အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော် ကြံဖော် ကြံဖက် သုံးယောက်အနက်မှ ကံကွက်ကျား ငမိုက်သား မုဆိုးလေ…မိဘုရားခေါင်ကြီး မယ်ကြိုင်အတွက် ဖွတ်ဘုရင်က မုဆိုး သောနုတ္တရ်

‘အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော် ကြံဖော် ကြံဖက် သုံးယောက်အနက်မှ ကံကွက်ကျား ငမိုက်သား မုဆိုးလေ’

Aung N Htwe

သောနုတ္တရ်မုဆိုး သင်္ဃန်းခြုံလေပြီလော

မုဆိုး သောနုတ္တိုရ်ဘာလုပ်သလဲ၊ သတ်တယ်၊ ဖြတ်တယ်၊
ပြီးတော့ရော- အခက်အခဲကြုံ လာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊
အဲဒီတော့ သင်ခန်းစာ အဟောင်းလေး ပြန်တွေးကြည့်ရ အောင်။
ဆဒ္ဒန်ဆင်မင်းဇာတ်အကျဉ်းကို မျှဝေပါရစေ။

Image may contain: 1 person, text

မိဘုရားခေါင်ကြီး မယ်ကြိုင်အတွက် ဖွတ်ဘုရင်က မုဆိုး သောနုတ္တရ် (ဘစိန်ပြောင်)ကို ၂၀၀၈ နာဂစ် လေးမြှားနဲ့ စေခိုင်းခဲ့တာပါ။
… ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံတယ်။

နောက်ဆုံး ဆဒ္ဒန်ဆင်မင်းက ထိုမုဆိုးကို ဖမ်းမိသွားတော့ (သောနုတ္တိုရ်)ဘာလုပ်သလဲ၊
သူ့အပြစ်လွတ်အောင် ‘မြမရှား စိန်မရှား အလွန်ပင် များ သည့်ကြားက နားလေးလေဟန် ဆင်စွယ်ကိုမှ နားတောင်းကွပ်၍ ပန်ဆင်လိုပါသည်’ဆိုပြီး မိဖုရားကို လွှဲချ၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊
‘သူ့မယား ငိုတည့်လျှင် ဟိုလူကြီးက ပျာယီး ပျာယာ ပဇာအရေး မမျှော်တွေးပဲ ကျွန်တော်မျိုးအား ဆင့်ခေါ်ပြီးလျှင် ဟယ်…နော်လုဒ္ဒက ဆဒ္ဒန်အစွယ် မရက ဇီဝနတ္ထိ နင်သေမည်သိ’ ဆိုပြီး ဘုရင်ကို လွှဲချ၏
ကဲ…ကြည့် … နောက်ဆုံး သူ့ကိုယ်သူတော့ ဘယ်လိုပြောတယ်ထင်သလဲ။
‘အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော် ကြံဖော် ကြံဖက် သုံးယောက်အနက်မှ ကံကွက်ကျား ငမိုက်သား မုဆိုးလေ’တဲ့..သောနုတ္တရတို့ လျှောက်တင်ပုံများ။

သောနုတ္တိုရ်ရဲ့လုပ်ရပ်ကလေးက အတုယူချင်စရာတောင် ကောင်းသလိုလို၊ အတုလည်းယူကြပါတယ်။ ထားပါတော့။ ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္တရလျှောက်တင်ချက်ကို သဘောပေါက်သွားပြီး ဆဒ္ဒန်ဆင် မင်းရဲ့ယခင်ဘဝက မိဖုရားစူဠသုဘဒ္ဒါရဲ့လက်စားချေတဲ့ အကြံကို သိရှိသွားတဲ့အခါကြ တော့….
‘လောင်စာ ရန်ငြှိုး မီးဆက်၍ ပျိုးမည်စိုးသောကြောင့်’ ‘မိန်းမဆိုး အမုန်း ဒီဘဝနှင့်ပင် ဆုံးစေတော့’ဆိုပြီး မုဆိုးသောနုတ္တိုရ်ကို အလိုရှိရာကိုပြုနိုင်ကြောင်း ပြောလိုက်တဲ့အခါမှာ စောစောကတော့ သူသေရမှာကို အကြောက်ကြီးကြောက်ပြီး ဉာဏ်နီဉာဏ်နက် အစုံသုံး ပြီး သူအပြစ်လွတ်အောင် ပျာပျာသလဲရှောင်နေတဲ့ မုဆိုးသောနုတ္တိုရ်တို့များ ပျော်လွန်းလို့ ထတောင်က ခဲ့ပါတယ်။
ခုလည်း ဘပြောင် သင်္ဃန်းခြုံလေပြီ …ရှင်လိင်ပြန် လူထွက်လာလျင် ဘပြောင် လက်စွမ်းပြအုံးမှာ သေချာ၏။

လူဆိုတာ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီလို့ ထင်တဲ့အခါ စရိုက်မှန်က ပေါ်လာတတ်တာကိုး။ နောက်ပြီးတော့ ဘာလုပ်သလဲ။ ဦးပုည အရေးအသား အရမ်းကောင်းပါတယ်ဗျာ။

”မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန် တောင်နှင့်၊ အာခေါင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်း ကိုပွတ်၊ ဤတွင် ပေါက်လွတ် ဗလဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခေါင်တွင်းမှ သွေးချောင်း ကျလျက် ၊ ကြီးစွာဝေဒနာ၊ ဖြစ်တော်မူ၏”တဲ့။
ကဲ..သောနုတ္ထရတို့ ‘မိုက်ချက်ကတော့ ကမ်းကုန်ပဲ’။ မိုက်တယ်ဆိုတာ မိုက်မဲတယ်၊ မိုက်ကန်း တယ် လို့ပြောချင်တာ၊ ချီးကျူးတာ မဟုတ်ဘူး။ အဲဒီတော့ စာရေးသူ အခုမျှဝေခဲ့တာ ဆဒ္ဒန်ဆင် မင်းဇာတ်တော်လာ မုဆိုးသောနုတ္ထိုရ်ရဲ့ အကြောင်းကို အဓိက မျှဝေတာပါ။

ထို…မုဆိုး သောနုတ္ထိရ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ အခက်အခဲကြုံလာရင် သူ့အပြစ်လွတ်အောင် ရှောင်တတ်တယ်။ သူများကို အပြစ်ပုံချတတ် တယ်။
သူ့ကိုယ်သူ သနားစရာဖြစ်အောင်၊ မလွှဲသာမရှောင်သာလို့ လုပ်ရတာ၊ နီးရာဓား ကြောက်လို့ လုပ်ရတဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်တယ်။
စကားကြွယ်တယ်၊ ပါးနပ်တယ်၊ ဉာဏ်နီဉာဏ်နက်များတယ်။ သူလုပ်ထားတဲ့ အကုသိုလ်ဒုစရိုက်အလုပ်ကို ပပျောက်စေဖို့ ခါတော်မီ လျှာပေါ်လာ ဇာတ် လမ်းတွေ ထွင်တတ်တယ်။ အဲ…ဒါပေမယ့် သူ့ရဲ့ပါးနပ်မှုကတော့ သူ့ကို အခါခပ်သိမ်း ကောင်းကျိုး မပေးခဲ့ပါဘူး။ အဲဒီတော့ သူ့အကြောင်းကို ရာဇဝင်ဆရာများက ဘယ်လို ရာဇဝင်မှာ စာတင်ခဲ့ပါသလဲ။

“မုဆိုးညစ်ထေး ငမိုက်ခွေး သောနုတ္တိုရ်”တဲ့။ အဲဒါကြောင့် သောနုတ္တရမုဆိုးနှင့် တူသောသူများ မိမိကိုယ်ကို အချိန်မီ ပြင်သင့်ပါပြီ။ အချိန်ရှိပါသေးတယ်။
ကဲ…ဒီဇာတ်တော်မှာ မုဆိုးသောနုတ္တိုရ် မကောင်းဘူးဆိုတော့ ဘုရင်နဲ့ မိဖုရားကရော။ ရန်ငြှိုးကြီးမားတဲ့ မိဖုရားနဲ့ စဉ်းစားဆင်ခြင်ဉာဏ် မသုံးပဲ မယားအလိုကျ မယားခိုင်း တာလုပ်တဲ့ဘုရင်။ ဒီလိုပြောလို့လည်း မိန်းမ မကောင်းဘူး၊ ယောက်ျားမကောင်း ဘူး ပြောတာ မဟုတ်ပါဘူးနော်။ ဇာတ်သဘော အရပြောတာပါ။

နောက်ဆုံးတော့ ဆင်မင်း နင်းသတ်မယ်ကြံတော့ မြှားဗူးတောင်းထဲက သင်္ဃန်းလေးတစ ချက်ခြင်း ဆွဲထုတ်ပြီး ဦးခေါင်းပေါ်တင်လိုက်တယ်။ ဆင်မင်းက သင်္ဃန်းမြင်တော့ သင်္ဃန်းအောက်က မုဆိုးကို နင်းဖို့ရန်မှာ မတတ်သာ လက်လျော့၍ မုဆိုးလိုရာပေးခဲ့ရ၏။

ယခု ဘပြောင် သင်္ဃန်းခြုံလေပြီး ရဟန်းဝတ်လေပြီ..မည်သူ အပြစ်ပြောနိုင်ကြပါအံ့..

သို့သော် ဘပြောင် ပစ်ခဲ့သော မီးလောင်ဗုံးကြောင့် သံဃာတော်အများကတော့ ဝေဒနာဗလပွနှင့် ကျန်ရစ်ခဲ့သည့်သမိုင်း မည်သို့များ နိုင်း၍ ကျွန်ုပ် တင်ပြရန် မတတ်သာတော့ပေတည်း။။။။

သို့သော် သမ္မတဟောင်းကြီ သင်္ဃန်းပြန်ချွတ်လာပါလျင် မည်သို့သော မုဆိုးကျော်ကြီး၏ အကွက်ဆန်းများ ကလိမ်များ ဆက်လက် ချခင်း၍ တိုင်းပြည်အား လောင်မြိုက်စေမည်ကိုတော့ စောင့်ကြည့်ကြရအုံးမည် ဖြစ်ပါ၏…..

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

ခိုင်ယဉ် မွန်“သံဃာကို မစော်ကားပါနဲ့”
မှတ်ချက်➳ ဝီရသူသည်သံဃာမဟုတ်ပါ။
====================

မဘသကို ကျုပ်တို့ ဝေဖန်တော့ ခင်ဗျားတို့ ပြောကြတယ် …..

“သံဃာကို မစော်ကားပါနဲ့” တဲ့ …..

မဘသမှာ ထေရ်ကြီးဝါကြီးတွေပါတော့

ခင်ဗျားတို့ သံဃာနဲ့ ကိုင်ပေါက်ခဲ့ကြတယ် …..

မဘသဟာ ထေရ်ကြီးသံဃာတွေပါနေပေမယ့်

သံဃာ့အဖွဲ့စည်းတော့ မဟုတ်ပါဘူး ….

သာမန်လူမှုအဖွဲ့စည်းမျှသာပါ ….

သံဃာပေါများတဲ့ မြန်မာလိုနိုင်ငံတခုမှာ

အဖွဲ့စည်းအတော်များများမှာ သံဃာတွေပါတတ်လို့

သံဃာပါတိုင်းသာ သံဃာ့အဖွဲ့စည်းဖြစ်ရရင် ….

သံဃာပါတဲ့အဖွဲ့ဖြစ်ရုံလေးနဲ့ ဝေဖန်မိလို့

သံဃာ့အဖွဲ့ကိုဝေဖန်သလို ငရဲကြီးရရင် ….

ဒါပေမယ့် ခင်ဗျားတို့ဟာ မဘသကိုဝေဖန်သူတိုင်းကို

“သာသနာဖျက်” “မိစ္ဆာဒိဋ္ဌိ” “ဘာသာခြား” လို့ အတင်းသတ်မှတ်ခဲ့ကြတယ် …..


—-

ခု ဝီရသူကို တရားဟောပိတ်တယ် ….

အစိုးရကမဟုတ်ဘူး … မဟနက ပိတ်တာ …..

မဟနဆိုတာ သံဃာ့အဖွဲ့စည်းတခု ….

မဘသလို လူပုဂ္ဂိုလ်တယောက်တလေတောင် မပါဘူး ….

သံဃာချည်းသီးသန့်အဖွဲ့ ….

နောက်ပြီး သံဃာတိုင်းဟာ မဘသဟုတ်ချင်မှ ဟုတ်မယ် ….

ဒါပေမယ့် ဒီနေ့ဝတ်တဲ့ကိုရင်လေးကစပြီး

မြန်မာနိုင်ငံရှိ သံဃာအားလုံးဟာ မဟနအဖွဲ့အောက်မှာပဲရှိရတယ် …..

မဟနက ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာရတယ် ….

ခု ဝီရသူကို မဟနက သူ့စည်းမျဉ်းတွေနဲ့ငြိလို့ပိတ်တာ ….

ပြောရရင် သံဃာကအရေးယူတာ …..

တကယ်လို့ သံဃာကအပြစ်ပေးထားပါလျက်နဲ့

မလိုက်နာရင်တော့ မဟနကတဆင့် အစိုးရကို

အာဏာစက်နဲ့ အရေးယူပေးဖို့ တောင်းဆိုလိမ့်မယ် ….

ဒါလဲ အစိုးရက အရေးယူတာ မဟုတ်ဘူး ….

သံဃာရဲ့စည်းမျဉ်းဥပဒေကို အကောင်ထည်ဖော်ပေးရုံသာ …..

အဲ့ဒီတော့ ပြောချင်တာက

ခု ဝီရသူကို သံဃာက အမိန့်ထုတ်တားပြီးပြီ ….

မလိုက်နာလို့ နောက်ဆွဲတာဖြစ်တာမှန်သမျှဟာလဲ

သံဃာ့အာဏာပိုင်အဖွဲ့ဖြစ်တဲ့ မဟနရဲ့ လုပ်ရက်တွေချည်းပဲ ….


—–

အရင် သံဃာ့အဖွဲ့မဟုတ်တဲ့ မဘသကိုဝေဖန်သူတွေကို

“သံဃာကို စော်ကားတယ်” “မိစ္ဆာဒိဋ္ဌိတွေ” လို့ ပြောခဲ့ကြသူတွေ ….

ခု ခင်ဗျားတို့အလှည့်ပဲ …..

မဘသဟာ သံဃာ့အဖွဲ့စည်းမဟုတ်ပေမယ့်

မဟနကတော့ သံဃာ့အဖွဲ့စည်းပဲ …..

မဘသကိုဝေဖန်လို့ သံဃာကိုစော်ကားရာမရောက်နိုင်ပေမယ့်

မဟနကိုဝေဖန်ရင်တော့ သံဃာကိုစော်ကားရာရောက်မယ် ….

သတိပေးတာနော် ….

ခင်ဗျားတို့ ကြိုက်သလိုလုပ် ….

ကျုပ်တို့ကတော့ ခင်ဗျားတို့ပြောခဲ့တဲ့ စကားနဲ့ပြန်ပြောရုံပဲ ….

“သံဃာကို မစော်ကားပါနဲ့ မိစ္ဆဒိဋ္ဌိတွေရယ်” …..
Stray Bird (အရှင်တေဇ)

ZN.H

copy&credit

Aung Thu မဘသဘုန်းကြီးတွေ ဘာကြောင့်မိုက်ရဲနေသလည်းဆိုတာ ခုမှပဲရှင်းတော့တယ်။
နောက်ကွယ်မှာစစ်ခွေးတွေကြိုးကိုင်နေကြတာကိုးးးးး
စစ်ခွေးဆိုတာသူတို့ကိုယ်ကျိုးအတွက်
အသုံးတည့်တဲ့သူမှန်သမျှကို မွေးပြီး
မြှောက်ပင့်ပေးထားကြတာ လွန်ခဲ့တဲ့
နှစ်ပေါင်း၆၀လောက်ကတည်းကပါ
အဲ့ သူတို့ကိုဆန့်ကျင်လာရင်တော့
နေ့မကူးဘူး ရက်စက်ဖို့လည်းဝန်မလေး
သလို သက်ဖြတ်ဖို့လည်းဝန်မလေးတဲ့
အောက်တန်းစားအဘကိုယ်ကွယ်နေသူတွေဆိုတာ ကမ္ဘာကပါသိနေကြပါပြီ
အခုလည်း ဝီရသူသာ စစ်တပ်ကိုခလုပ်တိုက်ကြည့်
နောက်နေ့ အကြောင်းအမျိုးမျိုးပြပြီးအိုးဘိုထောင်ထဲမှာ သင်္ကန်းဆွဲခြွတ်ပြီး
နာမည်ပြောစမ်း အရှင်ဝီရသူပါ! ဖြောင်းးးးး ယီးအရှင်
ဝီရသူလား မင်းနာမည်ပြန်ပြောစမ်း
ဦးဝင်းခိုင်ဦးပါ !ဖြောင်းးး အဲမှားလို့ မောင်ဝင်းခိုင်ဦးပါ ! ဖြောင်းးးး
ဒကါကြီးရယ်မလုပ်ပါနဲ့ ဘာယီးး
ဒကါကြီးပြောနေတာလား မင်းကိုမင်းဘုန်းကြီးများမှတ်နေလားး
ယီးဦးဝင်းခိုင်ဦးလား
ယီးမောင်ဝင်းခိုင်ဦးလား ဆိုပြီးစစ်ဖိနပ်နဲ့သွား၃၂ချောင်းလုံးကိုကန်ခြွတ်ပြပြီးမှ မင်းနာမည် ယီးး ဦးတွေ မောင်တွေမထည့်နဲ့ ဝင်းခိုင်ဦးပဲ မှတ်ထားကြားလားးးးးးးး
ဒါတွေကိုဝီရသူမသိပဲမနေပါဘူး
အဲ့တာကြောင့် တခြားတိုင်းပြည်မှာစစ်သားအမတ်မလိုပေမယ့် ငါတို့တိုင်းပြည်မှာလိုတယ်ကွ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရဲပြင်ကြည့် မင်းတို့ပြည်သူတွေအသေဆိုးသွားမယ်
NLDပါတီကကုလားပါတီ ကုလားအားပေး ဘာသာဖျက်နေတာ
သာသနာဖျက်နေတာ ဒေါ်စုကကုလားမယားကြီး ဘာညာ
စစ်ခွေးတွေ အာ ဘော် အတိုင်းလိုက်ဟောင်ရုံတင်မဟုတ် လိုအပ်ရင်လူဝတ်လဲပြီးကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးမယ် အထီပေါ်တင်ဖါးယားလာတာတွေ့နေရကတည်းက စစ်ခွေးတွေ ကြိတ်ကြည်ညိုနေကြတာကြာပေါ့ကွယ်
အင်းးး စစ်ခွေးတွေအကြိုက်လိုက်ဟောင်ပေးနေသ၍တော့ ဝီရသူကိုစစ်ခွေးတွေ
အသုံးချနေအုံးမှာအသေအခြာပါပဲဗျို့

Advertisements