ဦးအောင်မင်းပြောသော တရုတ်အကြောင်း

Aung N Htwe

ဦးအောင်မင်းပြောသော တရုတ်အကြောင်း ယနေ့ မိတ်ဆက်ပွဲ

ဂိုလ်ရှယ်လေး

Hnin Mhone

တရုတ်ကို မကြောက်တဲ့သူရှိရင် ထွက်လာခဲ့ပါ ဟုဦးအောင်မင်းပြော

Image may contain: 1 person

၁၇..၃..၁၇
No automatic alt text available.
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အများကြီး စိုးမိုးကြောင်းနဲ့ တရုတ်က ၀င်လုပ်ပေးမှရမှာဖြစ်ကြောင်း ပြည်ထောင်စု
ဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

မနေ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှာ ကျင်းပတဲ့ ဦးအောင်နိုင်
ဦး ရေးသားပြုစုတဲ့ “မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာ
များ” စာအုပ် မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန်
အစိုးရလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေရဲ့မေးမြန်း
ချက်ကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Image may contain: 1 person
တရုတ်ကတော့ သူက အန်စီအေထိုးဖို့ပဲ တိုက်တွန်းတယ်။ ဘာလို့လဲဆိုတော့ တရုတ်နဲ့ ကျေန်ာလည်း တွေ့ပါတယ်။ သူနဲ့ ကျနော်
လည်း အကျေအလည် ဆွေးနွေးကြတယ်။ ဆွေးနွေးတော့ သူအန်စီအေ
ကို လက်ခံတယ်။ သူပြောတဲ့နေရာမှာလည်း သူအန်စီအေကို လက်မှတ်
ထိုးဖို့ပဲ ပြောပါတယ်။ သူအန်စီအေကို မထိုးဘူးလို့တော့ သူမပြော
ပါဘူး။ အဆင်သင့်မဖြစ်သေးရင် မထိုးနဲ့လို့ ပြောချင်ပြောမှာပေါ့နော်။ ထိုးဖို့ပဲ သူတိုက်တွန်းမှာပါ။


တရုတ်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ အများကြီး စိုးမိုးတာပေါ့။ ခင်ဗျားတို့ကို အရင်တခါတုန်းက ကျနော်က တရုတ်ကို ကြောက်ရတယ်လို့ပြောတော့ ကျနော့်ကို ခင်ဗျားတို့က ၀ိုင်းချတယ်။

ကဲ… မကြောက်တဲ့သူရှိရင် ထွက်လာခဲ့။ အများကြီးစိုးမိုးတယ်ဆိုတာ ကျနော် ပြောချင် တယ်နော်။ ဘာလို့လဲဆိုတော့ ဒီနယ်နိမိတ်မျဉ်း
တလျှောက်လုံးမှာ ကချင်၊ ရှမ်း၊ ၀၊ မိုင်းလား အကုန်လုံးကသူတို့နယ်စပ်
မှာ။ အဲဒီနယ်စပ်မှာ ရှိတဲ့သူတွေအားလုံးဟာ သူတို့နိုင်ငံမှာပဲ ဆေးကုရ တယ်၊ ပညာသင်ရတယ်၊ ဈေးသွားဝယ်ရတယ်။

ကျနော်တို့မြန်မာနိုင်ငံနဲ့ သိပ်ဝေးတာကိုး။ အဲတော့ သူတို့ကို မှီခိုရတာ ပိုများတာကိုး။ နောက်အဲဒီမှာ ရှိတဲ့ ကချင်လူမျိုးတွေ သူ့ဆွေမျိုးတွေ ဟိုဘက် တရုတ်ပြည်ဘက်မှာ ကချင်တိုင်းရင်းသားတွေ ရှိတယ်။ ကိုးကန့်တိုင်းရင်းသားတွေ ရှိတယ်။ ဝ တိုင်းရင်းသားတွေ ရှိတယ်။ အဲဒီလူတွေကလည်း ဟိုဘက်မှာ သူဌေးတွေ ဖြစ်နေတယ်။

အဲဒီအဖွဲ့တွေ နဲ့လည်း ဆက်စပ်နေတယ်။ အဲဒီတော့ ဒီဘက်နဲ့ ဟိုဘက်ဆိုတာက နယ်ခြားမျဉ်းဆိုတာက ကျနော်တို့ က မြေပုံပေါ်
မှာသာ ဆွဲပြီး ခွဲထားတာ။ အောက်မှာကျတော့ ဟိုဘက် ဒီဘက် ဆွေမျိုးတွေ။ ထိရင် နာကြတယ်၊ ပြုကြတယ်။ ပူပင်ကြတယ်။

ဒါတွေဟာ တရုတ်က ဝင်ပြီးတော့ မလုပ်ပေးလို့မရဘူး။ တရုတ် ဝင်လုပ်ပေးမှရမယ်။ ဒါကြောင့် တရုတ်က ဒီထဲမှာ ငြိမ်းချမ်းရေးရဖို့
အတွက်က အများကြီး စိုးမိုးတယ်။ တရုတ် ဝင်လုပ်ပေးမှရမယ်။ လုပ်ပေးတာ ကောင်းတယ်။ ဒါပေမယ့် ကျနော့်တုန်းကတော့ တရုတ်ကို Observer အဆင့်ပဲ လက်ခံတယ်။

Observer တွေရဲ့ အမြင့်ထက်မြင့်ရင် ဆွေးနွေးညှိနှိုင်း တဲ့သူ၊ Facilitor တို့ ဘာတို့ ဆိုတာ ဖြစ်လာတယ်။ Observer ဆိုတာ အစည်းအဝေးမှာ လာထိုင်လို့ရတယ်။ ဆွေးနွေးပိုင်ခွင့် မရှိဘူး။ ဆွေးနွေးပိုင်ခွင့်မရှိတဲ့
အတွက် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။”
=====
DVB

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s