
.
ပိုဆိုးတာက ဒီခွေးရူး ဘယ်သူ့ကို ကိုက်ကိုက် အလျော်မရ။ ရပ်ကွက်လူကြီးကို ခွေးကိုက်ဒဏ်ရာပြပြီး တိုင်ပြန်ရင်လည်း ခွေးကိုက်ဒဏ်ရာ အပေါက်နှစ်ပေါက် ပြူးနေတာတောင် မင်းဒဏ်ရာက ချော်လဲတာနေမှာဆိုပြီး အရူးကွက်နင်းပြီး ရပ်ကွက်ရုံးက တွင်တွင်မောင်းထုတ် အငြင်းခံရ။ ရပ်ကွက်သူ ရပ်ကွက်သားတွေအဖို့ ရပ်ကွက်လူကြီးလည်း အားကိုးမရ၊ ခွေးကလည်း ဆိုးမြဲအတိုင်းဆိုး၊ ကိုက်မြဲအတိုင်း ကိုက်၊ ခွေးရှင်ကလည်း မျက်နှာပြောင်တိုက် ဘယ်သူ့မှ သောက်ဂရုစိုက်စရာမလိုတဲ့ အထာနဲ့ အေးဆေးပဲ။
.
အဆိုးဆုံးက ခွေးရှင်က ခွေးဆိုးကို တသသ။ သွားလေရာခေါ်၊ မြောက်စား၊ အစားကောင်း ၀၀လင်လင်စားရတော့ ခွေးဆိုးကလည်း ခွေးရှင်ဘာလုပ်လုပ် ခွေးရှင်ဖက်က။
.
ခွေးဆိုးက ခွေးပျက်မို့ ခွေးကျင့်ခွေးကြံ ကြံတာကို လက်သင့်ခံလို့ရပေမယ့် ခွေးရှင်ကိုယ်တိုင်က လူဖြစ်ပြီး ခွေးဖက်လိုက် ခွေးကျင့်ခွေးကြံ ကြံနေတာက ပိုကြည့်မကောင်း။
.
ရပ်ကွက်လူကြီးဖြစ်ပြီး ဒီခွေးတစ်ကောင်ကိုတောင် မထိန်းနိုင်တာကတော့ ရုပ်အပျက်ဆုံး။
.
ကျုပ်တို့အရပ်နဲ့ ကျုပ်တို့ဇာတ်မှာ အောင့်အီးပြီးနေခဲ့ရတာ မနည်း။ ခုထိ အဲဒီခွေးပြသနာက မပြီးသေး။
.
ကျုပ်တော့ အဲဒီခွေးကို ကိုယ်တိုင်ရှောင်သလို မိသားစုကိုလည်း ဒီခွေးဆိုးအကြောင်း သေချာပြောပြထားတယ်။ ကိုက်တတ် ခဲတတ်တဲ့ သတ္တ၀ါဆိုတာ ရှောင်နိုင်ရင် အကောင်းဆုံးပဲမလားလို့ …
.
ခွေးဆိုးနေမှန်း သိပါလျက် အဲဒီခွေးကို ပြသနာလို့ မမြင် မသိချင်ယောင်ဆောင်နေတဲ့ ရပ်ကွက်လူကြီးကိုယ်တိုင် ဘယ်နေ့အကိုက်ခံရမလဲ … သူကိုယ်တိုင် အကိုက်ခံရရင် ဘာလုပ်မလဲ …
.
ကျုပ်တော့ ရင်တမမနဲ့ စောင့်ကြည့်နေတုန်း။
.
SM
၈ မတ်လ ၂၀၁၇

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s