လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု့တွေ ပြုလုပ်ဖို့ ကိုဖီအာနန် ကော်မရှင် တောင်းဆို

Ye K Htwe shared BBC Burmese‘s post.

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု့တွေ ပြုလုပ်ဖို့ ကိုဖီအာနန် ကော်မရှင် တောင်းဆို
================================
ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသတွေကို လူသားချင်း စာနာ နားလည် တဲ့ အထောက်အပံ့ အကူ အညီတွေ ပေးပို့တဲ့ အခါမှာ ဖြစ်စေ၊ စာနယ် ဇင်း သမားတွေ သတင်းရယူတဲ့ အခါမှာ ဖြစ်စေ၊ အနှောင့် အယှက် အဟန့်အတား မရှိ ခွင့်ပြုဖို့ ထပ်လောင်း တောင်းဆိုတယ် ဆိုပြီး ရခိုင် ပြည်နယ် အရေး အကြံပေးဖို့ အစိုးရက ဖွဲ့ပေးထားတဲ့ ကော်မရှင်ကို ဦးဆောင်သူ ကိုဖီအာနန်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာ တစ်စောင် ထွက်လာပြီး၊ အဲဒီ ထဲ မှာ အစိုးရဘက်က လက်ငင်း ဆောင်ရွက် ပေးနိုင်တာတွေကို ထည့် သွင်း အကြံ ပြုထားပါတယ်။

ပြီခဲ့တဲ့ နှစ် အောက်တိုဘာလ ၉ ရက် နေ့ နောက်ပိုင်း ဖြစ်ပေါ် ခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ် ထားသမျှ ရာဇဝတ်မှုတွေ အပေါ် လွတ် လပ်ပြီး၊ ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း အကြံပေး ကော်မရှင် အစီရင်ခံစာထဲ ရေးသား ထားပါတယ်။ရာဇဝတ်မှု ကျူးလွန် သူတွေကို သူတို့ လုပ်ရပ်တွေ အတွက် အရေးယူ ရမှာ ဖြစ်တယ် လို့လည်း မစ္စတာ အာနန်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း က သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုဖို့ အပါအဝင် ဒေသ တွင်း စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍဍတွေ တိုးတက် မြင့်မား လာအောင် ဆောင်ရွက် ပေးဖို့လည်း ကော်မရှင်က အစိုးရကို အကြံပြု ပါတယ်။ ရခိုင် ပြည်နယ်ထဲက လူမှု အသိုင်းအဝိုင်းတွေ အားလုံးနဲ့ကြား ထိတွေ့ ဆက်ဆံပြီး အပြီးသတ် အစီရင်ခံစာ ထွက်ပေါ် လာဖို့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။

ဘီဘီစီ

Advertisements

2 thoughts on “လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု့တွေ ပြုလုပ်ဖို့ ကိုဖီအာနန် ကော်မရှင် တောင်းဆို

  1. Ye K Htwe
    March 16 at 8:23pm ·
    နိုင်ငံသားဖြစ်သင့်သည့် ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ်ခွင့်ပေးရေး ကိုဖီအာနန်ကော်မရှင် တောင်းဆို
    =================================
    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အနေဖြင့် အစိုးရထံသို့ အကြံပြုသည့် ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ယနေ့ မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် ထုတ်ပြန်လိုက်သည်။
    အဆိုပါကော်မရှင်က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် သတင်းမီဒီယာများကို ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများကို လွတ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသင်တန်းပေးရေး ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူရေး စသည့် အကြံပြုချက်များ ပါဝင်ခဲ့သည်။
    ယင်းအပြင် အငြင်းပွားဖွယ်ရာဖြစ်ပေါ်လာနိုင်သည့် အချက်တစ်ချက်ဖြစ်သည့် နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို အအစိုးရအနေဖြင့် စီစစ်ပြီး နိုင်ငံသားဖြစ်ပြီးပါက လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပေးရေးဆိုသည့် အချက်ကိုလည်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အနေဖြင့် ထည့်သွင်းအကြံပြုထားသည်ကို တွေ့ရှိရသည်။
    “ရခိုင်ပြည်နယ်မှာ ထောင်နဲ့သောင်းနဲ့ချီနေတဲ့သူတွေက မိမိမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြစရာ စာရွက်စာတမ်း မရှိပါဘူး။ ဒါတွေကို စီစစ်ဖို့လုပ်ငန်းတစ်ခုလိုအပ်နေပါတယ်” ယင်းသတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မစ္စတာ ဂါဆန်ဆလမ်က ဖြေဆိုခဲ့သည်။
    ယင်းကော်မရှင်ကထုတ်ပြန်ထားသည့် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် အစိုးရထံ တင်ပြသွားရမည်ဖြစ်သည်။ အဆိုပါ ကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်ပြီး အဖွဲ့ဝင် (၈) ဦးဖြင့် ဖွဲ့စည်းပေးထားခဲ့ခြင်းဖြစ်သည်။

    Like

  2. Ye K Htwe
    March 16 at 12:35pm ·
    – ASIAN CORRESPONDENT သတင်းစာ-
    “မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မွတ်စလင်တွေကို အပြီးတိုင် မောင်းထုတ်ဖို့ လုပ်နေတယ်”
    (ကုလ အထူးသံတမန်)
    ===========================================================
    နိုင်ငံတကာမှ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ဖြစ်သွားစေခဲ့တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် နှိမ်နင်းရေး စစ်ဆင်မှု့အပြီးမှာ (မြန်မာ) ဗမာပြည်က ဗျူရိုကရေစီ နည်းလမ်းများကို အသုံးပြု ပြီး လူနဲစု ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် အပြီးတိုင်ရှင်းထုတ်ဖို့ ကြိုးစားနေတယ်လို့ ဗမာပြည်ဆိုင်ရာ ကုလ လူ့အခွင့်ရေး စုံစမ်း စစ်ဆေးရေး ကိုယ်စားလှယ်တော်က တနင်္လာနေ့မှာ စွပ်စွဲပြောကြား လိုက်ပါ တယ်။
    ကုလ အထူးသံအရာရှိက ပြောကြားရာမှာ ပြီးခဲ့တဲ့ လက သတ်ဖြတ်မှု့တွေ၊ မုဒိန်းကျင့်မုတွေနဲ့ စစ်ဆင် ရေး လုပ်ခဲ့တာတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု့ အထိ မြောက်ကောင်း မြောက် နိုင်ကြောင်းနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု့အထိပါ ဖြစ်သွားစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
    နေအိမ်တွေကို စနစ်တကျ ဖြိုဖျက်မှု့တွေနဲ့ နေအိမ်တွေကို သန်းခေါင်စာရင်း ကောက်ယူမှု့တွေ လုပ်နေတာတွေကြောင့် မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေရဲ့ နေထိုင်ရေးကို အခက်ခဲဖြစ်အောင် လုပ်နေတယ်လို့ ကုလ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီးက ကုလ လူ့အခွင့်ရေး ကောင်စီမှာ ပြောကြားလိုက်ပါ တယ်။
    “စစ်တမ်း ကောက်ယူရာမှာ မပါတဲ့သူတွေကို စာရင်းထဲကနေ ပယ်ဖျက်ပစ်ခံထိနိုင်ပါတယ်၊ ဒါဟာ မြန် မာနိုင်ငံမှာ သူတို့ရဲ့ တစ်ခုတည်းသော နေထိုင်မှု့ တရားဝင်ရှိနေတဲ့ အထောက်ထား တစ်ခု ဖြစ်ပါ တယ်။ အစိုးရဟာ ရိုဟင်ဂျာတွေ အားလုံးကို တိုင်းပြည်တွင်းကနေ နှင်ထုတ်ဖို့ ကြိုးစားနေပါတယ် လို့ သူမက ထောက်ပြယင်း ဒါမျိုး မဖြစ်ပါစေနဲ့လို့ပဲ ကျွန်မ ရိုးရိုးသားသား မျှော်လင့်မိပါတယ်။” လို့ သူမက ပြောဆိုခဲ့ပါတယ်။
    မြောက်ပိုင်း ရခိုင်ဒေသကို စစ်ဆင်ရေး ဆင်နွှဲပြီးတဲ့နောက် ရိုဟင်ဂျာ လူဦးရေပေါင်း ခုနှစ်သောင်း ခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်၊ အဲဒီနေရာမှာ ယန်ဟီးလီက ပြောကြားခဲ့ရာမှာ သူမအနေနဲ့ အတော်ကို မခံစားနိုင်တဲ့ ဖြစ်စဉ်တွေကို ကြားရပြီးတဲ့နောက်မှာ အတော့်ကို စိတ်မချမ်းမသာစရာ ကိစ္စရပ်တွေကိုလည်း ထပ်မံကြားခဲ့ရတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။
    “အတော်လေးကို ဆိုးရွားတဲ့ ကိစ္စရပ်တွေ ဥပမာအားဖြင့် – လည်လှီးသတ်တာတွေ၊ မညာမတာ တွေ့ ရာ မြင်ရာ သေနတ်နဲ့ ပစ်သတ်တာတွေ၊ လူတွေကို အထဲမှာ တုတ်လှောင်ပီး နေအိမ်တွေကို မီးတင်ရှို့ တဲ့ ကိစ္စတွေ နဲ့ ငယ်ရွယ်တဲ့ ကလေးတွေကို မီးပုံထဲ ပစ်ထဲ့တဲ့ ကိစ္စရပ်တွေ အပြင် အုပ်စုဖွဲ့ မုဒိန်းကျင့် တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု့တွေရှိနေတယ်ဆိုတဲ့ အတော်ဆိုးဆိုးဝါးဝါး ဖြစ်စဉ်တွေကို ကျွန်မ ကြားပြီးရင်း ကြားနေရပါတယ် ”လို့ ကုလ ကောင်စီမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    “ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသလားဆိုတာနဲ့ ပတ်သတ်ပြီး ကျွန်မ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ တာမျိုးတွေလည်း ရှိခဲ့တယ်ဆိုတာ ကျွန်မ ၀န်ခံပါရစေ ” လို့ သူမ ပြောခဲ့ပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးထင်လင်းကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် မှု့ဆိုတဲ့ စွပ်စွဲချက်တွေဟာ အထောက်ထားလည်း မပြနိုင်သလို တစ်ဖက်သတ် ပြောစကားမျိုးသာ ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။
    (ဘာသာပြန်သူ အနေဖြင့် သဘောတူခြင်း/မတူခြင်း မဟုတ်ပဲ စာဖတ်သူများ ချင့်ချိန် စဉ်းစားရန်သာ ဘာသာပြန် ဖေါ်ပြခြင်း ဖြစ်ကြောင်း)

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s