ရှာဖွေ ဝရမ်းထုတ် ဖမ်းဆီးခွင့် ပြုလိုက်ရင် အောင်ဝင်းခိုင် နောက်ဆုံး ထွက်ပြေးပြီး ခြေရာဖျောက် သွားတဲ့ နေရာက ပထွေးအများစု နေထိုင်ရာ အရပ်ဒေသ ဖြစ်တဲ့ အပြင် အစဆွဲ မိလို့ သူ့ အမေ လင်တွေပါ ပါလာကုန်ပြီး သူ့ အနာဂတ်ပါ ရိပ်မိလို့ ထင်ပါ ရဲ့ ဖျာ့

Win Moe

ဟဲ့……..ပေါ်ဦး
မနေ့ က လူငယ်လေးတွေ
ရုံးထုတ်တယ် ကြားတယ် ပုံရိပ်တွေ တွေ့ရဲ့လား ဟဲ့။

No automatic alt text available.

မှန်ပါ ….
တွေ့မိ ကြောင်းပါ ဖျာ့။

လူငယ်လေးတွေ
ကျန်းမာရေး ကော ကောင်းရဲ့လား ဟဲ့။

မှန်ပါ …..
ကျန်းမာရေး ကောင်းတဲ့
အပြင် အင်္ကျီ အဖြူ စတစ်ကော်လံ
လေးတွေနဲ့ ပိုတောင် သန့်ပြန့်လာကြောင်းပါ ဖျာ့ ။

အိမ်း ကောင်းလေစွ
ငါတို့ နိုင်ငံ အချုပ်သား လူ့အခွင့်ရေး
ဒီအစိုးရ လက်ထက် အပြည့်အဝ ရရှိနေပြီ ထင်ပါ့ ကွယ် *

သူ့ချည်သာလော ပေါ်ဦး ရဲ့

မှန်ပါ …..
ရုံးထုတ်တာ တစ်ခါမှ
မမြင်ဖူးတဲ့ အန်စာတုံး ကားလေးနဲ့ ပါ ဖျာ့ ။

ဟဲ့ ….ပေါ်ဦး

ထွက်ပြေးနေတဲ့ အောင်ဝင်းခိုင်ကို
တစ်နိုင်ငံလုံး ရှာဖွေ ဝရမ်းထုတ် ဖမ်းဆီးခွင့်
ပြုဖို့ ရှေ့နေက တရားသူကြီး ထံ တောင်းဆိုတယ် ဆို ။

မှန်ပါ ….
တောင်းဆို ခဲ့ပါ သော်လည်း
တရားသူကြီးက ပယ်ချလိုက်ပါတယ် ဖျာ့ ။

ဘယ်လို ကြောင့် :3

တရားခံ ကို မိဖို့
ခွင့်ပြု သင့်တာလေ ကွယ် ဒီတရားသူကြီး
ဒီ လောက်လေးတောင် မသိရော့ လေသလားကွယ် *

မှန်ပါ …..
ဇာတ်လမ်း အရ ခွင့်ပြု သင့် ပါ သော်လည်း
ဒါရိုက်တာ က ခွင့်မပြု ခိုင်းဘူး ကျော်သွား ခိုင်းပါတယ် ဖျာ့ ။

ဟေ …ဘယ်လိုကြောင့် :3 ပေါ်ဦးရဲ့

မှန်ပါ …..
ရှာဖွေ ဝရမ်းထုတ်
ဖမ်းဆီးခွင့် ပြုလိုက်ရင် အောင်ဝင်းခိုင်
နောက်ဆုံး ထွက်ပြေးပြီး ခြေရာဖျောက် သွားတဲ့ နေရာက

ပထွေးအများစု နေထိုင်ရာ
အရပ်ဒေသ ဖြစ်တဲ့ အပြင် အစဆွဲ မိလို့ သူ့ အမေ
လင်တွေပါ ပါလာကုန်ပြီး သူ့ အနာဂတ်ပါ ရိပ်မိလို့ ထင်ပါ ရဲ့ ဖျာ့ ။

သူ့ချည်သာလော ပေါ်ဦးရဲ့ …

မှန်ပါ ကြိုးဆွဲချ သေနည်းလေး နဲ့ ပါ ဖျာ့ ။

ဟဲ့ ..ဟိုတလောက
လွှတ်တော်မှာ အတည်ပြု မဲခွဲ သွားတဲ့
ချောင်းဆုံ တတား ရလာဒ် ပြောစမ်းပါ အူး ဟဲ့ *

မှန်ပါ …
လွှတ်တော်မှာ ဒီမိုကရေစီ
သဘောတရားအရ မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ
ကန့်ကွက်မဲ ကြားနေမဲ တွေ ရှိတဲ့ အနက် ထောက်ခံမဲ အများဆုံးနဲ့

ချောင်းဆုံ တတာံးကို
ဗိုလ်ချုပ်အောင်ဆန်း အမည်နာမ ရေးထိုးခွင့်
ရရှိခဲ့ ပါသော်လည်း ကြံ့ခိုင်ရေး အမတ်ကတော့ ဒီမိုကရေစီ

အနိုင်ကျင့်မှု့ ကြောင့်
ပြည်သူတွေရဲ့ သဘောထား ကို အာဏာရှင်
စနစ် ဆန်စွာ အနိုင်ကျင့် သွားတယ်လို့ ဝေဖန်ကြောင်းပါ ဖျာ့ ။

ဒီတံတား အမည်နာမ
ရေးထိုးမှု့ ကို မကျေနပ်တဲ့ မွန်ပြည်နယ်
ဒေသခံ အချို့ နဲ့ သူတို့ တစ်သားတည်း ရှိကြောင်း

ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ် ဖျာ့ ။

သူ့ ချည်းသာလော …ပေါ်ဦးရဲ့

မှန်ပါ ဖျာလေးတစ်ချပ်နဲ့ ပါ ခင်းပြီး ထိုင်စောင့်နေပါတယ် ဖျာ့ ။

ဲဟဲ့ …..ပေါ်ဦး

ဟိုတလောက တရားပွဲ
ပိတ်ခံရတဲ့ ကိုယ်တော် သတင်းရော
ဘာကြား မိသေးလဲ ကွဲ့ မဟောတော့ဘူး မှတ်လား *

မှန်ပါ
မဟော တော့ပါဘူး ဖျာ့ ။

အိမ်း ကောင်းလေ စွ
ဒီ ကိုယ်တော် ဥပဒေ လိုက်နာ သားပဲ ကွဲ့ *

မှန်ပါ
မဟောတော့ ဘူး ဆိုပေမယ့်
ပလ္လင် ပေါ်တော့ တက်နေ တုန်း ဖျာ့။

ဟေ ….သူ့ချည်းသာလော ပေါ်ဦး ရဲ့

မှန်ပါ….
ပါးစပ် ကို တိတ်ကပ်
ဝဇီပိတ် တရားလေးနဲ့ ပါ ဖျာ့ ။

ဟဲ့ …ပေါ်ဦး

ပြည်တွင်းရော တရားဥပဒေ စိုးမိုးရဲ့ လား

မှန်ပါ …
ပြည်သူတွေ ကျီးလန့်စာစား မလုံခြုံ
ဒီကြားထဲ ငြိမ်းချမ်းရေး အသံ နီးကပ်လာတိုင်း
တိုက်ပွဲတွေ ပြန်လည် စတင်လာပြီး ပြည်သူတွေဘဝ မလုံခြုံပါ ဖျာ့

ဟေ …လက်ရှိအစိုးရ
က အာဏာနဲ့ မတားနိုင်ဘူးလား ကွဲ့

မှန်ပါ
လက်ရှိ အာဏာရ အစိုးရ မတားနိုင်ပါဘူး ဖျာ့
ပြည်တွင်းရဲ့ အုပ်ချုပ်ရေး ကာကွယ်ရေး တရားရေး
အားလုံး လက်ရှိ အာဏာ ရ အစိုးရ လက်ထဲ မရှိ လို့ ပါ ဖျာ့

ဟေ …ဘယ်လိုကြောင့် :3

အဘယ်ကြောင့် ဆိုသော်
ဒီမိုကရေစီ စနစ်အရ အမေစု
ဦးဆောင်တဲ့ အစိုးရဟာ ရွေးကောက်ပွဲ ရလာဒ် အရ
ဦးဆောင်ခွင့် ရခဲ့သော်လည်း ရွှေရည်စိမ် ဒီမိုကရေစီ စနစ်သာ

တကယ်တမ်း လက်တွေ့ မူ ရရှိခဲ့ ကြောင်းပါဖျာ့

ဘယ်လိုကြောင့် :3 ပေါ်ဦးရဲ့

မှန်ပါ
နာဂစ်အခြေပြု လူသေ
ကောင်တွေ လတ်မှတ်ရေးထိုးထားတဲ့
ခြေဥ ကြီးကြောင့် ခွဲတမ်းကျ ဒီမိုကရေ စီအတုကြီး ပါဖျာ့ ။

ဟေ…ဒါဆို ခြေဥ ပြင်ဖို့ ကြိုးစားလေကွဲ့

မှန်ပါ ပြင်ချင်ပါသော်လည်း နားထင်တွေ အာမခံ မရပါဘူး ဖျာ့ ။

သူ့ ချည်သာလော

မှန်ပါ သေနတ်လေးနဲ့ ပါ ဖျာ ။

အိမ်း ဒါဆိုလည်း
တဖြည်းဖြည်နဲ့ ပြည်သူနဲ့ အစိုးရ လက်တွဲကူ
ပြင်ဖို့ ကြိုးစားကြပေါ့ကွယ့် ပြည်သူ ပါရင် အောင်မြင်မှာ ပါ ။

မှန်ပါ
ပြည်သူ နဲ့ အစိုးရ လက်တွဲ တူညီ
ဖေးမ ကူရင် အောင်မြင်နိုင် ကြောင်းပါ ဖျာ့ ။

သူ့ချည် သာလော ပေါ်ဦးရဲ့

မှန်ပါ ၂၀၁၇ ကြားဖြတ် ၂၀၂၀ ရွေးကောက်
ပြည်သူ အားလုံး တစ်နိုင်ငံလုံး Vote NLD လေးနဲ့ ပါ ဖျာ့ ။

တော်သေးပြီ
ဒနေ့…….. ဒလောက်ပဲ။
ဒီရက်ပိုင်း
သွေးကတိုးတော့ အငံရှောင်ထားလို့ပါ။
😸😸😸

#WM. NLD
Credit

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s