သမီးကမှာတယ် မိတ္ထီလာ ကန်အောက် ဖားကောက်ခဲ့ပါ တဲ့။ မကောက်အားသေးဘူး သမီးရယ်၊ ပြာပုံထဲက သမီးအမေ အရိုးလေး ရွေးရလို့ရငြား ရွေးကြည့်လိုက်ဦးမယ်။ မြို့ပြင်လယ်ကွင်းထဲမှာ သင်းဂြိုဟ်ခွင့်မရဘဲ ဆွေးသွားတဲ့ သမီးအဖေရဲ့ ကျန်ရစ်တဲ့ သွားလေးတွေ တွေ့လို့တွေငြား လေးလေး သွားရှာပေးမယ်။

Ye K Htwe

သမီးကမှာတယ်
မိတ္ထီလာ ကန်အောက် ဖားကောက်ခဲ့ပါ တဲ့။

မကောက်အားသေးဘူး သမီးရယ်၊
ပြာပုံထဲက သမီးအမေ အရိုးလေး
ရွေးရလို့ရငြား ရွေးကြည့်လိုက်ဦးမယ်။

မြို့ပြင်လယ်ကွင်းထဲမှာ
သင်းဂြိုဟ်ခွင့်မရဘဲ ဆွေးသွားတဲ့
သမီးအဖေရဲ့ ကျန်ရစ်တဲ့ သွားလေးတွေ
တွေ့လို့တွေငြား လေးလေး သွားရှာပေးမယ်။

No automatic alt text available.

သမီး ညီမလေး ရိုက်သတ်ခံလိုက်ရတဲ့ တုတ်ကို
အဲ့ဒီလူမဆန်တဲ့ကောင်က
ဂုဏ်ယူဝံ့ကြွားစွာ သူ့ဧည့်ခန်းမှာချိတ်ကာကြွားနေသတဲ့။

သမီးမောင်လေးကို ကြိုးဆွဲချသတ်ခဲ့တဲ့ကြိုး
အဲဒီတိရစ္ဆာန် တမြတ်တနိုးသိမ်းထားသတဲ့။

သမီးဘိုးဘိုးနဲ့ ဖွားဖွားကို ခုတ်သတ်ခဲ့တဲ့ဓား
ကျက်သရေခန်းထဲ ရွှေချထားဆိုပဲသမီး။

လေးလေးတို့ပလီကို ရိုက်ဖြိုခဲ့တဲ့ ဆယ်ပေါင်တူ
သူ့အတွက် ဂုဏ်တစ်ခုဆိုပဲ သမီး။

သမီးတို့မိသားစု
ကွန်းခိုရာနိဗ္မာန်ဘုံလေးကို ရှို့လိုက်တဲ့မီးခြစ်
သူသောက်ဖို့ဆေးလိပ်အတွက်
မသုံးရက်တော့ဘူးဆိုပဲ။

ဒီပစ္စည်းအားလုံးရဲ့ ပိုင်ရှင် အသီးသီး
သင့်လျော်ရာ အပြစ်ဒါဏ်ကျခံရရင်
သမီးက ကျေနပ်ပါပြီတဲ့လား။

လေးလေးက ကလေးမှမဟုတ်တာသမီးရယ်။

ခေါင်ထိအကုန် ဆိုတဲ့စနစ်နဲ့
အဲဒီညွှန်ကြားချက်ရေးခဲ့တဲ့ဖောင်တိန်ပိုင်ရှင်၊
အဲ့ဒီညွှန်ကြားလွှာဖြန့်ခဲ့တဲ့ Keyborad ပိုင်ရှင်တွေ၊
အဲ့ဒီညွှန်ကြားလွှာကို “ဟုတ်” လို့ အကြောင်းပြန်ခဲ့တဲ့
ပါးစပ်ပိုင်ရှင်တွေကို တရားစီရင်ခွင့်ရတဲ့နေ့
လေးလေး သေပျော်တဲ့နေ့ပေါ့သမီးရဲ့။

ကဲကဲ
သမီးက စာတောင်မဖတ်တတ်သေးတဲ့အရွယ်၊
ဘယ်နားလည်ပါ့ဦးမလဲ။

ဟို ဦးဦးတွေ အန်တီတွေ လာလှူထားတဲ့
ခေါက်ဆွဲပြုတ် သောက်ပြီး ၊
မလုံမခြုံအဝတ်အစားကြောင့် ခြင်မကိုက်ရလေအောင်
ဟိုနေ့က ခွဲတမ်းရတဲ့ စောင်စုတ်လေးခြုံ၊
သမီးတို့လို မိဘမရှိတော့တဲ့ ကလေးတွေနဲ့အတူ
ဟိုထောင့်က မြေကြီးပေါ်ခင်းထားတဲ့
ဖျာကြမ်းလေးပေါ်သွားအိပ်ချေတော့ နော်၊
လိမ္မာတယ် သွား သွား။

လေးလေးလည်း လေးလေးဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဖို့
အလ္လာကြီးဆီတိုင်တည်လိုက်ဦးမယ်။

Credit: #Patrick Tan ရေးသည်
20-3-2014

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s