ဆုံးရှုံးနေဆဲအခြေခံအကျဆုံးအခွင့်အရေးများ…Summer holiday school for Muslim students ordered to close-down by USDP authorities in Meiktila

Twal Har

ဆုံးရှုံးနေဆဲအခြေခံအကျဆုံးအခွင့်အရေးများ…

မိတ္ထီလာချမ်းအေးထဲမှာ နွေရာသီကျောင်းပိတ်ရက်မှာ မွတ်စလင်ကလေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းကို ခွင့်ပြုချက်မရှိဘဲဖွင့်လို့ ပိတ်ခိုင်းတယ်ဆိုတဲ့ သတင်းကို Friday Times က တင်ထားတာ ဖတ်လိုက်ရတယ်။

ပိတ်ဖို့အတွက် စာထုတ်အကြောင်းကြားတာတဲ့။ ဖွင့်တဲ့နေရာကလည်း လျှို့ဝှက်မြေအောက်ခန်းတွေမှာ ခိုးကြောင်ခိုးဝှက်သင်နေတာမဟုတ်ဘူး။

ဒီနှစ် ကျောင်းသားဦးရေများလာလို့ အရှေ့ကလွတ်နေတဲ့မြေကွက်လပ်မှာ ခွင့်ပြုချက်နဲ့ ယာယီအဆောက်အအုံဆောက်ခဲ့တယ်။ အဲဒါကို သုံးလနေရင် ပြန်ဖျက်ပေးမယ်ဆိုပြီး လက်မှတ်ထိုးထားတယ်လို့ သတင်းထဲမှာဖော်ပြထားတယ်။

ယာယီအဆောက်အအုံကို ခွင့်ပြုချက်ကို မတ် ၁၂ မှာပေးခဲ့ပြီး ဖျက်သိမ်းစာကိုလည်း အဲဒီနေ့ညမှာပဲ တစ်ဆက်ထဲပေးပို့ခဲ့တယ်တဲ့။ အဲ.. ထပ်ပြီးလည်းခြိမ်းခြောက်သေးတယ်။ အဲဒီမှာသင်ရလို့ ကိုယ်ပိုင်အိမ်တွေမှာသင်မယ်ဆိုရင် သင်တဲ့အိမ်ခန်းတွေကို သိမ်းမယ်တဲ့။

ဆိုတော့… စဉ်းစားစရာတွေအများကြီးပေါ်လာတယ်။ ဖြစ်နေတာက ဒီမိုကရေစီအစိုးရလက်ထက်မှာ။ ဒါပေမဲ့ မိတ္ထီမှာ ကြံ့ဖွံ့အောင်ပွဲခံပြီး အားကောင်းသွားခဲ့တယ်။ ၂၀၁၃ မှာ မိတ္ထီလာကျဆုံးခဲ့တယ်လို့ ပြောရင်ပိုမှန်မယ်။ မိတ္ထီလာကို လူယုတ်မာတွေနိုင်သွားခဲ့တယ်။ အခုဒီအဖြစ်အပျက်ဖြစ်တာကလည်း ၀ီရသူမကြာသေးခင်က မိတ္ထီလာတရားလုပ်ပြီးဖြစ်တာ။ သတင်းတွေအရ ပြန်သွားဖို့ရှိနေတယ်လို့လည်း သိရတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွေလို ဘာသာခြား လူမျိုးခြားမုန်းတီးရေးဝါဒမှိုင်းတွေကို မွတ်စလင်ယဉ်ကျေးလိမ္မာသင်တန်းတွေကရိုက်သွင်းနေတာမဟုတ်ဘူးဆိုတာကို အထူးအထွေပြောဖို့လိုမယ်မထင်ဘူး။ ညစ်ပတ်စုတ်ပဲ့တဲ့ သင်တန်းတွေနဲ့ နှိုင်းစရာကိုမဟုတ်တော့ ထားပါတော့။

အခုလိုပိတ်ပင်တာဘာကြောင့်ပါလဲ။ ပိတ်ပင်တာတင်မကဘဲ စာသင်တဲ့ကိုယ်ပိုင်အိမ်ဆိုရင် သိမ်းမယ်ဆိုတဲ့အထိခြိမ်းခြောက်ထားတယ်။ အဲဒီလိုခြိမ်းခြောက်သူတွေက အာဏာပိုင်တွေ။ အရင်က မပိတ်ဘဲအခုမှ ဒီလိုလုပ်တာဆိုတော့ သူတို့ကို ဘယ်သူညွှန်ကြားသလဲ။ ဘယ်သူဖိအားပေးသလဲ။ ဖြည်းဖြည်းစဉ်းစား.. ရေးရေးပေါ်ပါလိမ့်မယ်။ နိုင်ငံသားတွေရဲ့အခြေခံအကျဆုံး အခွင့်အရေးတွေကို အာဏာသုံးပြီး ပိတ်ပင်နေတဲ့ကိစ္စက ဒီအစိုးရလက်ထက်မှာကို ဆက်ဖြစ်နေတုန်းပါ။ အမြောက်အမြားလည်းဖြစ်ခဲ့ပြီးပြီ။

ဒီပုံစံအတိုင်းဆက်သွားနေရင် .. သဘောက အရေးအကြီးဆုံးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး လျော့တိလျော့ရွဲဖြစ်နေဦးမယ်ဆိုရင် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အရင်တစ်ခေါက်ကလို ရာနှုန်းပြည့်အနိုင်ရဖို့ သိပ်မလွယ်လှဘူး။ ကြံ့ဖွတ်ဖက်ကတောင် လွှတ်တော်မှာ နေရာတွေရလာနိုင်တယ်။ အဲဒီလိုဖြစ်သွားလည်းအကောင်းသား။ ဒါမှ ၂၀၂၀ မှာ အနိုင်ရဖို့ ဒီကြားထဲမှာ NLD အစိုးရ ပိုပြီး ဖိဖိစည်းစည်းနဲ့ ထိထိရောက်ရောက်ကိုင်တွယ်လာမှာပါ။ ဒီကိစ္စကိုနောက်မှအကျယ်ရေးပါဦးမယ်။

၃၀.၃.၁၇

မွတ်စလင် ခလေးတွေ ဘာသာရေးစာပေနဲ့ ယဉ်ကျေးလိမ္မာ ကို မသင်ရယင် ဘာသင်ရမလဲ အစိုးရ 😡😡
—————————————————————
မိတ္ထီလာမြို့တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ် သင်ကြားသည့်အစ္စလာမ့်ယဉ်ကျေးလိမ္မာ သင်တန်းကို ဒေသအာဏာပိုင်က ပိတ်သိမ်းခိုင်း
================================

မန္တလေး၊ မတ် ၂၉
မြေးချစ်ညို

Friday Times News Journal

မိတ္ထီလာမြို့ နန်းတော်ကုန်းနယ် မြေ ချမ်းအေးသာအရပ်တွင် အစ္စ လာမ် ဘာသာဝင်ကလေးငယ်များ အတွက် နွေရာသီ ကျောင်းပိတ်ရက် တွင် ဖွင့်လှစ်သင်ကြားနေသည့် ယဉ်ကျေးလိမ္မာသင်တန်းအား ခွင့်ပြု ချက်မရှိသောကြောင့် ပိတ်ပင်ရန်အ တွက် စာထုတ်အကြောင်းကြားခဲ့ ကြောင်း ချမ်းအေးသာရပ်ကွက် အတွင်း နေထိုင်သူတစ်ဦးက င်္မငိပွှေငာနျ သို့ ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပေးပို့သည့်စာတွင် မိတ္ထီလာမြို့ နန်း တော်ကုန်းနယ်မြေ ချမ်းအေးသာယာ ဗလီဝတ်ကျောင်း၏ အရှေ့ဘက်ရှိ အဆောက်အဦးများ ဆောက်လုပ်ရာ တွင် ရုံးနှင့်ပစ္စည်းဂိုဒေါင်အဖြစ် အသုံး ပြုသော အဆောက်အဦးအတွင်း ခွင့် ပြုချက်မရှိဘဲ ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာသင်တန်း ပို့ချခြင်းကို မတ် ၂၄ ရက်မှစ၍ ရပ်ဆိုင်းထားရန် နှင့် အထက်အဖွဲ့အစည်း အဆင့်ဆင့် မှ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရန် အကြောင်းကြားပါသည်ဟု နန်းတော် ကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ လက်မှတ်ထိုးဖြင့် အသိပေးစာ တစ်စောင်ကို ယဉ်ကျေးလိမ္မာသင် တန်း ဖွင့်လှစ်ရာတွင် တာဝန်ရှိသည့် ဦးချစ်ငြိမ်းချမ်းနှင့် ဦးဇော်မျိုးလတ်တို့ ထံ ပေးပို့ခဲ့သည်။

”၂ဝ၁၅ ခုနှစ်ကတည်းက ဒီသင် တန်း ဖွင့်ခဲ့တာ၊ အဲဒီတုန်းက ဘာမှ မဖြစ်ခဲ့ဘူး၊ သင်တန်းဖွင့်တဲ့ နေရာက လည်း ဆောက်လုပ်ရေးလုပ်တုန်းက ပစ္စည်းသိမ်းတဲ့ဂိုဒေါင်ပါ။ ဒီနှစ်မှာ ကျောင်းသားဦးရေ များလာတော့ လွတ်နေတဲ့ မြေကွက်လပ်မှာ ယာယီ အဆောက်အဦး ဆောက်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြ တယ်။ သူကိုယ်တိုင်က ခွင့်ပြုချက်ပေး လို့ အဆောက်အဦးကို သုံးလနေရင် ပြန်ဖျက်ပေးပါမယ်ဆိုပြီးတော့တောင် လက်မှတ်ထိုးခဲ့သေးတာ” ဟု ယဉ် ကျေးလိမ္မာသင်တန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယာယီအဆောက်အဦး ဆောက်လုပ်ရန်အတွက် မတ် ၁၂ ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ် ရေးမှူးထံတွင် ခံဝန်လက်မှတ်ဖြင့် ခွင့် ပြုမိန့်ရရှိခဲ့သော်လည်း အဆောက်အ ဦး ဖျက်သိမ်းရန်စာကို ယင်းနေ့ ညနေ တွင် တစ်ဆက်တည်း ပေးပို့ခဲ့သည်ဟု လည်း ¤င်းကပြောကြားခဲ့သည်။

ထို့ပြင် ယခုကဲ့သို့ အဆောက် အဦးများတွင် မသင်ရ၍ ကိုယ်ပိုင် အိမ်များတွင် သင်မည်ဆိုပါက ¤င်း အိမ်ခန်းများကို သိမ်းဆည်းမည်ဟူ၍ လည်း တာဝန်ရှိသူအချို့က ပြောဆို ခဲ့သည်ဟု ¤င်းတို့က ပြောကြားခဲ့ သည်။

ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့တွင် လေးနှစ်ပြည့်ခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ပင်တားဆီးမှုများမှာ ဆက်တိုက် ဖြစ်ပေါ်လာနေခြင်း ဖြစ်သည်။

ထိုသို့ ပိတ်ပင်တားဆီးခြင်းကို မိတ္ထီလာမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသက်လွင်ထံသို့ င်္မငိပွှေငာနျ ဂျာနယ် တိုက်က ဆက်သွယ် မေးမြန်းခဲ့ရာ ¤င်းအနေဖြင့် မသိရှိ ကြောင်း ပြောဆိုခဲ့သည်။
”ကျွန်တော် ခွင့်ယူထားတာ ၁ဝ ရက် ရှိပြီ။ ဒီကိစ္စတွေ ဘာမှမသိဘူး၊ အသေးစိတ် သိချင်ရင် ရုံးကိုလာခဲ့ပါ” ဟု မိတ္ထီလာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြန်လည်ဖြေကြားခဲ့ သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး အနေ ဖြင့် ယခုဖြစ်စဉ်အား ¤င်းအနေဖြင့် မသိရှိကြောင်း င်္မငိပွှေငာနျ ဆက်သွယ် မေးမြန်း ချက်ကို ပြန်လည်ဖြေကြားခဲ့သော် လည်း ချမ်းအေးသာရပ်ကွက်အတွင်း နေထိုင်သူ အချို့ကမူ မတ် ၂၈ ရက် နေ့လယ်ပိုင်းက ရပ်ကွက်အတွင်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး လာရောက်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

” ရဲကားနှစ်စီးနဲ့ကို ခြံရံပြီးလာ တာ၊ သူလာတဲ့အချိန်က နေ့လယ် ၃ နာရီ တိတိပဲ၊ ကျွန်တော်အချိန် ကြည့် ထားလိုက်တယ်” ဟု မြို့နယ် အုပ်ချုပ် ရေးမှူးလာရောက်သည်ကို မြင်တွေ့ခဲ့ သူ တစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ် ၂၁ ရက် ညက လည်း မိတ္ထီလာမြို့ ပြည်သာယာ မြောက် (ဃ) ရပ်ကွက် တွင် နေထိုင် သည့် ဦးဂျာနီ၏နေအိမ်တွင် အသက် ကြီးရွယ်အိုတချို့ သောကြာနေ့ စု ပေါင်းဝတ်ပြုမှုအတွက် ရပ်ကွက်အုပ် ချုပ်ရေးမှူးမှ ခေါ်ယူသတိပေးခြင်း ခံ ခဲ့ရပြီး နောက်နောင်မပြုလုပ်ရန် အတွက် လက်မှတ်ထိုးဝန်ခံခြင်းကို တောင်သာလေးဆရာတော်က ပြုလုပ် ခဲ့သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသား ၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းကဏ္ဍ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာ၏ နိုင်ငံသား အများဆုံး ကိုး ကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု ပြဋ္ဌာန်း ထားပြီး ပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စ လာမ်ဘာသာ သာသနာ၊ ဟိန္ဒူ ဘာသာ သာသနာနှင့် နတ်ကိုးကွယ် သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သော နေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိ အမှတ် ပြုသည်ဟု ပြဋ္ဌာန်းထား သလို ပုဒ်မ ၃၆၃ တွင် နိုင်ငံတော်သည် အသိအမှတ်ပြု ထားသော သာသနာ များ ကို တတ်နိုင်သမျှ ကူညီစောင့် ရှောက် ရမည်ဟု ရေးသားဖော်ပြထား သည်။

မိတ္ထီလာမြို့တွင် လွန်ခဲ့သည့် လေးနှစ်က လူအစုလိုက် အပြုံလိုက် သေကျေသည်အထိ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ထိုစဉ်က မီးလောင်မှုကြောင့် ပိတ်သိမ်းခံခဲ့ရ သည့် အစ္စလာမ့်ဝတ်ကျောင်းတော် ၆ ခုကို ယနေ့အချိန်ထိ ပြန်လည်ဖွင့် လှစ်ခွင့် မရသေးကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ သိရှိရသည်။

(ပုံစာ – စာသင်ကျောင်းအား ဖျက်သိမ်းနေသည်ကို တွေ့ရစဉ်။)

https://m.facebook.com/714912165290510/photos/a.720061881442205.1073741828.714912165290510/1231210000327388/?type=3

(စတီဗင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s