မောင်ပဇင်း သီတဂူ သေချာ ထိထိရောက်ရောက် ခရီးပေါက်အောင် အားထုတ်ပြီးဉာဏ်မျက်စိတဆုံးမြင်အောင်ကြည့်ကွယ်။ ဟိုဆုကြီး ပန်ထားသလို၊ ဒီဆုကြီးပန်ထားသလိုနဲ့ အန္ဓဉာဏ်မွဲတော့ သာသနာလမ်းလွဲရတယ်။ ကံဟောင်းစားဘုန်းကြီးတာ အဟုတ်မှတ်မနေလေနဲ့ လို့သာ ဆုံးမ ချင်ပါရဲ့။

မောင်ပဇင်း သီတဂူ
သေချာ ထိထိရောက်ရောက် ခရီးပေါက်အောင် အားထုတ်ပြီးဉာဏ်မျက်စိတဆုံးမြင်အောင်ကြည့်ကွယ်။
ဟိုဆုကြီး ပန်ထားသလို၊ ဒီဆုကြီးပန်ထားသလိုနဲ့ အန္ဓဉာဏ်မွဲတော့ သာသနာလမ်းလွဲရတယ်။

ကံဟောင်းစားဘုန်းကြီးတာ အဟုတ်မှတ်မနေလေနဲ့ လို့သာ ဆုံးမ ချင်ပါရဲ့။

” သူ့အကြောင်းနဲ့သူ၊ သူ့အကျိုးနဲ့ သူ၊ သူ့အဝေနေယျနဲ့သူ ဆိုတာ
မဆင်ခြင်နိုင်ဘဲ၊ အန္ဓတို့ ဉာဏ်နည်း ရန်မစဲနိုင် ”

အစ္စလာမ်နိုင်ငံဖြစ်သွားမှာ မကြောက်ဖူးလား တဲ့။
ကြောက်စရာ အကြောင်း မရှိပါဘူး၊
အစ္စလာမ်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်
သူ့ဟာနဲ့သူတော့ ကောင်းတဲ့ဘာသာချည်းပါပဲ၊ ပြောရရင် တခြားဘာသာတိုင်းဟာ ဗုဒ္ဓဘာသာထက်တော့ လောကနဲ့ သဟာဇာတဖြစ်တဲ့ ဘာသာတွေချည်းမို့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကွယ်ပြီး တခြားဘာသာတွေ လွှမ်းမိုးသွားရင် မြန်မာတွေ လောကမှာ နေရတာ ပိုပြီးတောင် သဟဇာတ ဖြစ်ဦးမှာပါ လို့ပဲ ဖြေလိုက်တော့၊ စိတ်ဆိုးမာန်ဆိုးတွေ ဖြစ်လို့။

ဗုဒ္ဓဘာသာ ဆိုတာ ဘာမှန်းကို သူမသိလို့ပါ။

ဗုဒ္ဓရဲ့အဆုံးအမတွေ လမ်းညွှန်သင်ကြားမှုတွေ ကို လှေနံဓားထစ် ဆုပ်ကိုင်ပြီး ငါဗုဒ္ဓဘာသာဝင် ကြွေးကြော်နေထိုင်နေရင်ကို လွဲနေပြီ။
ဗုဒ္ဓ ဖြစ်ဖို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့လို့ ဖြစ်လာသလား။ ဆယ်ပါးသော ပါရမီ ဖြစ်တဲ့ ဒါန၊ သီလ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ မေတ္တာ၊ အဓိဋ္ဌာန်၊ သစ္စာ၊ ဥပေက္ခာ၊ နိက္ခမ ဆိုတဲ့ ပါရမီတွေ ကို အားထုတ်ခဲ့လို့လား။

သုမေဓရသေ့ဘဝမတိုင်မီကို အသင်္ချေ အားထုတ်ခဲ့ရသဗျ။

အဲဒီဆယ်ပါးသောပါရမီတွေဟာ ဂျူးတွေရဲ့ဘာသာမှာလဲ ရှိတာတွေ့ရတယ်။
ဟိန္ဒူဗြဟ္မဏ ဘာသာမှာလဲ ပါတယ်။ ဂျိန်းဘာသာမှာလဲ ပါတယ်။ ခရစ်ယာန် မှာလဲ ပါတယ်။ အစ္စလာမ် မှာလဲ ပါတယ်။
သီလ လဲပါတယ်။ ဒါန လဲ ပါတယ်။ အကုန် ပါတယ်။
လှူတန်းပူဇော်လို့ ကုသိုလ်ဖြစ်ထွန်းတာ ဗုဒ္ဓဘာသာဘုန်းကြီးမှ မဟုတ်ဘူး၊ ခရစ်ယာန်ဘုန်းကြီး၊ ဗြဟ္မဏဘုန်းကြီး၊ ရသေ့၊ မွတ်စလင်မော်လဝီဆရာ အကုန် သီလဆောက်တည်ထား၊ ကျင့်ကြံအားထုတ်ပြီး ဈာန်သမာဓိ ရှိထားသော ပုဂ္ဂိုလ်မှန်သမျှ ကို လှူတန်းပူဇော်ရင် လောကီအကျိုး ကုသိုလ် ရ စေပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း မဖြစ်ခြင်း ထက်၊ သူတော်ကောင်းတရား အား ထုတ်ခြင်း က အဓိက ပါ။
သီလသမာဓိ၊ ဈာန်သမာဓိ ရှိနေသော ဗြဟ္မဏတဦးကို ပူဇော်ခြင်း ဟာ သင်္ကန်းရုံထားရုံမှတပါး လူလို ပေါ့ပေါ့နေနေသော ဗုဒ္ဓဘာသာရဟန်းတပါးကို လှူတန်းပူဇော်ခြင်းထက် အကျိုး ပိုများစေပါတယ်။

၈ ပါးသီလ၊ ၁၀ ပါး သီလ ကိုယ်စောင့်မှ သီလ မဟုတ်ဘူး။
ဂျူးတွေစောင့်တဲ့ သီလ လဲ သီလပဲ၊ ဗြဟ္မဏတွေ၊ အစ္စလမ်တွေ၊ ခရစ်ယာန်တွေ စောင့်တာလဲ သီလပဲ။

ဗုဒ္ဓစာပေကျန်းဂါမ်အရကို ဗြဟ္မဏတွေလဲ ဗြဟ္မာဘုံရောက်ကြ၊ နတ်ပြည်ရောက်ကြ မဟုတ်လား။

ဗုဒ္ဓစာပေကျမ်းဂါန်တွေအရ ကို မဟော်သဓာ ဟာ စိနတရုတ်ပြည်ကြီးမှာ ပေါ်ခဲ့တာ။ ကွန်ဖြူးရှပ်တို့လို ဉာဏ်ပညာထက်မြက်တဲ့ တရုတ်ကြီး ဆိုပါတော့။

ငါးရာ့ငါးဆယ်ထဲ ဘယ်ဘုရားအလောင်း က ဗုဒ္ဓဘာသာဝင် ဖြစ်သလဲ ထောက်ပြ၊ ရှာပြစမ်းပါ။

ဗုဒ္ဓဘာသာ က ဒီကနေ့ မနက်ဖြန် နိဗ္ဗာန်သွားနိုင်တာ တခုပဲ ကွာပါတယ်။ ခင်ဗျားမှာ သွားဖို့ အစီအစဉ်မရှိသေးရင် ဘာ ဘာသာကိုးကွယ် ကိုးကွယ် အတူတူပါပဲ၊ မယုံမရှိပါနဲ့။ အကုန် ကုသိုလ် အကုသိုလ်နဲ့ ၃၁ ဘုံ စုန်ဆန်နေကြတဲ့ ဘာသာတွေ ချည်းပါ။

ကိုယ်တော်တွေတောင် နိဗ္ဗာန်ရောက်ကြောင်းဟောပြီး ဘီအမ်ဒဗလျူ ရှိုးရွမ်းသွားကြည့်နေမှဖြင့် အပိုပါပဲ။

ပြောရရင် ဘုန်းကြီးတို့နိဗ္ဗာန်က အလှပြထားတဲ့နိဗ္ဗာန်၊ ကြွားရုံ ဝါရုံသက်သက် နိဗ္ဗာန်ပါ။
ပစ္စက္ခငါးသိန်းသံဃာ ထဲ ဘယ်နှပါးများ အပတ်တကုပ် မရမကသွားဖို့အားထုတ်နေလို့လဲ။ မသွားမယ့်အတူတူ သွားချင်စိတ်မရှိကြတဲ့အတူတူ ဘယ်ဘာသာကိုးကွယ် ကိုးကွယ် အတူတူပါပဲ လို့သာ ပြောပါရစေတော့။
အတူတူပါပဲကို ဘာဖြစ်လို့ ငါ့ဘာသာ၊ သူ့ဘာသာ ရန်ဖြစ်နေ၊ ရန်စောင်နေကြတာလဲ မေးပါရစေ။

သာသနာကို အမှီပြု စည်းစိမ်ချမ်းသာတည်ဆောက်နေကြသူတွေဟာ ဘုရားရှင်လက်ထက်မှာလဲ မိမိတို့ကို ကိုးကွယ်ဆည်းကပ်သူတွေ လျော့သွား ပါသွားတာမြင်ရတော့ တိုက်ခတ် ပုတ်ခတ်ကြ၊ သွေးပွက်ပွက်အန်ကြ ဖြစ်ခဲ့ကြပါရော။
သူတို့က လူတွေကို ရန်တိုက်ပေးနေကြတာ။

နောက် ဆိုရေးရှိလို့ ဆိုပါဦးမယ်။
မိုဟာမက် က ပညာရှိကြီး။ သူ့လူ့အဖွဲ့အစည်းကို လမ်းညွှန်သင်ကြားပေးခဲ့တာ။ နေမှု၊ ထိုင်မှု၊ စားမှု၊ သွားမှု။
သာမန်ထက် ထူးကဲစွာ ပညာပါရမီမြင့်မားသူ၊ လူသန်းပေါင်းများစွာကို ဦးဆောင် ပြောင်းလဲခဲ့သူ၊ သာမန်လူတော့ မဟုတ်ပေဘူး။
ဤမျှ ပါရမီမြင့်မားသူဟာ ဘယ်လိုလူတွေ ဖြစ်နိုင်မလဲ ဉာဏ်ကလေးတွေ လွှာသုံးချင့်ချိန်ပါ။

ဒါ့ထက်သေချာချင်ရင် ကိုယ်တော်တို့ ဝိပဿနာလဲ အားထုတ်၊ သမထ ကလေးလဲ ထိုင်ပြီး အဲဒီကိုယ်တော်တို့ ပုတ်ခတ်ဆဲရေးနေကြတဲ့ ခရစ်တော်တို့၊ မိုဟာမက်တို့ ဟာ ဘယ်သူတွေလဲ မြင်အောင်ကြည့်ကြပါလား။

ကိုယ့်စွမ်းကိုယ်စနဲ့ မမြင်နိုင်၊ လက်လှမ်းမမီနိုင်လဲ ကမ္ဘာစောင့်နတ်ကြီးတွေ၊ သာသနာစောင့်နတ်ကြီးတွေ မေးကြည့်။ အဲလောက်မှ မေးနိုင်စွမ်းမရှိတောင် သက်တမ်းရင့်ရုက္ခစိုးကြီးတွေ ရှာမေးကြည့်။

အစ္စလာမ်နိုင်ငံဖြစ်သွားမယ်၊ ခရစ်ယာန်နိုင်ငံဖြစ်သွားမယ်၊ သာသနာကွယ်သွားမယ် နဲ့ လူတွေကို ခြောက်လှန့်နေတာ အဓိပ္ပါယ်မဲ့ လွန်းလို့ပါလေ။

မောင်ပဇင်း သီတဂူ
သေချာ ထိထိရောက်ရောက် ခရီးပေါက်အောင် အားထုတ်ပြီးဉာဏ်မျက်စိတဆုံးမြင်အောင်ကြည့်ကွယ်။
ဟိုဆုကြီး ပန်ထားသလို၊ ဒီဆုကြီးပန်ထားသလိုနဲ့ အန္ဓဉာဏ်မွဲတော့ သာသနာလမ်းလွဲရတယ်။

ကံဟောင်းစားဘုန်းကြီးတာ အဟုတ်မှတ်မနေလေနဲ့ လို့သာ
ဆုံးမ ချင်ပါရဲ့။

ချိုတူးဇော်

Advertisements

3 thoughts on “မောင်ပဇင်း သီတဂူ သေချာ ထိထိရောက်ရောက် ခရီးပေါက်အောင် အားထုတ်ပြီးဉာဏ်မျက်စိတဆုံးမြင်အောင်ကြည့်ကွယ်။ ဟိုဆုကြီး ပန်ထားသလို၊ ဒီဆုကြီးပန်ထားသလိုနဲ့ အန္ဓဉာဏ်မွဲတော့ သာသနာလမ်းလွဲရတယ်။ ကံဟောင်းစားဘုန်းကြီးတာ အဟုတ်မှတ်မနေလေနဲ့ လို့သာ ဆုံးမ ချင်ပါရဲ့။

  1. Min Aung
    March 12 at 1:18pm ·
    ” မဘသ ဆရာတော်များ သို့ ”
    အမျိုးဘာသာသနာကြီး ကို ချစ်လွန်းလှသော မဘသအဖွဲ့ကြီး ကို လျှောက်ထားလိုသည်မှာ
    ဤမျှဆင်းရဲလှသော တိုင်းပြည်၊ လူ့အဖွဲ့အစည်းမှာ ပရိယတ္တိစာသင်ရုံ၊ ရွတ်ဖတ်၊ ဟောပြောရုံမျှဖြင့်တော့ ပြည်သူက ကျွေးမွေးထောက်ပံ့ထားရသော ရဟန်းဘဝဖြင့်မနေကြတော့ဘဲ၊ တိုင်းပြည်ကို အမှန်တကယ်ချစ်သည့်စိတ်ဖြင့် အလုပ်အကျွေးပြုရန် လူထွက်ပြီး တိုင်းပြည် ချမ်းသာအောင် တဘက်တလမ်း တဝမ်းတခါး ရှာဖွေစားသောက်ပေးကြပါရန် မေတ္တာရပ်ခံချင်တာပါပဲ။
    ယခုခေတ် ကွန်ပြူတာ နည်းပညာများဖြင့် ပိဋိကပ်သုံးပုံအလုံးစုံ ကို ပါဠိ၊ မြန်မာ ပြည့်စုံစွာ လူတိုင်း အချိန်မရွေး ဖတ်လို့ရ၊ တရားဟောကောင်းသည့် ( ရှေးရှေ့က တရားကို တကယ် ကိုယ်တွေ့ ရှာခဲ့ကြသော )ဆရာတော်ကြီးများ၏ တရားတို့သည်လည်း အချိန်မရွေး နာလို့ရ ပါသောကြောင့်၊ ပရိယတ္တိသက်သက်ဖြင့်တော့
    တိုင်းပြည်ဝန်ထုပ်ဝန်ပိုး မပေးကြပါနဲ့တော့ ဟု လျှောက်ထားပါရစေ။
    သာသနာမှာ ဗုဒ္ဓ၏ ဓမ္မဂုဏ် ဧဟိပဿိကော အမှန်ပင် ဤသို့ဟု
    မိုးကုပ်၊ ဝေဘူ၊ လယ်တီ၊ စွန်းလွန်းတို့ကဲ့သို့ စွမ်းဆောင်ပြမည့် အာဇာနည်များသာ အပူတပြင်းလိုအပ်နေပါသောကြောင့်
    ထိုကွက်လပ်ဖြည့်ချင်ကြသူများသာ ကျန်ခဲ့စေ့ချင်ပါတယ်ဖျာ့။
    မျိုးချစ်တရားကတော့ ဘုရားတပည့်တော်တို့ ဗီဒီယိုနယ်မှ ဟာသသရုပ်ဆောင် ကိုဗေလုဝ တို့လို အဟောအပြောကောင်းသူများကို မေတ္တာရပ်ခံပြီး လှည့်ဟောစေ့ချင် ဟောခိုင်းပါ့မယ်။
    ဦးဇင်းတို့ထက် အပေါက်လမ်းတည့်ပါစေ့မယ်။ (ကိုဗေကြီးရေ သည်းခံတော်မူပါ)
    ချိုတူးဇော်

    Like

  2. Min Aung
    March 12 at 12:39pm ·
    ” ကျောထူ ထုံ လူမျိုး ”
    ကျောချမှ ဓါးပြမှန်း သိတော့တယ် တဲ့။
    ဒါပေမဲ့ အဲဒီစကားပုံ ဟာ ထုံတွေ အတွက် ဘာမှမဆိုင်ဘူး။ ထုံ တွေ က ကျောထူ သကိုး။
    အာဖရိကတောထဲက ထုံ ဆိုတဲ့ လူမျိုးစုတစုထဲမှာ လူစင်စစ်ကနေ ဘုရားနဲ့ တိုက်ရိုက်ဆက်ဆံလို့ ရတဲ့ အုပ်စုတစု ရှိတယ်ဗျ။
    သူတို့က ထုံကူးသလို စည်းဝိုင်းထဲ ဝင်ပြီး သူတို့ချင်းဝိုင်းရွတ်ဖတ် သရဇ္ဈာယ်လိုက်တာနဲ့ သာမန်လူထက် ပိုထူးကဲ သွားပြီး သာမန်လူထက်ပိုမြင့်မြတ်သွားပြီ ဆိုတယ်။
    သာမန်လူထက် ဘာကွာလဲဆိုတော့ သူတို့စာတွေသင်ထား၊ ကျက်ထား၊ ရွတ်ပြနိုင်တာပေါ့။
    အံမယ် အဲဒီစာတွေ သင်ပြီးနေတာနဲ့တင် အဲဒီလို ရွတ်တာခံရတာနဲ့တင် လူတွေမှာတော်တော် ပြည့်စုံဘေးကင်းချမ်းသာစေတာမို့ စာရွတ်အောင် သင်လာတာနဲ့တင် အတော်ကျေးဇူးကြီး ဆိုပဲ။
    တော်တန်ရုံ အပြစ်ဖြစ်လဲ ထုံမပြယ်မချင်း သူတို့ကို သူတို့အချင်းချင်းကလွဲရင် သာမန်လူတွေက အပြစ်ပေးခွင့်မရှိ၊ အရေးယူခွင့်မရှိဘူး။ ဘုရားနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ လူတွေမို့လို့ဆိုပဲ။ သူတို့ကိုတွေ့တာနဲ့ လူတွေက ပြားပြားဝပ် ပူဇော်ပသ ကြရတယ်။ စားဦးစားဖျားဆီဥထောပတ် ကောင်းပေ့ ညွန့်ပေ့ ဆိုတာတွေနဲ့ လှူလေလေ သံသရာအကျိုးရှိလေ လို့ ခံယူကြသတဲ့။
    မွေးရင်လဲ အဲဒီလူတွေက သတ်မှတ်မှ၊ လင်မယားယူရင်လဲ အဲဒီလူတွေ အသိအမှတ်ပြုမှ၊ သေရင်တောင် အဲ့လူတွေ လာပြီး ရွတ်ဖတ်သရာဇ္ဈယ်မှ မဟုတ်ရင် လူ့ဘဝ မပြည့်စုံဘူး လို့ ခံယူနေကြသတဲ့။
    အဲဒီထုံကူးထားတဲ့ လူတွေသာ သူတို့ဘဝကျေးဇူးရှင်တွေ သူတို့မရှိရင် နေလို့မရ၊ နေရင်လဲ အဓိပ္ပါယ်မဲ့၊ သူတို့ရှိတဲ့ လူ့အဖွဲ့အစည်း ဟာ ကမ္ဘာပေါ် အမြင့်မြတ်ဆုံးတောင် ခံယူကြသတဲ့ဗျား။
    ထုံ လူမျိုးတွေ ပြောပါတယ်။
    ကမ္ဘာပေါ်မှာ တခြားလူတွေ ဘယ်လိုနေသလဲ မသိကြရှာဘူးကိုးဗျ။
    ချိုတူးဇော်

    Like

  3. Min Aung
    March 11 at 3:26pm ·
    ” ငွေတမတ်နဲ့ ”
    အစိုးရ က အာဏာမရှိဘူး။
    ဒါပေမဲ့
    သေနတ်ရှိတဲ့ စစ်တပ်ကိုပေါင်းပြီး ထင်တိုင်းကျဲ နေတဲ့
    မဘသ က ‘ဆန္ဒပြပွဲ’ ဖြစ်သွားနိုင်တယ် လို့ တုန့်ပြန်တာကျတော့၊
    အစိုးရ ကိုရော၊
    ပျော့ညံ့တဲ့ ပြည်သူ ကိုပါ ဒဲ့ စိန်ခေါ်လိုက်တာပဲ။
    ကိုဆွေဝင်း လို လူတွေ
    တတိုင်းပြည်လုံး ထွက်လာရင်
    အဲဒီ့ စစ်ချီးကျွန်ကတုံးတွေ
    အသံတောင် မထွက်ရဲစေ့ရဘူး။
    ခုကဘယ်လိုလူတွေပဲ များနေသလဲ ဆိုတော့၊
    ကိုဆွေဝင်း က အရှင်လတ်လတ်ကြီး အပြင်မှာပဲ မမျှတမှုတွေကို တိုက်ပွဲဝင်နေတုန်းပဲ ရှိသေးတယ်။ သူနဲ့ ရင်ဘောင်တန်းပြီး ချီတက်မယ့်သူ တယောက်မှ ပေါ်မလာဘဲ၊ သူ့ထောင်ကျရင် သူ့မိသားစုထောက်ပံ့ပေးမယ် လို့ ပြင်ဆင်နေတဲ့ လူတွေ အတော်များနေတဲ့ အနေအထား။
    ရန်သူတွေ လာတိုက်ရင် ပြန်တိုက်ဖို့ထက်၊ ငတို့ဘက်က အကျအဆုံးများမှာ ဆိုပြီး အလောင်းကောက်၊ သူနာပြုဖို့ ပြင်ဆင်နေကြသလိုမျိုး။
    ဂန္ဒီကြီး တိုက်ပွဲဝင်တုန်းက ဂန္ဒီကြီး နဲ့အတူ ရင်ဘောင်တန်းပြီး အိန္ဒိယသားတွေ မထွက်ခဲ့ဘဲ
    ” ငါတို့သည် ဂန္ဒီကြီးများဖြစ်ကြသည်” တို့၊
    ” ဂန္ဒီကြီးကို ထောက်ခံပါတယ်” တို့ အိမ်ဝမှာ စာချိတ်ရုံပဲ ချိတ်ပြခဲ့ကြရင် ဗြိတိသျှတွေ ကြောက်ပါလိမ့်မယ် အားကြီး။
    နိုင်ငံရေးသမားတွေ လို့ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ သူတွေကိုယ်တိုင်က မရှုပ်မလုပ်မပြုတ် မူဝါဒနဲ့ နွားပိန်တွယ်တွယ်ပြီး နေနေကြမှတော့ နောက်လိုက်နွားသား ပြည်သူတွေဟာလဲ အချင်းချင်းသာ တိုး ဝှေ့ရင်း သားသတ်ရုံ တရွေ့ရွေ့သွားကုန်ကြမှာပဲ။
    ကိုယ့်ကိုယ်ကိုယ် ညှာနေ ညာနေကြတာ။
    ဒီလိုနဲ့ မျိုးဆက်အဆက်ဆက် ကျွန်ကမွေး သဘောက် ဖြစ်အောင် နှစ်နေကြတာ။
    မြန်မာပြည်မှာ ” နိုင်ငံရေးလိုအပ်ချက်” ဟာ ပါတီနောက် တပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ရမှာ မဟုတ်ဘူး။ အဲဒါ ညာဝါးပြီး NLD လို လုပ်စားချင်လို့ လိမ်ဆင်ပြောတာ။
    တကယ့်နိုင်ငံရေးလိုအပ်ချက်ဟာ လူထုလူတန်းစားအသီးသီး အလွှာအသီးသီး က အာဏာရှင်ဆန့်ကျင်ရေး တွေ စနစ်ကျနစွာ ချိတ်ဆက်လုပ်ဆောင်ကြရမှာပါ။ နည်းလမ်းအသွယ်သွယ် သုံးပြီး ကို လုပ်ကြရမှာပါ။
    နောက်တခု ပြောချင်တာ ” ကျနော်ထွက်မပြေးဘူး၊ အဖမ်းခံဖို့ အသင့် အဓမ္မ ကို ရင်ဆိုင်တာ ထွက်ပြေးစရာမဟုတ်ဘူး” ဆိုတဲ့ သူရဲကောင်းတွေ ပေါ်လာလိုက်၊ အဖမ်းခံ၊ အသတ်ခံ ရလိုက်၊ လူထုကြီး က သူ့ကို သူရဲကောင်းစာရင်းသွင်း၊ ကျန်ရစ်သူမိသားစု ကို ထောက်ပံ့ ပြီးရင် ပြီးတော့လဲ ပြီးတာပါပဲ
    နောက်တင်မယ့် စတေးတပ်စ် ကတော့
    မြန်မာအိုင်ဒိုးလ် က ဇင်ကြီးအကြောင်း၊
    ဘာကာ ငါးဂိုးပြတ်သွင်းတဲ့ အကြောင်း ဆိုပါတော့။
    မြန်မာ့နိုင်ငံရေးလိုအပ်ချက် ဟာ ပါတီထောင်ရွေးကောက်ပွဲဝင်မယ့် နောက်ထပ်အတိုက်အခံ နာမည်ခံ ပြီး၊ လွှတ်တော်ထဲဝင်၊ အစိုးရဖွဲ့ပြီး လူသိရှင်ကြား -င်ခံပြဦးမယ့် ပါတီသစ်တခု မဟုတ်သလို၊ အဖမ်းခံပြီး သူရဲကောင်းသူကောင်းပြုခံမယ့်လူမျိုးတွေလဲ မဟုတ်ဘူး။
    မြန်မာပြည်ကြီးနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံကြီး က အာသာငမ်းငမ်း မွတ်သိပ်လိုအပ်နေတာ ” အာဏာဟူသမျှ ငြင်းဆန်၊ ဖိနှိပ်မှုမှန်သမျှ အာခံပြီး လွတ်လပ်ရေးတပြားမှ မလျှော့တိုက်ပွဲဝင်မယ့် ဒို့ဗမာအစည်းအရုံး လို အဖွဲ့အစည်းမျိုး နဲ့ အဖမ်းမခံဘဲ နည်းလမ်းပေါင်းစုံနဲ့ နိုင်အောင်ပြန်တိုက်မယ့် ” အောင်ဆန်း” လို နိုင်ငံရေးသမားတွေ လိုနေတာ။
    နောက်ရှိသေးတယ် ၈၈၈၈ ခေတ်ကို ဘယ်သူမှ ပြန်မသွားချင်တော့ဘူး တဲ့။
    လွပ်လပ်ရေး ကို မပေးမနေ တနှစ်အတွင်းပေးပါ့မယ်လို့ ၁၉၄၇ ဇန်နဝါရီ ၂၇ မှာ အောင်ဆန်းအက်တလီ ချုပ်ဆိုနိုင်တာ ၁၉၄၆ မှာ စာရေးစာချီ ပုလိပ်အဖွဲ့ပါ ပါတဲ့ နိုင်ငံလုံးကျွတ် အထွေထွေသပိတ်ကြီး ဆင်နွှဲနိုင်လို့။
    ဘီအိုင်အေ စစ်သေနာပတိဖြစ်နေပြီးပြီ။ ဖဆပလတပ်ပေါင်းချုပ်ဥက္ကဌဖြစ်နေပြီးပြီ။ ဂျပန်ခေတ်ဝန်ကြီး ဖြစ်ဖူးပြီးပြီ။ သပိတ်အဆင့် လမ်းပေါ်နိုင်ငံရေးအဆင့် ပြန်သွားစရာမလိုဘူး လို့ ရှိသလား။
    ၁၃၀၀ ပြည့် အရေးတော်ပုံခေတ် ပြန်သွားစရာ မလိုဘူး လို့ ပြောခဲ့ သလား။
    ၁၃၀၀ ပြည့် သမိုင်း က သပ်သပ်။ ၁၉၆၄ အထွေထွေသပိတ်ကြီး က သပ်သပ်ပါ။ လိုအပ်ရင် လိုအပ်သလို သပိတ်လဲ မှောက်သင့်မှောက်ရ လမ်းပေါ်လဲထွက် ရ ပေမပေါ့။
    ခင်ဗျားတို့နဲ့ ၈၈၈၈ လူထုနဲ့ ဘာမှ မဆိုင်ဘူး၊ ကျောင်းသားတွေလဲ ၈၈ ကျောင်းသားစိတ်ခြေဖျားမမီဘူး မှတ်ပါ။
    ၈၈၈၈ ပြည်သူတွေ တာဝန်ကျေလို့ မဆလသမိုင်းကို ခုလို ချေဖျက်နိုင်တာပေါ့လေ။
    ခင်ဗျားတို့တာဝန်မကျေသေးလို့ သန်းရွှေကြီးပင်စင်စားနေနိုင်တယ်ပဲ မှတ်ပါ။
    ခင်ဗျားတို့
    “အာဏာရှင်လုပ်ပေးတဲ့ ရွေးကောက်ပွဲငွေတမတ် ” နဲ့
    ” ဒီမိုကရေစီစစ်စစ် ငကြင်းခေါင်း”
    ဒီတသက်ကိုင်ဖို့ မစဉ်းစားနဲ့။
    ချိုတူးဇော်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s