ဘာသာရေးနွယ်တဲ့ အတွေးအခေါ်တရပ် နိုင်ငံရေးလောကထဲကို ဝင်လာခဲ့ရင် အလွန်ပဲ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ကိစ္စတွေ ဖြစ်လာတတ်ပါတယ်

Zaya Ditha
ဘာသာရေး အယူအဆ ဒါမှမဟုတ် ဘာသာရေးနောက်ခံနဲ့
သော်လည်းကောင်း၊ဘာသာရေးနွယ်တဲ့ အတွေးအခေါ်တရပ်
နိုင်ငံရေးလောကထဲကို ဝင်လာခဲ့ရင် အလွန်ပဲ
ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ကိစ္စတွေ ဖြစ်လာတတ်ပါတယ် …

ဥပမာပေးရမယ်ဆိုရင် ဒီးဒုတ်ဦးဘချိုကို ကြည့်ပါ
ဆရာကြီးရဲ့သမားဂုဏ်ကို ဦးညွှတ်ပါတယ်
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဌာန်းဖို့
လုပ်တဲ့ကိစ္စဟာ သိပ်ကို ရွံစရာ ကောင်းပါတယ်
ကိုလိုနီစနစ်ကနေ တွန်းလှန်တုန်းက ခရစ်ယာန်၊ အစ္စလာမ်၊
ဗုဒ္ဓ ဘာသာရယ် မြန်မာ၊ တရုတ်၊ ကုလား၊ တိုင်းရင်းသားရယ်လို့
လူမျိုးဘာသာ မခွဲခြားပဲ အတူလက်တွဲခဲ့ပေမယ့်
ကိုယ်အင်အားကြီးလာတဲ့အခါ ကိုယ့်ဘာသာတရားကို
နိုင်ငံရဲ့ကိုယ်စားပြုဘာသာတရားရယ်လို့
ကြေငြာတာ သိပ်စက်ဆုပ်စရာ ကောင်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး
လုပ်ချင်သပဆို ဒီအရေးထဲ သူ မပါကြောင်းထုတ်ပြောခဲ့တဲ့အထိပါပဲ …

နောက်တခုက ဦးနု သောက်ရူးထတဲ့ ကိစ္စပါ။အမဲသား မစားစေချင်လို့
နွားမသတ်ရ အမဲလိုင်စင်ချမပေးရ အမဲမပေါ်ရ ဆိုတော့
ကြိုက်တဲ့သူက စားမှာပဲ။ လူ လေဗျာ။ ကြိုက်တဲ့သူ စားချင် စားပေါ့
မကြိုက်တဲ့သူ မစားနဲ့ ရှောင်ချင်တဲ့သူ ရှောင်။အတင်းမကျွေးနဲ့။
ဒါ ဒီမိုကရေစီလေ။ ဒါက အမဲသား မရောင်းရ၊
မပေါ်ရ ဆိုတော့ အမဲသားတော့ မရှိတော့ဘူး။တိုးတိုးသား ပေါ့။
အပြင်မှာ မသတ်ရတော့ရေချိုးခန်းထဲမှာ သတ်တာပေါ့
ခါတိုင်း တပိသာဈေးကို အခု နှစ်ဆ သုံးဆ ပေးရတာပေါ့

ဗုဒ္ဓဘာသာရယ်မှ မဟုတ်ဘူး။ ဘယ်ဘာသာရေးအယူအဆ
အတွေးအခေါ်မဆို နိုင်ငံရေးထဲ လာရောရင် ဟင်းချိုခွက်ထဲက
ဆံချည်မျှင်လိုပဲ။ အစ္စလာမ်နိုင်ငံတွေမှာ ဒီဘာသာရေး၊ နိုင်ငံရေး
မကွဲလို့ အခုချိန်ထိ ပြသနာ ဗရပွတက်နေတုန်း။ (ဆိုလိုချင်တဲ့
ရည်ရွယ်ရင်းက လောကီနိုင်ငံရေးကို ဘာသာရေးက လွှမ်းမိုးရောယှက်ရင်
ပြသနာပေါင်း သောင်းခြောက်ထောင် တတ်နိုင်တယ်ဆိုတာ
ပြောချင်တာ။ ဘာသာပေါင်းစုံက ဥပမာပေါင်းစုံရေးရရင် ပြီးတော့မှ
မဟုတ်ဘူး။ လိုရင်းဆီလည်း မရောက်တော့ဘူး။ အစ္စလာမ်မှာ
ထင်သာမြင်သာရှိလွန်းလို့ကို လူတိုင်းသိတဲ့ကိစ္စမလို့
ကိုယ်တိုင်စဉ်းစားနိုင်ဖို့ ချန်ပေးခဲ့မယ်)

အနောက်နိုင်ငံတွေကလည်း သိတယ်။ဟိုအရင်အမှောင်ခေတ် (ခေါ်တာကိုက အမှောင်ခေတ်နော်)
ပုပ်ရဟန်းမင်းကြီးနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက
ရှင်ဘုရင်တွေကို သြဇာလွှမ်းတဲ့ခေတ်မှာ ခိုးမှုနဲ့စွပ်စွဲခံရတယ်မလား၊
သင်သာ အပြစ်မဲ့ရင် ဘုရားသခင်က စောင့်ရှောက်လိမ့်မယ်။
ရေနွေးပူထဲကို လက် ထည့် ဆိုပြီး တရားစီရင်လိုက်တာ
စွပ်စွဲခံရသူတိုင်း အပြစ်ရှိတာပဲ။ အပြစ်မဲ့ကြောင်း သက်သေမပြနိုင်ရင်
အပြစ်ရှိသတဲ့။ အခုခေတ် အယူအဆနဲ့လုံးဝဇောက်ထိုးပြောင်းပြန်။ ထာဝရဘုရားသခင်ကို မယုံကြည်ရင် သတ်ရမယ်ဆိုလို့ ဥရောပမှာ
အင်ကွီဇီးရှင်းဆိုပြီး လူသတ်ပွဲဆင်နွှဲကြတာ သန်းနဲ့ချီသေခဲ့ဖူးတယ်
အဲဒါကြောင့် နိုင်ငံတည်ဆောက်ရေးမှာ ဘုရားကျောင်းနဲ့နိုင်ငံတော်
ကွဲပြားပါစေ ဆိုပြီး Separation of Church and State လို့
ဆက်ခံကျင့်သုံးခဲ့ကြတယ်

အဲဒီလိုပဲ အခု ဘာအာဏာမှ မတည်တော့တဲ့
မျိုးစောင့်တို့ တလင်တမယားတို့လည်း ဒီပုံစံပါပဲ
မယားငယ်ယူပြီး အတိုင်မခံစေချင်ရင်
ဆိုင်ရာ ပိုင်ရာ လာဘ်ထိုးပေါ့။ အဲဒီလိုနဲ့ ခြစားမှုက
ဘယ်တော့မှ ကုမရတော့ဘူး။ ပြောခဲ့ဖူးပါတယ်။

ပြောခဲ့ဖူးပါတယ်။ ဟိုအရင် အမေရိကမှာ
အရက်သေစာ သောက်စားမှုတွေ များလွန်းလို့
တနိုင်ငံလုံး အရက်သမားတွေလိုဖြစ်နေတာမလို့
ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အိမ်ထောင်ရှင်မတွေ
ဦးဆောင်ပြီး အရက်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ
အရက်မချက်ရ၊ မရောင်းရ၊ မသောက်ရ ဥပဒေတွေ
ပြဌာန်းခဲ့ဖူးတဲ့ ခေတ် ရှိခဲ့သဗျ။ ၁၉၀၀ ဝန်းကျင်လောက်ကပါ။

ကိုယ့်လူ၊ ကြိုက်တဲ့သူက သောက်မှာပဲ
ဒီနိုင်ငံထဲမှာ မချက်ရရင် ဟိုဘက်နိုင်ငံကဟာ
ဈေးပိုပေးပြီးကို သောက်ဦးမှာ။ အဲဒီလိုနဲ့
မှောင်ခိုဈေးကွက်ပေါ်လာရော၊ အစိုးရဆီ ရောက်မယ့်
အခွန်တွေလည်း မရ။ ဥပဒေဝန်ထမ်းအဆင့်ဆင့်လည်း
အကျင့်ပျက် ခြစား။ ဒီလုပ်ငန်းအပေါ်မှာ အမြတ်ရတဲ့
ဂိုဏ်းတွေအချင်းချင်းလည်း သတ်ကြဖြတ်ကြ စားခွက်လုကြလို့
နေ့တိုင်း သေနတ်သံ တဒိုင်းဒိုင်း။ နောက်ဆုံး ၁၉၃၈ ဝန်းကျင်
ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်တော့မှ လူတွေ အလုပ်ပြုတ်၊ အခွန်မရ၊
မှုခင်းတွေ များလွန်းလာတာနဲ့ အရက်ဘီယာပြန်ချက်ခွင့်ပြု၊
အခွန်ကောက်၊ လူတွေ အလုပ်ရပြန်ဖြစ်တာ။

မာ့ခ်တွိန်းရဲ့စကားအတိုင်း ပြန်ပြောရမယ်ဆိုရင်
ဘာအရာဝတ္ထု၊ ပစ္စည်းကိုမဆို အာဏာနဲ့ဥပဒေနဲ့
အတင်းအကြပ် ပိတ်ပင်လိုက်၊ အဲဒီပစ္စည်းရဲ့
ရှိရင်းစွဲ တန်ဖိုးကို မြှင့်ပေးလိုက်သလိုပဲ တဲ့။
အဲဒီစာသားကိုလည်း ကောင်းကင်မှာ ရွှေစာလုံးနဲ့ရေးထားပါစေ။
တယူသန် တဖက်ပိတ်များက ဘယ်တော့မှ နားဝင်လိမ့်မယ် မဟုတ်တဲ့ဗျ။

ဘာသာရေးအယူအဆတွေ နိုင်ငံရေးထဲ ဆွဲမခေါ်လာကြပါနဲ့
ဂျိုကိုင်ပြီး တောင်းပန်ပါရစေ ကိုယ် ကိုးကွယ်ချင်တာ
ယုံကြည်ချင်တာ ကိုယ့်ကိစ္စ။ ကိုယ့်ဘာသာ လုပ်ကြပါ
သူတပါး မထိခိုက်သရွေ့ အေးရာအေးကြောင်းပါ။
ဘယ်ဘာသာရေးအရေခွံပဲ ခြုံထားထား
လောကီနိုင်ငံရေးထဲ ကျူးကျော် ဝင်လာရင်တော့
နိုင်ငံသားတိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ့်
တာဝန်ရှိပါလိမ့်မယ်။ ပြည်သူများ တာဝန်ကျေကြပါ။

#NyiNaung

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s