အိုး မေဘရဏီလို . . . .”ဝင်းဦး” Win Oo

အိုး မေဘရဏီလို . . . .

 

“ဝင်းဦး မပါရ ဒီမိုကရေစီ”

မတ်လ ၁၃ ရက်နေ့ ဆိုတာ ကိုဖုန်းမော် ကျဆုံးတဲ့နေ့။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (ယာယီ သတ်မှတ်ဖူး)
၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေသော လတ်တလောအကြောင်းအရင်း ဖြစ်ပွားရာနေ့
စသဖြင့် သမိုင်း က ကြီးကျယ်ခမ်းနားစွာ ရေးမယ် ဆို ရေးလို့ရပါတယ်။

အဲဒီနေ့ကပဲ ဝင်းဦး ဆိုတဲ့ မြန်မာပြည် အနုပညာလောက မှာ တန်ဖိုးကြီး လှတဲ့ သရုပ်ဆောင် ဒါရိုက်တာ စာရေးဆရာ အဆိုတော်ကြီး တယောက်ရဲ့ မွေးနေ့လည်း ဖြစ်နေပြန်ပါသတဲ့။
ဒီတော့ ကျနော်က ဒါလေးသတိတရ သတိထားမိစေ့ချင်လို့ ဝင်းဦးမွေးနေ့ ဆိုတာ ရှယ်လိုက်တယ်။ နောက် ထပ်ပြီး သတိထားမိသွားတဲ့ ပျိုမေတို့ ချစ်ကြ၊ ကြိုက်ကြပါသော ထို ဝင်းဦး သည်လည်း တပ်မတော်အငြိမ်းစားဗိုလ်ကြီးဟောင်းတယောက်ဆိုတာကိုပါပဲ။

ဒီတော့ ဒါလေးကိုပါ စုတ်ချက်တို့ လိုက်တာပေါ့။
ဦးဝင်းဦးကြီးသာ သက်ရှိထင်ရှားရှိရင် ဘယ်လိုသဘောထားမလဲ။

အဲဒီမှာ တယောက်က ကွန်မန့်ဘောက်စ်ထဲကနေ ကျနော့်ကို ကြိမ်းမောင်းတော့တာပါပဲ။
ဘာလို့ ခုလို အရေမရ အဖတ်မရတွေ လာတင်ရသလဲပေါ့။ သူဆိုချင်တာ ဤမျှ ရက်မဟာကြီးမှာ ဝင်းဦး မွေးနေ့ ထည့်ပြောစရာလား ဆိုပါတော့။
ကျနော့်ကို နောက် ဒါမျိုးတွေ ထပ်ရှယ်ရင် ဘလော့ဂ်မယ် တဲ့။
ဟုတ်ကဲ့၊ ထပ်ရှယ်ဦးမှာမို့ ကျနော်ကဘဲ ခင်ဗျား အကုသိုလ်ကင်းအောင် ကြို ဘလော့ဂ်ပေးလိုက်ပါတယ်။

ကျနော့်အတွက်တော့ ၈၈၈၈ လည်း အရေးပါ၊ ဝင်းဦး လည်း အရေးပါ ပါတယ်။ နေရာတကာ နိုင်ငံရေး မှ၊ တော်လှန်ရေး မှ ဆိုတဲ့ လူတွေ ကျနော်နဲ့ ပါတ်သက်ချင်မှ ပါတ်သက်ပါ။ ခင်ဗျားတို့လို လူတွေကို “တပ်မတော်” မှ ဆိုတဲ့ လူတွေနဲ့ တတန်း တစားထဲ ကျနော်က မြင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လောက ကို အကျိုးပြုတာဟာ ဈေးထဲက စေတနာ ကောင်းလှတဲ့ လက်သုတ်သည်အဒေါ်ကြီး လောကကို အကျိုးပြုတာနဲ့ အတူတူပါပဲ။ လောကကြီး ထဲမှာ ဒီမိုကရေစီ လည်း အရေးကြီး သလို ဝင်းဦး လည်း အရေးကြီး၊ လက်သုတ်လည်း အရေးကြီးပါတယ်။
ရာထူး အလုပ်အကိုင် ပေါ်မူတည်ပြီး စိတ်ကြီးဝင်တတ်တာ မူလ လူ့တန်ဖိုးနည်းသူတွေရဲ့ စရိုက်လက္ခဏာသာဖြစ်ပါတယ်။

ဗုဒ္ဓဝါဒ မှာတော့ ဒါန၏ အကျိုးဟာ ပမာဏ ပေါ်မူမတည် စေတနာ ပေါ်သာ မူတည်ပါတယ်။ တနိုင်လုံးအတွက်ပဲ လုပ်လုပ်၊ တကမ္ဘာလုံးအတွက် အလုပ်လုပ် အဓိက ကျတာ လုပ်စဉ်ထားသော စေတနာ သာဖြစ်ပါတယ်။

လောက မှာ လူတိုင်း လိုအပ်၊ လူတိုင်း သူ့နေရာနဲ့ သူ အရေးပါ ပါတယ်။ တလောက လုံး ဒေါ်အောင်ဆန်းစုကြည်ချည်းပဲ ဖြစ်သွားရင် ကျနော်တို့ ထမင်းငတ်သွားပါလိမ့်မယ်။ ချဉ်ဖတ်သည်လည်းလို၊ လက်သုတ်သည်လည်းလို၊ ကလေးတွေဆော့ဖို့ ပူဖေါင်းသည်လည်း လိုပါတယ်။

ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာလေးစားရတဲ့ နိုင်ငံဂုဏ်ဆောင်ခေါင်းဆောင်ကြီးပါ။ ဒါပေမယ့် မှုန်ရွှေရည် ကြည့်ချင်နေတဲ့ အချိန်မှာ ဘယ်လောက်အနှစ်သာရရှိရှိ ဒေါ်စု မိန့်ခွန်းနားထောင်ပြီး ကျေနပ်စရာ မဟုတ်ပါ။ ဒီလိုပဲ လက်သုတ်စားချင်ချိန်မှာ ဒေါ်စု ထက် လက်သုတ်သည် အဒေါ်ကြီး က ပို လိုအပ်၊ ပို အရေးကြီးပါတယ်။

လူတွေကို အခြေခံစဉ်းစားသော မာ့ခ်စ်ဝါဒ ကို ကျနော် ကြိုက်သလောက်၊ လူတွေနဲ့ကင်းကွာပြီး၊ ပါတီကြီးအဓိက၊ ဥက္ကဌကြီးအဓိက၊ တော်လှန်ရေးကြီး အဓိက ဆိုတဲ့ ကွန်မြူနစ်တွေ ကို ကျနော် အင်မတန် စိတ်ပျက်လက်ပျက်မုန်းရတယ်။

ကျနော့်အတွက် ဒီမိုကရေစီတောင်းတာ ဝင်းဦး တွေလဲ များများ ပေါ်လာစေချင်လို့ပါ။

ဒေါ်စု ဘယ်လောက်တော်တော် ဝင်ဦး လိုတော့ ဖင်ကလေး လိမ်ပြီး လမ်းလျှောက်တတ်မည့်ဟန်မရ၊ ထက်ထက်မိုးဦး လို ဆတ်စလူးစိန်အမူအရာ လုပ်ပြနိုင်မည် မဟုတ်ပါ။

ငါတို့က တတိုင်းပြည်လုံး အရေးလုပ်နေတာ၊ အလကားရုပ်ရှင်ထဲက ဟာတွေ အကြောင်း လာမပြောနဲ့ ဆိုတဲ့နိုင်ငံရေးသမားတွေဟာ တခါက ဦးနေဝင်း တီးဝိုင်းတခုကို လာပြီး ဒရမ်စက်တွေ ထိုးဖေါက်၊ ဂစ်တာတွေရိုက်ချိုးခဲ့ဖူးတာကိုပြန်ဖတ်စေ့ချင်ပါတယ်။

ခင်ဗျားနိုင်ငံရေးဟာ အဲဒီအဆင့်ပဲ ရှိပါတယ်။

ကျနော် တို့ ဒီမိုကရေစီ တောင်းရတာ လူတွေ ဆိုကြ၊ ကကြ၊ တီးမှုတ်ပျော်မြူးကြ၊ ဆတ်စလူးခါကြ၊ ဖင်လိမ်လမ်းလျှောက်ကြ နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ချမ်းသာ ကျန်းမာတဲ့ ပြည်သူတွေ သူတို့ သဘောသူတို့ဆောင်ခွင့်ရကြဖို့ပါပဲ။

မတ်လ ၁၃ ရက်နေ့ဆိုတာ
ဝင်းဦးမွေးနေ့ လို့ အပြောပင်မခံလိုသော ဒီမိုကရေစီ ကျနော် မလိုချင်။

ချိုတူးဇော်

Win Oo

From Wikipedia, the free encyclopedia
Win Oo
Win Oo in a hat.gif
Native name ဝင်းဦး
Born 13 March 1935
Rangoon, Burma
Died 14 December 1988 (aged 53)
Rangoon, Burma
Occupation Actor, director, writer, singer and publisher.

Win Oo (Burmese: ဝင်းဦး; pronounced: [wɪ́ɴ ʔú] (13 March 1935 – 14 December 1988) was a Burmese actor, director, writer, singer and publisher. He died of stomach cancer in 1988.

Youth[edit]

Win Oo was born Hla Myint in Yangon to his parents U Ba Nyunt (Chit-Dukkha) and Daw Hnin Yi. He studied at TTC Teacher Training College. In 1952, he discontinued his university education and joined the Burmese Army. He left as an army captain in 1962.

Entertainment career[edit]

His first movie was “Hna-Yauk Hte Nay-Gyin-De”, adapted from a novel of his. He both directed and starred in Saung Einmet and Hmon Shwe Yee. He founded the Sanda movie company, established first “color offset printer” in Burma, and published Sanda Magazine.[citation needed] He wrote 31 novels.

Filmography[edit]

  • Hna Yauk Htae` Nae Chin Dae'(1962)
  • Saung Einmet(1967)
  • Hmone Shwe Yee(1970)
  • Maung Doh Cherry Myay(1963)
  • Tain Hlwar Moh Mou Lwin(1967)
  • Mone Par Dae` Maung’ Ko(1973)
  • Chit Thu Yway Mae` Chit Ware Le`(1975)
  • Saung Ta Nya Wae`
  • Chit Thu Kyin Thu Myat Noe Thu
  • Minn Be` Pyey Ma Le` Mi Cho The`
  • Hnin Pyauk Te` Nway
  • Wai Lu
  • Chit Thu Kyin Thu Myat Noe Thu
  • Da Kyawt Hna Kyawt Tay Go Thi
  • Mone Par De` Maung. Go
  • A Twe A Ta
  • Ei San Ein Wae`
  • Tain Oo Lay Pyey Maung` Ko Say
  • Kyuntaw Pyaw Chin Te` Achit A Kyaung
  • Meinma Ne` Yaukkyar
  • Thitsar Tu Pyaing
  • Chit Thaw Thu Ta Yauk
  • Pann Myo Daw Tho Chay Hlann Thone Sae` (Guest star)
  • Thi Kyar Zay Thet Thay Hnyune
  • Beimma Thara
  • Padouk Yeik We`
  • Thi Kyar Zay Thet-thay Hnyune

References[edit]

  • Cartoon Win Aung’s famous artist published in 2006.

External links[edit]

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s