” အမြင်တွေ ပြောကြည့်တာပေါ့ ” မိုက်လိုက်တဲ့ ဓမ္မပီယ။ ဒေါက်တာဘွဲ့မှ အားမနာ။ ဗုဒ္ဓရဟန်းခံယူပြီး၊ ဗုဒ္ဓအဆုံးအမ ခြေကန်၊ ထရမ့်ပ် လိုလူ ဆရာတင် ကိုးကားနေတာ၊ ဘယ်လောက်မိုက်လုံးကြီး သလဲ ဆိုတော့။

Min Aung

” အမြင်တွေ ပြောကြည့်တာပေါ့ ”

‘လူမိုက်လမ်းဆုံးကျမ်းကိုးပုံတွေ ‘

လူက သုံးစားမရအောင် မိုက်တွင်းနက်တော့ ဓမ္မပီယ ကတုံးတုံး သင်ကန်းဝတ်ထားပြီး၊ ‘ရဟန်း’ မဖြစ်၊
ဘာဝိနည်း၊ ဘာသိမ်ဝင် လာမပြောနဲ့၊ အဲဒါတွေ အမေဇုံတောထဲသွားပြော၊ ကိုယ့်လူဖါသာ ဘာသိမ်ဝင်ထားထား လူလိုနေရင် လူ၊ ရဟန်းစိတ် မရှိရင် လူ လို့ပဲ သတ်မှတ်သဗျာ။
သူ့လုပ်ရပ်တွေအတွက် အမေရိကန်က ထရမ့်ပ်အုပ်စုတွေကို ကိုးကားဥပမာပေးတယ်။

မိုက်လိုက်တဲ့ ဓမ္မပီယ။ ဒေါက်တာဘွဲ့မှ အားမနာ။
ဗုဒ္ဓရဟန်းခံယူပြီး၊ ဗုဒ္ဓအဆုံးအမ ခြေကန်၊ ထရမ့်ပ် လိုလူ ဆရာတင် ကိုးကားနေတာ၊ ဘယ်လောက်မိုက်လုံးကြီး သလဲ ဆိုတော့။

ကွန်မန့်တွေထဲမလဲ ထရမ့်ပ် ကိုးပြ၊ မလေးရှား ကမ့်ပ် ကိုးပြ ပြီး လာ မန့်ကြတဲ့ သူတွေ ရှိတယ်။
အဲသလိုလူတွေ၊ အဲသလိုနိုင်ငံတွေ မှာတင် လမ်းဆုံးနေပြီဆိုရင်တော့ စိတ်မကောင်းစရာပဲ။

ဒေဝဒတ် ကို ဘုရားအောင့်မေ့ရင်တော့ မြေမြိုခံရပြီး ဇာတ်သိမ်းသပေါ့။

သူ့ဖါသာ သမ္မတ မကလို့ ဘာဖြစ်ဖြစ် ကျနော့်မျက်စိထဲ ထရမ့်ပ် က အရူးပါ။
နိုင်ငံရေး ကို အိမ်ပွဲစားအသိနဲ့ လုပ်နေတာ။ မက္ကဆီကို ကနေ အခွန်တိုးကောက်ပြလိုက်ပြီး သူနိုင်တယ် ထင်နေတာ။ အဲဒီက ပြန်ရမယ့် ဆိုးကျိုးရောင်ပြန် ကို သူမတွက်တတ်သလို၊ win win situation ဆိုတာ သူနားမလည်ဘူး။ ကိုယ့်တနိုင်ငံထဲ ကောင်းစားရေး လုပ်လို့ မရဘူး၊ ကမ္ဘာ့ပယောဂတွေဟာ နိုင်ငံပေါင်းစုံ ထိခိုက်စေတယ် ဆိုတာ သူ့ဉာဏ်မမီဘူး။
climate change တောင် တရုတ်က လုပ်ကြံတဲ့ အတု ပါ ပြောတဲ့ လူမျိုး။

လွန်ခဲ့တဲ့ ၁၆ ရာစုလောက်က အမျိုးသားရေး မျိုး ကြွေးကြော်ပြပြီး အမှန်အောင့်မေ့နေတာ။

ပြည်သူထောက်ခံတာတော့ မပြောနဲ့၊ အမေရိကန်တွေထဲမှာလဲ မြန်မာပြည်လိုပဲ၊ ပေါတောတော ငတုံးတွေ အများကြီး။ မဘသတွေ၊ ကြံ့ဖွံ့တွေ လို ဆိုပါတော့။

တယောက်က ထောက်ပြတယ်။ သူက သေချာ အလေးအနက်ပါ။ မောင်တောဒေသ နေချင်စရာ ကောင်းသွားရင် နောက်ထပ် ဘင်္ဂလီတွေ သန်းချီ ဝင်လာလိမ့်မယ် တဲ့။

လာပလေ့စေ၊ လာသမျှ ဆီးပြီး ခိုင်းပစ်မယ်။ တရာတန်အလုပ် တဆယ်နဲ့ လုပ်မယ့်လုပ်အားတွေ ရမှာ။ မလာရင် သူတို့နိုင်ငံမှာတောင် လေဘာရုံးသွားဖွင့်ပြီး အခု ကိုရီးယားတွေ မြန်မာအလုပ်သမား ခေါ်သလို ခေါ်ရဦးမှာ။
ထိုင်းမှာ မြန်မာ ၄ သန်းလောက်ရှိတယ်။ ထိုင်းတွေက စိုးရိမ်တကြီး ပိတ်မနေဘူး။ ဆီးပြီး ခိုင်းစားထားတယ်။ ဝင်လာပြီး ချက်ချင်းပန်းရောင်ကဒ်ကိုင်တာကတော့ ခင်ဗျားတို့ လဝက၊ ရဲ၊ တပ်မတော် ပြည်ထဲရေး က တိုင်းပြည်ကို သစ္စာဖေါက်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ ကိစ္စ။
Man Power ကို နားလည်ရင်၊ Human Resource ကို သဘောပေါက်ရင် လူတွေ ရှိလေ၊ များလေ ‘အား’ ဖြစ်လေ ကို သဘောပေါက် စီမံခန့်ခွဲတတ်ရမှာပေါ့။

ကျနော့် သဘောသာဆို ဝ နယ် နဲ့ ဆွေးနွေးပြီး၊ စီးပွားရေး အပြန်အလှန် ကူးသန်းရောင်းဝယ်ရေးတွေ လုပ်ဖို့ ညှိနှိုင်းမယ်။
သူတို့ဘာလိုချင်သလဲ၊ ဘာပေးနိုင်သလဲ။ ဘာရောင်းဖို့ ရှိသလဲ၊ ဘာဝယ်ချင်သလဲ။
ကျည်ဆန်တွေအစား ဒေါ်လာတွေ ပလူပျံအောင် လုပ်နိုင်ရင် ဘယ်သူမှ စစ်တိုက်မှာ မဟုတ်တော့ဘူး။

ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ အင်ဒို၊ မလေးတွေမှာ အောက်ခြေလုပ်သား လိုအပ်ချက်တွေ ရှိနေတယ်။ အမေရိကန်မှာလဲ ရှိနေတာပါပဲ။ နယူးယောက်ခ်မှာ အလုပ်ရှာမရဘူး ဆိုတာ မရှိဘူး။
ပြဿနာ က အလယ်ပိုင်းက ဆင်းရဲတဲ့ ခေါင်ဒေသတွေ။

အမေရိကန် ရဲ့ကမ်းခြေဝေးမြို့တွေဟာ ဖုန်းဆိုးမြေတွေလိုပဲ။ အိမ်တွေဆိုရင် အလကားပစ်ထားကြတာ။ အိမ်တလုံး ကို ၂ထောင် ၃ ထောင်နဲ့လဲ ဝယ်လို့ရတယ်။ ၂ သောင်း ၃ သောင်းဆို အိပ်ခန်း ၅ ခန်းလောက်ပါတဲ့ အိမ်ကြီးရက္ခိုင်နေလို့ရတဲ့ မြို့တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ နေပြီး ဘာလုပ်စားမလဲ။ မြို့အလိုက် စွန့်ပစ်ထားတာတွေလဲ အများကြီး။
ဒါတွေဟာ အမေရိက ရဲ့ စီးပွားရေးပေါ်လစီ မှားယွင်းမှုတွေ၊
အခွန်စနစ်ချွတ်ချော်မှုတွေ ပြနေတာပါ။ ကျနော် အစောကြီးကထဲက အမေရိကန်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် ကို မကြိုက်ဘူး၊ ချွတ်ယွင်းချက်တွေ တပုံကြီး လို့ ပြောခဲ့ပြီးသားပါ။
အမေရိကန်ဆင်းရဲတာ အင်မီဂရန့်ကြောင့်မှ မဟုတ်တာ။
နောက်ပြောရရင် ဒီမိုကရက်တွေ ကြောင့်လဲ မဟုတ်ဘူး။
ရီပတ်ဘလီကန်သားအဖ ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာ အမေရိကန်မွဲတေရခြင်း အဓိက ပြဿနာ။ ပြီးတော့ အခွန်စနစ် က အလွဲကြီး။
စီးပွားရေးတွေကလဲ တလွဲကြီး လို့ပဲ ကျနော် က မြင်ပါတယ်။

အမေရိကန်ရဲ့ ဖုန်းဆိုးမြို့ကြီးတွေကို ရောက်တဲ့အခါ တတိယကမ္ဘာက လာတဲ့ ကျနော်ဟာ နှမျောမိတော့တာပဲ။ ရေမီးအင်တာနက် ၂၄ နာရီ ရတဲ့ မြို့ပျက်ကြီးတွေ။ ရေမီးအင်တာနက်၂၄ နာရီမရတဲ့ မြို့တော်က ကျနော်က လာတာလေ။ ဒါကြီးတွေ အလဟဿဖြစ်နေတာ၊ စက်ရုံဧရာမကြီးတွေ ရပ်ထားတာ မြင်ရတာ နှမျောတော့တာပဲ။

အမေရိကန်တွေ အရင်ဆုံး စ လုပ်ရမှာ အဲဒီ တစ္ဆေမြို့တွေ ပြန်လည်ထူထောင်ရေး လုပ်ရမှာ။ အနိမ့်ဆုံး အက်စတိတ် ဈေးပေါတဲ့ အိုင်တီဗေလီတွေ ထူထောင်လို့ရပေါ့ဗျာ။ မြန်နှုန်းအမြင့်ဆုံးဝိုင်ဖိုင်တွေသာ ချပေးလိုက်ပါ။ အဲဒီမြို့တွေ နေ့ချင်း ညချင်း ရုံးတွေနဲ့ ပြည့်ပြီး စည်ပင်သွားစေရမယ်။

ဆိုပါတော့ အိုင်တီဗေလီတွေ လုပ်တယ်ဆိုပါတော့၊ အဲဒီလူတွေအတွက် အဲဒီလိုမြို့သစ်လိုနေရာတွေမှာ လိုအပ်တဲ့ ဆားဗစ်စ်တွေ၊ စားသောက်ဆိုင်တွေ၊ ယာဉ်သယ်ယူပို့ဆောင်မှုတွေ လုပ်ဖို့ လိုလာမယ်။ အလိုအလျောက်အောက်ခြေလုပ်ငန်းတွေလဲ ပေါ်လာမယ်။ ဘယ်သူတွေက သွားလုပ်ကြမလဲ။ အင်မီဂရန့်တွေပဲပေါ့။
ဖို့ဒ်ဝိန်း မှာ မြန်မာတွေ အုံနဲ့ကျင်းနဲ့နေနေကြတယ်။ ဒီမှာ စကားလက်ဆုံကျတော့ ဖို့ဒ်ဝိန်း ဆို ရယ်ကြတယ်။ ကျနော်က စဉ်းစားသပေါ့လေ။ နယူးယောက်ကနေ ပြေးမလား လို့။ ဖို့ဝိန်းမှာ သုံးသောင်း လေးသောင်းနဲ့ အိမ်လှလှလေးတွေ ဝယ်လို့ရတယ်။ အသင့်ပြင်ဆင်ပြီး လက်တင်နေရုံ၊ ရပ်ကွက်သန့်သန့်နော်။ အဲဒီပိုက်ဆံနဲ့ နယူးယောက်ခ်မှာ ပထမစရံချငွေတောင် မမီဘူး။ ဖို့ဝိန်းမှာ ကားအာမခံကြေး အများဆုံးမှ ၇၀- ၈၀ တဲ့။ ကပ်လျက်ဂျာစီမှာ တရာကျော်။ နယူးယောက်ခ်ဘရွတ်ကလင်းမှာ ၃၉၀ ပေးရတယ်။ တလ ကိုပြောတာနော်။ အဲဒါ ဒရိုင်ဘာလိုင်စင် ကလင်း နော်။ ဘာပွိုင့်မှ မရှိတဲ့သူ ပေးရတာ။
အဲသလို စရိတ်စက ကြီးတယ်။

ဖို့ဝိန်း မှာ ကိုယ့်လူတွေချည်း နေကြတယ်။ ပြောင်းမလားပေါ့၊ nothing တဲ့။ အဖြူတွေ မပြန်ချင်ကြဘူး။ တော ပေါ့လေ။
ထရူးဒိုး က အင်မီဂရန့်တွေ လှိမ့်လက်ခံတယ်။ ထရမ့်ပ်က အကုန်မောင်းထုတ်၊ ရှိပြီးသား ဆယ်နှစ်ကျော် နေခဲ့ပြီးသားလူတောင် မောင်းထုတ်နေတယ်။ စောင့်ကြည့်ကြတာပေါ့။ နောက်ငါးနှစ်လောက်မှာ ဘယ်သူမှန်သလဲ သိရမှာပါ။

နောက်မှဆက်မယ်ဗျာ

ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s