ကျ နော်တို့ငယ်စဉ်က ကျနော်တို့တိုင်းပြည်ကို ကျ နော် လွမ်းတယ် နှမျောတယ်- အဲ့ဒီအချိ န်က မြန်မာနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံ ချစ်ခင် ရင်နှီးစွာနေခဲ့ကြဘူးတယ်

Maung Maung

ခုခေတ်လူငယ်တွေတော့ သိကြမယ်မထင်ဘူး

ကျ နော်တို့ငယ်စဉ်က ကျနော်တို့တိုင်းပြည်ကို ကျ နော် လွမ်းတယ် နှမျောတယ်-
အဲ့ဒီအချိ န်က မြန်မာနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံ ချစ်ခင် ရင်နှီးစွာနေခဲ့ကြဘူးတယ်

သင်္ကြန်၊ကဆုန်ညောင်ရေသွန်းပွဲ၊ဝါဆိုသင်္ဃန်းကပ်၊သီတင်း
ကျွတ်၊တန်ဆောင်တိုင်၊ကထိန် အစရှိတဲ့အခါကြီးရက်ကြီး
ပွဲတော်တွေ ၊ ရပ်ကွက်ဘုရားပွဲတွေ ကျောင်းကထိန်တွေမှာ
လူမျိုးစုံ ဘာသာစုံ စုပေါင်းလှူ ဒါန်းပါဝင်ခဲ့ကြတာ ပျော်စရာ
ကောင်းခဲ့သလို….

ဝါကျွတ်အစ်နေ့တွေ ဘက္ကရီအစ်နေ့တွေ တမန်တော်မွေးနေ့တွေမှာလဲ ပျော်ပျော်ပါးပါးဘဲ

ခရစ်စမတ် တို့ ဒေဝါလီ တို့မှာလဲ ပွဲတော်ကျ င်းပတဲ့သူတွေ
ရှိကြသလို ဘာသာတိုင်း လူမျိုးတိုင်းက မုဒိတာပွား ကြည်နူး
နေကြလေ့ရှိတယ်

နတ်ကိုးကွယ်သူတွေရဲ့ တောင်ပြု န်း ရတနာ့ဂူပွဲတွေဟာလဲ
လူတိုင်းအတွက် ပွဲတွေပါဘဲ

ရန်ဖြစ်ကြတယ်ဆိုတာတော့ လူငယ်တွေကြားရှိတာပေါ့
ဒါပေမဲ့ ဟိုရပ်ကွက်နဲ့ ဒီရပ်ကွက် ဆိုတာဘဲရှိပါတယ်
ဟိုလူမျိုး ဒီလူမျိုး ဟိုဘာသာ ဒီဘာသာ ဆိုပြီး ရန်ဖြစ်ကြတယ်…..လို့ ကြားတောင် မကြားဘူး ပါဘူး

မုတ်ဆိတ်ထား အက်ျီရှည်ဝတ်တဲ့ ကုလားကြီးတွေ အခုခေတ်
မှ ရှိတာမှမဟုတ်တာ….ဟိုးတုန်းကလဲရှိခဲ့တာဘဲ
ဗလီတွေကလဲ ဟိုတုန်းကထဲက တနေ့ ၅ကြိမ် အာဇန်ပေးခဲ့
ကြတာဘဲ
တနှစ်တခါ ကုရ်ဘာနီလုပ်ခဲ့ကြတာဘဲ
ရာမ်ဇန် ဥပုသ်လဆို တညလုံး (ဝါနှိုး)နိဗ္ဗာန်ဆော်အဖွဲ့ပေါင်း
များစွာက တလမ်းဝင်တလမ်းထွက် တေးသီချ င်းတွေဆို လို့
ပျော် စရာကြီးပါဗျာ
လွမ်းစရာကြီးပါ

အခုတော့

အာဏာရူးတွေရဲ့သွေးခွဲမှုတွေနဲ့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေကြတယ်

မွတ်စလင်နဲ့ခရစ်စယန်တွေ လူနဲစုတွေက သိုသိုသိပ်သိပ်
နေပေးနေတဲ့ကြားက အဖိနှိပ်ခံ အနှိပ်ကွတ်တွေခံနေကြရ
တယ်

မေတ္တာတရားနဲ့ပြည့်ဝတဲ့ ဗုဒ္ဓသာသနာက နိုင့်ထက်စီးနင်း
လုပ်တတ်တဲ့သာသနာလို့ လူတွေအထင်မှားလာလောက် အောင် ကြမ်းထန်းရိုင်းစိုင်းသူ စိတ်သဘောထားသေးသိမ်သူတွေက ဗုဒ္ဓဘာသာဝင်အမည်ကို ခံယူပြီး ဘုရားဟော တရားတွေနဲ့ ဆန့်ကျ င်တာတွေ လုပ်လာကြတယ်

ဒီထက် ယုတ်ညံ့သူတွေက သင်္ဃန်းကို အကာအကွယ်အတွက်
ရုံပြီး လူထုကို လမ်းလွဲအောင် အမုန်းစကားတွေ အမုန်းတရားတွေကို တရားဟောပလ္လင်တွေကို အလွဲသုံးစားပြု ဟောပြောလာကြတယ်

တသက်လုံးက တတိုင်းတပြည်လုံးက လူတွေ လေးစားကြည်
ညို ခန့်ငြား တန်ဖိုးထား ရိုသေခဲ့ကြတဲ့ သံဃာတွေအပေါ်
ဘာသာခြားတွေမပြောနဲ့ ဗုဒ္ဓဘာသာဝင်တွေကတောင် အရို သေတန်လာကြတယ် လေးစားမှု လျော့ကျ လာကြတယ်
သံသယမျ က်လုံးတွေနဲ့ ကြည့်လာကြတယ်

သံဃာတော်တွေအချ င်း ချင်း အပြန်အလှန် ထောက်ပြ ဝေဖန် အပြစ်တင်ကြရင်း သံဃာတွေ ဂိုဏ်းကွဲလာကြတယ်

ဒါ ဗုဒ္ဓဘာသာအတွက် ဗုဒ္ဓသာသနာအတွက် ဝမ်းနည်းဖွယ်
ရာထိခိုက်မှုကြီးဘဲလေ

အဖိနှိပ်ခံ ဘာသာဝင်တွေထဲမှာရော
ထိခိုက် နစ်နာမှုတွေ အများကြီးဖြစ်ကုန်တာဘဲ
အလျော့ပေးလိုသူတွေ
အလယ်အလတ်သမားတွေ
သဘောထားတင်းမာသူတွေ
ပြသနာမျိုးစုံဖြစ် ထိခိုက်ကြတာဘဲလေ

မင်းတို့ အုပ်စုကြောင့်ပြသနာဖြစ်တယ်
ငါတို့အုပိစုကြောင့်ပြသနာဖြစ်တယ်. ..ဆိုပြီး အပြန်အလှန်
လက်ညှိုးထိုး အပြစ်တင်ကြ ကွဲကြ ပြဲကြတယ်

မုတ်ဆိတ်မထားသူက ထားတဲ့သူကို အပြစ်တင်တယ်
အက်ျီရှည်မဝတ်သူက ဝတ်သူကို အပြစ်ပြောတယ်

ဒီလိုဘဲ နေရာတကာမှာ ပြသနာတွေတက်ကုန်ကြတယ်
မြန်မာပြည်မှာနေရတာ ပျော်စရာ မကောင်းတော့ဘူး

ဒါတွေကို ပြု ပြင်ထိန်းကျောင်းဖို့ လက်ရှိ အစိုးရမှာ တာဝန်
အရှိဆုံးဘဲ

တကယ်ဆို အစိုးရအနေနဲ့ ဘုရားဟောနဲ့အညီကျ င့်ကြံ နေထိုင်လျှ က်ရှိကြတဲ့ ရဟန်းတော်တွေ ဗုဒ္ဓဘာသာဝင်တွေ
ကို စည်းရုံးအားပြု ပြီး သာသနာတော်ကို သန့်ရှင်းတည်တံ့ပြန့်ပွားရေး အစစ်အမှန်ကို လုပ်သင့်တယ်
မဟုတ်မမှန် လုပ်နေသူတွေကို တားဆီး ဟန့်တား ဖယ်ရှားသင့်တယ်
မရခဲ့ရင် ဥပဒေနဲ့အညီ တိတိကျ ကျ အရေးယူသင့်တယ်

ဒါပေမဲ့ လက်ရှိအစိုးရဟာ စစ်မှန်တဲ့ရဟန်းသံဃာတွေကို
တန်ဘိုးမထားဘူး
ဗုဒ္ဓသာသနာတော်ကို နည်းလမ်းမှန်စွာနဲ့ မထိန်းသိမ်း မစောင့်
ရှောက်ဘူး

မျိုးမတူတဲ့လူသားတွေ/ဘာသာကွဲတွေကြားမှာ ဘာပြသနာမှ မရှိဘူး လို့ မဆိုလိုပါဘူး

သံသယ ရှိတာကို ၂ဖက်လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေး
နွေး ညှိနှိုင်းအဖြေရှာခိုင်းတဲ့အလုပ်ကို အစိုးရက လုပ်ပေးရမှာ
ပါ

ဒါပေမဲ့ ယခင်အစိုးရအဆက်ဆက်က တိုင်းပြည်ထဲက ရှိရှိသမျှ သော သာသနာတွေကို လမ်းလွဲအောင်လုပ်ခဲ့တယ်
လူတွေအားလုံးရဲ့ စာရိတ္တရေချိန်ကို ဖျ က်ဆီးပစ်ခဲ့ပြီးတော့

လက်ရှိအစိုးရက တာဝန်မဲ့ မျ က်နှာလျွဲနေတာကို တွေ့ရပါတယ်

အဲ့ဒီအခြေအနေမှာ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတာလို ကျ နော်
တို့ပြည်သူတွေကဘဲ နားလည်မှုရှိရှိနဲ့ လက်တွဲပြီး
ဗုဒ္ဓသာသနာတော်ကို၎င်း
အေးချ မ်းသာယာပြီး ဘာသာပေါင်းစုံ သဟဇာတ ဖြစ်စွာ နေထိုင် တတ်တဲ့ မြန်မာ့ ဓလေ့ထုံးတမ်း အစဉ်အလာများကို၎င်း
ထိမ်းသိမ်းကာကွယ်စောက်ရှောက်သွားရင်း

ချ စ်စရာကောင်းတဲ့မြန်မာ
ပျော်စရာကောင်းတဲ့မြန်မာပြည်ကြီး ပြန်လည်ရရှိလာအောင်
ကြိုးပမ်းအားထုတ် ကြရမည်သာဖြစ်ပါတော့သည်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s