မိထ္တီလာအရေးအခင်း ၃ နှစ်ပြည့် အမှတ်တရ ကိုယ်တွေ.ဆောင်းပါး “ သင်္ကန်းခြုံ အကြမ်းဖက်သမား”

Aungmin Khant 

Image may contain: one or more people and textImage may contain: sky and outdoor

” ကျနော်အဖေက တောင်ကုတ်မှာ အသတ်ခံလိုက်ရတာ..”

မိထ္တီလာအရေးအခင်း ၃ နှစ်ပြည့် အမှတ်တရ ကိုယ်တွေ.ဆောင်းပါး

အစွန်းရောက် ဗုဒ္ဓဘာသာအကြမ်းဖက်သမားတွေရဲ.လက်ကနေ လွတ်မြောက်ခဲ့တဲ့ မင်္ဂလာဇေယုံ ကျောင်းက ကျောင်းသားကလေး ၂ ယောက်(တောင်တွင်းကြီးမြို.က) ကို သူတို့ပုန်းနေတဲ့ နေရာအထိလိုက်သွားပြီး ကျနော်မေးမြန်းခဲ့ပါတယ်။

မေး- မင်းအဖေရှိလား
ဖြေ- မရှိတော့ဘူး..ဆုံးသွားပြီ..
ဘယ်တုန်းက ဆုံးသွားတာလဲ လို့ မေးတော့ ကျနော့်အဖေက တောင်ကုတ်မှာ ကားပေါ်ကနေဆွဲချပြီးအသတ်ခံခဲ့ရတာပါ….လို့ ကလေးကပြန်ပြောတဲ့အခါမှာ ကျနော် တုန်လှုပ်သွားပါတယ်။ဒီကလေးကတော့ အကြမ်းဖက်ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ.လက်ကနေလွတ်မြောက်လာနိုင်ခဲ့ပေမဲ့လည်း သူ့အဖေကတော့ တောင်ကုတ်မှာ ရခိုင်အကြမ်းဖက်သမားတွေရဲ. လက်ချက်နဲ့ ဆုံးပါးသွားခဲ့ရပါတယ်။သားအဖနှစ်ယောက်စလုံး ဒီလို အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပေမဲ့ သားဖြစ်တဲ့သူကတော့ ကံကောင်းထောက်မလို့အသက်မသေခဲ့တာပါ။ဒီကလေးနှစ်ယောက်ဆီကနေ မင်္ဂလာဇေယုံ ကျောင်းမှာ ကျောင်းသားတွေနဲ့ ဆရာတွေကို အကြမ်းဖက်သမားတွေ ဘယ်လို ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတာတွေနဲ့ ဘာသာရေးအရ စော်ကားခဲ့တာတွေကို သိခွင့်ရခဲ့ပါတယ်။တချိန်မှာ ဒီကိစ္စတွေအတွက် လိုအပ်ရင် သက်သေထွက်ပါ့မယ်။ကျနော့်မှာ မှတ်တမ်းတင်ထားတာတွေရှိပါတယ်။

Mgyin Kyelay

မိထ္ထီလာအကြမ်းဖက်မှုတွေမှာ အဓိကတာဝန်
အရှိဆုံး ၀န်ကြီးချုပ် ရဲမြင့်

“ သင်္ကန်းခြုံ အကြမ်းဖက်သမား”

Image may contain: 5 people, people standing and text

ကျနော်တို့ မီးလောင်ပြာကျသွားတဲ့ ချမ်းအေးသာယာရပ်ကွက်ကို ရောက်သွားခဲ့တော့ အိမ် ၂ လုံးလောက်ပဲ မီးမလောင်ပဲ ကျန်ပါတော့တယ်။ဗလီကိုတော့ ကောင်းကောင်းမြင်နေရပါတယ်။ နောက်ဒီရပ်ကွက်က ဒုက္ခသည်တွေထားတဲ့ ဘုရားဝင်းထဲကို လိုက်သွားတော့ ဗုဒ္ဓဘာသာဝင်တွေကို ၂ နေရာမှာခွဲနေတာကိုတွေ.ရပြီး အလှုပစ္စည်းတွေပေးလိုက်တယ်။ဒါပေမဲ့ အဲဒီချမ်းအေးရပ်ကွက်ကပဲ မွတ်စလင်ဒုက္ခသည်တွေကိုတော့ တွေ.ခွင့်မရှိလို့ တွေ.ခွင့်မရခဲ့ပါဘူး။ဒါနဲ့ အဲဒီရပ်ကွက်က တာဝန်ရှိတဲ့သူ နှစ်ယောက်ကို ခင်ဗျားတို့ရပ်ကွက်က ဘာဖြစ်လို့မီးလောင်တာတုန်းလို့မေးတော့ သူတို့နှစ်ယောက်က (နှစ်ယောက်စလုံးက ဗုဒ္ဓဘာသာတွေကပါ) မိထ္တီလာအရေးအခင်းစဖြစ်တဲ့ ပထမနေ့မှာပဲ မီးစရှို.တာခံရကြောင်း အိမ်တအိမ်ပဲ မီးလောင်သွားကြောင်း နောက်နေ့မှာတော့ သူတို့ရပ်ကွက်ထဲကို ဆွမ်းခံကြွလေ့ရှိတဲ့ သင်္ကန်းဝတ်က ဓါးရှည်ကိုင်ကာရောက်လာကြောင်း ရပ်ကွက်ကို မီးရှို.မှာဖြစ်ကြောင်းပြောလို့ မရှို.ဖို့အတွက် မိမိတို့ ဗုဒ္ဓဘာသာဝင်များကတောင်းပန်ကြောင်း တောင်းပန်ရတာကလည်း ၎င်းသင်္ကန်းဝတ်က မွတ်စလင်တွေအိမ်တွေကို စပြီးမီးရှို.ရမှာကို မရှို.ရဲတဲ့အတွက် ဗမာအိမ်တွေကနေစတင်မီးရှို.မှာဖြစ်ကြောင်း ဒီလို ဗမာအိမ်တွေကို စရှို.မှ ကုလားအိမ်တွေပါ မီးလောင်မှာပေါ့ကွဟု ပြောကြောင်း ရပ်ကွက်က မလုပ်ရန်အသနားခံပေမဲ့လည်း ကိုင်ထားသော ဓါးရှည်ကို ကျနော်ကို ပြောပြသော ရပ်ကွက်တာဝန်ရှိသူ၏ ဇတ်ပိုး(ဂုတ်)ပေါ်တင်ကာ ခုတ်သတ်မည်ဟုခြီမ်းခြောက်ပြောဆိုကာ ရပ်ကွက်ကို ဗမာအိမ်များမှ စတင်၍ မီးရှို.သဖြင့် တရပ်ကွက်လုံးမီးလောင်ပြကျသွားခဲ့ရကြောင်း ပြောပြခဲ့တဲ့အတွက် ကျနော်သိခွင့်ရခဲ့ပါတယ်။ဒါက မိထ္တီလာနဲ့ ပက်သက်ပြီး အဖြစ်အပျက်လေးတခုမျှသာ .ရေးစရာတွေကကျန်ပါသေးတယ်။ .ဒီကိစ္စတွေအတွက် တရားမျှတမှုကို ပြန်လိုပါတယ်။ဒီကိစ္စဟာ ကြွေကွဲဖွယ်ရာ နာကျည်းဖွယ်ရာ မမေ့နိုင်စရာ ဖြစ်ပြီး ဒီကိစ္စမှာ ကိုယ်တိုင်ကျုးလွန်ခဲ့သူတွေ ၊ပူးပေါင်းခဲ့တဲ့သူတွေ၊တာဝန်မဲ့ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ရဲမြင့်နဲ့ လုံခြုံရေး တာဝန်ရှိသူတွေကနေ တန်ရာတန်ကြေး ကို ပြန်လိုချင်တယ်….ဒါပါပဲ။

Khin Maung Htun 

၂၀၁၃ခုနှစ်မတ်လ၂၅ရက် မိတ္ထီလာ

ဒုတိယကမ္ဘာစစ်ကဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့မြို့တစ်မြို့အလား တစ်မြို့လုံးမီးတောက်လောက်ထားတဲ့မြို့ထဲကိုရောက်ခဲ့တယ်။ယူဆောင်လာတဲ့ပစ္စည်းတွေကိုခွဲဝေပြီးအပြင်မထွက်ရဲလို့ပိတ်မိနေတဲ့လူတွေကိုဟိုနားနည်းနည်း ဒီနားနည်းနည်းကယ်ထုတ်ခဲ့ရပြီးဖုန်းဝင်လာခဲ့တယ်။မြင်တော်ကန်မှာလူတစ်ရာကျော်လောက်ရှိသေးတယ်ပြောလာတော့ကျွန်တော်နဲ့အတူ အားလုံးငါးယောက် မြင်တော်ကန်ဘက်ကိုထွက်လာခဲ့တယ်။မြင်တော်ကန်ဆိုတာကတော့ ဒီဘက်ခေတ်အသစ်နေရာပေးထားတဲ့သင်္ချိုင်းကုန်းပါ။ အဲဒီကိုရောက်တော့ ဟုတ်ပါတယ် ဒီမနက်ပဲဘေးမှာရှိတဲ့စစ်တပ်အကူအညီနဲ့ကယ်ဆယ်ရေးစခန်းတွေကိုပို့လိုက်ပြီဆိုလို့ စိတ်အေးခဲ့ရတယ်။

Image may contain: outdoor

စိတ်မအေးတာက အခုမှတွေ့တယ် မွတ်စလင်သင်္ချိုင်းကထွက်တော့ မီးလောင်နေဆဲအပုံလေးပုံတွေ့ခဲ့ရတယ်။ဒီအကြောင်းကိုအဲဒီမှာရှိတဲ့လူပြောပြလို့အလုံးစုံသိခဲ့ရတယ်။“ကျွန်တော်တို့ဗျာသုံးရက်ရှိပြီ မီးရှို့ထားတာအခုထိလောင်တုန်းဘဲ အနံ့တွေမခံနိုင်လို့လူပြောင်းပြီးလုပ်နေရတယ် ၊စက်ကလည်းမနိုင်တာနဲ့အခုလိုအပြင်မှာလေးပုံခွဲပြီး မီးရှို့ထား၇တာဗျ ”ထားပါတော့ဗျာ…ဒါကတော့ဘာမှမပြောလိုတော့ပါဘူး။

Image may contain: outdoor, water and nature

ကျွန်တော်ပြောချင်တာက ဒိလူတွေဘယ်သူတွေလည်း? ။လူတွေဟာသေတစ်နေ့ မွေးတစ်နေ့ဆိုပေမဲ့ ကောင်းသောမွေးဖွားခြင်းနဲ့ကောင်းသော သေဆုံးခြင်းကိုဘဲလိုချင်ခဲ့ကြတာပါ။ဒါပေမဲ့အခုသူတို့ကြုံတွေ့ခဲ့ကြရတာက မောင်ဖြူလား၊မောင်နီလား၊ဗုဓ္ဒဘာသာလား၊အစ္စလာမ်လား၊ခရစ်ယာန်လားဆိုတာကိုတောင်သူတို့တွေကိုမခွခြားနိုင်တော့ဘဲ အဲဒီမြို့ရဲ့အမှိုက်သိမ်းကားထော်လာဂျီ လေးစီးနဲ့တစ်စီးကို တစ်ပုံဖြစ်သလို ဘ၀ကိုနိဂုံးချုပ်ခဲ့ရတယ်ဆိုတာဘယ်သူမှငြင်းလို့မရပါဘူး။သေချာပါတယ် သူတို့တွေဟာ လူတွေဆိုတာကို ဘာမှသတ်သေပြစရာမလိုပါဘူး။

Image may contain: outdoor and water

ကျွန်တော်ပြောချင်တာက အဲဒီထဲမှာ ခင်ဗျားမိသားစု၊ခင်ဗျားမိတ်ဆွေ အပေါင်းအသင်းဖြစ်ခဲ့ရင်ဘယ်လိုခံစားမှာလည်း။တကယ်တမ်းကြတော့သူတို့တွေဟာ ဘာအတွက်အသက်ပေးခဲ့ကြတယ်ဆိုတာ သူတို့ကိုယ်သူတို့သိလိုက်ကြမှာတောင်မဟုတ်ဘူး။

ဒီအတိုင်းသာကျွန်တော်တို့တိုင်းပြည် ရှေ့ဆက်သွားမယ်ဆိုရင် လုံခြုံတဲ့ ဘ၀တွေကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲဖြစ်မှာပါ။တာဝန်ရှိသူဆိုသူတွေကတာဝန်မဲ့နေကြတယ်။တာဝန်မဲ့မှု့တွေနဲ့တည်ဆောက်ထားတဲ့တိုင်ပြည်ကြီးဖြစ်နေမှာပါပဲ။ ဘက်နှစ်ဘက်အမြင်ဝါဒနဲ့ကြီးပြင်းခဲ့ကြတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်းကာလတွေဟာ အဆိုးဘက်ကိုဆွဲခေါ်သွားခဲ့တာပဲဖြစ်တယ်။တစ်ဖက်လူက ၁၀၀% မှန်တယ်လို့ယးဆရင် ကျန်တစ်ဖက်က ၁၀၀% မှားနေလို့ပေါ့ ….။ဒါဟာအဓိပါယ်မဲ့တဲ့ထင်မြင်ယူဆချက်ပဲဖြစ်မယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချဖို့ဆိုတာ တစ်ဖက်စကားကိုနားထောင်ပြီး ကျန်တစ်ဖက်စကားကိုနားမထောင်ခဲ့ရင် အမှန်တရားဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးဖြစ်ရတဲ့အကြောင်းအရင်းတွေရဲ့အစက ခေတ်အဆက်ဆက် စနစ်တကျတည်ဆောက်ထားခဲ့တဲံ့အာဏာရှင်တွေရဲ့ အသုံးချခြင်းကိုခံခဲ့ရတယ် ။ဘ၀တွေပျက်စီးပြီးနစ်နာခဲ့ကြတာကတော့မြန်မာနိုင်ငံသားတွေပြဲဖြစ်ပါတယ်။

photo: KMT

မေ့လို့မရပါ မိထ္ထိလာ

နှစ်ပါတ်လည်နေ့ အတွက် လွမ်းဆွတ်ခြင်း

No automatic alt text available.

Image may contain: motorcycle and outdoor

Image may contain: people standing and text

Image may contain: one or more people and outdoor

Image may contain: one or more people, people standing and outdoor

Thant Zin Oo

Image may contain: 1 person, standing

လွန်ခဲ့တဲ့လေးနှစ်က ဒီလိုနေ့ ဒီလိုအချိန် မိတ္ထီလာမှာ ကျွန်တော်အပါအဝင် သတင်းအမား၉ယောက်ကို သင်္ယန်းဝတ်ထားပြီးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်စုက တုတ်ဓားတွေနဲ့ရန်ပြုကြတယ်။ ရန်ပြုရတဲ့အကြောင်းရင်းက မိတ္ထီလာဈေးနားက ဈေးဆိုင်တန်းတစ်ခုကို ဝင်ရောက်ဖျက်ဆီး မီးရှို့နေတာကို သတင်းသမားတစ်ယောက်က ဓာတ်ပုံရိုက်တာ တွေ့သွားကြလို့ပါ။ ကျွန်တော်တို့ကားကိုဝိုင်း ကင်မရာတွေဖျက်ဆီးမယ်လုပ် သူတို့တောင်းတာမရလို့ ကိုဂျေကိုကားပေါ်ကဆွဲချ ကားပေါ်ကဦးခင်မောင်ဝင်းကို ဓားနဲ့ထောက်ကင်မရာတောင်း ကိုသူရက စပြီးလူကိုဘာမှမလုပ်ပါနဲ့ ကဒ်တွေပေးပါမယ်လက်အုပ်ချီတောင်းပန်တော့အကုန်လုံးလက်အုပ်ချီတောင်းပန် ကဒ်တွေထုတ်ပေး အဲဒီအချိန် သူတို့ထဲကတစ်ယောက်က ကားကိုထုပြီးသွားခွင့်ပေးလို့ အားလုံးဘာမှမဖြစ်ခဲ့။
သင်္ယန်းဝတ်ထားတဲ့သူတွေ ဓားကိုင်ထားပြီးပြောတဲ့စကားက “ဒီကောင်တွေငါတို့ကို ဓာတ်ပုံရိုက်တယ်´´ `´ရိုက်ကွာ ဒီကောင်တွေကို ´´ “မင်းတို့အားလုံးသေသွားချင်လား´´ စတာတွေပေါ့။ (ဒီဇာတ်လမ်းမှာ မပြောလိုက်ရတာတွေရှိသေးတယ်ရှည်မှာစိုးလို့မရေးတော့) အခုလည်း အမှန်တရားအတွက် အဓမ္မဝါဒီတွေ ကို ဖော်ထုတ်ရေးသားတဲ့ ကိုဆွေဝင်းရဲ့ ပုံရိပ်ကို ဖျက်ဖို့ကြိုးစားကြတယ်။ အဓမ္မဝါဒီတွေကြီးစိုးခွင့်ရဖို့ သူတို့ကဘာမဆိုလုပ်ကြမှာပဲ ဒါတွေကိုဖော်ထုတ်တဲ့ သတင်းသမားတွေ ကို မိတ္ထီလာဖြစ်စဉ်တုန်းကလိုပဲ မရရသလို တားဆီး ကြမှာပဲ။ အမှန်တရားနိုင်ပါစေ အဓမ္မဝါဒီတွေကျဆုံးပါစေ။

“ဒီကောင်တွေငါတို့ကို ဓာတ်ပုံရိုက်တယ်´´
`´ရိုက်ကွာ ဒီကောင်တွေကို ´´
“မင်းတို့အားလုံးသေသွားချင်လား´´
(သတင်းသမားတွေကို ကာကွယ်ပေးတဲ့ ခိုလှုံခွင့်ပေးတဲ့ ဈေးကုန်းကျောင်းတိုက်ကဆရာတော်ကိုဦးတင်ပါတယ် ပဋိပက္ခ အတွင်း လူ့အသက်များစွာကို စောင့်ရှောက်ပေးခဲ့တဲ့ဆရာတော်ကိုလည်းဦးတင်ပါတယ်) ဓာတ်ပုံကိုတေဇာလှိုင်

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s