ဓမ္မပီယနဲ့ မဘသဘုန်းကြီးတွေဟာ ဒီလောက် ဗုဒ္ဓစာပေတွေ သင်ထားရက်နဲ့ ရဟန်းစိတ်မဝင်နိုင်တဲ့ ‘လူ’တွေ။ လူတောင်မှ တော်တော့်ကို တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ဦးတည် မောင်းနှင်နေတဲ့၊ ဆင်ခြင်တုံတရားမသွင်းနိုင်အောင် ခေါင်းထဲ ချီးတွေ ပြည့်နေတဲ့၊ သောက်သုံးမကျလှတဲ့ လူတွေ။ ဗုဒ္ဓအရေခြုံထားတာ အင်မတန် နှမျောမိတယ်

ချိုတူးဇော် ” ကမ္ဘာကြီး မှားနေသတဲ့လား ”

ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူးကသတ်သတ်၊
ခင်ဗျားတို့ပြောတဲ့ ခိုးဝင်ဘင်္ဂလီဖြစ်နေပါစေ၊ ကိုယ့်တိုင်းပြည်မှာ နေဖို့ ဝင်လာတဲ့ လူတယောက်ကို လူ လို့ မမြင်နိုင်ဘဲ၊ နှိပ်စက်ဆက်ဆံနေတာကို ကမ္ဘာက လက်ညှိုးထိုးနေတာဗျ။
အဲဒီလို ခိုးဝင်လာသူတွေကတခါ ကိုယ့်မြေပေါ်မွေးဖွားလာတဲ့ ကလေးကိုလဲ လူကလေးတွေ လို့ မမြင်နိုင်၊ မချစ်နိုင်လောက်အောင ” ကုလား”တွေ၊ ” မွတ်စလင်တွေ ” လို့ ဆတ်ဆတ်ခါ သည်းသည်းထန်ထန် ဖြစ်နေကြတာ ကို ကမ္ဘာ က တအံ့တသြနဲ့ ဆန့်ကျင်ကုန်ကြတာ။

လေယာဉ်ပေါ်ကလေးမွေးတောင် အဲဒီလေကြောင်းလိုင်းက အဲဒီကလေးကို တသက်လုံးအခမဲ့ စီးခွင့်ပေးတာတို့ လုပ်ကြတယ်။ အဲဒါ လူသားတွေရဲ့ မေတ္တာစိတ် ကို ဖေါ်ကျူးပြသကြတာ။ ဒုက္ခရောက်လာလို့ပဲ လာလာ၊ နေချင်လို့ပဲ လာလာ၊ ခိုးဝင်လာလာ ရောက်လာမှတော့ အတိုင်းအတာတခု စောင့်ရှောက်ရမယ့်တာဝန်ရှိတယ်။
ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ်တော့ ဗုဒ္ဓဘာသာ တပြားမှ မလျှော့ဘူး။ ဗြဟ္မစိုရ်တရား တပြားမှ မလျှော့ဘူး။ ဒါပေမဲ့ လူစိတ်ကို ပျောက်နေကြတယ်။ ဟိုးကျောက်ခေတ်အရိုင်းအစိုင်းတွေလိုပဲ ငတို့ပြည်ထဲ ကျူးကျော်ဝင်လာတဲ့ ” ကုလား”တွေ၊ “မွတ်စလင်” တွေ လို့၊ သည်းကြီးမည်းကြီးကို မုန်းတီးနေကြတယ်။

တိုင်းပြည်ဟာ ပျက်ဦးမှာ။ ခင်ဗျားတို့စိတ်ဓါတ်တွေ မပြင်ရင်ရင် ပျက်စီးခြင်းငါးပါးနဲ့ကို ပျက်ဦးမှာ။ ခင်ဗျားတို့ အင်မတန်မုန်းတီးကျဉ်းမြောင်းလို့ကို ပျက်မှာ။
ခုလုပ်နေတာတွေပဲကြည့် သင်္ကန်းဝတ်ဘုန်းကြီး ကာချုပ်ကိုယ်တိုင် လူသိရှင်ကြား ဆွမ်းကပ်ပြထားတဲ့ ဘုန်းကြီးက လူသတ်မှုကျူးလွန်သူတွေကို ချီးကျူးတယ်။ အမေရိကန်က တအံ့တသြနဲ့ မဘသကို လာအင်တာဗျူးတာ။
မဘသ က ဓမ္မပီယ ဆိုတဲ့ ကြံ့ဖွံ့ လူ က တောပြောတောင်ပြောနဲ့။ အင်တာဗျူးမှာလဲ အမေရိကန်က အနီ အပြာ၊ မြန်မာမှာ အနီ အစိမ်း ဆိုပြီး ကြံ့ဖွံ့ ကို အမျိုးသားရေးပါတီ လိုလို လော်ဘီ လုပ်သွားတယ်။
အဲဒီ”လူ” ဟာ စာသင်သားဘဝကထဲက စစ်အုပ်စု ထောက်ပံ့မှုနဲ့ သင်္ကန်းဝတ်ထားတာ။ ကြံ့ဖွံ့အမာခံလူစစ်စစ်ပါ။

ကျနော့်ကို တရေးနိုးထမေးလဲ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လို့ ပြောမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မူဂျာဟစ်ဒင်ခွဲထွက်ရေးသမိုင်းက အစ သိထားလို့ပဲ။ သူတို့တိုင်းရင်းသားဖြစ်တာ မဖြစ်တာ သက်ဆိုင်ရာ ပညာရှင်များ ရှာဖွေကြရမယ့် အလုပ်လို့သာ မြင်တယ်။
ရိုဟင်ဂျာပြဿနာသည် လူ့အခွင့်အရေးရှုထောင့်တခုထဲက ကြည့်လို့မရ၊ အချုပ်အခြာအာဏာတိုင်းနယ်နမိတ်ချီတဲ့ပြဿနာ လို့ မြင်တယ်။ ဒါပေမဲ့ တချိန်ထဲမှာ အဲဒီလို လူတန်ဖိုးမဲ့စွာ နေခိုင်းခံရတဲ့ လူတွေအတွက် စိတ်နှလုံးထိခိုက်ရတယ်။ လူတွေဗျာ။ ကလေးလေးတွေ၊ သားသည်အမေတွေ၊ အဖိုးအိုအဖွားအိုတွေ။ ဆေးကုခွင့်မရ၊ စာသင်ခွင့်မရ နဲ့။ အဲသလို မြင်နေပါလျှက် ခင်ဗျားတို့မှာ သနားစာနာစိတ်မဝင်ရင် ခင်ဗျားတို့ စိတ်ရောဂါဖြစ်နေပြီ။
လူတွေ၊ ဒုက္ခရောက် ညှင်းပန်းခံထားရတဲ့ လူတွေ လို့ မမြင်ဘဲ ” ကုလားတွေ” “မွတ်စ်တွေ” လုပ်နေသေးရင် အဲသလို ခံနေကြရတာကို ဝမ်းသာအားရ နေရင်၊ ခင်ဗျားအဆင့်ဟာ လူသတ်ကောင်ကို ကျေးဇူးတင်တဲ့ ဝီရသူအဆင့်ပဲ။
ဘင်္ဂလားဒေ့ရှ်မှာ မွေးရင် ဘင်္ဂလီပေါ့။ မြန်မာပြည်မှာမွေးမှတော့ မြန်မာပေါ့။ ခု ခင်ဗျားတို့ပိတ်လှောင်ထားတဲ့ နေရာဒေသမှာ မြန်မာပေါက်ကလေးလေးတွေ အများကြီး။ သူတို့ ဘာမှ မသိကြဘူး။ သိခွင့်လဲ မရှိကြဘူး။ ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အစွန်းရောက် မဖြစ်ဖြစ်အောင် တွန်းပို့နေတာ။ မြန်မာပြည်မှာ မြန်မာတွေလို နေထိုင်သွားလာတွေးခေါ်လာအောင် လုပ်ဖို့ စိတ်ကူးလဲ မရှိဘူး။ ပညာရေးဟာ အကောင်းဆုံး ကုထုံးလို့လဲ မမြင်ဘူး။ မေတ္တာ သည်သာလျှင် အကောင်းဆုံး ဖြေရှင်းနိုင်သော လက်နက် လို့ မတွေးမြင်ဘူး။
နောက်ဆုံး ဟိုက ရရာ တုတ်ဓါးဆွဲပြီး တိုက်ခိုက်ကြရော။ သူတို့နေရာမှာ ဆရာစံဆိုလဲ သူတို့လို တိုက်မှာပဲ။ တိုက်တော့ ပြန်နှိမ်နှင်းရတာပေါ့။ ဘယ်သူအစိုးရလုပ်လုပ် ဒါမျိုးကို လွှတ်ထားလို့ ရမလား။ ဒါနဲ့ ခင်ဗျားတို့ ဆိုးသံသရာကြီး ပြီးမဆုံးတော့ဘူး။

အဲဒီ ဘူးသီးတောင်မောင်တောက လူ သုံးသိန်းကို လူ့စွမ်းအားရင်းမြစ်လို့ ပြောင်းမြင်ပါ။ အဲဒီဒေသကို စီးပွားရေးလုပ်ငန်းရှင်တွေ ပညာရှင်တွေ လွှတ်ပါ။ ဒေသတွင်း စိုက်နိုင်လောက်တဲ့ကြိမ်၊ ဂုံလျှော် ဆိုတာမျိုးတွေနဲ့ လက်မှု လုပ်ငန်းတွေ ထူထောင်ပါ။ ယောက်ျားမိန်းမ မှန်သမျှ အလုပ်တွေ လုပ်ကြ၊ ဝင်ငွေတွေ ရကြ၊ ကလေးတွေကျောင်းတွေ မတက်မနေရ တက်ခိုင်း၊ အကောင်းဆုံးဆရာဆရာမတွေနဲ့ ဒီမိုကရေစီယဉ်ကျေးမှု၊ ဘာသာအသီးသီး အပြန်အလှန်လေးစားဖို့လိုတာ၊ မြန်မာပြည်နယ်နမိတ်တွင်းနေထိုင်တဲ့ မြန်မာပြည်သားတိုင်း စောင့်ထိန်းရမယ့် သစ္စာ ကျင့်ဝတ် စသဖြင့်တွေ ကို သင်ကြား၊ တချိန်ထဲမှာ လုံခြုံရေးကို စေ့နေအောင် အကြမ်းဖက်မှု အုံကြွမှုတွေ မဖြစ်အောင် ကာကွယ်ရေးတွေလုပ်။
အဲဒီ ကမ္ဘာချီ ပြဿနာဖြစ်နေတဲ့ နေရာကြီးဟာ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ကုန်ထုတ်လုပ်မှုတွေ ရှိတဲ့ ဒေသကြီး ဖြစ်သွားမယ်။ သူတို့ဟာလဲ စီးပွားရေးပြေလည် နေထိုင်ရတာ ပြည့်စုံနေရင် အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားပါလိမ့်မယ်။

အစိုးရဟာ အဲဒီဒေသဖွံ့ဖြိုးရေးကို တခြားဒေသတွေထက်ကို အလေးထား လုပ်ဆောင်ကြရမှာ။ နောက် သူတို့ကို တကိုယ်တော်ကူညီနေတဲ့ ရှမ်းလူငယ်လေးတယောက်ရှိတယ်။ အဲဒီလို သူတို့ယုံကြည်တဲ့ လူမှုရေးသမားတွေ ကို အကူအညီတောင်းပြီး ခေါင်းဆောင်ခိုင်းပြီးယုံကြည်မှုပြန်တည်ဆောက်ရမှာ။

ဒီလိုပါပဲ။ ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ မွန်၊ ရခိုင် ဒေသတွေကို အဓိကထားပြီး လုပ်ကြရမှာ။
ရန်ကုန် ကိုချည်း ‘သ’ နေလို့ ကျနော် ကော်ဆဲ ခဲ့တာလဲ အဲဒါကြောင့်ပဲ။
မိသားစုတစု ကို အပြန်အလှန် ချစ်စိတ်တွေ၊ သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ကြသလို တိုင်းပြည်ကိုလဲ အမုန်းတရားတွေ ရှိနေရင် တည်ဆောက်လို့မရ၊ ပြိုကွဲဖို့ပဲ ဖြစ်မယ် ဆိုတာ မြင်ဖို့ကောင်းတယ်။
တိုင်းပြည်ဆိုတာ မိသားစုတစုပဲ။
ရုပ်ရှင်တွေထဲ မွေးစားသားကို ခွဲခြားဆက်ဆံလို့ ရန်ငြိုးတွေဖွဲ့ ကလဲ့စားတွေ ချေ၊ ပျက်စီးပြိုကွဲကြတဲ့ မိသားစုတွေ ခင်ဗျားတို့ကြည့်ဖူးရင် သင်ခန်းစာယူပါ။
ခု ကိုးကန့် ဖြစ်လာပြီ။

ဒီတိုင်းပြည်မှာမွေးဖွားကြီးပြင်းလာတဲ့ တရုတ် ကုလား ဟာ ဒီတိုင်းပြည်ရဲ့ မွေးစားသားသမီးတွေပါ။

ညီရင်းအကို မောင်ရင်းနှမ၊ သားရင်းသမီးရင်းလို တည်ဆောက်ကြရမှာ။
အမေရိကန်ပြည်မှာပေါက်တဲ့ တရုတ်ကလေးတွေ ဘယ်အချိန်မေးမေး အမေရိကန်ပဲ။ ဘယ်သူမှ တရုတ်ပြည်ကြီး တမ်းတမနေဘူး။
ခင်ဗျားတို့ အသုံးမကျလို့၊ ခွဲခြားဖိနှိပ်နေလို့ မြန်မာပြည်က ကုလား၊ တရုတ် ကုလားတမ်းတ၊ တရုတ်တမ်းတ ကုန်ကြတာ။ ခင်ဗျားတို့ညံ့လို့ပဲ မှတ်လိုက်ပါ။

ဓမ္မပီယနဲ့ မဘသဘုန်းကြီးတွေဟာ ဒီလောက် ဗုဒ္ဓစာပေတွေ သင်ထားရက်နဲ့ ရဟန်းစိတ်မဝင်နိုင်တဲ့ ‘လူ’တွေ။
လူတောင်မှ တော်တော့်ကို တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ဦးတည် မောင်းနှင်နေတဲ့၊ ဆင်ခြင်တုံတရားမသွင်းနိုင်အောင် ခေါင်းထဲ ချီးတွေ ပြည့်နေတဲ့၊ သောက်သုံးမကျလှတဲ့ လူတွေ။

ဗုဒ္ဓအရေခြုံထားတာ အင်မတန် နှမျောမိတယ်။

ချိုတူးဇော်
via MinAung

Advertisements

One thought on “ဓမ္မပီယနဲ့ မဘသဘုန်းကြီးတွေဟာ ဒီလောက် ဗုဒ္ဓစာပေတွေ သင်ထားရက်နဲ့ ရဟန်းစိတ်မဝင်နိုင်တဲ့ ‘လူ’တွေ။ လူတောင်မှ တော်တော့်ကို တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ဦးတည် မောင်းနှင်နေတဲ့၊ ဆင်ခြင်တုံတရားမသွင်းနိုင်အောင် ခေါင်းထဲ ချီးတွေ ပြည့်နေတဲ့၊ သောက်သုံးမကျလှတဲ့ လူတွေ။ ဗုဒ္ဓအရေခြုံထားတာ အင်မတန် နှမျောမိတယ်

  1. Maung Maung
    1 hr ·
    ” The establishment of an International Fact Finding Mission would do more to inflame, rather than resolve the issues at this time.”

    “ကှ၊်အခြေအနေမျိုးတွင် လွတ်လပ်သော နိုင်ငံတကာ အချ က်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ပြသနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမည် မဟုတ်သည့်အပြင် ပြသနာရပ်ကို ပိုမိုကြီးထွားစေမည်သာ
    ဖြစ်ပါသည်။ ”

    မိသားစုပိုင် တိုင်ကပ်နာရီကို တစစီဖြုတ်ပြီး ပြင်နေပါတယ် လို့ ပြောတဲ့ ၅နှစ်သားလေးကို
    နာရီက ပစ္စည်းတွေအကုန်ပေး ပြင်ဆိုင်ကိုပို့ပြင်မှ ရမယ်…လို့ ပြောတာကို

    ကျနော်မှာ သံပတ်တွေလဲ ပြန်တတ်ရဦးမယ် လက်တံတွေ ခွေးသွားစိတ်တွေလဲပြန်တတ်ရဦးမယ် လုပ်စရာတွေအများ
    ကြီးလုပ်ရဦးမယ်….လို့ အကြောင်းပြပြီး
    ပြင်ဆိုင်ပို့ဖို့ ငြင်းဆန်နေသလို ဖြစ်နေပါတယ်

    ၅နှစ်သားလေးခမျာ နာရီထဲ ဝင် အိမ်ဖွဲ့ ဖျ က်ဆီးနေတဲ့
    ကြွက်စုတ်အအုံအသိုက်ကိုတောင် တို့ရဲ ထိရဲရှာတာ မဟုတ်
    ပါဘူး

    ကဲ-အခုဘာတွေ ဆက်ဖြစ်လာမလဲ
    သင်သာ တာဝန်ရှိသူတယောက် လုပ်ပိုင်ခွင့်ရှိသူတယောက်
    ဆိုရင် ဒီကလေးကို ဘာလုပ်မလဲ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s