မြန်မာ့မြေရောက် မလ်ဘာရီ (ကာကာ) များ

Khin Maung Nyunt

မြန်မာ့မြေရောက် မလ်ဘာရီ (ကာကာ) များ

===============================

ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်မှာ အိမ်ရှေ့မင်းသား မင်းခမောင်းဦးစီးတဲ့ရေတပ်နဲ့ကြည်းတပ်တို့ဟာ တောင်ငူဘုရင်
နဲ့ အတူ ပဲခူးမြို့တော် ကို သိမ်းပိုက်ပြီး နောက်သန်လျှင်မှာ မြို့စောင့် တပ်ထားခဲ့ပြီး ရခိုင်ကိုပြည်တော်ပြန်ခဲ့ပါတယ်။ Philip de Brito လို့အမည်ရတဲ့ပေါ်တူဂီ ကို သန်လျှင်မှာ အခွန်ရုံးအရာရှိ အဖြစ် တာဝန်ပေးထားခဲ့ပါတယ်။ သူဟာ တစ်ဖြည်းဖြည်းနဲ့ အရေးပါ အရာရောက်လာပြီး Salvador Ribeyro အမည်ရတဲ့ ပေါ်တူဂီ
အရာရှိ နဲ့ပင်းပြီးရခိုင်ဘုရင် တင်ခဲ့တဲ့ ရခိုင် commander ကို နှင်ထုတ်ခဲ့ပြီး သန်လျှင်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။”


ဒီဘရစ်တို နဲ့ အတူ သန်လျှင် မှာ ရှိနေခဲ့တဲ့ ကုလားပသီ တွေဟာ
ဂိုအာ (Goa) က နေ ခေါ်ဆောင် လာသူ တွေဖြစ်တဲ့ အတွက် ဘင်္ဂါလီတွေ မဖြစ်နိုင်ပါဘူး။ မလ်ဘာရီလူမျိုးတွေသာဖြစ်နိုင်ပါတယ်။
The River of Lost Footsteps ကို ရေးသားခဲ့တဲ့ ဆရာသန့်မြင့်ဦး ကလည်း သူ့စာအုပ်ထဲမှာ သန်လျင် ဒီဘရစ်တို စစ်သားတွေထဲ မလ်ဘာရီတွေ ပါဝင်ကြောင်း ရေးသားထားပါတယ်။
( ခြေရာပျောက်မြစ်၊ မြနှင်းဆီ မြန်မာဘာသာပြန် စာမျက်နှာ ၁၄၃)
သူဟာ သန်လျှင်မြို့ရဲ့တရားဝင် အရာရှိ အဖြစ် စာရင်းသွင်းခံ ရဖို့
ဂိုအာ ဘုရင်ခံထံက အခွင့်အာဏာပန်ဆင်ဖို့ရာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဂိုအာ မြို့ကို သွားရောက်ခဲ့ပါတယ်။ ဂိုအာ က အပြန်မှာ သူ နဲ့အတူ သင်္ဘောခြောက်စီး ပါလာခဲ့ပါတယ်။ မြန်မာရာဇဝင် ကျမ်းတွေ အလိုအရ တော့ သင်္ဘောငါးစင်း ဖြစ်ပြီး အဲဒီသင်္ဘောငါးစီးနဲ့အတူ ကုလားပသီ နှစ်ထောင်ခန့်၊ သုံးထောင်ခန့် ပါလာ တယ်လို့ ပါရှိပါတယ်။ အနောက်ဘက်လွန် မင်းက အဲဒီ သင်္ဘောငါးစင်း အနက် လေးစင်းနဲ့အတူကုလားပသီတို့ကို ဖမ်းမိ ကြောင်း ပါရှိပါတယ်။
အဲဒီ ကုလားပသီဆိုသူတွေဟာ အိန္ဒိယနိုင်ငံအနောက်တောင် ကမ်းရိုးတန်းနေမလ်ဘာရီ (ကာကာ) တွေဖြစ်ကြောင်းပါ။

ရဲရင့်သစ္စာ
Crd ကို Ye YintThitsar

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s