ဗိုလ်နေဝင်း တက်လာတော့ လူမျိုးခြားတွေကို ရန်ရှာတယ်။ တိုင်းပြည်ကို စွန့်ခွာသွားရတဲ့ လူမျိုးခြားတွေ အုံနဲ့ ကျင်းနဲ့။ တိုင်းပြည်ကို တကယ်တိုးတက်စေချင်ရင် လိုအပ်တဲ့စနစ်က ဒီမိုကရေစီ မဟုတ်ဘူး။ မရစ်ထောခရစီ (MERITOCRACY) ဆိုတဲ့ အရည်အချင်းရှိသူကို အရာထား၊ နေရာပေးတဲ့ စနစ်သာ ဖြစ်ပါတယ်။

Atta Kyaw

ကျွန်တော်တို့ လူဖြစ်စ ၁၉၆၀ ပြည့်လွန်နှစ်များက ဗမာပြည်မှာ ဘာသာကွဲ လူမျိုးကွဲ ပေါင်းစုံ အေးအေးချမ်းချမ်း အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြတာပါ။ ကုလားလို့သာ ခေါ်တာ၊ ဟိန္ဒူ၊ တမီ(လ်)၊ ဆစ်(ခ်) (ပန်ချာပီ)၊ ဂေါ်ရခါး၊ ဇေဒဗာရီဆိုတဲ့ မူကွဲအမျိုးမျိုး၊ မူစလင်ဘာသာ ကိုးကွယ်တဲ့ ဗမာနဲ့ တခြားတိုင်းရင်းသားတွေ။ အနောက်တိုင်းသားနဲ့ ဗမာ သွေးနှောတဲ့ ကပြားတွေ၊ တရုတ်တွေ၊ ရဟူဒီ ဂျူးတွေ စုံတကာ့ကို စေ့နေတာ။

တပ်မတော်မှာလည်း အဆင့်မြင့်ရာထူးကြီးတွေမှာ T Cliff လို၊ တန်ယုဆိုင်လို၊ နာမည်နဲ့ကို လူမျိုးခြားမှန်း သိသာသူတွေကို နေရာပေးခဲ့တဲ့ ခေတ်။ အရည်အချင်းကို တန်ဖိုးထားတဲ့ခေတ်။

ဂျာမန်တွေ ဆင်းရဲတာ ရဟူဒီတွေကြောင့်ဆိုတဲ့အစွဲနဲ့ ဟစ်တလာက ဂျူးတွေကို သုတ်သင်ခဲ့တာလောက်သာ မဆိုးတာ၊ ဗိုလ်နေဝင်း တက်လာတော့ လူမျိုးခြားတွေကို ရန်ရှာတယ်။ တိုင်းပြည်ကို စွန့်ခွာသွားရတဲ့ လူမျိုးခြားတွေ အုံနဲ့ ကျင်းနဲ့။ သူ့ရဲ့ မဟာ အတွေးအခေါ်က လူတော်လူကောင်း အလို မရှိ၊ လူကောင်း လူတော်သာ နေရာပေးရမယ်ဆိုတဲ့ သူ့အလိုတော်ရိများကိုသာ နေရာပေးရေးမူ။

သူ ၂၆ နှစ်တာ မှားခဲ့တဲ့အမှားကို အခုလူတွေက အမွေဆက်ခံနေကြဆဲ။

တိုင်းပြည်ကို တကယ်တိုးတက်စေချင်ရင် လိုအပ်တဲ့စနစ်က ဒီမိုကရေစီ မဟုတ်ဘူး။ မရစ်ထောခရစီ (MERITOCRACY) ဆိုတဲ့ အရည်အချင်းရှိသူကို အရာထား၊ နေရာပေးတဲ့ စနစ်သာ ဖြစ်ပါတယ်။

နူနူ ဝဲဝဲ ကျိုးကျိုး ကန်းကန်း၊ ဘာဘာသာပဲ ကိုးကွယ် ကိုးကွယ်၊ ဘာလူမျိုးပဲ ဖြစ်နေဖြစ်နေ၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ မိန်းမလျာ၊ ယောက်ျားလျာပဲ ဖြစ်ဖြစ်၊ အရည်အချင်းသာ တကယ် ရှိလို့ကတော့ နယ်ပယ်တိုင်းက ထိပ်တန်း နေရာတွေမှာ အရာထားကြ၊ နေရာပေးကြတဲ့ လူ့ဘောင်တွေ၊ နိုင်ငံတွေသာ ထိပ်တန်းရောက်မြဲဆိုတာကို နွားခြေရာခွက်ထဲက ရွှေလို့ ကိုယ့်ကိုယ်ကိုယ် သမုတ်နေကြတဲ့ ရွှေရည်စိမ်တွေ သိအောင် တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးသူတိုင်း ဝိုင်းဝန်း လုပ်ဆောင်ကြပါစို့လားဗျာ

(လွန်ခဲ့တဲ့ ၄ နှစ်က အမှတ်တရမှာ ဒါလေး ပြန်ပေါ်လာလို့ ရေးလိုက်တာပါ။

ATK

ခုဖြစ်နေတဲ့ မိတ္ထီလာကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောပါဦးလို့ တစ်ယောက်က မေးလာပါတယ်။

ကျွန်တော် ငယ်ငယ်လေး လောပိတမှာ နေကတည်းက မူဆလင် သူငယ်ချင်း ရှိခဲ့ပါတယ်။ တောင်ကြီးကျောင်း၊ မန္တလေးကျောင်းတွေ ပြောင်းနေခဲ့ရတော့လည်း မူဆလင်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာ၊ ဆစ်(ခ်) ကိုးကွယ်သူ အများအပြား၊ တိုင်းရင်းသား လူမျိုး အများအပြားအပြင် ကျွန်တော်တို့ခေတ်က မြင်နေရသေးတဲ့ ဥရောပတိုက်သား မျက်နှာဖြူ သွေးနှောသူ ကပြားပေါင်းစုံနဲ့လည်း ဖက်လှဲတကင်း သူငယ်ချင်း တော်ခဲ့ဖူးပါတယ်။

ကျွန်တော့်ကို တကယ့်မိုးထဲရေထဲမှာ ကိုယ်ကျိုးမကြည့်ဘဲ ကူညီခဲ့ဖူးသူတွေထဲမှာ နာမည်တောင် သိခွင့် မရလိုက်တဲ့ မူဆလင် ဘာသာဝင်များနဲ့ နှစ်ကြိမ်တိတိ ကြုံခဲ့ဖူးတယ်။

ကျွန်တော့်ဘ၀ပျက်အောင် အလဲထိုးခဲ့ဖူးသူက လူမျိုးခြား၊ ဘာသာခြား မဟုတ်ပါဘူး။ ကျွန်တော့်ကို ညိုးသူ ရန်ဘက်သဖွယ် တိုက်ခိုက်နေ၊ ကွယ်ရာက အတင်းပြောနေသူတွေထဲမှာလည်း လူမျိုးခြား၊ ဘာသာခြားတွေ မရှိသလောက် နည်းပါတယ်။

သြစတြေးလျနိုင်ငံသားတွေနဲ့ နေ့စဉ်ဆက်ဆံ အလုပ်လုပ်ခဲ့ဖူးတာ ၁၃ နှစ်ကြာခဲ့ပါတယ်။ ယေဘုယျအားဖြင့် သြစတြေးလျံတွေဟာ သဘောမနော ကောင်းကြတယ်၊ ပွင့်လင်းဖော်ရွေကြတယ်။ ဒါပေမယ့် သူတို့အမှား၊ သူတို့ရဲ့ ညံ့ဖျင်းမှု၊ သူတို့ရဲ့ လူမဆန်မှုတွေအတွက် ကျွန်တော့်ကို အလုပ်က ထုတ်လိုက်တဲ့သူတွေကလည်း သြစတြေးလျံတွေပါပဲ။ (တမြန်မနေ့ကပဲ တစ်ဌာနတည်း ဖြစ်ခဲ့ပေမယ့် လူချင်း မဆုံခဲ့ဖူးသူ သြစတြေလျံ တစ်ယောက်က သည်ဖြစ်ရပ်ကိုသိတော့ သူတို့ဌာနရဲ့ မမျှတတဲ့ အဲဒီ့လုပ်ရပ်အတွက် ကျွန်တော့်ကို နှစ်ကြိမ်တိတိ အနူးအညွတ် တောင်းပန်သွားပါသေးတယ်။)

ပြောချင်တာက ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် ဆိုးသူ ကောင်းသူ ရှိကြတာ ဓမ္မတာပါပဲ။ အဲဒါကို ဟိုလူမျိုး၊ ဟိုဘာသာဝင်ဆိုရင် မကောင်းဘူး၊ မုန်းတယ်ဆိုတာမျိုးက အင်မတိ အင်မတန် ကျဉ်းမြောင်းတဲ့ အမြင်ပါ။

လူမျိုးရေး/ဘာသာရေး အဓိကရုဏ်းဆိုတာ ကျဉ်းမြောင်းတဲ့ အမြင်ရှိသူတွေ၊ (အစွန်းရောက်တွေ) လှုံ့ဆော်တဲ့နောက်ကို ဆင်ခြင်တုံတရား ကင်းမဲ့သူ လူတစ်စု လိုက်မိရာက ပွားကုန်တတ်တာမျိုးလို့သာ မြင်မိပါတယ် ခင်ဗျား။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s