လက်ရှိအစိုးရ လူ့အခွင့်အရေးဗန်းပြကာ ဘာသာသာသနာကိုဖျက်ဆီးနေဟု မဘသဦးဆောင်ဆရာတော်များစွပ်စွဲ

လက်ရှိအစိုးရ လူ့အခွင့်အရေးဗန်းပြကာ ဘာသာသာသနာကိုဖျက်ဆီးနေဟု မဘသဦးဆောင်ဆရာတော်များစွပ်စွဲ

ဟိန်းအောင်
Myanmar Muslim Media
မတ်လ ၉ ၊ ၂၀၁၇

“လက်ရှိတာဝန်ရှိသူများသည် လူ့အခွင့်အရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံ၏ ရှေးရိုးစဉ်လာအမျိုးဘာသာသာသနာကိုတစ်နည်းတစ်လမ်းအားဖြင့်ဖျက်ဆီးနေသည့်သ ဘောယခုလောလောဆယ်ဖြစ်ပေါ်နေသည့်အကြောင်းအရာများကသက်သေခံနေသည်”ဟုမဘသဦးဆောင်ဆရာတော်များကမတ်လ၈ရက်နေ့တွင်ထုတ်ပြန်သည့်သဘောထား ကြေညာချက်တွင်ထည့်သွင်းဖေါ်ပြလိုက်သည်။

Image may contain: one or more people, people sitting and text၂၀၁၆ ကြားဖြတ်ရွေးကောက်ပွဲအတွက် နီးကပ်နေချိန်တွင် လက်ရှိအာဏာရ NLD ပါတီသည် အမျိုးသားရေးထက် လူ့အခွင့်အရေးကို အသားပေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘက်မှထိပ်ပိုင်းခေါင်းဆောင်များ၏ပြောကြား ချက်များထွက်ပေါ်လာပြီးနောက် မဘသ ဦးဆောင်ဆရာတော်များကလည်း “လက်ရှိတာဝန်ရှိသူများသည်လူ့အခွင့်အရေးဗန်းပြကာအမျိုးဘာသာသာသနာကိုဖျက်ဆီးနေသည်”ဟူသောသဘောထားထုတ်ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

Image may contain: text

ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟ ဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH) ကထုတ်ဝေသည့် ပြည်သူ့နီတိစာအုပ်များသည် အစိုးရနှင့် သက်ဆိုင်မှု မရှိကြောင်း ပညာရေးဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သော်လည်း မဘသ ဦးဆောင်ဆရာတော်များက မတ်လ ၈ ရက်နေ့တွင် လက်ရှိအာဏာရအစိုးရကိုအပြစ်တင်သည့်သဘောထားကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ မြန်မာ့ရှေးရိုးစဉ်လာ ပြည်သူ့နီတိများကို ဖျက်ဆီး၍ ဘာသာတိုင်းနှင့် တန်းညှိပြီး တစ်တန်းတစ်စား တည်းထားသော-ယခုထုတ်ဝေနေသည့် ပြည်သူ့နီတိကျောင်းသုံးစာအုပ်ကို လုံးဝလက်မခံကြောင်း, လုံးဝကန့်ကွက်ကြောင်း”ဟုလည်း မဘသ ဦးဆောင်ဆရာတော်များထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင်ထည့်သွင်းဖေါ်ပြထားသည်။

Image may contain: text

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့သည် ကြံ့ဖွံ့ပါတီလက်ကိုင်ဒုတ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း အသုံးတော်ခံခဲ့ကြောင်း မဘသ အဖွဲ့မှလက်ရှိကာလတွင်နှုတ်ထွက်ထားသူ ဆရာတော်ဦးပါမေက္ခက RFA သတင်းဌာနသို့မိန့်ကြားဖူးသည်။

ဓာတ်ပုံ၊ ဦးကိုနီအားသတ်ဖြတ်ရန် သိန်းတစ်ထောင်ထုတ်ပေးခဲ့သူ ဇေယျာဖြိုး မဘသ ဥက္ကဌဆရာတော်ထံမှ သြ၀ါဒခံနေပုံ။

မဘသ ဦးဆောင်ဆရာတော်များ NLD အစိုးရကိုဝေဖန်ထားသည့် သဘောထားထုတ်ပြန်ချက်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s