Meiktila, the city of deaths or Dead city

Aungzaw Win

မြို့အသေကြီး တစ်မြို့ ရဲ့ ဈာပန ကို
အသုဘ ရှုဘို့ မဟုတ်
သံဝေဂ ရဘို့  မဟုတ်
ငါ သွားခဲ့ရဘူးတယ်။
ရေကန်ကြီး တွေ့လို လည်း
ငါ့မှာ မအေးချမ်းခဲ့ရဘူး
မြို့အသေကြီးရဲ့။


ငါယူသွားတဲ့ ရေများလည်း
အပူတွေများ လို့ ခမ်းခြောက်သွားခဲ့။
ဒါတောင် ပြောလိုက်သေးတယ်
ရှိသေးရင်ထပ်ပေးအုန်း
ပူလွန်းလို့တဲ့။
ဟုတ်တယ်။
ပူတာတော့ တစ်ကယ်။
ငါတို့ မျက်ရေတွေပါ
ခြောက်ခမ်းသွားတာကိုး။
အဝေး က မင်းတို့မျက်ရေတွေလည်း
ခြောက်ခမ်းခဲ့တယ်လေ။
သမိုင်းရာဇဝင်မှာ ဘယ်လိုရှိခဲ့ ရှိခဲ့
မြို့အသေကြီးရေ
မင်းကတော့
ညစ်ပေနွမ်းညစ်စွာ
သေဆုံးခဲ့ပြီ။
မင်း ကို ကောင်းရာသုဂတိ လားမယ်လို့
သံကောင်းဟစ်တဲ့
လူညစ်တွေကို
ဧည့်ကောင်းတွေရှေ့ မှာ ငါ အော်ထုတ်ပစ်ခဲ့တယ်။
ညစ်ပလီမြို့အသေကြီး ရေ
မင်း က ငရဲမှာ ဂျိုးကပ်မှာကွာ။
မြို့အသေကြီး ရေ
မင်းဘက်တော်သားတွေ က
လှလှပပ ဆင်နေကြတယ်။
ဒါပေမဲ့ မင်း ဟာ
တစ်ကယ့် မြို့အသေကြီး။
ပုပ်စပ်နေတဲ့ မြို့အသေကြီး။
နံဟောင်နေတဲ့ မြို့ အသေကြီး။
ယင်မတလောင်းလောင်း နဲ့ မြို့အသေကြီး။
ဘယ်တော့မှ မရှင်သန်မဲ့ မြို့အသေကြီး။
ငါတို့ အားလုံးရဲ့ ရင်ဘတ်ထဲမှာ
မင်း က တော့ မြို့အသေကြီး။
ဘယ်တော့
ဘယ်တော့မှ
မရှင်သန်မဲ့ မြို့အသေကြီး။
ရွံစရာ ကောင်းလွန်းတဲ့ မြို့အသေကြီး။
ဖြတ်လျှောက်ခြင်စရာ မကောင်းတဲ့ မြို့အသေကြီး။
ကြည့်ခြင်စရာမကောင်းတဲ့ မြို့အသေကြီး။
ယုတ်မာခြင်း အတိနဲ့ပြီးနေတဲ့ မြို့အသေကြီး။
မြို့အသေကြီး။မြို့အသေကြီး။မြို့အသေကြီး။
။မြို့အသေကြီး။မြို့အသေကြီး။

ဟင်း ……..

မင်းက နာကျည်းစရာ မြို့အသေကြီး။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s