ဘာသာတရား စော်ကားသည့် ဇာတ်ကားကို ကန့်ကွက်သည့်အနေဖြင့် ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည့် သရုပ်ဆောင်များကို ငှားရမ်းအသုံးပြုကြော်ငြာသည့် ကုန်ပစ္စည်းများ လုပ်ငန်းများကို ကို ဝယ်ယူအားပေးမည်မဟုတ်ပါ

ဘာသာတရား စော်ကားသည့် ဇာတ်ကားကို ကန့်ကွက်သည့်အနေဖြင့်
ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည့်
သရုပ်ဆောင်များကို ငှားရမ်းအသုံးပြုကြော်ငြာသည့် ကုန်ပစ္စည်းများ လုပ်ငန်းများကို ကို ဝယ်ယူအားပေးမည်မဟုတ်ပါ။

ကိုယ်တိုင်တော့ ဘယ်ရုပ်ရှင်ကိုမှ မကြည့်ဖူးပါ။ သရုပ်ဆောင်များကိုလည်း တစ်ယောက်မှမသိပါ။

သိတဲ့မိတ်ဆွေများအနေနဲ့  သရုပ်ဆောင် အမည်နှင့် ကုန်ပစ္စည်းအမည်လုပ်ငန်းအမည်များကို
ကျေူးဇူးပြုပြီး ကွန်မန့်တွင်ရေးသားပေးကြပါ။

ဘာသာတရား စော်ကားမှု ပပျောက်ရေးအတွက် ရှယ်ပေးကြပါ။

Ko Ko Htay အုတ်ကြားမြက်ပေါက်လို ဘာသာတရားတစ်ခုကို
စော်ကားတဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ ဇာတ်ကားကို
ဒါရိုက်တာဆုနဲ့ အမျိုးသား ဇာတ်ဆောင်ဆုတွေ ပေးတယ်ဆိုတော့ ခင်ဗျားတို့ ရုပ်ရှင်လောကဟာ အဆင့်အတန်းမရှိတာ သိပ်သိသာပါတယ်။
အဲ့ဒီဇာတ်ကား စပြတုန်းကလည်း ဝေဖန်မှုတွေ အများကြီးရှိတာတောင် သေချာစိစစ်ပြီး ရွေးချယ်ဖယ်ချခဲ့မှုမရှိပဲ
အကယ်ဒမီ ပေးတဲ့အထိ ဆုံးဖြတ်ခဲ့တယ်ဆိုတော့ကာ
ရုပ်ရှင်လောက သားတွေဟာ ဘာသာခြား အခွင့်အရေးကိုအလေးထားမှုမရှိပဲ လူမျိုးရေးခွဲခြားတဲ့ စိတ်အခံရှိတယ်ဆိုတာ သံသယရှိစရာတောင် မလိုတော့ပါဘူ။

အားလုံးသိကြတဲ့အတိုင်း အဲဒီဇာတ်ကား
ထဲမှာ ဇာတ်ဆောင်တစ်ယောက် ထောင်က
လွတ်လာပြီး အိမ်ပြန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ
အစ္စလာမ်ဘာသာဝင်စစ် ဟုတ်ပုံမရတဲ့
သရုပ်ဆောင်ကို အာရဗီနာမည်ပေးထားပြီး
သူ့အိမ်မှာ တက်နေတာကို ရိုက်ပြထားတယ်။သူ့အိမ်က ဘုရားစင်ကိုပါ ဖြုတ်ချထားပြီး မုစ္စလင်မ်ဇာတ်ဆောင်က
သူ့ဘာသာက ပြဌာန်းထားသယောင် ဒိုင်လော့တွေကို နှုတ်က
ပြောပြီး ပရိသတ်ရဲ့ စိတ်ထဲမှာ အမုန်းမှိုင်းတိုက်သွင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါပါတယ်။အဲဒီဇာတ်ဝင်ခန်း မှာပဲ အစ္စလာမ်ဘာသာဝင်အဖြစ် သရုပ်ဆောင်ထား တဲ့ဇာတ်ဆောင်ရဲ့
သားသမီးနှစ်ယောက်ကလည်း ဗလီဦးထုတ်စောင်းပြီး ဘောင်းဘီတိုနဲ့ ပုံမကျပန်းမကျ ကုရ်အာန်ကျမ်းတော်မြတ်ကို ထိုင်ဖတ်နေတဲ့
ပုံစံ ရိုက်ပြထားပါသေးတယ်။အမှန်ဆိုရင် အဲဒီ ဇာတ်ဝင်ခန်းဟာ ဇာတ်ကားထဲထည့်ဖို့တောင် မလိုအပ်ပါဘူး။
ဒီလောက်တောင် ဘာသာတရား နှစ်ခုအကြား
အမုန်းတရားတွေ သံသယစိတ်တွေ ကြီးထွား
နေတဲ့ ကာလမှာ တစ်နိုင်ငံလုံးကို
အဆိပ်ခပ်တဲ့ ဇာတ်ဝင်ခန်းကို တမင် မစိစစ်ပဲ
တစ်နိုင်ငံလုံးကို ချပြပြီး အမုန်းပွားစေလိုက်ပါတယ်။
ဒီဇာတ်ဝင်ခန်းမှာ မုစ္စလင်မ်နေရာမှာ
ဘာသာခြား တရုတ်လူမျိုးထည့်သုံးနိုင်တယ်
တခြားလူမျိုးတွေကိုလည်း ထည့်သုံးနိုင်တယ်
ဗုဒ္ဓဘာသာဝင်တွေကိုလည်း ထည့်သုံးနိုင်တာပဲ
လူမျိုးတိုင်းမှာ ယုတ်မာကောက်ကျစ်တဲ့ လူတွေ
ဒုနဲ့ဒေးပါ ဒါကို တမင် အမုန်းမပွားပွားအောင်
မုစ္စလင်မ်လူမျိုးအတုကို ထည့်ပြီး တစ်တိုင်းပြည်လုံးကို
နှပ်ကြောင်းပေးပြီး အယုံသွင်းလိုက်တာပါ။
အနုပညာသမားတွေဟာ ဥာဏ်ပညာ ရင့်သန်ကြတော့
သူတို့ဆီက မက်ဆေ့တွေဟာ လူတွေဆီကို ကြားခံမရှိပဲ တိုက်ရိုက်ရောက်ပါတယ်။ဒါကို မသိကျိုးကျွံပြုပြီး လုပ်ချင်တိုင်း
လုပ်ခွင့်ပေးထားတဲ့ အစိုးရကိုလည်း အံ့သြမိတယ်။
ပြသနာတွေ ကို ဖန်တီးနေတာ အစိုးရ ကိုယ်တိုင်ပါဝင်
နေတယ်ဆိုတာ သေချာသထက်သေချာသွားပြီပေါ့ဗျာ။
နိုင်ငံခြားဇာတ်ကားတွေမှာ မုစ္စလင်မ်ကို အကြမ်းဖက်သမား
နေရာက သရုပ်ဆောင်ခိုင်းသလို လူကောင်းလူမွန်နေရာကနေ သရုပ်ဆောင်ခိုင်းတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ကြည့်ဖူးကြမှာပါ။ဒါကြောင့်လဲ အမြဲတမ်း လူတွေရဲ့ မတူညီတဲ့ သဘောသဘာဝတွေကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ပြတတ် တဲ့ လူသားဆန်တဲ့ ဟောလီးဝုဒ် ဘောလီးဝုဒ်က ဇာတ်ကားတွေဟာ ကမ္ဘာပေါ်မှာ ယှဉ်လို့မရနိုင်အောင် အားပေးမှု
အများဆုံး ရနေပြီး အောင်မြင်နေတာမဆန်းတော့ပါဘူး။
ဘာသာခြားအခွင့်အရေးကို လေးစားသမှုမရှိတဲ့ ခင်ဗျားတို့
ို့မြန်မာ့ ရုပ်ရှင်လောက ဒီထက်တောင် ကျရှုံးပါလိမ့်ဦးမယ်လို့
ကျုပ်အတတ်ပြောပါတယ်။

MH

အကယ်ဒမီရ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာ

in Hate Crime စောင့်ကြည့်ရေး

လူ့အသိုင်းအ၀ိုင်းကို နည်းမျိုးစုံနှင့် ထိခိုက်နစ်နာအောင် လုပ်ဆောင်နေသူများသည် “အုတ်ကြားမြက်ပေါက်”များသာ..

မတ်လ ၁၉ ၊ ၂၀၁၇
သိန်းမိုးဝင်းရေးသည်။

(တစ်နည်း။ အုတ်ကြားမြက်ပေါက်ဘ၀ ဖြတ်သန်းလာသူတွေရဲ့ လွယ်လင့်တကူဖြစ်ပေါ်လာတတ်သော တစ်ဖက်သားအပေါ် မကောင်းမြင်မှု၊ အမုန်းတရားလိုလားမှု၊ နှုတ်မစောင့်စည်ဘဲ နိမ့်ချပြောတတ်မှု၊ အကောင်းအဆိုး အကြောင်းအကျိုး မခွဲခြားတတ်မှု၊ မိမိ ကိုယ်နှုတ်အမူအယာနှင့် တစ်ဖက်စောင်းနှင်း ပြောဆိုလို့ သူတစ်ပါးထိခိုက်သွားသည်ကိုပင် ဟုတ်လှပြီဟု အထင်ကြီးမှု၊ ပညာမဲ့ ဘ၀ကြမ်းမှုကြောင့် လူ့အသိုင်းအ၀ိုင်းအတွက် အကျိုးမဖြစ်စေပဲ အဆိုးဖြစ်စေမှု) တို့ကို ထင်ဟပ်ပြ သင်္ခန်းစာပေးသည့်
ဇာတ်ကား)

2016 “အုတ်ကြားမြတ်ပေါက်” ဇာတ်ကားရုံတင်ချိန်။ ။

“အုတ်ကြားမြက်ပေါက်” ဇာတ်ကား (တစ်နည်း။ လူနည်းစုဘာသာဝင်ကို မျက်မုန်းကျိုး ပုတ်ခတ်သည့် အမုန်းတရားကို စောင်းပေးဖော်ပြခြင်းဟုယူဆကြသော) ဤဇာတ်ကားကို 2016 မှာရုံတင်လိုက်သည့်အချိန်သည် တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့လူ့အဖွဲ့အစည်းများအကြား အလွန်တစ်ရာအကဲဆတ်သည့် ဘာသာရေး၊လူမျိုးရေးယောင်ယောင် ပြဿနာများနှင့် ရှုပ်ထွေးနေချိန်ဖြစ်သည့်အတွက် လူ့အသိုင်းအ၀ိုင်းက မလိုလားအပ်သည့် ပြဿနာများဖြစ်လာမည်ကို အစိုးရိမ်ကြီးနေခဲ့ကြသည်မှာအမှန်။

စာရေးသူပင်လျှင် ရိုက်ကူးသည့်ဒါရိုက်တာ၊ဇာတ်ဆောင်များ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤဇာတ်ဝင်ခန်းတွေ ထည့်သွင်းရိုက်ကူးကြပါလိမ့်၊ အခုလိုမတည်ငြိမ်အခါသမယမှာ အမုန်းတရားဖြန့်ဖြူးသူတို့အကြိုက် ပြည်သူအငိုက်ဖြစ်အောင် တမင်တကာ ရည်ရွယ်ရိုက်ကူးခြင်းလော၊ စသဖြင့် တွေဝေနေခဲ့မိသည် အမှန်။

တစ်ဖန် 18-မတ်လ-2017 အကယ်ဒမီပေးပွဲ  အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု(၃)ဆုကို  “အုတ်ကြားမြတ်ပေါက်”ဇာတ်ကားမှဆွတ်ခူးသွားပြန်တော့ အကယ်ဒမီဇာတ်ကား အကဲဖြတ်လူကြီးမင်းများပင် အမုန်းတရား မှိုင်းမိသွားလေရော့သလား တွေးမိပြန်ခဲ့သည်မှာ အမှန်။

သို့ပေမယ့်…
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ခဲ့သောသ၀ဏ်လွှာပါ “မတူကွဲပြားသည့် လူ့အသိုင်းအ၀ိုင်းကြား ပိုမိုသဟဇာတဖြစ်လာရေးကို ကျွန်မတို့ အနုပညာရှင်များက ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း….” ဖတ်ကြားသွားချိန်- တစ်ဆက်ထဲမှာပဲ ဤဇာတ်ကားကို အဓိက အကယ်ဒမီပေးရခြင်း အကြောင်းအရင်းနဲ့ပက်သက်ပြီး Stage ပေါ်မှာရှင်းပြသည်ကို နားထောင်လိုက်ရချိန်-

စာရေးသူအတွက် နက်နက်နဲနဲ အသိတစ်ခုဝင်လာခဲ့သည်။ အဲဒါကတော့ “အုတ်ကြားမြတ်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာပါပဲ။ သေချာပြန်ကြည့်ရင် ဒီဇာတ်ကားသည် “ဒူးရသီးတစ်လုံးပမာ”ပါပဲ။ အပြင်ပန်းကြည့်ရင် အဆူးအဖုံ၊ ခွဲကြည့်ရင် ရနံ့အထုံ၊ စားကြည့်ရင် အရသာစုံ နဲ့ပေါ့.။

ဒီဇာတ်ကားက အပြင်ပန်းကြည့်ရင် “လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေတယ်၊အမုန်းပွားစေတယ်ပေါ့။” နောက်တစ်ဆင့် သုံးသပ်ကြည့်ရင်  “ခက်ခဲစွာဖြတ်သန်းရတဲ့ ဘ၀ကြမ်းတွေကိုထင်ဟပ်ပြတာပေါ့” အစပိုင်းမှာသုံးသပ်ခဲ့သလိုပဲ ဇာတ်ကားတင်ချိန်မှ အကယ်ဒမီပေးချိန်အထိကို ခြုံငုံကြည့်ရင်တော့ဖြင့်-

“အုတ်ကြားမြက်ပေါက်ဘ၀ ဖြတ်သန်းလာသူတွေရဲ့ ပညာမဲ့ ဆင်ခြင်တုံ တရားကင်း လက်လွတ်စပယ် ပြောဆိုပြုမူဆက်ဆံရင်း လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေသူတွေဖြစ်မှန်း မသိဖြစ်လာခြင်း…

တစ်နည်းဆိုရသော် “လူ့အသိုင်းအ၀ိုင်းကို နည်းမျိုးစုံနှင့် ထိခိုက်အောင်လုပ်ဆောင်နေသူများသည် “အုတ်ကြားမြက်ပေါက်များသာ….”ဟု မီးမောင်းထိုးပြရင်း ပြည်သူတွေဆင်ခြင်နိုင်စေဖို့ ရည်ရွယ်၍  ဤဇာတ်ကားကြီးအား အကယ်ဒမီပေးလိုက်ခြင်းသာဖြစ်နိုင်ကြောင်း စာရေးသူသုံးသပ်မိပါသည်။

ဒီနေ့ အဆင့်မြင့် အကယ်ဒစ်မီ ပွဲကြီးမှာ
အူးလူမင်း ပြောသွားတဲ့စကားတစ်ခွန်း
လွှတ်ကြိုက်တယ်
ရုပ်ရှင်လောကသားတွေဟာ
လူထုကို တစ်ဘက်တစ်လမ်းကနေ အကျိုးပြုတယ်ဆွာ…
သိပ်မှန်တယ်ဗျ …
အဲဒီ့စကား လီးမှ မမှားဘူး …

ပြောင်းလဲချိန်တန်ပြီလေ…
ဖက်ဒရယ်ရယ် ဒစ်စီရယ်က
သိပ်များနေပြီလေ.. မဟုတ်ဘူးလား…
ရှေ့လျှောက်
အုတ်ကြားမြက်ပေါက်လေးတွေလည်း
မွေးထုတ်ပေးဖို့လိုတာပေါ့ဗျာ …

ဒီနှစ်မှာလည်း
အူးလူမင်းကြီးပြောသလို
လောကသားတွေအားလုံး ဝိုင်းဝန်းပြီး
လူထုကို အကျိုးပြုစေမယ့်
ဇာတ်လမ်းကြီးတွေ များများရိုက်ပေးကြပါဦးဗျာ…

ဥပမာ…
ဝရမ်းပြေး နဲ့ ဖာသည်မသား .. တို့
ဖလပ်ဖောင်းပေါ်က သူတောင်းစား.. တို့
လမ်းပေါ်က ခွေးဝဲစား.. တို့
ပြောတိုင်းရုံတဲ့ ချီးစားခွေး.. တို့
လှန်ဇမ်းး.. ဗျင်းမဟဲ့… တို့
အဲ…..
အဲ့လိုမျိုး လူထုအကျိုးပြု
ဇာတ်လမ်း အာကြီးကြီးတွေ များများရိုက်ပြီး လူထုကို ဆုံးမပေးစမ်းပါဗျာ …
အားကိုးပါတယ်.. ရှီးဖော်

တကယ်ပြောတာပါ…
ဖျားဆူး.. ငိုးဂျိုးကျစ်ရဇီယဲ့
ကျော်တို့တိုင်းပြည်မှာ
ကျေးဇူးရှင် အာဖင်ကျယ် အစိုးရကြီးနဲ့
ရှီးဖော်တို့ လောကသားတွေသာမရှိရင်
လူထုအကျိုးဟာ.. အို .. မတွေးဝံ့ပါဘူး အောင်မျယ်လေး … ရင်လေးစရာကြီးပါဆို
ပြောရင်းဆိုရင်း …
ကြက်သီးတွေတောင် တစ်ဖျန်းဖျန်းထတယ် …

ရှူးတိုးတိုး )))
ဟို အုတ်ကြားမြက်ပေါက်လေးတွေမမြင်ခင်
ဓာတ်တိုင် သေးပန်းပြီး လစ်ဦးမှ ။ ။

#သွန်းစစ်နေ

Advertisements

5 thoughts on “ဘာသာတရား စော်ကားသည့် ဇာတ်ကားကို ကန့်ကွက်သည့်အနေဖြင့် ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည့် သရုပ်ဆောင်များကို ငှားရမ်းအသုံးပြုကြော်ငြာသည့် ကုန်ပစ္စည်းများ လုပ်ငန်းများကို ကို ဝယ်ယူအားပေးမည်မဟုတ်ပါ

  1. San Lin အုပ်ကြားမြက်ပေါက် ဇတ်ကားကို အုပ်ကြားမြက်ပေါက်ဒါရိုက်တာကရိုက်ကူးပြီး အုပ်ကြား
    မြက်ပေါက်များကသရုပ်ဆောင်ထားသောဇတ်ကားကို အုပ်ကြားမြက်ပေါက်များ
    ကကြည်ရှု့ပြီး အုတ်ကြားမြက်ပေါက် အကယ်ဒမီစီစစ်ရေးအဖွဲ့က
    အုတ်ကြားမြက်ပေါက် ဇတ်ကားကို အကယ်ဒမီ 3 ဆု
    ပေးလိုက်တယ်လို့ကြားသိ
    ရပါတယ် ဆရာ

    Like

  2. Wai Wai Nu feeling awful.
    Yesterday at 4:04am ·
    မှားယွင်းတဲ့အယူအဆတွေအခြေပြီးရိုက်ထားတဲ့ လူမျိုးရေးခွဲခြားတဲ့ လှုံဆော်မှုဖြစ်စေတဲ့ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားကို ယခုလို လူမျိုးအချင်းအချင်းအမုန်းတရားတွေ များနေတဲ့ကာလ ပေးပြဖို့တောင်ခွင့်မပြုသင့်တာ ခွင့်ပြု ခဲ့တဲ့အပြင် မြန်မာရုပ်ရှင်ရဲ့ အမြင့်ဆုံးဂုဏ်သိက္ခာဖြစ်တဲ့ အကယ်ဒမီပါပေးတယ်ဆိုတော့ မြန်မာရုပ်ရှင်လောကရဲ့ လူ့အဖွဲ့အစည်းအပေါ် ကျင့်ဝတ် ဖောက်ပြားမှု နဲ့ သိက္ခာမရှိမှု ကို အထင်အရှားပြလိုက်ပြီး နိုင်ငံသိက္ခာပါကျဆင်းစေတာပါဘဲ။
    နောက်ရက် နိုင်ငံတကာမိဒီယာမှာပါလာရင် နိုင်ငံကို ဂုဏ်သိက္ခာချတယ်ဆိုပြီးပြောကြအုံးမယ် ကိုယ်တွေရဲ့ စိတ်ဓာတ်ပျက်ပြားပြီး အဆင့်အတန်းမရှိတာကို သဘောပေါက်မှာမဟုတ်ဘူး။လူမျိုးရေးခွဲခြား​ရေး လှုံဆော်မှုဖြစ်စေတဲ့ အုတ်ကြားမြက်​ပေါက် ရုပ်ရှင်ဇာတ်ကားကို ယခုလို လူမျိုးအချင်းအချင်း အမုန်းတရားတွေ များနေတဲ့ကာလမှာ ပေးပြဖို့တောင် ခွင့်မပြုသင့်တာမှာ ခွင့်ပြုခဲ့တဲ့အပြင် မြန်မာရုပ်ရှင်ရဲ့ အမြင့်ဆုံးဂုဏ်သိက္ခာဖြစ်တဲ့ အကယ်ဒမီပါ ပေးတယ်ဆိုတော့ မြန်မာရုပ်ရှင်လောကရဲ့ လူ့အဖွဲ့အစည်းအပေါ် ကျင့်ဝတ် ဖောက်ပြားမှုနဲ့ သိက္ခာမရှိမှုကို အထင်အရှားပြလိုက်ပြီး နိုင်ငံ့သိက္ခာပါ ကျဆင်းစေတာပါပဲ။

    နောက်ရက် နိုင်ငံတကာမီဒီယာမှာပါလာရင် နိုင်ငံကို ဂုဏ်သိက္ခာချတယ်ဆိုပြီး ပြောကြအုံးမယ်။ ကိုယ်တွေရဲ့ စိတ်ဓာတ်ပျက်ပြားပြီး အဆင့်အတန်းမရှိတာကို​တော့ သဘောပေါက်မှာမဟုတ်ဘူး။

    Like

  3. Myanmar Muslim Media
    19 hrs ·
    အမုန်းစကားဖြန့်သည့် ဇာတ်ကား အကယ်ဒမီရခြင်းက နိုင်ငံအတွက်စိတ်မကောင်းစရာဖြစ်ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင်များမှတ်ချက်ပြု
    အောင်ဈာန်သစ်
    Myanmar Muslim Media
    မတ် ၁၉ ၊ ၂၀၁၇
    အုတ်ကြားမြက်ပေါက် ဇတ်ကားတွင်ပြသရန်မသင့်တော်သည့် လူမျိုးရေး ဘာသာရေးခွဲခြားသည့်ဇတ်ဝင်ခန်းများပါဝင်ကြောင်း သက်ဆိုင်ရာသို့တင်ပြခဲ့သော်လည်း လျှစ်လျှူရှုခံခဲ့ရပြီး အကောင်းဆုံးဇတ်ကားဆု အကယ်ဒမီဆုပင်ချီးမြှင့်ခဲ့သည့်အတွက် နိုင်ငံအတွက်စိတ်မကောင်းဖြစ်မိကြောင်းအစ္စလာမ်ဘာသာရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။
    ” နိုင်ငံသားတွေချစ်ခင်စည်းလုံးရမယ့်အချိန်အခါမျိုးမှာစည်းလုံးရမယ့်ကားဆိုလို့တစ်ကားမှမတွေ့ဘဲနဲ့နိုင်ငံသားတွေကြားထဲမှာစိတ်ဝမ်းကွဲစရာကားပေါ်လာတယ်၊အဲလိုကားမျိုးက ရုပ်ရှင်သမိုင်းမှာမရှိခဲ့ဖူးဘူး အကယ်ဒမီပါရတယ်ဆိုတော့ နိုင်ငံအတွက် ရင်လေးတယ်ပေါ့ဗျာ”ဟု အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် မှ ဦးတင်မောင်သန်းကပြောသည်။
    အနုပညာအရ သရုပ်ဆောင်ကောင်းခြင်း အပေါ် ဇတ်ဆောင်ဆုပေးခြင်းမျိုးဆိုလျှင် ပင် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း ၊ဘာသာရေး လူမျိုးရေးစော်ကားချက်မျိုး ပါရှိသည့်ဇတ်ကောင်စရိုက်နှင့်ပတ်သက်ပြီး စဉ်းစားဆင်ခြင်သင့်ကြောင်းနှင့် အမုန်းစကားများပါဝင်သည့် ဇတ်ကားမျိုးကို အကောင်းဆုံးဇတ်ကားဆုပေးခြင်းအပေါ် သဘောမတူနိုင်ကြောင်းလည်း ဦးတင်မောင်သန်းကဆက်လက်ပြောကြားသည်။
    “ဒီလိုဟာမျိုးတွေကိုအကယ်ဒမီပေးသင့်တယ်မပေးသင့်ဘူးဆိုတာကတော့ပေးတဲ့လူတွေရဲ့အသိတရားပေါ်မှာပဲမူတည်တယ်။ဘာသာပေါင်းစုံချစ်ကြည်ရေးထိခိုက်တာ တစ်ပိုင်း သူတို့(အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့)ဥပဓိရုပ်ထိခိုက်တာပထမပဲ”ဟု အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက Myanmar Muslim Media သို့ပြောသည်။
    အုတ်ကြားမြက်ပေါက်ဇတ်ကားသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၆၄ အရ အမုန်းစကားများမပေါ်ပေါက်ရေးဟူသည့် မှုနှင့် တိုက်ရိုက် သို့ သွယ်ဝိုက်သောနည်းဖြင့် ညိစွန်းနေသည်ဟုလည်း အိုလမာအစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးကျော်ငြိမ်းကသုံးသပ်သည်။
    “အဲဒါမျိုးကို ဒီအဆင့်အထိပေးတယ်ဆိုတာကတော့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များရဲ့စိတ်ကို ထိခိုက်စေတဲ့ဖြစ်ရပ်ပဲဖြစ်တယ်လို့ ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်ထုအများစုက ဒီအတိုင်းခံစားနေရတယ်ဗျ”ဟု ဥပဒေပညာရှင် ဦးကျော်ငြိမ်းက Myanmar Muslim Media သို့ပြောသည်။
    အစ္စလာမ့်ဘာသာရေးအဖွဲ့များကကန့်ကွက်သည့်တိုင် နိုင်ငံတော်က အသိအမှတ်ပြုသည့်ကိစ္စရပ်မျိုးဖြစ်လာသည့်အပေါ် ရှေ့ဆက်ဆောင်ရွက်ရန်ကိစ္စများကို အစ္စလာမ့်ဘာသာရေးအဖွဲ့များနှင့်တတ်သိပညာရှင်များ ညှိုနှိုင်းဆွေးနွေးရန် လိုအပ်သည်ဟုလည်း ဦးကျော်ငြိမ်းကထောက်ပြသည်။
    “တစ်နည်းနည်းနဲ့တော့မိမိရဲ့ထိခိုက်နစ်နာမှုကိုတင်ပြပြီးအနည်းဆုံးတော့နောင်မဖြစ် ကောင်းတဲ့ကိစ္စရပ်အဖြစ်သတိမှုမှတ်တမ်းတင်နိုင်အောင်တော့ကျွန်တော်တို့စွမ်းဆောင်နိုင်ရလိမ့်မယ်”ဟုဆက်လက်ဆောင်ရွက်သင့်သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီးဦးကျော်ငြိမ်းက အကြံပြုသည်။
    အစ္စလာမ်ဘာသာဝင်များအား အိမ်ရှင်ပိုင်နက်ကို သိမ်းပိုက်သွားသည့် ဧည့်သည်များအဖြစ် သရုပ်ဖေါ်ထားသည့်ဇတ်ဝင်ခန်းနှင့် ရိုဟင်ဂျာ များအား နိုမ်ချခေါ်ဝေါ်သည့်အသုံးအနှုန်းများပါဝင်သည့် အုတ်ကြားမြက်ပေါက်ဇတ်ကားသည် ၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် အကောင်းဆုံး အ ကောင်းဆုံး ဇာတ် ကားဆု၊ ရုပ်ရှင်ဒါရိုက်တာဆု၊ အမျိုးသားဇတ်ဆောင်ဆု ၃ ဆုချီးမြှင့်ခြင်းခံရသည်။
    ဓာတ်ပုံ၊ အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်း

    Like

  4. လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

    in သူ့အမြင် — March 21, 2017
    ဆောင်းပါးရှင်- စိုင်းလတ်

    မတ်လ ၁၈ ရက်ညက ကျင်းပခဲ့တဲ့ ၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်တဲ့အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာနဲ့ ဖွင့်ဖောက် ဖတ်ကြားကာ ထူးထူးခြားခြား ရွှေတိဂုံခြေရင်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

    ဆုပေးပွဲမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၀ ဆု ချီးမြှင့်ခဲ့ပြီး “အုတ်ကြားမြက်ပေါက်”ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုစတဲ့ဆု ၃ ဆု ရရှိခဲ့ပါတယ်။

    ထူးချွန်ဆု ၃ ဆုတောင်ရခဲ့တဲ့ “အုတ်ကြားမြက်ပေါက်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး ဇင်ဝိုင်း၊ စိုးမြတ်သူဇာ၊ နေတိုး၊ သက်မွန်မြင့်၊ ထွန်းထွန်း၊ စန္ဒီမြင့်လွင်၊ နေမင်းနဲ့ မြတ် ကေသီအောင်တို့က သရုပ်ဆောင်ထားတယ်။

    ရုပ်ရှင်နာမည်အရ လူမှုစီးပွားရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ တရားမျှတရေးကိစ္စတွေနဲ့ ပတ်သက်မယ်လို့ ယူဆတဲ့အတွက် ကြည့်ဖြစ်တယ်ဆိုရင် မမှားပါဘူး။ ရုပ်ရှင်အနုပညာအနေနဲ့ရော ပြည်သူ့အချစ်တော်သရုပ်ဆောင်များအနေနဲ့ပါ ခုလို မြန်မာပြည်အပြောင်းအလဲကာလမှာ ပြည်သူတွေကို ဘယ်လို Message မျိုးတွေပေးနေသလဲဆိုတာ သိချင်တာလည်း ပါပါတယ်။
    အရင်စစ်အစိုးရလက်အောက်မှာတုန်းက လူမှုတရားမျှတရေး (social justice) ကိစ္စနဲ့ပတ်သက်ပြီး မြန်မာရုပ်ရှင်တွေဆီက မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပါဘူး။ ကန့်သတ်ချက်မျိုးစုံ၊ အခက်အခဲမျိုးစုံကို အံတုပြီး ရသလောက် လုပ်နေကြရတယ်ဆိုတာ နားလည်လို့ပါ။

    ခုလို ပွင့်လင်းလာတဲ့ကာလမှာလည်း အပြောင်းအလဲကြီးတွေ ချက်ချင်းမဖြစ်နိုင်ဘူးဆိုပေမယ့် အပြောင်းအလဲတချို့တော့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေးမှိုင်းနဲ့ နိုင်ငံကို အပိုင်ကြံနေကြတဲ့ကာလမှာ ပြည်သူတွေ အားလုံးရဲ့ ရင်ထဲကို ချစ်ခြင်းတရား၊ သည်းခံခြင်းတရား၊ မေတ္တာတရားရေအေးတွေ ဘယ်လောက်ထည့်ပေးနိုင်မလဲ။ စစ်မီး၊ အမုန်း မီးအပါအဝင် အပူပေါင်းစုံလောင်နေကြတဲ့ ပြည်သူတွေကြားက အာဃာတတွေကို မေတ္တာရေအေးနဲ့ဘယ်လို ကူငြိမ်းပေးနိုင်မလဲဆိုတာမျိုးပါ။ ဒါပေမယ့် ရုပ်ရှင်ပြီးသွားတော့ မေးခွန်းတခုသာ ထွက်လာတယ်။

    “တကယ်လို့သာ အုတ်ကြားမြက်ပေါက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးများဖြစ်ခဲ့မယ်ဆိုရင် ဒီဇာတ်ကား ဘယ်ကမ်းဆိုက်မလဲ” ဆိုတာပါပဲ။

    ဇာတ်လမ်းကို အတိုချုပ်ပြောရမယ်ဆိုရင် အုတ်ကြားမြက်ပေါက်ဆိုတာ ရွှေအုတ် (နေတိုး)၊ မြက် (နေမင်း)၊ သကြား (ထွန်း ထွန်း)၊ ပေါက်ပေါက် (သက်မွန်မြင့်) ဆိုတဲ့ လူငယ်လေးယောက် ပေါင်းစုမှုပါ။ လေးယောက်စလုံးဟာ မိသားစုပြဿနာ ကိုယ် စီကြောင့် ကလေးဘဝကတည်းက စိတ်ဒဏ်ရာတွေရခဲ့ကြတယ်။ မိဘအိမ်ထောင်ရေးမသာယာမှု လောင်းကစားမှု၊ ငွေကြေး ခက်ခဲမှု၊ မိဘတွေ ဆုံးသူဆုံး၊ စွန့်ပစ်ခံရသူ ခံရနဲ့ လမ်းပေါ်ရောက်ပြီး ဘဝတွေကြမ်းခဲ့ကြရတယ်။

    ပေါက်ပေါက်မိခင်ဆိုရင် အပျိုဘဝမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့တောလမ်းကနေ ခိုးလာရာကနေ ပွဲစားတွေ ရောင်းစားတာ ခံရတယ်။ ထိုင်းနယ်ခြားစောင့်ရဲတွေ မတရားပြုကျင့်တာခံရတယ်။ ထိုင်းရောက်တော့ အိမ်ဖော်အလုပ်လုပ်ရတယ်။ ကိုယ်ဝန် ရှိမှန်းသိတော့ အလုပ်ရှင်က အဓမ္မ ဖျက်ချခိုင်းတယ်။ ဒါပေမယ့် ရအောင် ထွက်ပြေးပြီး သမီးလေး ပေါက်ပေါက်ကို မွေးခဲ့ တယ်။

    ယောင်္ကျားလေး၃ယောက်က အချုပ်ထဲမှာ ဆုံမိကြပြီး ပေါက်ပေါက်နဲ့တော့ Paradise ဆိုတဲ့ အထူးခန်းပါ စားသောက်ဆိုင် မှာ ဆုံတွေ့ကြတယ်။ ကံမကောင်းတဲ့ ဘဝကိုယ်စီနဲ့လေးယောက်ပေါင်း အုတ်ကြားမြက်ပေါက်ဆိုပြီး သူတို့ကိုယ် သူတို့ ခေါ် ကြတယ်။

    Paradise လည်းရောက်ရော ရုပ်ရှင်ဇာတ်လမ်းက ချက်ချင်းလမ်းကြောင်းပြောင်းသွားတယ်။ အိမ်တွင်းမသာယာလို့ လူ ငယ် တွေလမ်းပေါ် ရောက်ရတယ်ဆိုတာကနေ လူမျိုးခြားတွေနဲ့ အသားထဲလောက်ထွက်လို့ ခေါ်တဲ့မြန်မာတွေကြောင့် မြန်မာအ မျိုးသမီးတွေ ဒုက္ခရောက်ရတယ်ဆိုတဲ့ လူမျိုးရေးဇာတ်လမ်း စပါတော့တယ်။

    လူငယ်လေးယောက် ရင်းနှီးပြီးနောက် Paradise ကို ဝင်ထွက်သွားလာရာကနေ Paradise ဟာ နိုင်ငံခြားသားတွေ အသုံးတော်ခံဖို့ မြန်မာအမျိုးသမီးတွေကို အမြတ်ထုတ်နေတယ်။ တဖက်နိုင်ငံကို လူမှောင်ခိုပို့နေတယ်ဆိုတာ သိလာရတယ်။ လူ မှောင်ခိုကိစ္စကို ပေါက်ပေါက်က နောက်ယောင်ခံနေတယ်ဆိုတာ မှောင်ခိုဂိုဏ်းက သိသွားတော့ သူ့ကို ဖမ်းသွားတယ်။ သူ့ကို ကယ်ဖို့ လိုက်ရာကနေ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်ဟာ ဘန်ကောက်မှာနေတဲ့ စင်သီယာလို့ခေါ်တဲ့ မြန်မာအမျိုးသမီး (မြတ်ကေသီအောင်) ဖြစ်ပြီး ရွေအုတ်ဖခင် သူဌေး ဦးစိန်အုတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်နေတယ်။ နှစ်ဖက်သတ်ကြ ပုတ်ကြရင်းနဲ့ နောက်ဆုံးရဲတပ်ဖွဲ့ရောက်လာတယ်။

    ဒီဇာတ်လမ်းမှာ မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသား အသုံးတော်ခံဖြစ်ရတဲ့ပြဿနာနဲ့ လူကုန်ကူးမှုကိစ္စကို မီးမှောင်းထိုးပြရာမှာ အလွဲကြီးလွဲနေပါတယ်။ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ ဂုတ်သွေးစုတ်အမြတ်ထုတ်နေတဲ့ “စနစ်ဆိုး” နဲ့ အဲဒီ စနစ်ဆိုးရဲ့ ပဲ့ကိုင်ရှင်တွေပါ။

    အဲဒီ ပဲ့ကိုင်ရှင်တွေက နိုင်ငံစည်းခြားပေမယ့်အကျိုးတူ တစုတည်းလိုဖြစ်နေတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး လူကုံထန် မဟာမိတ် (Transnational political-economic elite coalition) ပဲဖြစ်ပါတယ်။ စနစ်နဲ့ အဲဒီစနစ်ကို ခွစားနေတဲ့ အကျိုးတူ စီးပွားရေးမဟာမိတ်ကို နားလည်အောင်ပြရမယ့်အစား “လူမျိုးခြား” တွေကို အပြစ်တင်တော့တယ်။

    အဓိက အပစ်တင်ခံရတာက တရုတ်၊ ထိုင်းနဲ့မြန်မာတွေပါပဲ။ တရုတ်ကိုတော့ အမျိုးသမီး ရောင်းစားတဲ့ကိစ္စ၊ လက်ထပ်တဲ့ ကိစ္စနဲ့ချိတ်ပါတယ်။ ထိုင်းကိုတော့ Paradise မှာ ပျော်ပါးတဲ့ ကိစ္စ၊ မိန်းကလေးတွေကို ကိုယ်ထိလက်ရောက် နှောက်ယှက်တဲ့ကိစ္စ၊ လူကုန်ကူးတဲ့ကိစ္စ၊ နယ်ခြားစောင့်ရဲက အဓမ္မ ပြုကျင့်တဲ့ကိစ္စ၊ အလုပ်ရှင်တွေ ဒုက္ခပေးတဲ့ကိစ္စနဲ့ပြတယ်။ မြန်မာ တွေကိုတော့ နိုင်ငံခြားသား အကြိုက်လုပ်တဲ့ အသားထဲက လောက်ထွက်လို့ ဆိုပါတယ်။

    လူမှောင်ခို ဂိုဏ်းခေါင်းဆောင်ကို နိုင်ငံပြင်ပမှာနေပြီး ကိုယ့်နိုင်ငံအမျိုးသားရေးကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ သဘော ပြောတာဟာ အစိုးရအဆက်ဆက် ပြည်ပနိုင်ငံရေးအင်အားစုများကို အချုပ်အခြာအာဏာ ထိပါးအောင် လုပ်နေတဲ့ ပြည်ပ အားကိုး ပုဆိန်ရိုးဆိုပြီး စွပ်စွဲတာနဲ့ သဘောတရား အခြေခံခြင်း တူနေတယ်။ အမျိုးသမီးတွေကို နိုင်ငံခြားသားများ ရန်ကနေ ကာကွယ်ရမယ်ဆိုတဲ့ အခြေခံကလည်း ခေတ်အဆက်ဆက်သုံးခဲ့တဲ့ ဓာတ်ပြားဟောင်း လူမျိုးရေး ဘာသာရေးမှိုင်းပါပဲ။

    တကယ်တန်း ပြည်သူတွေကို အကောင်းဘက်က ပညာပေးမယ်ဆိုရင် ပြသင့်တဲ့ပုံစံက တရုတ်ရယ် ထိုင်းရယ်ဆိုတဲ့ “လူမျိုး ” က ပြသနာရဲ့ အရင်းခံမဟုတ်ပါဘူး။ အမျိုးသမီးငယ်တွေကို အကာအကွယ်မဲ့စေတဲ့ “စနစ်”၊ ကိုယ်ကျိုးစီးပွားအတွက် အဲဒီ စနစ်ကို ထိန်းကျောင်းနေတဲ့ လူကုံထန် လူတန်းစားအသိုင်းအဝိုင်းကသာ အဓိက ပြဿနာဖြစ်တယ်ဆိုတာကို ပြရမှာပါ။

    သတိပြုစေချင်တာက အကာအကွယ်မဲ့”စေတဲ့” စနစ်ပါ၊ အကာအကွယ် မပေးနိုင်တဲ့ စနစ် တောင် မဟုတ်ပါဘူး။ အကာအကွယ် မပေးနိုင်တဲ့စနစ်ဆိုရင် အကာအကွယ်က အလိုလိုနေရင်း မဲ့နေတယ်၊ အဲဒါကို မကာကွယ်နိုင်တာလို့ သဘော သက်ရောက်ပါတယ်။ အခုက အကာအကွယ်မရှိအောင် ဖြစ်စေတဲ့စနစ်က အဓိကတရားခံပါ။

    ဆင်းရဲမွဲတေမှုက အမျိုးသမီးများစွာကို လမ်းမှောင်ထဲတွန်းပို့နေဆိုရင် မေးရမှာက လူတွေ ဆင်းရဲအောင် ဘယ်စနစ်က ဘယ်လိုလုပ်ထားတာလဲ။ နိုင်ငံခြားသားတွေကြောင့်ရယ်မှ ပြည့်တန်ဆာတွေ ဖြစ်ကြရတာ မဟုတ်ပါဘူး။ မြန်မာပြည်အနှံ့ နိုင်ငံခြားသားမရောက်တဲ့နေရာမှာလည်း အမျိုးသမီးတွေ၊ ကလေးတွေ အကာအကွယ်မဲ့ကြရတာပဲ မဟုတ်လား။ ရှုပ်ထွေးပွေလီလှတဲ့ အုပ်ချုပ်ရေး၊ စီးပွာရေး၊ လူမှုရေးစနစ်တွေကြောင့် အခြေခိုင်ခွင့် မရကြလို့ မုဆိုးတပိုင်း သားကောင်တပိုင်း ဖြစ်ကြသူတွေမဟုတ်လား။

    ဒီနိုင်ငံမှာလာပြီး အမြတ်ထုတ်တဲ့ တိုင်းတပါးသားဟာ သူ့နိုင်ငံမှာ သူ့နိုင်ငံသားကို အမြတ်မထုတ်ဘဲ နေမှာ မဟုတ်ပါဘူး။ အမြတ်ထုတ်တဲ့လူက ဘယ်နေရာရောက်ရောက် အမြတ်ထုတ်လို့ရတဲ့ နေရာတိုင်းမှာ ထုတ်ပါလိမ့်မယ်။ ဒီလိုပါပဲ၊ မတရား အမြတ်ထုတ်တာကို လက်မခံတဲ့လူက သူ့နိုင်ငံမှာ အမြတ်ထုတ်တာ လက်မခံသလို သူများနိုင်ငံမှာသွားပြီး အမြတ်ထုတ်တာ၊ ကိုယ့်နိုင်ငံထဲရောက်နေတဲ့ နိုင်ငံခြားသားကို အမြတ်ထုတ်မှာကိုလည်း လက်ပိုက်ကြည့်မနေပါဘူး။

    ဥပမာ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားတွေကို ကာကွယ်ဖို့ မြန်မာအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ပေးနေ တာ ထိုင်းအဖွဲ့အစည်း၊ ထိုင်းလူ့ခွင့်အရေး လှုပ်ရှားသူများပါပဲ။

    ဒါကြောင့် ဒီလူမျိုးခြားက ငါတို့လူမျိုးအသိုက်ကို လာဖျက်ဆီးတယ်ဆိုတဲ့ လူမျိုးအခြေခံနဲ့ ချည်းကပ်တာဟာ ပြဿနာ အရင်းခံဖြစ်တဲ့ ”စနစ်ဆိုး” နဲ့ သူ့ရဲ့ပဲ့ကိုင် ရှင်တွေကို ပြည်ဖုံး ကားချပေးလိုက်ပြီးတော့ နိုင်ငံခြားလူမျိုးခြားကြောက် ရောဂါ (xenophobia) ကို သင်ပေးလိုက်တာပါပဲ။

    တကယ်တော့ အဲဒီ “စနစ်“နဲ့ သူ့ရဲ့ပဲ့ကိုင်ရှင်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်တိုင်းပြည်ထဲမှာရှိတဲ့ လူမျိုးမတူ၊ ဘာသာ မတူ၊ အလွှာမတူ၊ အခြေအနေမတူ လူများအကြားရော၊ တရားမျှတမှုကို လိုလားတဲ့ နိုင်ငံတကာက အလွှာပေါင်းစုံ ပြည်သူတွေနဲ့ပါ လက်တွဲပြီး အင်အား တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အမြင်သစ်၊ မေတ္တာတရားနဲ့မှသာလျှင် လူအများကြား လက်တွဲ တည်ဆောက်နိုင်လိမ့်မယ်ဆိုတဲ့ အတွေးသစ်၊ စနစ်ဆိုးရဲ့ပဲ့ကိုင်ရှင်တွေကိုတောင် အမုန်းတရား၊ အာဃာတတရားနဲ့မ ဟုတ်ဘဲ အေးချမ်းတဲ့နည်းနဲ့ ချည်းကပ် ဖြေရှင်းမယ်ဆိုတဲ့ မေတ္တာတော်လှန်ရေး အားအင်ပေးသင့်တာပါ။

    အုတ်ကြားမြက်ပေါက်ရုပ်ရှင်မှာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းရှိပေမယ့် လူမျိုးရေးကို ရှေ့တန်းတင်တော့ ပြဿနာရဲ့အဓိက အရင်းအမြစ်ဖြစ်တဲ့စနစ်နဲ့ ပဲ့ကိုင်ရှင်ကို အံတုမယ့်အစား ကိုယ်နဲ့မဟာမိတ်ဖွဲ့ရမယ့် လူတွေကို အမုန်းမျက်လုံးကြည့်ပြီး ရန်နဲ့ တုံ့ပြန်ဖို့ သင်ပေးသလိုဖြစ်နေတယ်။ ဥပမာပြရမယ်ဆိုရင် လူမျိုးရေး နိုင်ငံရေးနဲ့ပတ်သက်ပြီး ရွေအုတ် (နေတိုး)ပြောတဲ့ စကားပါပဲ။

    သူက ငှက်ဆိုတာ ငယ်ချင်ငယ်ပေမယ့် ကိုယ့်အသိုက်ကို ထိပါးလာမယ်ဆိုရင်တော့ လာထိတဲ့ငှက်ကို တောင်ပံ ရိုက်ချိုးပြီး ပင်လယ်ထဲ မျောပစ်လိုက်မယ်လို့ ဒေါသတကြီး ကြိမ်းဝါးတယ်။

    ရွှေအုတ်ရဲ့ပေါက်ကွဲသံက ကျနော့်အတွက်တော့ မေးခွန်းဖြစ်စေပါတယ်။ တလောတုန်းက ကရင်ပြည်နယ်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝိုင်းထဲမှာ စေတီသွားတည်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး ပေါ်လာတဲ့မေးခွန်းပါ။ တကယ်လို့ ရွေအုတ် နေရာမှာ အဲဒီစေတီပြဿနာကို တာဝန်ခံဖြေရှင်းခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးသာဖြစ်မယ်ဆိုရင် သူ ဘယ်လိုတုံ့ပြန်လေမလဲ။

    ဘုန်းတော်ကြီးက ကိုယ့်အသိုက်ထဲကို အဓမ္မ ကျူးကျော်လာတဲ့ငှက်ရဲ့အတောင်ကို ရိုက်မချိုးခဲ့ပါဘူး။ ပင်လယ်ထဲလည်း မမျောခဲ့ပါဘူး။ သည်းခံခြင်းနဲ့မေတ္တာတရားရှေ့ထားပြီး ဘုရားကျောင်းပိုင်မြေကိုတောင်စေတီအတွက် လှူဒါန်းပေးလိုက်ပါသေးတယ်။ ကိုယ့်အသိုက်ကိုထိပါး ကျူးကျော်လာတဲ့ ငှက်ကို အသိုက်ကူဆောက်ပေးခဲ့ခြင်းပါ။

    ဘုရားကျောင်းပိုင်မြေ နည်းနည်းလျော့သွားပေမယ့် ဘုန်းတော်ကြီးနဲ့ ခရစ်ယာန်အသိုင်းအဝိုင်းဟာ မိတ်ဆွေသစ်၊ မဟာမိတ်သစ်များစွာ ရရှိသွားပါတယ်။ အဲ့ဒီမိတ်ဆွေသစ်ပေါင်းများစွာကို သူတို့ ဒီတသက်မြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်။ ဒါပေမယ့် မေတ္တာတရားနဲ့သည်းခံခြင်းကို နှုတ်က ချည်းရွတ်တာမဟုတ်ဘဲ လက်တွေ့အနစ်နာခံကျင့်သုံးကြတဲ့ ခေါင်းဆောင်ကောင်း နဲ့ နောက်လိုက်စံနမူနာများအဖြစ် လက်ခံသွားတဲ့ မိတ်ဆွေများပါပဲ။

    အနိုင်ယူဖို့ မရည်ရွယ်ရင်တောင် အေးချမ်းသောနည်းနဲ့ အနိုင်ရလိုက်ခြင်းပါပဲ။ မေတ္တာတရားရှားပါးနေတဲ့ ခေတ်မှာ မေတ္တာ တရားဆိုတာကို ပြသလိုက်တာလည်း ဖြစ်တယ်။

    တကယ်လို့အုတ်ကြားမြက်ပေါက်ကလည်း စနစ်ဆိုးရဲ့ပဲ့ကိုင်ရှင်ကို လက်ညှိုးထိုးဖို့ ဒါမှမဟုတ် နယ်ခြားရပ်ခြားနဲ့ မိတ်ဆွေ မဟာမိတ်ဖွဲ့ဖို့ မရည်ရွယ်ရင်တောင် လူမျိုးရေး ဒေါသမျက်မှန်တပ်ပေးတာမဟုတ်ဘဲ မေတ္တာရေအေးဖြန်းခဲ့မယ်ဆိုရင်ဖြင့် ဘယ်နားက အုတ်ပဲဖြစ်ဖြစ်၊ ဘယ်ကြားမှာ ပေါက်တဲ့ မြက်ပဲဖြစ်ဖြစ် အပူပေါင်းစုံလောင်နေတဲ့ ပရိသတ်တွေအတွက်တော့ တဒင်္ဂ စိတ်အေးချမ်းရာဖြစ်ခဲ့မှာ အမှန်ပါပဲ။

    (ဒေါက်တာစိုင်းလတ်သည် Human Geography Ph.D. ဘွဲ့ကို ကနေဒါနိုင်ငံ ဆိုင်မွန် ဖရေဇာ တက္ကသိုလ်မှ ရရှိသည်။ လတ်တလော York တက္ကသိုလ်၏ ယော့ခ် အာရှလေ့လာရေးစင်တာ၏ သုတေသီအနေဖြင့် ပဋိပက္ခ၊ လုံခြုံရေး၊ ဌာနေရပ် ရွှေပြောင်းရေးကိစ္စရပ်များကို သုတေသနပြုနေသည်။)

    ဧရာဝတီမှ ကူးယူဖော်ပြသည်။

    Like

  5. U Myo Gyi
    Yesterday at 1:06pm ·
    ရုပ်ရှင်ကားတစ်ကားကိုစမ်းစစ်ခြင်း
    @
    အုတ်ကြားမြက်ပေါက်များသိစေလို။

    အန္ဒိယ(ဘောလီးဝုဒ်း)ရုပ်ရှင်ကားဆိုရင် ကမ္ဘာပေါ်မှာမသိသူရှား မကြည့်သူရှားပါးသလောက်ပါပဲ။ အန္ဒိယရုပ်ရှင်ကားရဲ့ အဆင့်အတန်းက ဟော်လီးဝုဒ်းထိ တိုးဖေါက်နိုင်တဲ့ အရည်ချင်းမှီ အဆင့်တန်းမှီ ရုပ်ရှင်ဇာတ်ကားတွေပါပဲ။

    အခုစမ်းစစ် ဝေဖန်ပြမဲ့ ရုပ်ရှင်ဇာတ်ကားကြီးက သက္ကရာဇ် နှစ်ထောင်ပြည့်နှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာကျော် သွားတဲ့ ရုပ်ရှင်ဇတ်ကားကြီး မင်းသားက ကမ္ဘာကျော်မင်းသား ရှာရွှတ်ခါန် မင်းသမီးက မနီးရှားနှင့်ပြီတီဇင်တာ ဒါရိုက်တာ ကမ္ဘာကျော် တမီလ်းဒါရိုက်တာကြီး မနီးရသာမ် နောက်ခံတေးဂီတာ ကမ္ဘာကျော် ဂရေမီဆုပိုင်ရှင် Music Driector AR.Raman ရုပ်ရှင်ဇာတ်ကား နာမည်က Dil Se ဒီဇာတ်ကား အကုန် အန္ဒိယ အပျံစားတွေ စုစည်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား။

    ဒီဇာတ်ကားရဲ့ သီချင်းတစ်ပုဒ်ဆို အခုထိ ကမ္ဘာကျော်တုန်း သွားနေတဲ့ ရထားပေါ် ကပြီး အံ့မခန်းရိုက်ပြထားတာ သီချင်းနာမည်က ချန်ယာ ချန်ယာ ချန်ယာ ဆိုပြီး။

    ဒီဇာတ်ကားကြီးမှာ ဟော်လီးဝုဒ်အထိ ကြောက်ခမန်းနီးပါး အောင်မြင်ခဲ့တာ ဇာတ်လမ်းကို တိုရင်း လိုရှင်းပဲပြောမယ်။

    ခေါင်းဆောင်မင်းသား ရှာရွှတ်ခါန်က Tv chennal သတင်းဌာနက သတင်းထောက် ခေါင်းဆောင်မင်းသမီး မနီရှားက ကပ်ရှမီးယား ခွဲထွက်ရေး အဖွဲ့တစ်ဖွဲ့ထဲက နိုင်ငံတော် အကြီးအကဲကို လုပ်ကြံဖို့ ခိုင်းခြင်းခံရသူတစ်ယောက်။

    အန္ဒိယ ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်း ရုပ်ရှင်ရိုက်ကွင်း သဘာဝ နောက်ခံတေးသီချင်း ပြောစရာမလို အင်မတန် စိတ်ဝင်စားဘွယ်ကောင်းတဲ့ ကြည့်သူတွေ သည်းခြေကြိုက် ဇာတ်ကားတစ်ကားပါပဲ။

    ဇာတ်လမ်းသဘော သဘာဝအရ မင်းသားက တာဝန်အရ သတင်းသွားယူရင် မင်းသမီးလေးနှင့် တွေ့ဆုံ မင်းသမီးလေးကို အရူးအမူးစိတ်ဝင်စား မင်းသမီး မင်းသားကို စိတ်ဝင်စားသော်လည်း သူ့ရဲ့ တော်လှန်ရေး တာဝန် အထက်အမိန့်အရ မင်းသားကို ချစ်သော်လည်း အောင့်ကာနေသလို သူဘာလည်းဆိုတာ မင်းသားသိမှာကိုလည်း စိုးရိမ် ဇာတ်ရှိန်က အလွမ်း အဆွေး ရသစုံ စွဲမက်စရာပါပဲ။

    ဇာတ်လမ်းအဆုံးမှာတော့ ထုံးစံအတိုင်း မင်းသမီးက သူ့အစီစဉ်အတိုင်း အခန်းအနားတစ်မှာ နိုင်ငံတော်အကြီးအကဲကို အသေခံဗုံးခွဲဖို့ ပြင်နေချိန် မင်းသားက သိသွားပြီး တားဆီးရင်းကနေ နှစ်ယောက်လုံး ဗုံးကွဲပြီး ဆုံးသွားလေတယ်။

    ဒီဇာတ်ကားဟာ အော်စကာ နော်မနေးရှင်းအထိပါလာခဲ့တယ်။

    ဒါဘယ်မဲ့ ဒီဇာတ်ကားကို အန္ဒိယ အကယ်ဒမီပေးပွဲမှာ နောက်ခံတေးဂီတဆုကလွဲ ဘာဆုမှမပေးခဲ့ဘူး။ ဒါကြောင့်ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။

    အန္ဒိယ ရုပ်ရှင်ကောင်စီအပါအဝင် အနုပညာအသိုင်းဝိုင်းကတော့ ဒီဇာတ်ကားကို အကယ်ဒမီဆုမပေးရခြင်းကို အခုလို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့ပါတယ်။

    ”Dil Se”ဟာ ကမ္ဘာကျော် အုတ်အုတ်သောင်းသောင်း အောင်မြင်ခဲ့တာ မှန်ပေတယ်။ ဒါဘယ်မဲ့ ဒီဇာတ်ကားကြောင့် လူငယ်တွေ အတုယူမမှားမိစေရန်နှင့် တစ်ခြားသော လူမျိုးရေး ဘာသာရေး အမုန်းပွါးမှု မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် အကယ်ဒမီဆုတွေ မပေးခဲ့ဘူး”ဆိုပြီးရှင်းပြခဲ့တယ်။

    ဆိုလိုချင်တာက အန္ဒိယရုပ်ရှင်လောကသားတွေဟာ ဘယ်လောက်ထိ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး ပြည်သူလူထုကို ဘယ်လောက်ထိ တန်ဖိုးထား အသိဥာဏ်တိုးပွါးစေအောင် အချင်းချင်းအမုန်းမပွါးအောင် စိတ်ရင်းစေတနာမှန် ပညာပေးလည်းဆိုတာပါပဲ။

    သေချာတာကတော့ အန္ဓိယရုပ်ရှင်လောကမှာ အုတ်ကြားမြက်ပေါက်မရှိသလောက် ရှားပါးလို့ပါပဲ။

    မိတ်ဆွေများအားလုံး အသိဥာဏ်တိုး မေတ္တာစိတ်မွေးဖွါးနိုင်ကြပါစေ။

    Bellah Maxic(အတွေးတစ်စ)

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s