” ကျနော့်ကို အာဏာလွှဲပေးရင် NLD ထက် ဆယ်ဆသာတဲ့ အစိုးရဖွဲ့ပေးမယ်လေ နော့ “

Min Aung

” ကျနော့်ကို အာဏာလွှဲပေးရင် NLD ထက် ဆယ်ဆသာတဲ့ အစိုးရဖွဲ့ပေးမယ်လေ နော့ ”

ဝေဖန်ရေးလုပ်နေတဲ့သူကို အာဏာလွှဲပေးချင်တယ် ဆိုလို့ပါ။
ရပါတယ်။ ခင်ဗျားတို့ လွှဲပေးချင်ရင် တာဝန်ယူပေးဖို့ ဝန်မလေးပါဘူး။
သမ္မတ၊ ဝန်ကြီး စသဖြင့် ရာထူးတွေ ကိုယ်တိုင်ယူပြီး ခေါင်းပေါင်းတလူလူ မလွတ်မလပ် ဘဝကို သောက်ရူးထ၊ အချိန်လဲ ကုန်မခံချင်ပေမဲ့ ခု NLD အစိုးရထက် ၁၀ ဆ သာတဲ့ အစိုးရ ကျနော် ဖွဲ့ပေးနိုင်တယ်။
နိုင်ငံတကာ က လေးစား အသိအမှတ်ပြုပြီးသား ပညာရှင်တွေကို တန်းစီ ပါစေရမယ်။ မြန်မာပြည်မှာ ဒေါင်ဒေါင်မြည်တဲ့ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ အများကြီးပါ။ ခု အစိုးရထက် သာစေရမယ်။
ကျနော်တော့ အစိုးရထဲ ပါချင်မှ ပါပေမပေါ့ဗျာ။ ( မပါဘူးပြောတာ၊ ဥပဒေလဲ ရှိပြီးသားဆိုတော့ မာစီဒီးကြီးတဝီးဝီး နဲ့၊
အတိုင်ပင်ခံပုဂ္ဂိုလ် ပဲ လုပ်ရင်ကောင်းမလား လို့ 😜😜😜 စဒါဘာ စ ဒါဘာ )

ကျနော် က စာပေအနုပညာသမားပါ လို့ ဘယ်နှကြိမ်မှန်းမသိရေးနေလဲ ခုလိုတွေ လာလာချေသေးတယ်။ ကျနော့်ကိုယ်ကျနော်ဖြင့် ခေါင်းဆောင်လို ကြည်ညိုစရာ မကောင်းလှပေါင်ဗျာ။

ကျနော့်အနုပညာနဲ့ ကျနော့်ဖါသာ နေ့တွေ ညတွေ သာယာလှတာ၊ ခင်ဗျားတို့သမ္မတ က လွတ်လွတ်လပ်လပ် လွမ်းရလို့လား။

လူတွေကို အောက်ကျ နောက်ကျ ကျနော့်ကို ကြိုက်ကြပါ၊ မဲထည့်ကြပါ နဲ့ မပြုံးချင်လဲ သွားဖြဲ လူမကြိုက်ကြိုက်အောင် နေထိုင်ဆင်းရဲလှတဲ့ဘဝ (ကန်တော့နော်) ရီးမို့လို လုပ်ရမှာလား ဟားဟား။
ခေါင်းစုတ်ဖွားဖွား ဂျင်းဘောင်းဘီတကားကားနဲ့ နေတဲ့သူပါလေ။
ခေါင်းထဲ အာဏာရူးလို့ ရေးနေတာမှ မဟုတ်တာ။ စာတွေရေး သြဇာတွေ တည်ဆောက်ပြီး ပြည်တော်ပြန် စဆရက လုပ်ဖို့လဲ စိတ်ကူးမရှိ။ (ငါမအိုချင်ဘူးကွယ်)
ဆေးခြောက်တရားဝင်ရောင်းဝယ်ဖေါက်ကားလို့ရပြီ ဆိုတဲ့ ပြည်နယ်တွေဘက်ပြောင်းနေ၊ လမ်းဘေးက သူတောင်းစားစပန်းနစ်ရှ်ဂစ်တာသမားတယောက်ယောက်ဆီ ဂစ်တာတီးသင်ရင်ကောင်မလား ဆိုတဲ့ စိတ်ကူးမျိုးပဲ ယဉ်ပါတယ်။

သမ္မတတော့ မဖြစ်ချင်ဘူး။
ခင်ဝမ်း ဖြစ်ချင်လို့။

ဘဝ က သိပ်တိုတယ်
မနေချင်သလို
နေပစ်ဖို့
မနေရက်စရာ။

ဒါပေမဲ့ NLD ထက် ၁၀ ဆ သာတဲ့ အစိုးရ ဖွဲ့ပေးမယ်နော်။ ချဲလင်း။
မြန်မာပြည်မှာ တကယ့်ဒေါင်ဒေါင်မြည် အရည်အချင်းရှိ၊ သတ္တိရှိ တဲ့ နိုင်ငံရေးသမားတွေ အများကြီးပါလေ။ ဘယ်သူ ဘယ်ဝါ လို့ လိုင်းအပ် ချတာ ခုထက်သာစေရမယ်။ ၁၀ ဆ နော် ၁၀ ဆ။ ချဲလင်းပါ။
ဒီတိုင်းပြည်မှာ ဘယ်လိုအရည်အချင်းရှိ၊ သတ္တိရှိတဲ့သူတွေ ရှိတယ် ဆိုတာ ကျနော်မပြောနဲ့ နိုင်ငံရေးနဲ့နီးစပ်သူတိုင်းသိကြတယ်ဲ ။
ဒေါ်စုအတ္တမှိုင်းထပ်၊ ဘဝင်လေဟပ်ပြီး၊ ခုလို စုတ်ဖတ်ဖတ်အစိုးရ ရထားတာ ကို ပြောချင်တာပါ။

တခုတော့ ရှိတယ်။
ကျနော်က ဒေါ်စုတို့လို ဈေးမပေါဘူးဗျ။
အလကားတော့ မလုပ်ပေးနိုင်ဘူး။
လုပ်ပေးစေချင်ရင်

၁။ တပ်မတော် အနေနဲ့ ပြီးခဲ့သမျှ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သမျှ ဝန်ချတောင်းပန်ပေးရမယ်။
၂။ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တရားဥပဒေနဲ့ အညီ အပြစ်ပေးခြင်းကို ခံရမယ်။
၃။ အလွဲသုံးစားမှုတွေကို စနစ်တကျစိစစ်ပြီး မည်သည့် စစ်ဘက်၊ နယ်ဘက် အလွဲသုံးစားလုပ်ထားသမျှ ဥပဒေနဲ့အညီ ပြည်သူ့ဘဏ္ဍာ ပြန်လည်သိမ်းပိုက်ခြင်း ခံရမယ်။
– ကာယကံရှင် မရှိတော့လျှင်တောင် ကျန်ရစ်သူမိသားစု အနေနဲ့ အလွဲသုံးစားမှု ကို ရင်ဆိုင်ရမယ်။
၎။ တပ်မတော်အငြိမ်းစားများ အရပ်ဘက်တာဝန်များမှ အားလုံးနှုတ်ထွက်ပေးရမယ်။
၅။ DSA စစ်တက္ကသိုလ် ကို သင်ရိုးညွှန်းတမ်းသစ်နဲ့ နိုင်ငံတကာ ဒီမိုကရေစီတပ်မတော်များမှ ပညာရှင်များ ဦးဆောင် ပို့ချပေးနိုင်ခြင်း မပြုနိုင်သေးခင်မှာ အကန့်အသတ်မရှိ ပိတ်ထားခြင်းခံရမယ်။
၆။ တပ်မတော်မှာ အစိုးရဝန်ထမ်းအဖွဲ့အစည်းသာ ဖြစ်တယ်။ အစိုးရအကြီးအကဲ၊ သမ္မတရဲ့ အမိန့်ကို နာခံရမယ်။
၇။ ၂၀၀၈ အခြေခံဥပဒေ ကို လုံးဝ ဖျက်သိမ်းမှာ ဖြစ်တယ်။
၈။ ရဲတပ်ဖွဲ့ကိုလဲ စနစ်တကျပြန်ဖွဲ့စည်းမှာ ဖြစ်တယ်။
၉။ စစ်မှန်တဲ့ ဖက်ဒရယ်မူ ကို ကျင့်သုံးမှာ ဖြစ်တယ်။
၁၀။ ပြည်ထောင်စုမူ ရေးဆွဲရာမှာ တပ်မတော်မှ ပါဝင်စရာမလို။

မဖြစ်နိုင်တာတွေ၊ လက်တွေ့မကျတာတွေ လာပြောနေတယ် လို့ မအောင့်မေ့ပါနဲ့၊ ကြုံတုန်း စစ်အုပ်စု ကို သူတို့မတရား လုပ်ထားတာတွေ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် fire လုပ်ပြတာပါ။

ဘာလက်နက်မှ မကိုင်ဘဲ၊ သည်ကလောင်နဲ့ ခင်ဗျားတို့တပ်မတော်ကြီး အရှက်သိက္ခာမဲ့ ကျရှုံးအရေးနိမ့်စေရမယ်လေ ဟာဟ။

ချိုတူးဇော်

” နိုင်ငံရေး မှာ ဆောရီး လုပ်လို့ မရဘူး ”

“အချစ်မှာ ဆောရီးဆိုတာ မရှိဘူး ဖေဖေ ”

အိုလီဗာရက် – ၃

အီရစ်ဆီဂဲလ်
( အချစ်ပုံပြင် မှ)

ဖေ့စ်ဘွတ်ခ်ပေါ်က မျက်မှန်းတမ်း ခင်သလိုလို၊ ချဉ်သလိုလို မိတ်ဆွေ စလုံးလော်ဘီတယောက်က တညောင်ညောင်နဲ့ အိပ်စ်ကျုစ်စာတွေ သိပ်ရေးတယ်။ ဝေဖန်ရေးလုပ်နေတဲ့သူတွေ အာဏာလွှဲပေးကြည့်ချင်တယ် ဆိုပဲ။ မြင်းအလုပ် နွားအလုပ် လဲ သဘောပေါက်ပုံမရ။

ဘာတွေ အိပ်စ်ကျုစ်လုပ်သလဲ ဖတ်ကြည့်ဦး။

– NLD ဟာ အာဏာယူစဉ် အခွံဟောင်းလောင်း ယူခဲ့ရတာပါ တဲ့။
– အပင်တွေကိုတောင် ရေနွေးလောင်းခဲ့ ဘလာ ဘလာ ဘလာ။
– ၂၀၂၀ မှာ တဘက်အုပ်စု က အာဏာကို မရမက ပြန်ယူမယ်လို့ ကြိမ်းဝါးနေတာလဲ သိဖို့ လိုတယ် တဲ့။
– နေရာတိုင်းအဆင့်ဆင့် ကန့်လန့်တိုက်ခံနေရတာပါ

စသဖြင့်တွေ အလွန်တရာမှ သနားစဖွယ်ပြောသွားပါလေရော။

အနှီပုဂ္ဂိုလ်ကို အရင်ဆုံးပြောချင်တာ

‘နိုင်ငံရေး’ ဆိုတာ ဘာလဲ သိရဲ့လား ဆိုတာပါပဲ။
နိုင်ငံရေးဆိုတာ လက်နက်ခဲယမ်းမီးကျောက်တွေမပါဘဲ တိုက်ကြတဲ့ စစ်မြေပြင်ပါ။

နိုင်ငံရေး ကို နိုင်ငံရေးနဲ့တူအောင်မလုပ်ဘဲ
‘ကျမမှာ ချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ် ငှဲဟယ် ငှဲဟယ်’
လို့ သွားလုပ်ပြစရာမဟုတ်ဘူး။
ပြိုင်ဘက်အတိုက်အခံကို ပြတ်ပြတ်သားသားဆက်ဆံဖို့ လိုသလို၊ ဝေဖန်ရေးလုပ်တာကိုလဲ
” သားသားလေးအနေနဲ့ ရင်နှစ်ခြမ်းဗြမ်းဗြမ်းကွဲအောင် ဖျော်ဖြေချင်ပေမဲ့ ကျန်းမာရေးကမကောင်း၊ အလိုဆန္ဒတွေကမပြည့်မို့လို့ ” လို့
ဇာတ်မင်းသားသံနှော အိပ်စ်ကျု လုပ်စရာ မဟုတ်ဘူး။

လော်တွေက ဖါ လိုက်၊ အိပ်စ်ကျုစ် လုပ်လိုက်၊ အာဏာယူထားတဲ့ကောင်တွေက တခုမှသာ အပေါက်အလမ်းမတည့်တာ၊ ဝေဖန်တဲ့သူတွေကို ပုတ်ခတ်နှုတ်လှန်ထိုးလိုက် နဲ့။
ကျ လဲ ကျလောက်တဲ့ ပါတီ နဲ့၊ ဝန်းရံသူတွေ။

ဌာနဆိုင်ရာ အောက်ခြေက တိုင်စာတက်လာတယ်။
ဘယ်နေရာ ဘယ်ဌာန က ဘယ်သူဘယ်ဝါကဖြင့် ကန့်လန့်တိုက်နေတယ် ဆို၊ ခေါ်စစ်ဆေး၊ လိုအပ်ရင် သမ္မတ လက်မှတ်ထိုးပြီး တာဝန်မှရပ်စဲ လိုက်စမ်းပါ။ တန်းစီပြီး ကန့်လန့်တိုက်နေတဲ့ ညွှန်ချုပ်၊ ညွှန်မှူး၊ အဆင့်ဆင့် အကုန် တာဝန်မှ ရပ်စဲကြောင်း ပြန်တမ်းထုတ်ပစ်လိုက်ပါ။ အတွင်းဝန်တွေလဲ တာဝန်တွေ ရပ်စဲလိုက်ပါ။ ရပ်စဲ လို့ မရရင် ဥပဒေအရ အရေးယူလို့ ရမယ့် လမ်းကြောင်းတွေနဲ့ ပုဒ်မတွေ တပ် အရေးယူလိုက်ပါ။
တသီကြီး တန်းစီ တာဝန်ရပ်စဲပြန်တမ်းထုတ်ပြီး မင်းတို့ ဘာလုပ်ချင်လဲ လို့ ပြည်သူအပ်နှင်းထားတဲ့ သမ္မတတယောက်အနေနဲ့ လက်နက်ကိုင် လူဝါးဝနေတဲ့ စစ်ဗိုလ်ချုပ်တွေကို အေးအေးဆေးဆေးပဲ ပြုံးပြလိုက်စမ်းပါ။ ဖမ်းမလား၊ သတ်ပစ်မလား၊ ဘာလုပ်မလဲ ပြောလေ။
အဲဒါမှ နိုင်ငံရေး ပါ။
ခင်ဗျားတို့မှာ ပြည်သူက ထောက်ခံထားတဲ့ အာဏာရှိတယ်။ နိုင်ငံတကာက ထောက်ခံထားတဲ့ အင်အားရှိပါတယ်။
အလဟဿ လုပ်ပစ်မနေပါနဲ့။
အဲဒီလို မလုပ်ဘဲ အသံမထွက်ဘဲ ငြိမ်နေလေ ဟိုလူလွန်မသား ပြိတ္တာတွေက ပြိတ္တာဝါးဝလေ။

အစိုးရ ဆိုတာ အစိုးရနဲ့တူတူတန်တန် အာဏာစက်တော့ ရှိဖို့ လိုသပေါ့။ နဂါးမှန်းသိအောင် အမောက်ထောင်မပြသရွေ့၊ ဒါမြွေကြီး လို့ပဲ ထင်နေမှာကိုးဗျ။
ဘယ်နိုင်ငံ ဘယ်သမိုင်းမှာများ လခစားအစိုးရဝန်ထမ်းလုပ်နေပြီး၊ ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရကို ခုလို ရိုင်းရိုင်းပျပျ ကန္နကောစ လုပ်တာ ရှိသလဲ။
မီဒီယာတွေက ဝိုင်းဖေါ်ထုတ်၊ ပြည်သူတွေက ဝိုင်းဖေါ်ထုတ်ကြရမှာ။
ယုတ်စွအဆုံး လုံးဝ ကန့်လန့်နေတဲ့ ဌာနဆိုင်ရာတွေကို သမ္မတအထူးအာဏာနဲ့ ပါးပါးကလေး ဘေးထုတ်ပစ်ပါ။
အပြိုင် အထူးလုပ်ငန်းကော်မရှင်တွေ ဖွဲ့ပြီး၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်လုပ်ဖို့ ကော်မရှင်တွေကတဆင့် စီမံပြီး၊ အဲဒီ စစ်ဖွတ်အရာရှိတွေကို ဘေးထုတ်ပစ်ပါ။
ကော်မရှင်တွေကို လွှတ်တော်ကနေ တိုက်ရိုက်ဖွဲ့ အမတ်တွေထဲက အတွေ့အကြုံ၊ သို့မဟုတ် ပညာရပ်ဆိုင်ရာ အခံ ရှိသူတွေ တာဝန်ပေးပေး၊ ပြင်ပ ပညာရှင်တွေ ဖိတ်ပြီးပေးပေး၊ အဲဒီစစ်ဖွတ်ယန္တရား ကို ကျော်လည်ပတ်နိုင်အောင် လုပ်ရမှာပေါ့။

ခုက ကျနော်က ၄၆ အထွေထွေသပိတ်မျိုးမှောက်ခိုင်းနေတယ်။ ခင်ဗျားတို့က ဘာမှ မလုပ်နိုင်ဘူး။ စစ်ဖွတ်တွေက လုပ်နေတယ်။ သူတို့ သပိတ်နဲ့ တိုက်နေတာ။
သပိတ်ပေမဲ့ ချီးသပိတ်။ လာဘ်မစားရလို့၊ မခိုးရလို့ မှောက်တဲ့ သပိတ်ဆိုတော့ ဟိုတလောက မထသစပယ်ယာတွေ လမ်းပြောင်းပြန်မောင်းရင် လိုင်စင်ပိတ်မယ် ဆိုတာကို သပိတ်မှောက်မယ် ဆိုတဲ့ အဆင့်မျိုးသပိတ်။

အံ့သြရလောက်အောင် အဲဒီဒေါ်စိန်အေးကျောင်း DSA ထွက်တွေကလဲ ဘယ်အပါတ်ဆင်းဆင်း၊ သောက်ကျင့်မကောင်း၊ စိတ်ဓါတ်ယုတ်ညံ့ကြတာ တူပြန်သဗျ။
ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုပြီး အတောင့်လိုက် ဘာလုပ်လုပ် ခံ နေသရွေ့ ဘာမှ ပြောင်းလဲ လာမှာ မဟုတ်ဘူး။ ပြောရင်လဲ နင့်မေဂျီးဒေါ်ကြီး ရင်ကြားစေ့ရေ ဆိုတာ လာဦးမယ်။
ရင်ကြားစေ့ရေး ဆိုတာ လူမိုက်အားပေးတော့ မဖြစ်သင့်ပါလေ။

ခုနောက်ဆုံးကြားရတာ ပြင်ပလုပ်ငန်းရှင်တွေကို ပေးချေရမယ့်ငွေတွေ ပြန်မပေးဘူး ဆိုပဲ။ ဒါ့ထက်ကောင်းတာ ရှိဦးမလား၊ စာရင်းစစ်ဝင်၊ အလွဲသုံးစားမှုတွေ ဝတ္တရားပျက်ကွက်မှုတွေနဲ့ တန်းစီအရေးယူ လို့ ရမှရ။
လုပ်ငန်းရှင်တွေ အနေနဲ့ကလဲ မီဒီယာကို ဖွင့်ချပြီး၊ ပြည်သူ့ရှေ့နေကြီးများနဲ့တိုင်ပင်ကာ အဲဒီဝန်ကြီးဌာနတွေကို တရားစွဲစေချင်ပါတယ်။
အစိုးရ က မသန်မစွမ်း( မသန်စွမ်းမဟုတ်) အစိုးရမို့ အရပ်ကူပါ၊ လူဝိုင်းပါ အစိုးရပါ။

လုပ်တာကိုင်တာ သောက်သုံးမကျ မှားလို့ ထောက်ပြဝေဖန်ရင်လဲ ‘ပေါ်ပြူလာဖြစ်ချင်လို့’ လို့ နှုတ်လှန်ထိုး၊
သူ့အဝေနေယျအပေါင်းကလဲ အိပ်စ်ကျုစ်များစွာနဲ့ ဖာကြ၊ ကျု့စ်ကြ။

ဪ ကျန်ခဲ့တော့မလို့ ၊
အလုပ်များများလုပ်လေ၊ အမှားများများဖြစ်လေ တဲ့။

‘ပရို’ ဆိုတာ နားလည်လား။
ပရီမီးယားလိဂ်မှာ ဆို၊ အရန်ခုံ ထိုင်ရပြီ။
မှတ်ထားနော်၊
နိုင်ငံရေးမှာ ဆောရီးမရှိဘူး။

ဒါကိုမှ ကျု့စ်ချင်သေးရင်လဲ လွှမ်းမိုး ဆိုခဲ့တဲ့ သီချင်းလေးပဲ ဆိုပြမယ်။

” ဘာမှမလုပ်နဲ့တော့ သေလိုက်တော့ တဲ့
ဘာမှမလုပ်နဲ့တော့ သေလိုက်တော့ တဲ့
ဘာမှမလုပ်နဲ့တော့ သေလိုက်တော့ ”

( သက်ဆိုင်သူကို တည့်တည့် ဒဲ့ ပါတယ် ဟဲဟဲဟဲ)
ချိုတူးဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s