မြန်မာမွစ်ဆလင်မ်အက်တီဗစ်တေဘာလုပ်ကြမလဲ

Ingun Jawa

စိတ်ထဲမယ် တတ်နိုင်သမျှ မျိုသိပ်ထားပေမဲ့ မရတော့ဘူး
ရေးတော့မယ်ဗျာ
ဆဲချင်လဲ ဆဲကြပေတော့

မြန်မာမွစ်ဆလင်မ်အက်တီဗစ်တေဘာလုပ်ကြမလဲ

ရခိုင်ပြည်နယ်ကစလို့ မီးဟုန်းဟုန်းတောက် သွေးသံရဲရဲနဲ့ ဖြစ်လိုက်တဲ့ ပြသနာတေ မြန်မာပြည် အလယ်ပိုင်းက မိတ္ထီလာမှာ ထပ်ဆင့်ပေါက်ကွဲ တပြည်လုံးအနှံ့မီးပွားတေကျ နှစ်ချီဆက်တိုက်လောင်ကျွမ်း

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွစ်ဆလင်မ်တေလဲ ဒုက္ခတေသောက်သောက်လဲရောက် ဒုက္ခသည်စခန်းတေမှာ လှောင်ပိတ်မိ

ပြည်တွင်းက မြန်မာမွစ်ဆလင်မ်တေလဲ ဒုက္ခပွေ မိတ္ထီလာမှာမှာဆို ခုချိန်ထိ ဒုက္ခသည်စခန်းမှာ လှောက်ပိတ်မိနေဆဲ

ရိုဟင်ဂျာ အက်တီဗစ်တေကတော့ ရိုအရေးပတ်သတ်ပီး လှုပ်ရှားကြတယ် နိုင်ငံရေးလမ်းကြောင်းတည်ဆောက်ကြတယ်
သူတို့တည်ဆောက်တဲ့ လမ်းကြောင်းက genocide ဆိုတဲ့လမ်းကြောင်း
တည်ဆောက်သလောက်လဲ ခရီးပေါက်နေတာ အတော်ကြီး ထင်ရှားနေပီ

ဒါဆို မြန်မာမွစ်ဆလင်မ်အက်တီဗစ်တေကော ဘာနိုင်ငံရေးလမ်းကြောင်းတည်ဆောက်ကြမလဲ

”ဟေ့လူ ခများသွေးမခွဲနဲ့”
ဟုတ်ကဲ့ ကျနော်လုံးဝသွေးမခွဲရပါဘူးဗျာ
ရိုဟင်ဂျာတေကော ပြည်တွင်းက မြန်မာ မွစ်ဆလင်မ်တေကော ဘာသာရေးနဲ့ပတ်သတ်လို့ နှိပ်ကွပ်ခံရတာ အထင်အရှားပါ
နှိပ်ကွပ်တဲ့သူတေကလဲ ဗမာစစ်အုပ်စုကို ဗဟိုပြုဖွဲ့စည်းထားတဲ့ လူမျိုးကြီးဝါဒီတေပါပဲ
ရန်သူတဖွဲ့တည်းက အကြောင်းပြချက်တခုတည်းနဲ့ အစ္စလာမ်ဘာသာဝင်တေ အပေါ် ဖိနှိပ်နေတာပါပဲ
သွေးကွဲစရာအကြောင်းတစက်မှမရှိပါ

နောက်တခုက ရိုဟင်ဂျာ ကိစ္စနဲ့တင် အားလုံးကို ချိတ်ခေါ်သွားလို့ရတာပါပဲ
မြန်မာမွစ်ဆလင်မ်တေက သီးသန့်နိုင်ငံရေးလမ်းကြောင်းလိုသေးလို့လား
အင်မတန်မှ မှန်ပါတယ် ဘုံရန်သူကိုရှင်းနိုင်တဲ့ကိစ္စပါ

ဒါပေမဲ့တခုလောက်ပြန်မေးပါရစေ

မြန်မာမွစ်ဆလင်မ် လူ့အဖွဲ့အစည်းဆိုတာ ကိုယ်ပိုင်လက္ခဏာ ကိုယ်ပိုင်ရပ်တည်မှုနဲ့ တည်ရှိလာတဲ့ လူ့အဖွဲ့အစည်းပဲမဟုတ်လား

အိန္ဒိယ ပါကစ္စတန်သွေးပါသူတချို့ရှိလို့ ကုလားလို့နှိမ်ခေါ်နေကြပေမဲ့ မြန်မာမွစ်ဆလင်မ်လူ့အဖွဲ့အစည်းဆိုတာ နှစ်ရာချီ အခိုင်အမာရပ်တည်လာတဲ့ လူ့အဖွဲ့အစည်းပါ
(မြန်မာမွစ်ဆလင်မ်တေကို ကုလားလို့ နှိမ်ခေါ်နေကြသူတေကိုယ်တိုင်ပဲ ချစ်တီးသွေး ကလယ်သွေး ကသည်းသွေး တရုတ်သွေး အပျစ်အခဲပါပီးတော့ ဗုဒ္ဓဘာသာကိုးကွယ်ရုံနဲ့ မဟာဗမာကြီးတေအဖြစ် ခပ်တည်တည် လုပ်ပြနေကြတာပါ , ဗမာလူမျိုးစစ်စစ်ပါ ရေမရောပါဘူးလို့ ဘယ်လိုနည်းနဲ့ အာမခံရသလဲ, ဗုဒ္ဓဘာသာကိုးကွယ်ရုံနဲ့ ဗမာစစ်သွားရောလား ဆိုတာကလဲ မေးခွန်းထုတ်စရာပါ)
နှစ်ရာချီ တည်ရှိလာတဲ့ မွစ်ဆလင်မ်ရွာကြီးတေ မြန်မာပြည်အလယ်ပိုင်းနဲ့ မြေလတ်ဒေသတေမှာ ရာချီရှိတယ်
ရောက်ဖူးမှ ကိုယ်တိုင်အံ့သြရတယ်
ဟ ခများတို့က နှာခေါင်းက မချွန် အသားက ညိုညို မုတ်ဆိတ်က မစို့မပို့လောက်ထွက်
ဘယ့်နှယ့် မွစ်ဆလင်မ်ဖြစ်နေကြတာတုန်းလို့ အနေမတတ်မေးမိတော့
ဟ ငါတို့က မြန်မာမွစ်ဆလင်မ်တွေလေတဲ့
တောသံကြီးနဲ့ ခပ်အေးအေး ပြန်ဖြေလေရဲ့
အင်းအင်း ဒါနဲ့ ဗလီကကောဆိုတော့
ဟိုမှာလေတဲ့
လှမ်းကြည့်လက်တော့ အချွန်တေ အတက်တေနဲ့ ဘုန်းကြီးကျောင်းလိုလို
ဟ ခများတို့ ဗလီက ကြီးက ကြက်သွန်နီဥ တခြမ်းလို အလုံးအဖုလဲ မပါ ပဲ
တန်ဆောင်းတေ ပြသာဒ် တေနဲ့ ဆိုတော့ ဘုန်းကြီးကျောင်းမှတ်လို့ ဆိုတော့
ဟ ဘုန်းကြီးကျောင်းနဲ့ ဗလီ ဘာကွာလို့လဲ
ဘုရားတရား လုပ်တဲ့နေရာ အတူတူချင်းပဲကိုတဲ့
ဟုတ်တယ်လေ သူနဲ့ ညီအကို တဝမ်းကွဲထဲမှာကို ဘုန်ကြီးဝတ်နေတဲ့သူ ရှိနေတဲ့ ဥစ္စာ
ဗလီရောက်လို့ ဗလီ သမိုင်းရေးထားတဲ့ ကျောက်ထွင်းမှတ်တမ်းမှာ ဗလီက အင်္ဂလိပ်တေ ဗမာပြည်ကို ဝင်မသိမ်းခင်ကတည်းက
စတည်ခဲ့တာ
ခုလက်ရှိ အဆောက်အအုံက ပါလီမန်ခေတ်၁၉၅၀ မှာ ပြန်ဆောက်ထားတာ စသဖြင့်
(ဒါက ကျနော် ကိုယ်တွေ့ကိစ္စ)

မြန်မာမွစ်ဆလင်မ် လူ့အဖွဲ့အစည်း နှစ်ရာချီမက ရှိနေတာ
ဘယ်သူမှ ငြင်းမရတဲ့ သမိုင်း
မင်းတုန်းမင်း မြို့တည်တော့ ဗလီတေပါ ထည့်ဆောက်ဖို့နေရာသတ်မှတ်ပေးခဲ့လို့ ဆောက်ခဲ့ရတဲ့ဗလီတေ မန်းလေးမြို့မှာ

ဒီသမိုင်းတေ ဘယ်သူမှ ငြင်းလို့မရဘူး
ဖျောက်ဖျက်ချင်လို့ မရဘူး
ရောထွေးမွှေနှောက်ပစ်လို့မရဘူး

ဒါအင်မတန်မှ ရှင်းတယ်

ဟုတ်ပီ ဒါဆို ဒီလို ကိုယ်ပိုင်သမိုင်းရှိတဲ့ ခင်ဗျားတို့ မြန်မာမွစ်ဆလင်မ်တေ ကိုယ်ပိုင် နိုင်ငံရေးလမ်းကြောင်းတခု ဘာလို့ မဖော်ထုတ်တာလဲ

ကျနော်တို့က မြန်မာတေ ဒါ့ကြောင့် မြန်မာလူများစုလိုက်တဲ့နိုင်ငံရေးပဲ ကျနော်တို့ လိုက်တယ်
ဒါက ပါလီမန် ဒီမိုကရေစီအားကောင်းတဲ့ခေတ်ဆိုမှန်မယ်
လူမျိုး ဘာသာ မခွဲခြားဥပဒေ စိုးမိုးတဲ့ခေတ်ဆို သင့်လျော်တယ်

ခုဟာက ခများတို့ မြန်မာမွစ်ဆလင်မ်တေကို မဟာဗမာဝါဒီစစ်အုပ်စုက တိုင်းပြည်အလည်ခေါင်မှာဒုက္ခသည်စခန်းထဲထည့်ထားတဲ့အချိန်

ခများတို့ ဒီထက်မကတဲ့ specific ဖြစ်တဲ့ နိုင်ငံရေးလမ်းကြောင်းချမှတ်သင့်ပီ

နောက်အရေးကြီးတာတခုက
မြန်မာမွစ်ဆလင်မ်မို့ မြန်မာပီသရေး တအား လုပ်ပြရင်းနဲ့ မြန်မာစစ်အုပ်စု ချမှတ်ထားတဲ့ လူမျိုးကြီးဝါဒကို အလုပ်အကျွေး ပြုတဲ့ပုံစံတေဝင်ကုန်ရင် နေရင်းထိုင်ရင်း ကျန်တဲ့ လူနည်းစုတေကပါ သောက်ညင်ကပ်တာတေ ဖြစ်ကုန်ရော

လွယ်တော့မလွယ်ဘူးပေါ့
အဲ့လိုမလွယ်တာကိုက နိုင်ငံရေးပဲလေ

ဆရာဦးကိုနီ အကြမ်းဖက် လုပ်ကြံခံရတော့ ကျနော် နှမြောမိတယ်
ဒါပေမဲ့ ဒါက ဦးနောက်က လာတာ
သိပ်မကြာခင်က ဆရာက မြန်မာမွစ်ဆလင်မ် လူ့အဖွဲ့အစည်းရဲ့တည်ရှိပုံ စည်းလုံးမယ်ဆိုရင် ပါလီမန်မှာ ဥပဒေပြုအာဏာအတွက် နေရာ ဖန်တီးနိုင်ပုံ
အခြေအနေ ဖန်တီးနိုင်စွမ်းရှိလာမဲ့ အနေအထားတေကို တွက်ချက်ပြတော့
ကျနော်ရင်ထဲမှာ ဆို့နင့်သွားတယ်
မျက်ရည်ဝဲလာတယ် (ဒါမှရင်ဘတ်က လာတာ)
ဒါဟာ ဆရာ့ကို လုပ်ကြံတာမဟုတ်ဘူး
မြန်မာမွစ်ဆလင်မ်လူထုကို လုပ်ကြံတာ
လူနည်းစု အခွင့်အရေးကို ချိုးနှိမ်တာ
ဟုတ်တယ်လေ လွှတ်တော်ထဲကိဲု အဖိနှိပ်ခံလူ့အဖွဲ့အစည်းထဲက ၆၅ယောက်နေရာရတော့ လူနည်းစုတေအဖို့ အဖိနှိပ်ခံနေရသူတေအဖို့ အခြေအနေ ဖန်တီးနိုင်စွမ်း ပိုအားမကောင်းလာနိုင်ဘူးလား
ဖယား ဖယား ဆရာဦးကိုနီကို လုပ်ကြံလိုက်တာမဟုတ်ဘူး
မြန်မာမွစ်ဆလင်မ်တေရဲ့ နိုင်ငံရေး လမ်းကြောင်းကို သင်းသတ်လိုက်တာ
လူနည်းစုတေရဲ့ နိုင်ငံရေး အင်အားတရပ်ကို သန္ဓေမတည်ခင် ဖျက်ဆီးလိုက်တာ
ဆရာဦးကိုနီ ပြောတဲ့စကားထဲမှာ တလုံးမှ ဥပဒေပြင်ပက စကားလုံးမပါဘူး
သူပြောတဲ့ထဲမှာ တိုင်းပြည်ကိုနောက်ကျောဓါးထိုးဖို့
ကိုယ်ကျိုးစီးပွားရှာဖို့
အာဏာအလွဲသုံးစားလုပ်ပီး တိုင်းပြည်ဆီက ခိုးဖို့ ဝှက်ဖို့ တိုင်းပြည်ကိုရောင်းစားဖို့ တလုံးမှ မပါဘူး
ကိုယ့်ရပိုင်ခွင့်အရ တိုင်းပြည်ရဲ့ တရားဝင်ဖွဲ့စည်းပုံဖြစ်တဲ့လွှတ်တော်ထဲမှာ ဥပဒေပြုအာဏာမှာ တိုက်ရိုက်ပါဝင်ခွင့်ပြောတဲ့ကိစ္စ
အင်မတန်မှ မျှတတဲ့ကိစ္စ (လူမျိုးကြီးစိတ်စွဲပီး ဘာသာရေးမုန်းတီးစိတ်ရှိတဲ့သူတေတော့ အနာဆားထိဖြစ်ပီး ဆရာဦးကိုနီကို လုပ်ကြံခဲ့ကြပီ)

ဒါနိုင်ငံရေးပဲ

ကဲ မြန်မာမွစ်ဆလင်မ် အက်တီဗစ်ကြီးတေ
ခင်ဗျားတို့ ဘာလုပ်ကြမလဲ

ကဲကဲ ဆရာဦးကိုနီကို အလွန်အမင်းချစ်ကြပါတဲ့ မြန်မာမွစ်ဆလင်မ်အက်တီဗစ်ကြီးတေ ခင်ဗျားတို့ရဲ့နိုင်ငံရေးလမ်းကြောင်းကို ချပြပါတော့

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s