အပြောက အပြောသာ ဖြစ်၍ လက်တွေ့ မှာ မူ သော်ကား အပြောနဲ့ တခြားစီ

Farida Shwe Sin Kyu

အပြောက အပြောသာ ဖြစ်၍

လက်တွေ့ မှာ မူ သော်ကား
အပြောနဲ့ တခြားစီ

မနေ့က အကယ်ဒမီ ဆုပေးပွဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် က သဝဏ်လွှာပေးပို့ ခဲ့တယ်
စကားလုံး တွေ အရမ်းကောင်းတယ်
ကိုးကွယ် တဲ့ ဘာသာက အစ္စလာမ် ဖြစ်ပေမယ့်
မြန်မာနိုင်ငံ မှာ မွေး
မြန်မာနိုင်ငံမှာ ကြီး
ဗမာ သွေး ၇၅% ပါတဲ့
ကျွန်မ
အနှစ်ခြိုက်မိဆုံးကတော့
ရုပ်ရှင် အနုပညာသည်
Soft Power ဖြစ်တယ် ဆိုတဲ့ စကားရပ်ပါပဲ

ရုပ်ရှင် ရဲ့ ပါဝါ ကြီးပုံ
ပြည်သူ အများကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး စည်းရုံး နိုင်ပုံ သာဓက တွေ အများကြီးပါ

Soft Power အရမ်းကြီးတဲ့ ရုပ်ရှင်
အဲဒီ မြန်မာ့ ရုပ်ရှင် လောကရဲ့ အမြင့်ဆုံး ဆု ဖြစ်တဲ့ အကယ်ဒမီ
ဒီ အကယ်ဒမီ ပေးပွဲမှာ

အစ္စလာမ်ဘာသာ ကို လွဲမှားစွာ သေးသိမ်စွာဖော်ကျူးထားတဲ့
အထင်အမြင် လွဲမှား စေတဲ့ ပြကွက် တွေနဲ့

နောက် လူမျိုး တစုကို စော်ကားထားတဲ့ စကားလုံး တွေနဲ့
အုတ်ကြားမြက်ပေါက် ဆိုတဲ့ ဇာတ်ကား ကို
ဇာတ်ကားဆု
ဒါရိုက်တာဆု အပါအဝင်
၃ ဆု ပေးခဲ့ တယ်

ဇာတ်ကားရဲ့ ရည်ရွယ်ချက် ကောင်းမွန်မှု ကြောင့် ဇာတ်ကားဆု ပေးခဲ့ခြင်း ဖြစ်ကြောင်းလဲ ကြေငြာသွားတယ်

ကျွန်မတို့ အစ္စလာမ် ဘာသာဝင်တွေ အလွန်အင်မတန်မှ
ခံစား ကြေကွဲ ဖြစ်ရပြီး

လက်တွေ့မှာ
နေရာတိုင်းမှာ
အပြောနဲ့ အလုပ်
တခြား စီ ဆိုတာ
ဒါတွေက ထပ်ဆင့် သက်သေပြနေပါတယ်

စိတ်ကုန် လွန်းလို့
အယုံကြည် မရှိတော့လွန်းလို့
Interfaith ဆိုတာတွေနဲ့
ဝေးဝေး နေခဲ့တာ တောင် ကြာပါပီ

ခုတော့
မနေနိုင်လို့
ရေးလိုက်ခြင်းပါ

အော်
Soft Power
Soft Power

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s