အနီးအနားမှာရပ်ကြည့်နေတဲ့ ရဲဌာနအုပ်နဲ့ခရိုင်မှူးကို ဦးဝင်းထိန် တွေ့ခဲ့ရတယ်။ မြက်တောအုပ်အစွန်မှာ မွတ်စ်လင်မ် ရုပ်အလောင်းနှစ်ခုကိုလည်း မြင်လိုက်ရတယ်။ နောက်ထပ် ၄၅ မိနစ်အကြာကျတော့ လူအုပ်ကြီးထဲက အမျိုးသားတွေဟာ ခြုံပုတ်ထဲကနေ ကျောင်းသားငါးဦးထက်မနည်း ဆွဲထုတ်လာတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ တစ်ဦးချင်းစီကို မသေမချင်း ရိုက်နှက်ခုတ်ပိုင်းနေကြတာကို သွေးပျက်စဖွယ် တွေ့လိုက်ရပါတော့တယ်

Tin Ko Ko

July11- 2013
#TheJapanTimes တွင် ပါရှိသော
ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်မှု
(ဘာသာပြန်သတင်းဆောင်းပါး မှ )

နံနက် ၇း၃၀ နာရီလောက်မှာ အတိုက်အခံဥပဒေသမားဖြစ်တဲ့ ဦးဝင်းထိန် ရောက်လာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင် အတော်များများကို ခေါင်းစွပ်တွေနဲ့တစ်ကွ တွေ့ရတယ်။ လုံထိန်းတွေမှာ ရိုင်ဖယ်သေနတ်တွေ၊ မီးခိုးရောင် ဒိုင်းလွှားတွေ ပါတယ်။ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးကို မွတ်စ်လင်မ်တွေဆီ မရောက်အောင် ကြားထဲမှာ တန်းစီပြီး ထိန်းသိမ်းထားကြတယ်။

အနီးအနားမှာရပ်ကြည့်နေတဲ့ ရဲဌာနအုပ်နဲ့ခရိုင်မှူးကို ဦးဝင်းထိန် တွေ့ခဲ့ရတယ်။ မြက်တောအုပ်အစွန်မှာ မွတ်စ်လင်မ် ရုပ်အလောင်းနှစ်ခုကိုလည်း မြင်လိုက်ရတယ်။ နောက်ထပ် ၄၅ မိနစ်အကြာကျတော့ လူအုပ်ကြီးထဲက အမျိုးသားတွေဟာ ခြုံပုတ်ထဲကနေ ကျောင်းသားငါးဦးထက်မနည်း ဆွဲထုတ်လာတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ တစ်ဦးချင်းစီကို မသေမချင်း ရိုက်နှက်ခုတ်ပိုင်းနေကြတာကို သွေးပျက်စဖွယ် တွေ့လိုက်ရပါတော့တယ်။

ရဲအရာရှိတွေဟာ အခင်းဖြစ်နေရာနဲ့ ခြေလှမ်းအနည်းငယ်အကွာအဝေးမှာ ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့တစ်ကွ အရုပ်တွေလို ရပ်နေခဲ့ကြတယ်။ လူအုပ်ကြီးကလည်း ရောမခေတ် လူသတ်ကွင်းကပရိသတ်တွေလို ၀ိုင်းဝန်းသြဘာပေးနေခဲ့တယ်။

အမျိုးသမီးတစ်ယောက်က “ သူတို့ကို အပြတ်သာရှင်းပစ် ” လို့ အော်ဟစ်တယ်။ နောက်တစ်ဦးကလည်း “ သူတို့အားလုံးကို သတ်သာသတ်။ ငါတို့အားလုံး ဗမာ့သတ္တိပြရမယ် ” လို့ ဟစ်ကြွေးပြန်တယ်။

ဦးဝင်းထိန်မှာ ပျို့အန်တော့မတတ် ခံစားလိုက်ရတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ် နှစ်ခု အကျဉ်းကျနှိပ်စက်ခံခဲ့ရသည့်တိုင်အောင် ဒီလိုအဖြစ်မျိုး လုံးလုံးလျားလျား မတွေ့မြင်ခဲ့ဖူးလို့ဖြစ်တယ်။

ဒါနဲ့ သူက မွတ်စ်လင်မ်တွေကို အသက်ချမ်းသာခွင့်ပေးကြဖို့ လူတွေကို ဖြောင်းဖျတဲ့အခါ လူရမ်းကားအုပ်စုတွေက သူ့အပေါ် အန္တရာယ်ပြုမတတ်ဖြစ်ကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကဆိုယင် “ သူတို့ကို ကာကွယ်ဖို့ ခင်ဗျား ဘာလို့ကြိုးစားနေရတာလဲ။ ဘာလဲ – ခင်ဗျားက မွတ်စ်လင်မ်တွေကို ချစ်မြတ်နိုးနေသူလား ” ဆိုပြီး တူးတူးခါးခါးကို ပြောဆိုလာတယ်။ ရဲအရာရှိတစ်ယောက်က ဦးဝင်းထိန်ကို ရှောင်စေလိုက်တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s