အုတ်ကြားမြက်ပေါက်နှင့် ပတ်သတ်၍ ဦးဝင်းငြိမ်း ပြောပြီ

Ye K Htwe

အုတ်ကြားမြက်ပေါက်နှင့် ပတ်သတ်၍ ဦးဝင်းငြိမ်း ပြောပြီ

Friday Times မှ ကူးယူဖော်ပြသည်။

နောက်ထပ်ဒီလိုကားမျိုး၊ ဒီလိုစော်ကားတာမျိုး မခံရအောင် ဘာလုပ်သင့်သလဲ၊၊ ခုလို အထိအခိုက်မခံနိုင်တဲ့ကာလမှာ
အစ္စလာမ်ဘာသာကိုယ်စားပြုတစ်ယောက်ပါသင့်တယ်လို့ ပြောနိုင်တယ်၊၊

အုတ်ကြားမြက်ပေါက် အကယ်ဒမီဆုရရှိခြင်းအပေါ် ဦးဝင်းငြိမ်း၏ ပြောကြားချက်

Image may contain: 1 person, sunglasses and eyeglasses

မြေးချစ်ညို

ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့က ပြုလုပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခွဲခြားသည့်ဇာတ်ဝင်ခန်းကို ထည့်သွင်းရိုက်ကူးထားသော အုတ်ကြားမြက်ပေါက်ရုပ်ရှင်ကား အကယ်ဒမီဆုသုံးဆု ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အကယ်ဒမီဆုရွေးချယ်ရေး ဘုတ်အဖွဲ့တွင်ပါဝင်သည့် ဦးဝင်းငြိမ်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တာကိုဖော်ပြလိုက်ပါတယ်။

မေး။ အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ့ ပတ်သက် ပြီး အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှာပါတဲ့ ဆရာ့ကို ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့သင့်တယ်လို့ ဝေဖန်နေကြတယ်။ အဲဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။

အုတ်ကြားမြက်ပေါက်အကြောင်းမပြောခင်အကယ်ဒမီစိစစ်ရေးအဖွဲ့မှာပါတဲ့ ကိုယ့်အခြေအနေကို အရင်ပြောချင်တယ်။ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဆိုတာက အလွှာဆယ်လွှာနဲ့ဖွဲ့တားတယ်။ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင် (ဒီအထဲမှာ အမျိုးသား၊ အမျိုးသမီး အဓိကတွေရော ဇာတ်ပို့တွေပါ ပါတယ်) တေးဂီတ၊ တည်းဖြတ်၊ ကင်မရာ၊ စက်မှု အစရှိသဖြင့် လုပ်ငန်းဆယ်မျိုး ခွဲထားတယ်။ ထူးချွန်ဆုရွေးဖို့အတွက် အလွှာအသီးသီးက ကိုယ်စားလှယ်တွေရွေးပေးကြတယ်။ အဲဒီမှာ ရုပ်ရှင်အကြောင်းရေးတဲ့ စာရေးဆရာတွေကိုလည်း ပါဝင်စေတယ်။ ဒီနှစ်မှာဆို ဆရာလယ်တွင်းသားစောချစ်နဲ့ ကိုယ်ရယ်၊ မြတ်ခိုင်နဲ့ ခင်ပန်နှင်းတို့ လေးယောက် ပါတယ်။ တေးဂီတနဲ့ ပတ်သက်လို့ ဦးမောင်မောင်လတ် (တေးရေး၊ ကဗျာဆရာနောင်)လည်း ပါတယ်။ ကိုယ်စားလှယ်တွေနဲ့ အကယ်ဒမီ ဆု ရွေးချယ်ရေးအဖွဲ့ဖွဲ့လိုက်ပြီးတော့ ရုပ်ရှင်ကားတွေ တစ်နေ့နှစ်ကားကြည့်ကြတယ်။ ကြည့်ပြီးတဲ့အခါ ပုံစံတစ်ခုမှာ ဒီကားကို နောက်တစ်ကြိမ်ထပ်ကြည့်ဖို့ လို၊ မလို မှတ်ချက်ရေးရတယ်။ လိုတယ်ဆိုရင်ဘာကြောင့်ထပ်ကြည့်ချင်တယ်ဆိုတာ အကြောင်းပြရတယ်။

မေး။ ဒီနှစ်မှာ ဘယ်နှစ်ကား ဆန်ခါတင်စာရင်းဝင်ခဲ့ပါသလဲ။ ရွေးချယ်တဲ့ပုံစံကိုပြောပြပေးပါအုံး။

ဒီကား ၃၃ ကားစလုံးက သက်ဆိုင်ရာဆင်ဆာက ခွင့်ပြုချက်ရပြီးလို့ ရုံတင်ပြသပြီးတဲ့ကားတွေချည့်ပဲ။ အနည်းဆုံးတစ်ရက် ဘယ်မြို့မှာပဲပြပြ စာရင်းဝင်တယ်။ အထပ်ထပ်အခါခါကြည့်ကြပြီးတော့ အကြိမ်အများဆုံးကြည့်တဲ့ကားဆယ်ကားက ဆန်ခါတင် စာရင်းဝင်ဖြစ်လာတယ်။ နိုင်ငံခြားပညာရှင်တစ်ဦးဦးပါဝင်ဆောင်ရွက်ထားရင် အဲဒီကားက စာရင်းမဝင်တော့ဘူး။ ဥပမာ၊ ညြေါုသု အသ ညြေိေူပေ ပေါ့။ အဖွဲ့ဝင်တွေကြည့်ပြီးတဲ့နောက်ပုံစံတွေနဲ့ ကိုယ့်အကြိုက်ဆုံး၊ ဘာကြောင့်ကြိုက်တယ်ဆိုတာရေးပြီး ချိပ်ပိတ် ပေးရတယ်။ အဲဒီစာအိတ်တွေကို ဥက္ကဋ္ဌဦးနှင်းမိုး၊ ဒေါ်ဝါဝါဝင်းရွှေ၊ ဆရာလယ်တွင်းသားစောချစ်၊ ဦးမောင်မောင်လတ်နဲ့ ကိုယ်တို့ရှေ့မှာ ဝန်ထမ်းတစ်ယောက်ကဖောက်ပြီး ဘယ်သူကမဲဘယ်လောက်ရတယ်ဆိုတာ ရေတွက်ပြတယ်။ တကယ်တော့အဖွဲ့ဝင်တွေက သက်သေ အဖြစ်ဆောင်ရွက်တာပဲ။ ဖြည့်စွက်ခွင့်၊ ပြင်ဆင်ခွင့်ဘယ်သူမှမလုပ်ရဘူး။ဒါဆိုရင်ဘယ်လိုရွေးတယ်ဆိုတာရှင်းလောက်ပြီ။

မေး။ အုတ်ကြားမြက်ပေါက်ဇာတ်လမ်းထဲမှာ ဘာသာရေးအရခွဲခြားတဲ့ ဇာတ်ဝင်ခန်းပါနေလို့ ဝေဖန်မှုတွေမြင့်တက်နေတယ်။ ဆရာကလည်းရွေးချယ်ရေးအဖွဲ့ ထဲမှာပါနေတော့ ဒီကားကို အကယ်ဒမီဆုစာရင်းထဲမှာ မပါဖို့ ဆရာအနေနဲ့ထောက်ပြသင့်တယ်လို့ ပရိသတ်အချို့က ပြောဆိုဝေဖန်နေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ခုခုပြောပေးပါအုံး။

အုတ်ကြားမြက်ပေါက်ကိစ္စပြောမယ်။ ဆင်ဆာကခွင့်ပြုပြီးရုံတင်ပြသချိန်မှာ ကလေးနှစ်ယောက် ကုရ်အာန်ဖတ်နေတာပါတယ်။ထွန်းထွန်း ထောင်ကထွက်လာပြီး အိမ်ပြန်လာတဲ့အခန်းမှာပါ။ ကလေးနှစ်ယောက်ကိုပြပြီးမှ သူတို့အဖေအလီနဲ့ စကားပြောခန်းပြတယ်။စကားတွေက နှစ်ဖက်တွေးလို့ရတယ်။ ဒါပေမဲ့ဆင်ဆာက ခွင့်ပြုခဲ့ပြီးပြီ။ မတတ်သာတဲ့အဆုံးမှာ ကုရ်အာန်ဖတ်တဲ့အခန်းက မွတ်စလင်မှန်း သိအောင်တမင်ထည့်ထားတာမို့ ဖြုတ်ပေးဖို့ အစ္စလာမ်အဖွဲ့အစည်းတွေက စာတင်ကြတယ်။ ကိုယ်ကတော့ ဆင်ဆာအဖွဲ့ဝင်တချို့နဲ့ ရင်းနှီးပတ်သက်နေလို့ ပါးစပ်ကပဲတောင်းဆိုခဲ့တယ်။ ဒါကြောင့်ရုံတင်နေဆဲမှာပဲ အဲဒီအခန်းဖြုတ်ပေးခဲ့ရတယ်။
စကားလုံးတွေက နှစ်ဖက်တွေးလို့ရတာဆိုတော့ ဒီကားပိတ်ပေးပါလို့ပြောမှရတော့မယ်။ ဒီလိုအခွင့်အရေး ကိုယ်တို့မှာမရှိဘူး။ ဆင်ဆာအဖွဲ့မှာ သက်ဆိုင်ရာအဖွဲ့က ကိုယ်စားလှယ်တွေပါပါတယ်။ သာသနာရေးကလည်း ပါတာပေါ့။ သူက ဗုဒ္ဓဘာသာကိစ္စပဲ ကြည့်တာပေါ့။ ဒါဆို နောက်ထပ်ဒီလိုကားမျိုး၊ ဒီလိုစော်ကားတာမျိုးမခံရအောင် ဘာလုပ်သင့်သလဲ။ ခုလို အထိအခိုက်မခံနိုင်တဲ့ ကာလမှာ အစ္စလာမ်ဘာသာကိုယ်စားပြုတစ်ယောက် ပါသင့်တယ်လို့ပြောနိုင်တယ်။ ဒါပေမယ့်ဘယ်သူက လက်ခံမှာလဲ။ ဘယ်သူက လူရာသွင်းမှာလဲ။ ဘယ်သူကခေါင်းခံလုပ်မှာလဲ။ အစ္စလာမ်ဘာသာဝင်တွေအတွက်ရုပ်ရှင်ကြည့်တာကိုက အပြစ်ဖြစ်နေတယ်လေ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s