အလက်ရှာဖွေရေး မစ်ရှင် FFM ကို လက်မခံရင် သူ့ထက်ပြင်းတဲ့ COI စုံစမ်းစစ်ဆေးရေးကော်မရှင် (Commissions of Inquiry) လာပါလိမ့်မယ်

Twal Har

ရခိုင်ပြည်နယ်ကိုစေလွှတ်မယ်ဆိုတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်ဆိုတာဘာလဲ

မတ်လ ၂၄ ရက်နေ့သတင်းမှာ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရခိုင်ပြည်နယ်ကို အချက်အလက်ရှာဖွေစုံစမ်းဖို့ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့စေလွှတ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့သတင်းဖတ်လိုက်ရမှာပေါ့။

လုံခြုံရေးကောင်စီဆုံးဖြတ်ခဲ့တဲ့ အချက်အလက်ရှာဖွေစုံစမ်းမယ်ဆိုတဲ့အဖွဲ့ဆိုတာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် (United Nations fact-finding mission – FFM) ကိုဆိုလိုတာလို့ ကို Ro Nay San Lwin ရဲ့ ပိုစ်မှာရေးထားပုံအရနားလည်တယ်။ ဒီတော့ အဲဒီ FFM ဆိုတာဘာလဲ နည်းနည်းလေ့လာကြည့်ရအောင်။

FFM ကတော့ သူ့နာမည်အတိုင်း အချက်အလက်ရှာဖွေစုဆောင်းပေးရတာ။ မတည်ငြိမ်တဲ့အရပ်ဒေသတွေကို စေလွှတ်လေ့ရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း လူ့အခွင့်အရေးချိုးဖောက်တဲ့ဒေသတွေကို FFM အဖွဲ့ကို လွှတ်ခဲ့တာမနည်းဘူး။

အချက်အလက်ရှာဖွေရေးမှာ အကန့်အသတ်မူဘောင်တွေတော့ရှိတာပေါ့။ OHCHA က လိုအပ်တဲ့အထောက်အပံ့မှန်သမျှကူညီပံ့ပိုးတယ်။ ဘယ်လောက်ထိကျယ်ကျယ်ပျံ့ပျံ့လုပ်မယ်၊ ဘယ်လိုဗျူဟာတွေသုံးမယ်၊ ဘာကိရိယာနဲ့ နည်းပညာတွေသုံးမယ်ဆိုတာကို ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကန့်သတ်ပေးတယ်လို့ဆိုတယ်။

၁၉၉၁ မှာ အတည်ပြုခဲ့တဲ့ ဒီအဖွဲ့ဖြစ်မြောက်ရေး မူ 46/59 “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍအတွက် ကုလ၏အချက်အလက်ရှာဖွေရေးဆိုင်ရာ ကြေညာချက်” အရ FFM ဟာ အချက်အလက်ရှာဖွေရေးတစ်ခုထဲအတွက်မဟုတ်ဘဲ အချိန်မရွေးပေါက်ကွဲနိုင်တဲ့အခြေအနေတွေကိုလည်း အချက်ပြဖော်ထုတ်ပေးရပါသေးတယ်။

အဖွဲ့ရဲ့ အချက်အလက်တွေဟာ “ပြည့်စုံကျယ်ပျံ့ရမယ်၊ ဓမ္မဓိဋ္ဌာန်ကျပြီးမျှတရမယ်၊ မျက်နှာမလိုက်ဘဲ သမာသမတ်ကျရမယ်” လို့လည်း သတ်မှတ်ထားတယ်။ အငြင်းပွားလို့မရအောင် အစောပိုင်းအချက်အလက်စုကတည်းက အသေအချာကို အသေးစိတ်စိစစ်ပြီးလုပ်ရမယ်။ ဆိုတော့ကာ အတော်လေးကို နည်းစနစ်ကျပြီး ထောင့်စေ့အောင်လုပ်တဲ့အဖွဲ့လို့ လွယ်လွယ်သဘောပေါက်လို့ရတယ်။ ဒီအဖွဲ့မှာ ကဏ္ဍစုံက ပညာရှင်တွေနဲ့ အဆင့်မြင့်နည်းပညာတွေပါဝင်တာကြောင့် ပြည်တွင်းက အစိုးရအကြိုက် ကော်မရှင်လို နဖားထိုးပြီး ဘက်ကီးရိုက်လို့တော့မရဘူး။ အတိအကျဗျင်းမှာ။

FFM ကို လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့က တာဝန်ယူပြီး သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်နဲ့ ဖွဲ့စည်းတာဝန်ပေးပါတယ်။ FFM ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာနိုင်ငံက လက်သင့်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြမှာပါ။ အခုလည်း တိုက်တွန်းနေပါပြီ။ တိုက်တွန်းတာမှ ဥရောပသမဂ္ဂ (EU) က ကမကထလုပ်ပြီး၊ အမေရိကန် အပါအ၀င် နိုင်ငံတော်တော်များများရဲ့ ထောက်ခံမှုနဲ့ကို လုပ်ခဲ့တာဆိုတော့ အီးယောင်ဝါးတိုက်တွန်းထားတာတော့မဟုတ်ဘူး။

ဒါကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်း ကတော့ လက်တွေ့ အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိပဲ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အဖြစ် လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ခဲ့တယ်။

ဒီတော့ ဒီလိုငြင်းချင်တိုင်းငြင်းလိုက်လို့ရလား။ လွယ်လွယ်တော့ငြင်းလို့မရဘူး။ အတိအကျဖြေရှင်းချက်ပေးဖို့လိုအပ်မှာပါ။ လောလောဆယ်တော့ သြဂုတ်လမှာ အစီရင်ခံစာထုတ်ပြန်ဖို့ ရှိနေချိန်မှာ အခုလို ဆုံးဖြတ်တာဟာ လက်ခံနိုင်စရာ မရှိကြောင်းကို ဦးထင်လင်းက ထောက်ပြထားတယ်။ ငြင်းနိုင်သမျှငြင်းပါလိမ့်မယ်။

FFM ကို လက်မခံရင် သူ့ထက်ပြင်းတဲ့ COI လာပါလိမ့်မယ်။ COI ဆိုတာကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commissions of Inquiry) ပါခင်ဗျား။

၂၆.၃.၁၇

(စတီဗင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s