ဝီရသူ “အဲဒိအချိန်တုန်းက ထောင်ထည်းမှာ နိုင်ငံရေးအမှု့နှင့် ထောင်ကျနေတဲ့ မွတ်စလင်မ်တွေ နှင့် ညီရင်းအစ်ကိုတွေလို ချစ်ခင်ကြပါတယ်၊ နောင်ကို ရှေ့ဆက် အတူလက်တွဲပြီး တိုင်းပြည်ကောင်းကြိုးအတွက် လုပ်စရာတွေအများကြီး လုပ်ချင်ပာတယ် သူတို့ကိုပါ တစ်ပါတည်းလွှတ်မပေးရင် ဝီရသူကိုပါထောင်ထည်းပြန်ထည့်ပါ”

Zafar Ahmaad

#ဝီရသူ
အဲဒိအချိန်တုန်းက
ထောင်ထည်းမှာ နိုင်ငံရေးအမှု့နှင့် ထောင်ကျနေတဲ့ မွတ်စလင်မ်တွေ နှင့် ညီရင်းအစ်ကိုတွေလို ချစ်ခင်ကြပါတယ်၊ နောင်ကို ရှေ့ဆက် အတူလက်တွဲပြီး တိုင်းပြည်ကောင်းကြိုးအတွက် လုပ်စရာတွေအများကြီး လုပ်ချင်ပာတယ် သူတို့ကိုပါ တစ်ပါတည်းလွှတ်မပေးရင် သူ့ကိုပါထောင်ထည်းပြန်ထည့်ပါ ဘာညာ နှင့်ပြောဆိုခဲ့တာ မှတ်မိပါသေးတယ်။

Image may contain: 5 people

Image may contain: 1 person, text

ထောင်ကပြန်လွတ်လာတဲ့နေ့ ကျောင်းတိုက်ပေါ်မှာ သူခြုံထာတဲ့ သင်ပိုင်းဖြူကြီးကို ချွတ်၊ ခြေထောက်နှင့်ကန်ထုတ်၊ ငိုကြီးချက်မနှင့် ပေါက်ကွဲနေတဲ့ ဝီရသူရဲ့ ပုံကို ကျွန်တော် အခုအချိန် အထိ မျက်လုံးထည်းမှာ ပြန်မြင်ယောင်နေတုံး။

(အဲဒိအချိန်တုံးက NLD ကလည်း သူတို့ကို ဝီရသူ ဖျင်မချလောက်ဘူး ထင်ထားမှာပေါ့ ၊) 😃

အဓိက သုံးသပ်ပြချင်တာက ။ ။ အစပထမတုန်းကတော့ ဝီရသူအနေနှင့် လူသတ်မှု့ကြောင့် ထောင်ကျသွားအပြီးမှာ…
သူအပစ်လုပ်ရင် ဒီလိုထောင်ကျနိုင်ပါလား၊ မဟုတ်တာလုပ်လို့မရဘူး၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေကလည်း သူ့အပေါ်မှာ ငြိုညင်နေကြပြီ ဆိုတဲ့ အသိတွေကြောင့်၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေနှင့် ပြန်လည်သင့်မြတ်အောင်နေမယ်၊ ပြည်သူ့အကျို့းအတွက် ပူးပေါင်းဆောင်ရွက်ကြမည် ဆိုပြီး ဆုံးဖြတ်ထားလိုက်ပြီးကာမှ…
( အဲဒိဆုံးဖြတ်ချက်ကြောင့် နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဘက်ကလည်း သူလုပ်ခဲ့တဲ့ အပစ်တွေပေါ်မှာ ဗွေမယူတော့ပဲ ဝီရသူရဲ့ ထိုဆုံးဖြတ်ချက်အပော်မှာ ချက်ချင်းကို လက်ကမ်းကြိုဆို လိုက်ကြပါတော့တယ်) အဲဒိအချိန်က ဝီရသူကို သူ့ရဲ့ကျောင်းတိုက်မှာလာပြီး လက်ကမ်းကြိုဆိုကြတဲ့ အစ္စလာမ်ဘာသာဝင် လူကြီး လူကောင်းတွေမှ မနည်းပါဘူး။ အဓိကအားဖြင့် ကရဝိတ် ဦးမောင်မောင်တို့ သက်သေရှိပါတယ်။

သို့သော်ငြားလည်း သိပ်မကြာလိုက်ပါဘူး..

ထောက်ပြုတ် #ဦးခင်ညွန့် နှင့် စွမ်းအာရှင် #ဦးအောင်သောင်းတို့ နှစ်ယောက် ဝီရသူကိုလာတွေ့ပြီးနောက်ပိုင်း…
ဝီရသူရဲ့ ရပ်တည်မှု့ဟာ ချက်ခြင်းကြီးဆိုသလိုပဲ ဘက်ပြောင်းသွားပါတော့တယ်။

ဝီရသူ အရမ်းလည်ပါတယ်၊ မအပါဘူး။
အချုပ်အခြာ အာဏာနှင့် ဥပဒေဟာ ဘယ်သူ့လက်ထည်းမှာ ရှိနေတယ်ဆိုတာကို ဝီရသူ ကောင်းကောင်းကြီး သိတာရယ်၊ သူ့ရဲ့ နဂိုရှိရင်းစွဲ ကုလားအမုန်း ဓာတ်ခံရှိတာရယ်၊ သိန်းစိန်အစိုးရက သူ့ကို offer ကောင်းကောင်းပေးပြီး၊ သူ့လုပ်ရပ်တိုင်းအတွက် အပစ်မယူ အကာအကွယ် ပေးမယ်ဆိုတဲ့ အကြောင်းခံတွေကြောင့် ဝီရသူတစ်ယောက် သင်္ဃန်းကို ခုတုံးလုပ်၊ ရိုးသားပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင် တောသူတောင်သားအများစု၏ သာသနာချစ်စိတ်ကို ခုတုံးလုပ်ပြီး ကမ်းကုန်အောင် ပြန်လည်ဆိုးသွမ်းလာပါတော့တယ်။

မြန်မာနိုင်ငံ တစ်နံတစ်လျား (ရခိုင်၊မိတ္ထီလာ၊ လားရှိုးကဲ့သို့) ဘာသာရေးကို အခြေခံပြီး ကြီမားတဲ့ လူသတ်ပွဲ အရေးအခင်းကြီးတွေဖြစ်ပေါ်လာသည် အထိ ဝီရသူဟာ သွေးထိုး လှုံ့ဆော် ခဲ့ပါတယ်။

ခုလည်းကြည့်လေ ၊
သူ့မှာ နောက်လိုက် သံဃာ နှင့် မဘသ အင်အားတောင်တင်းလာတဲ့အပေါ်မှာ တန်ခိုးထွားပြမလို့ ကြံကာရှိသေးတယ်၊ သာယဉ်က မဟနကို မီးစိမ်းပြပြီး ပါးပါးလေးပဲ ဝီရသူရဲ့ ခေါင်းကို ပြန်ပုတ်ပြလိုက်တော့မှ…
(စကားချပ်။ ။ ဒီကိစ္စက သပ်သပ် ပြည်သူကို အယုံသွင်းဘို့ ဇာတ်လမ်းထွင်နေတာလို့လည်း သံသယရှိပါတယ်)
ဝီရသူလည်း ပုလ္လင်ပေါ်တက် ပါးစပ်ကို ပလပ်စတာကပ်ပြီး ရိုးသားတဲ့ ပြည်သူတွေဆီက မျက်ရည်ခြူပာတော့တယ်၊ စကားကို ဗလောင်းဗလဲ ဝေ့ကာ ဝိုက်ကာ ပြောတတ်တဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး၊ တစ်ခါတစ်ခါ နွဲ့တတ်ပာသေးတယ် ( Time journalist Hannah Beech ကိုတောင်မှ မောင်ကြီးရဲ့ ယုံကြည်မှု့ကို အလွဲသုံးစားလုပ်ပြီး အသဲခွဲသွားရက်တယ် ဘာညာ လုပ်ပြခဲ့ဘူးပါတယ်) 😃

ဝီရသူ လူလည်ပါ။
ဝီရသူ မအပါဘူး ။ 😃 😃 😃

ZafarAhmaad

Contexts from PatrickTan
Pic : Pannobhasa Ven.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s