လေဆိပ် အကြမ်းဖက်မှုနောက်မှာ….. ဒေါ်ကြိုင်ကြိုင်(ခ) မယ်တော်ကြီး ရှိသလား?

Myanmar Now သတင်းထောက် ကိုဆွေဝင်းကို သတ်မယ်လို့ အတိကျရတယ် ကိုဆွေဝင်းတခုခု ဖြစ်လျင် ဒုတိယ ဗိုလ်ချုပ် ကျော်ဆွေ တာဝန်ဖြစ်တယ်။

ကျနော် မသေချာလျင် မပြောဘူး

ပြည်ထဲရေး ၀န်ကြီးလို့ ကျနော် နာမည် အတိကျတပ်ပြီ
လွန်ခဲ့တဲ့ နေ့က မယ်ကြိုင်ဆီက အမိန့်ကျတယ်။

ကျနော် မကြောက်ဘူး မနက်ဖြန် ည ၉ နာရီ ၃၀ မှာ တင်ပြမယ်

ဂိုလ်ရှယ်လေး

Aung N Htwe

လေဆိပ် အကြမ်းဖက်မှုနောက်မှာ…..မယ်တော်ကြီး ရှိသလား?

Image may contain: 6 people, people standing and text

ဒီအကြောင်းကို အစပျိုးဖို့ လက်ရှိ အပြင်မှာ ၇ှိနေတဲ့ ဘ၀ဂ်လေဟတ်ပြီး မိမိကိုယ်ကို မိမိအထင်ကြီးလွန်းခဲ့သော အတိုက်ခံ လူငယ် ကျောင်းသား ရဟန်း သံဃာနှင့် ပြည်သူအများအား ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်း သတ်ဖြတ် ထောင်ချခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့် (ထောက်လှမ်းရေး) ညွှန်ချုပ် ကြီး၏ နောက်ဆုံး သက်တမ်းကာလ လုလုကလေး အချိန်က စတင်ခဲ့သော မယ်တော်ကြီး၏ အမျက်မာန်ရှမှုက အတော်ကြီး ပြင်းထန် ပူလောင်ကြောင်း ပြောရပါလျင် ….၂၀၀၃ ခုနှစ် မေလ (၃၀) ရက် ည (၉)နာရီဝန်းကျင် ဒီပဲယင်းတွင် အတိုက်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးတို့၏ ယာဉ်တန်းအား အပြီးအပိုင် လက်စတုံး လုပ်ကြံသတ်ဖြတ်ခိုင်းသူမှာ ဗိုလ်ချုပ်မှူးကြီး တပ်ချုပ် ဦးသန်းရွှေ ၏ အထက်တွင် ဒေါ်ကြိုင်ကြိုင်(ခ) မယ်တော်ကြီး ရှိခဲ့ကြောင်း ပြောရပါမည်။

ဂျွန်လ (၂) ၇က် ၂၀၀၃ ခုနှစ်တွင် အချိန်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဦးဆောင်သူ (၄) ဦး မသေမပျောက်ပဲ လွတ်ခဲ့ကြောင်း ဒဏ်ရာအချို့ရခဲ့ကြောင်းကို ဦးအောင်သောင်းမှ ဗိုလ်ချုပ်ရွာ အထက်ဝိုင်း (သီရိဇဗ္ဗူ ရိပ်မြိုင်) အမှတ် (…..) တွင်နေထိုင်သော ဒေါ်ကြိုင်ကြိုင်အား ပြောပြခဲ့ရာ .တပ်မတော်ထောက်လှမ်းရေး အထူးအဖွဲ့မှ မန္တလေးသို့ ခေါ်ဆောင်ပြီး နန်းတွင်း ၀င်းတွင် ထားရှိကြောင်းသိရပြီးနောက် ဒေါသ အကြီးကျယ် ထွက်ခဲ့ရပါသည်။ ထိုနောက် ဗိုလ်ခင်ညွန်တို့ အုပ်စုကို ငါမမြင်ချင်ကြောင်း အပြီးပိုင်ရာဇသံ အား ဗိုလ်ချုပ် ကျော်ဝင်း…ထောက် ဒု ညွန်ချုပ်ကြီးအား အိမ်သို့ခေါ်ယူ၍ အမိန့်တော် ချမှတ် သုတ်သင်ရန် စီစဉ်ခဲ့လေသည်။ သို့ကြောင့် ဗိုလ်ခင်ညွန့် (ဦးခင်ညွန့်) ၏ အင်တာဗျူးတွင် တခါက ဒေါ်အောင်ဆန်း စုကြည်အသက်ကို သူက ကယ်တင်ခဲ့ကြောင်း ကျေးဇူးတင်ခံရရန် ဘန်ကောက်ပို့စ် သတင်းစာနှင့် မြန်မာ့သံတော်ဆင့် သတင်းထောက်.(ကိုမြင့်ဆွေ) တို့အား ထုတ်ပြောခဲ့ဘူးသည်မှာ ဒေါ်ကြိုင်ကြိုင်အားရည်ညွန်း၍၄င်း ပြီးနောက် အတိလင်း ပင် (ဦးသန်းရွှေ) နှင့် ထိပ်တိုက်ဖြေရှင်းလိုချင်ကြောင်း ဖွင့်ထုတ်ပြောဘူးလေသည်။

ယခု တခါ နောက်တဖန် အကဲစမ်းလာလေပြန်သည်။ လေဆိပ်လုပ်ကြံသူ၏ အဓိက (A) အုပ်စု တစ်ခုလုံး ဒေါ်ကြိုင်ကြိုင်နှင့် တိုက်ရိုက်ပတ်သက်သော အသိုင်းဝိုင်းဖြစ်ကြောင်း ငြင်းပါလျင် ပြည်ပ ခုံရုံးတစ်ခုတွင်ငြ်းဆိုကြမည်က ပို၍ ကောင်းမွန်ပါမည်။
၂၀၁၇ခုနှစ် မတ်လ(၁၇) ရက်နေ့ အင်းစိန်းမြောင်ပိုင်းခရိုင်တရားရုံးတွင် နံနက် (၁၀)နာရီခန့်က ရုံးထုတ်လာကြသော အကြမ်းဖက် သတ်ဖြတ်မှု အုပ်စုထဲတွင် ပြည်ထဲရေးသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခြင်း မရှိသော အောင်ဝင်းထွန်း ပါဝင်လာကြောင်း လူအများ တအံ့တသြဖြစ်ရခဲ့လေသည်။

သို့ဆိုလျင် အောင်ဝင်းထွန်း ဘယ်လို ပါဝင်ပါသလဲ? အဘယ်ကြောင့်ပါဝင်ပြသ သလဲ ဆိုတာကို ကျနော် တင်ပြပါမည်။
အောင်ဝင်းထွန်းတွင် ဇနီးမယား (၃) ယောက်ရှိခဲ့ပြီး ယ္ခု ဒုတိယမြောက်ဇနီးဖြစ်သူ မယုခေါ်(ခ) မယုယုမွန်နှင့်သားသုံးယောက်ရှိပါတယ်။ ပထမဆုံးဇနီးကိုတော့ စာရေးသူလိုက်ဖို့ မလိုအပ်တော့သည့်အတွက်ထားချန်ခဲ့ရခြင်းမှာ သေဆုံးသွားကြောင်း သတင်းရရှိပြီး အောင်ဝင်းထွန်း ဒုဗိုလ်ဘ၀က လက်ထပ်ခဲ့သူဖြစ်ပါတယ်။

ထိုနောက် ဒုတိယ ဇနီမယုယုမွန်ဖြင့်သာ အချိန်ကာလ ကြာမြင့်စွာ ပေါင်းသင်းခဲ့ရာမှ သားသုံးယောက်ဖြစ်သော မောင်ကောင်းစံ။ မောင်အောင်မြတ် ။ မောင်အေးမြတ်တို့ (ဓါတ်ပုံတွင်ကြည့်ပါ) ဖြစ်ကြပါသည်။ မောင်ကောင်းစံမှာ လက်ရှိ ဆရာဝန်ပေါက်စကလေးတစ်ဦးဖြစ်ပြီး မွန်ပြည်နယ် ကျိုက္ကထိုမြို့သူလေးတစ်ဦးနှင့် တွဲဖက်သွားလာနေခြင်းကို စာရေးသူ ဓါတ်ပုံမှတ်တမ်း အတော်များများရရှိပါတယ်။
မောင်ကောင်းစံ(ဆရာဝန်)ပေါက်စလေးမှာလက်ရှိ အမည်မဖေါ်ပြလိုသော ဆေးရုံတွင် ဆရာဝန် အသစ်ကလေးအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီး ။ အမှုခင်းဖြစ်ပြီးနောက် စင်္ကာပူတွင် ကျောင်းတက်နေကြသော သားနှစ်ဦးကတော့ နွေရာသီကျောင်းပိတ်ရက် မြန်မာပြည်သို့ ပြန်လာချိန်ဝယ် ဖေဖေါ်ဝါရီလ(၁၄) ရက်တွင် သက်ဆိုင်ရာမှလေဆိပ်တွင် စောင့်ကြိုခေါ်ဆောင်သွားကြောင်း စာရေးသူ ထောက်လှမ်းရရှိပြီး အတိုချုံး စစ်ဆေးပြီးနောက် လက်ရှိ ရန်ကုန်မြို့ တနေ့ရာတင် ယာယီနေထိုင်နေကြပါတယ်။
အောင်ဝင်းထွန်းဟာ တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့်သာ တာဝန်ထမ်းဆောင်ပြီး (၂၀၀ရ)ခုနှစ်တွင် ဆေးခွင့် ဆေးမှတ်ချက်ဖြင့် တပ်မတော်မှ ထွက်လာသူ အရာရှိဟောင်းတစ်ဦးဖြစ်ပါတယ်။ တပ်က ထွက်လာပြီးနောက် ညီမအငယ်ဆုံး ဖြစ်သူ မငြိမ်း ၏ အစီစဉ်ဖြင့် စီးပွားရေးပေါင်းစုံတို့ကို ယခင် ဗိုလ်ချုပ်ဟောင်းများနှင့်အပြင် ဦးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်တို့နှင့် ထိစပ်ရင်းနှီးပြီး ရသမျှစီးပွားရေး အားလုံး လုပ်ကိုင် ဆောင်ရွက်ပါတယ်။

အထူးသဖြင့် အများပြည်သူများထံမှ တပ်မတော်က သိမ်းဆည်းထားသောမြေများ အိမ်များ ခြံများကို သက်ဆိုင်ရာ တရုတ် စီးပွားရေးလုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချပေးခြင်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့များတွက် လိုအပ်သော ကားများကို ရောင်းချပေးသော လုပ်ငန်းအပြင် တရုတ်ပြည်သို့ ကျောက်စိမ်းများ တရားမ၀င် အခွန်မဆောင်ပဲ ရောင်းချပေးသော လုပ်ငန်းများ အကြီးကျယ်လုပ်ကိုင်ပေးခြင်းတို့ကို စာရေးသူ ထောက်လှမ်းတွေ့ရှိခဲ့ရပါသည်။

၎င်း၏ ညီမငယ်မငြိမ်းမှာ ဒေါ်ကြိုင်ကြိုင်၏ ၀မ်းကွဲညီမ တော်စပ်သူ၏ ဒုတိယမြောက်သားဖြစ်သူ(ဗိုလ်မှူး)အဆင့်နှင့် လက်ထပ်ခဲ့ပြီး ဒေါ်ကြိုင်ကြိုင်ထံ အမြဲတမ်းဝင်ထွက်နေသူ ဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ နေရွှေသွေးအောင်နှင့် မကြာသေးခင်ကမှ ဥရောပတခွင် သွားရောက်ပြီး ဘောလုံးပွဲများကို လိုက်လံကြည်ရှု့ပြီး တရုတ်ပြည်မှတဆင့် လွန်ခဲ့သော (၃) ပတ်အတွင်းမှပင် ပြန်ရောက်လာကြပါတယ်။

အောင်ဝင်းထွန်း နှင့် မငြိမ်းတို့မှာ ရန်ကုန်မြို့ ဘားလမ်းတွင် ကာလအတော်ကြာနေထိုင်ခဲ့ကြောင်း ဘားလမ်းတွင် နေထိုင်ကြသူများသိကြသလို ဘားလမ်းအတွင်းမှ အကြောင်းမျိုးမျိုးပြ၍ ဒေါ်ကြိုင်ကြိုင် အမိန့်ဖြင့် သိမ်းယူထားသော တိုက်ခန်း (၁၅) ခန်းရှိခဲ့ပြီး ဈေးကောင်းချိန်တွင် ပြန်လည် ရောင်းချ၍ အောင်ဝင်းထွန်း မိသားစုဝင်များ ရွှေဂုံတိုင်တွင် ဇေယျာဖြိုး( တတိယ တရားခံ) အစုရှယ်ယာပါသော တိုက်တခုသို့ ပြောင်းရွှေနေထိုင်ခဲ့ကြပါတယ်။ မငြိမ်းကတော့ ဆက်ဆံရေး ပြေပြစ်သူဖြစ်ပြီး ဘားလမ်းထဲတွင် လူချစ်လူခင် ပေါများကြောင်းသိရပါတယ်။ သို့သော် အောင်ဝင်းထွန်းမှာ ဘားလမ်းထဲမှ အနှိပ်ခန်းတွင် အလုပ်လုပ်နေသော (မ….) နှင့် တိတ်တိတ်ပုန်းပေါင်းသင်းခဲ့ပြီး (၂၀၁၁)ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေသို့ ခိုးပြေခဲ့သည်။ ထိုနောက် အောင်ဝင်းထွန်း. ပိုင်ဆိုင်မှု အချို့အား အနိပ်ခန်း အမျိုးသမီးမှ ၇သလောက် ယူခဲ့ပြီးနောက် အောင်ဝင်းထွန်းမှာ လက်ရှိ ဇနီးဖြစ်သူ မယုယုမွန်ဆီသို့ ပြန်လှည့်လာခဲ့လေသည်။
အောင်ဝင်းထွန်း၏ သားနှစ်ဦးဖြစ်သူ စင်္ကာပူတွင်နေစရိတ် ကျောင်းစရိတ်များကို ညီမငယ်ဖြစ်သူ မငြိမ်းမှ အားလုံးထောက်ပံ့ပေးထားကြောင်း သိရသည်။ ယခု ဆရာဝန်ဖြစ်သူ မောင်ကောင်းစံမှာလည်း ဖခင် အမှုဖြစ်ပြီးနောက် မိသားစုအလိုက် နိုင်ငံမှ ထွက်သွားပြီး ချေရာ ဖျောက်ကြဖို့ အကြံဖြင့် လွန်ခဲ့သော (၁)လ ခန့်ကပင် သြစတေးလျှနိုင်ငံသို့ ပညာရေးဖြင့် သွားရောက်ရန် စာမေးပွဲတစ်ခု ၀င်ရောက်ဖြေဆိုခဲ့ကာ သြစတေးလျ ဗီဇာအား တောင်းခံထားကြောင်း အတိကျ သတင်းရရှိပြီး ၄င်း၏ အချက်လက်များကိုလည်း စာရေးသူ ဆက်လက် စောင့်ကြည့်နေသည်ကို ဒေါက်တာ ဦးကောင်းစံအား သိစေလိုပါသည်။
အောင်ဝင်းထွန်းမှာ လေဆိပ်ကိစ္စအတွက် ဘယ်လို ပတ်သက်ခဲ့သလဲဆိုသော အချက်တွင် တရားခံဖြစ်သူ ဦးကြည်လင်း မုံရွာမှ လာသောအခါတိုင်း စောင့်ကြို ပို့ဆောင်ပေးရသူမှာ အောင်ဝင်းထွန်း ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မည့် ဇန်နာဝါရီလ (၂၉) ရက်နေ့တွင် နေခင်း ၁၁ နာရီ နောက်ပိုင်းတွင် အောင်ဝင်းထွန်းမှ ဦးကြည်လင်းအား ဗန္ဓူးလ ပန်းခြံမှတဆင့် မင်္ဂလာဒုံမြို့နယ်သို့ ၄င်း၏ကားဖြင့် ခေါ်ဆောင်ခဲ့သူဖြစ်ပြီး ထိုမှတဆင့် အောင်ဝင်းဇော်ကားထံသို့ လွဲပြောင်းပေးခဲ့သူဖြစ်ပါတယ်။

အောင်ဝင်းထွန်းအား ဖေဖေါ်ဝါရီလ (၄)ရက်နေ့ တာမွေ ကျောက်မြောင်း ထိစပ်ရာ လမ်းဆုံတွင် ည (ရ)နာရီဝယ် သက်ဆိုင်ရာမှ ဇေယျာဖြိုးထံ လာရောက်ချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး ၄င်းနှင့် သက်သေခံ ပစ္စည်းအချို့ မှတ်တမ်းမှတ်ရာများ သိမ်းဆည်းရမိကြောင်း စာရေးသူ တင်ပြဘူးခဲ့ပြီး ပြည်ထဲရေးမှ ထုတ်မပြလျင် စာရေးသူ တင်ပြရန် သိမ်းထားသော ၀ှက်ဖဲတချပ်အဖြစ် ထားရှိခဲ့သောကြံရာပါ တရားခံလည်း ဖြစ်ပါသည်။

လက်ရှိ ပြည်ထဲရေး ၀န်ကြီးဖြစ်သူမှာ အမှုတွင် ပါဝင် ပတ်သက်ခြင်း မရှိကြောင်း စာရေးသူ ပြောထားခဲ့ပါသည်။တကယ်လည်း တိုက်ရိုက် ကြံစည် ပူးပေါင်းပါဝင်သူမဟုတ်ကြောင်း စာရေးသူ ပြောနိုင်သော်ငြား နောက်ပိုင်းတွင်း ပြည်ထဲရေးဝန်ကြီးမှာ ဒေါ်ကြိုင်ကြိုင်၏ တိုက်ရိုက် ညွန်ကြားချက်များကို လိုက်နာ ဆောင်ရွက်နေရသော အခြေနေကြောင့် ကမ္ဘာသိ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်း အမှားမှား အယွင်းယွင်းနှင့် အောင်ဝင်းထွန်းကို ၄င်း၏ ညီမငယ် မငြိမ်းနှင့် ဒေါ်ကြိုင်ကြိုင်တို့၏ တောင်းဆိုမှုအရ ဖုံးကွယ်ထားကြောင်း အတိလင်း ပြောရပါမည်။
သို့ဖြစ်၍ လက်ရှိ အကြမ်းဖက်မှုသည် ကာလတစ်ခု ကြာရှည်စွာ စနစ်တကျ ပူးပေါင်းကြံစည်အားထုတ်ခဲ့ကြပြီး အောင်ဝင်းထွန်း၏ နောက်ကွယ်တွင် သေချာကြီးမားလှသော (B) အုပ်စု လက်မဲများ ရှိနေကြပြီး မကြာသေးခင်မှ နိုင်ငံတကာနှင့် ပြည်သူများအား လှည့်စားရန် ဒေါ်ကြိုင်ကြိုင်မှာ အသဲသန်ဖြစ်ကြောင်း သတင်းအစန ထုတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် လူနာသတင်းမေး အားပေးရန် ရောက်ရှိခဲ့ကြောင်းကို စာရေးသူ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် မှ မုဒိတာ မေတ္တာ စိတ်ဖြင့် သတင်းသွားမေးသော ဒေါ်ကြိုင်ကြိုင်မှာ အမှန်တကယ် နေမကောင်းဖြစ်နေခြင်းမဟုတ်ရပဲ ဟန်ဆောင်ထားခြင်းသာဖြစ်လေ၏။
နောက်ပိုင်းတွင် ကိုနေရွှေသွေးအောင်မှ ဥရောပ ဘောလုံးအသင်းများတွင် ဒေါ်လာ သန်းရာပေါင်းများစွာ အစုရှယ်ယာများ ထည့်ဝင်ရန်ကျိုးပမ်းအားထုတ်မှုများကို တင်ပြပေးသွားပါမည်။ လက်ရှိ ပိုင်ဆိုင်မှု ဆိုင်ရာများကိုလည်း ကျနော် တတ်နိုင်သလောက် ချေရာခံထားပြီးဖြစ်သလို သမာအာဇီဝ မ မျှသော စီးပွားရေးလုပ်ငန်းများကိုလည်း ကျနော် စောင့်ကြည့်နေလျက်ပါ။
လိုအပ်လျင် ဆရာတော် ဦးဝီရသူနှင့် ဒေါ်ကြိုင်ကြိုင်အပြင် အခြားသော ခရိုနီတို့ တိုက်ရိုက်ပတ်သက်နေပုံများကိုပါ ကျနော် တင်ပြနိုင်ဖို့ စီစဉ်ထားပါတယ်။

ရိုင်းစိုင်းစွာ ဆဲဆိုသော ကွန်မန့်များကို ဖျက်ထုတ်၍ ဘလော့ပါမည်။

စာဖတ်သူများအား လေးစားကျေးဇူးတင်ပါသည်
မတရားမှုများပပျောက်၍ တရားမှုများ ထွန်းလင်းတောက်ပသော နိုင်ငံတော်အား ကျနော် မြင်လိုပါသည်။
ဂိုလ်ရှယ်လေး

မှတ်ချက် (မည်သူ တစ်ဦးတစ်ယောက်)ကိုမျှပင် ပုဂ္ဂိုလ်ရေးအမုန်းမရှိပါ
ပြည်သူ ပြည်သားများအတွက် လုံခြုံအေးချမ်းသော တရားဥပဒေ ဘက်မလိုက်သော ဘ၀နှင့် ဖြစ်တည်မှုကိုသာ ကျနော် မြင်လိုပါသည်။ ကျနော့်အား အန္တရယ်ပြု တိုက်ခိုက်လာပါလျင် အကြီးအကျယ် ဖေါက်ချ၇န် ဂိုလ်ရှယ်လေးများစွာ ထပ်မံ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ယခု ကျနော်တင်ပြသော အချက်လက်မှာ ၃၀% မျှလောက်သာ ၇ှိသေးပါသည်။

ရည်ရွယ်ချက်
တိုင်းသူပြည်သားများ ၈၀% မျှလောက် အတော်ကြီး ပင်ပမ်း ဆင်းရဲနေကြချိန်တွင်
အလွန်ပင် ချမ်းသာကြွယ်ဝနေကြသောသူများ ပြည်သူပြည်သားများ၏ ဘ၀နှင့် တိုင်းပြည်အား ပြန်လည် အထောက်ပံ့ပြုပေးစေရန်နှင့် အနာဂတ်ငြိမ်းချမ်းရေးအတွက် မိမိတို့၏ လောဘ အတ္တများကို လျောချပြီး
တိုင်းရင်းသား ညီနောင် မောင်နှမ အကိုကြီးများနှင့် တည်ငြိမ်အေးချမ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခု တည်ဆောက်ပေးရန်သာ ရည်ရွယ်ပါသည်။ ကျနော် တရားဝင် ရင်ကော့၍ ပြန်လာမည် မဟုတ်သလို အခွင့်ရေးများ ရယူ ခံစားရန်လည်း ရည်ရွယ်ချက် ၀% သာ ဖြစ်ကြောင်းပါ။
အမှန်တရားသည်သာ သစ္စာ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s