အညတြသပိတ်မှောက်ကျောင်းသား

Naythit NT နဲ့ ကိုမှိုင်းတို့ စာတွေဖတ်ရတော့
စိုးအိမ်ရဲ့ “ရှင်းတမ်း”ကဗျာလေး
မျှဝေချင်တယ် ဆိုပြီး comment ပေးတဲ့ Mg Kong ရဲ့ မန့်ကို ခံစားကြည့်ကြဗျာ့။

ကျွန်တော်က
ခင်ဗျားတို့ ထဲကတစ်ယောက်
၇၄ – ၇၅ – ၇၆
တက္ကသိုလ်ရောက်တာ
“အပင်းလျှို “ရသလိုကာလ
အညတြသပိတ်မှောက်ကျောင်းသား။


သူများလိုချီတက်
သူများလိုကြွေးကြော်
သုများလိုအဖမ်းခံရ
သူများလိုထောင်ကျ
ပြည်သူတွေသောင်းသောင်းဖြဖြ
ပွဲကြည့်ကြ…
လမ်းဘေးဝဲယာလက်ခုပ်တီးကြ
ပွဲကြည့်ကြ…
ဖျော်ရည်တိုက်ကြရေတိုက်ကြ
ပွဲကြည့်ကြ….။
နဖူးတွေ့ ဒူးတွေ့ ကျတော့
ကျွန်တော်တို့ တစ်တွေပဲ
မြောင်းထဲမှောက်ကျ
ရေပြွန်ခေါင်းထဲတိုးခွေ့ ဝင်ရ
ဘုန်ကြီကျောင်းထဲခိုလှုံရ
ခြံစည်းရိုးတွေကျော်ခွ
သပိတ်ရှုံးတော့ပုန်းရှိုးကွယ်လျှိုး
တောတိုးသူတိုးကြ
မြေလျှိုးသူလျှိုးကြ။
(ပိုလန်နယ်စပ် မုန်တိုင်းတပ်တွေ
နင်းဖြတ်ဝင်ရောက်သလိုမျိုး )
ရိပ်ခနဲမပြေးနဲ့ 
လမ်းဘေးခွေးတောင် အူထွက်ရရှာ…
ကတ္တရာလမ်း မြေနီလမ်း မြက်ခင်းစိမ်း
သွေးလိမ်းပေကျံ
တချို့ ဒဏ်ရာရ
တချို့ သေကြ
တချို့ သေဒဏ်ကျ
အင်း…
တချို့ ဆို မသေမရှင်နဲ့ သေရ။
တက္ကသိုလ်ကျောင်းသား
ထောင်ထွက်များတဲ့
အနားမကပ်ရဲ ရပ်ထဲရွာထဲ
ဒီကောင်တွေလာရင် လူရှဲ
ဒါတွေဟာလဲ
သမိုင်းရဲ့ကြီးကောင်ဝင်စအရွယ်မှာပဲ။
တက္ကသိုလ်ပရဝုဏ်ထဲမှ
တောထုတ်ခံရ
“ငါတို့ ဘာလုပ်ကြမလဲ? ”
အဲဒီခေတ်မှာ…
စပွန်ဆာမရှိ
ရှိတဲ့ဝမ်းရေး ကိုယ်ချင်းပဲဖေးမ
ဘဝကို ပွတ်ချွန်းလို မျှသောက်ကြ
တစ်ယောက်တစ်ဖွာ….
တချို့ ကတွဲဘက်မှာစာသင်
တချို့ ကမြို့ ပြမှာကျူရှင်ခိုးပြ
ဒီကြားထဲမနေနိုင်မထိုင်နိုင်
အိမ်ထောင်ကျ
ကြုံရာမှာ ယုံတာကိုမစွန့် ပဲ
ဆက်လုပ်ကြ
ကျွန်တော်တို့ ချင်းသံယောဇဉ်ကြီးကြ
ဒီရေအကျ….
သုများဒုက္ခကိုယ့်ဒုက္ခနဲ့ 
ဒုက္ခသက်ဇိုးကာလထဲ
ကျွန်တော်လဲ
ခင်ဗျားတို့ ထဲကတစ်ယောက်ပါပဲ။
ကျွန်တော်တို့ ခေတ်မှာ
လူဖြစ်လာတာကိုက
ဒုက္ခတစ်ခုခု ပုဒ်မတစ်ခုခုနဲ့ ငြိရ
ထောင်တန်းကျတယ်ဆိုတာ
ဘဝကိုဒါနဝတ္တုတစ်ခုခုပမာ
စေတနာသုံးတန်ပြတ်ရ။
မာနကြီးစရာလိုလို ဂုဏ်ယူစရာလိုလို
ဒင်းတို့ နဲ့ စည်းခြားရပ်နေတာကိုက
မင်္ဂလာ။
တောခွေးအဝိုင်းခံရတဲ့သားကေင်ပမာ
အသက်ရှူကြပ်တည်း
အမြဲဂုဏ်ထူးဆောင်
အဖိနှိပ်ခံထောင်ထွက်များ
ဇရာတရားရဲ့ဝါးစားခြင်းကိုခံရ။
ရေအီရာမှရေထ
သပိတ်သံသရာတစ်ခါလည်
ထုံးစံအတိုင်း
သတ်ဟယ်ဖြတ်ဟယ်
ပစ်ဟယ်ခတ်ဟယ်
ထိုးဟယ်ကြိတ်ဟယ်
ဖမ်းဟယ်ဆီးဟယ်
ချုပ်ဟယ်နှောင်ဟယ်
ခွေးဟောင်သံတွေကြား
တံခါးခေါက်သံပြင်းပြင်းနဲ့ 
ခြေဆောင့်နင်းသီချင်းတွေဟစ်လို့ 
၈၈
သေကြကြေကြ
ပြေးကြလွှားကြ
ပုန်းကြလျှိုးကြ
ထောင်ထပ်ကျတဲ့အထဲ
ကျွန်တော်လည်းခင်ဗျားတို့နဲ့ အတူပါပဲ။
ထောင်ဆိုပေမယ့်လည်း”တိုက် “နဲ့ 
မန္တလာသူတွေလား” ပျင်း “တယ်
ဒေါက် ခြေကျင်းနဲ့
အင်း…
တွေးကြည့်တော့
ဟိုတုန်းက လူပျိုပေါက်စ
ခုကျတော့အဘိုးအိုပေါက်စ
ဘဝတစ်လျှောက်လုံး
အားလုံးနဲအတူ
ဂုဏ်ယူစွာအမြဲရပ်
သပိတ်စခန်းမှာမှ
စိတ်ချမ်းသာတဲ့လူပေါ့။
တစ်ခုတော့ခွင့်လွှတ်ကြ
ကျွန်တော်က ပေးဆပ်သူတော့မဟုတ်
ပြည်သူအတွက်
ဘယ်သူဘယ်ဝါအတွက်မှ
အနစ်နာခံခဲ့တာမဟုတ်
မတရားလို့ တွန်းလှန်တာ
ယုံမရလို့ အုံကြွတာ
ရန်များပေမယ့်အမှန်တရားထင်လို့ 
လုပ်ခဲ့တာ
မှန်တယ်ထင်လို့ လုပ်တာ…
အများနဲ့ အတူပင်
ဖြစ်ချင်ရာဖြစ်စိတ်မညစ်ပါ
ဟောဒီလေဆန်ရေဆန်ရာဇဝင်မှာ
ကိုယ့်ဖို့ ကိုယ့်တာ
သာတယ်မထင် နာတယ်မထင်
သံဝေဂနဲ့ နောင်တမဝင်
အာဏာရှင်ဆန့် ကျင်ပွဲထဲ
ကျွန်တော်လဲပါဝင်ခဲ့
ခင်ဗျားတို့ နဲ့ အတူပင်။
ဒါကြောင့် ကျွန်တော့်တွင်
ဘယ်သု့ ကိုမျှပေးရန်
ဘယ်သူ့ ထံမှရရန်
လက်ကျန်မရှိ
စာရင်းကွက်တိကိုက်ပါ၏။
(နိုင်ကျဉ်းရဲဘော်အပေါင်းသို့ …)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s