မဘသ တွေ ၉၆၉တွေ ဗမာစစ်အစိုးရအဖွဲ့ဝင်တွေ မင်းတို့ မတရားသဖြင့် နိုင်ထက်စီးနင်း လုပ်တာခံနေရလို့ အစ္စလာမ်တွေ သွေးပျက်နေကြလိမ့်မယ် ကြောက်နေကြ လိမ့်မယ် လို့များ ထင်နေကြသလား

Maung Maung

ဟုတ်တယ်
နားထောင်ထားကြ
နာယကလဲ နားထောင်
ပါမောက္ခလဲ နားထောင်
ဝီရသူလဲ နားထောင်
သိန်းစိန်တို့ မင်းအောင်လှိုင်တို့ ကိုကိုတို့လဲ နားထောင်
အားလုံး နားထောင်ထားကြ
နောက်ထပ် Youtube မှာ အများကြီးရှိသေးတယ်
နားထောင်ကြည့်လိုက်ကြ

Image may contain: 1 person

Image may contain: outdoor

အဲ့ဒါ ဆေးကြောင်ပြီး ပြောနေတာမဟုတ်ဘူး
မဟုတ်မမှန်တာတွေ လုပ်ကြံပြီး ပြောနေတာမဟုတ်ဘူး

ခံစားချက်နဲ့ ပြောနေတာ
နာကျည်းချက်နဲ့ ပြောနေတာ

No automatic alt text available.

မဘသ တွေ ၉၆၉တွေ ဗမာစစ်အစိုးရအဖွဲ့ဝင်တွေ
မင်းတို့ မတရားသဖြင့် နိုင်ထက်စီးနင်း လုပ်တာခံနေရလို့ အစ္စလာမ်တွေ သွေးပျက်နေကြလိမ့်မယ် ကြောက်နေကြ လိမ့်မယ် လို့များ ထင်နေကြသလား
No automatic alt text available.
ပြေလည်မဲ့လမ်းကြောင်းတွေ ချပြပြီး ပြသနာအေးငြိမ်း စေဖို့ ကျုပ်တို့က ပြောနေလို့
မွတ်တွေ ကြောက်နေပြီ
မွတ်တွေ သွေးပျက်နေပြီ လို့များ ထင်နေကြသလား

ဝေးပါသေးတယ်
No automatic alt text available.
သမိုင်းကြောင်းကို ကြည့်လိုက်
အစ္စလာမ့်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်

တရားတဲ့စစ်ကို တိုက်ဖို့ ဘယ်အစ္စလာမ်မှ မကြောက်ဘူး
မတရားမှုကို တော်လှန်ဖို့ ဘယ်အစ္စလာမ်မှ မငြင်းဘူး

မင်းတို့တတွေ ကျုပ်တို့ အစ္စလာမ်ဘာသာဝင်တွေအပေါ်
မဟုတ်မမှန် လုပ်ကြံစွတ်စွဲချက်တွေနဲ့ မတရားမှုတွေ လုပ်ခဲ့ကြတယ်

ရခိုင်မှာလုပ်ခဲ့တယ်

မိတ္ထီလာမှာလုပ်ခဲ့တယ်

မြန်မာပြည် တနံတလျားမှာလုပ်ခဲ့ကြတယ်

နောက်ထပ်လုပ်နိုင်ဖို့လဲ ကြိုးပမ်း အားထုတ်နေကြတယ်

မိတ္ထီလာမှာ မင်းတို့ မတရားသဖြင့် လုပ်ခဲ့ကြတဲ့ ကလေးလေးရဲ့ပုံကို မင်းတို့ သေသေချာချာကြည့်-

အသက်ဘေးနဲ့ ကြုံနေရတဲ့အချိန်မှာတောင် ယုံကြည် ချက်ကို လက်မလွှတ်ဘူးဆိုတာတွေ့လား

အဲ့ဒါ အစ္စလာမ့်ရဲ့ စိတ်ဓာတ်ပဲ

ဒါတောင် ဘာမှ မသိနားမလည်တဲ့ ကလေး

လူဆိုတာ မတရားတာကို မခံချင်တဲ့ စိတ်ဓာတ်ရှိတယ်

အဲ့ဒီလူတွေထဲမှာ ခံယူချက် ယုံကြည်ချက် ပြင်းထန်တဲ့ သူတွေ မတရားအလုပ်ခံရပြီဆိုရင် မင်းတို့ စဉ်းစားကြည့်

ကိုယ့်မျက်စေ့ရှေ့မှာတင် မိဘတွေအသတ်ခံလိုက်ရ တယ်-သား သမီးတွေ အသတ်ခံလိုက်ရတယ်- အရွယ်မရောက်သေးတဲ့ ကလေးငယ် တပည့်တပန်းတွေ မသေမရှင် မီးအရှို့ခံရတယ်ဆိုတာတွေကို တွေ့ခဲ့မြင်ခဲ့ ရပြီး ကိုယ်တိုင်က ဘာအကာအကွယ်မှ လုပ်မပေးနိုင်ခဲ့ သူတွေရဲ့ စိတ်အခြေအနေကို မင်းတို့ ကိုယ်ချင်းစာကြည့်

ကိုယ့်ကိုရိုက်ထုတ် ကိုယ့်အိမ် ကိုယ်ယာ ကိုယ့်စီးပွားတွေ ကို အဖျက်အစီး အလုအယက်ခံရပြီး မီးတင်အရှို့ခံလိုက် ရတဲ့လူရဲ့ စိတ်ထဲမှာ ကျေနပ်နှစ်သက်ပြီး ပျော်ရွှင်နေလိမ့် မယ်-မင်းတို့ကို အချစ်တွေတိုးနေလိမ့်မယ်လို့များ မင်းတို့ ထင်နေကြသလား

ပိုဆိုးတာက
ဒီလို အလုပ်ခံရတာမှန်သမျှဟာ
ဘာအပြစ်မှ ကျူးလွန်လို့ မဟုတ်ပဲ
ယုံကြည် ကိုးကွယ်မှု တခုထဲ သက်သက်ကြောင့် ဖြစ်ရ တယ်ဆိုတော့

မင်းတို့ မဘသတွေ ၉၆၉ တွေက ဒီပြစ်မှုတွေကို ကျူးလွန်နေကြတဲ့အချိန်မှာ တာဝန်ရှိတဲ့ အာဏာပိုင်တွေ ရဲတွေ စစ်တပ်တွေဟာ လက်ပိုက်ကြည့်နေကြတယ် ခွင့်ပြုပေးထားတယ် အချို့နေရာတွေမှာ သူတို့ကိုယ်တိုင် ဦးဆောင် လုပ်ခဲ့ကြတယ်

ဒီအကျိုးဆက်တွေဟာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာ မစဉ်းစားမိဘူးလား-ဘာတုန့်ပြန်မှုတွေဖြစ်လာနိုင်မလဲ ဆိုတာကို စဉ်းစားနိုင်တဲ့ ဦးနှောက် မင်းတို့မှာ မရှိဘူးလား

နိုင်ငံတကာမှာ အစ္စလာမ်ကို ကျူးကျော်တိုက်ခိုက်သူ တွေ အစ္စလာမ်ကို စော်ကားသူတွေ ဘယ်လိုတုန့်ပြန်မှု တွေနဲ့ ကြုံကြရတယ်ဆိုတာ မသိကြဘူးလား

အေး
မတရားမှုတွေ ဆက်လုပ်နေကြလို့ မွတ်စလင်တွေက မခံနိုင်လို့ လက်တုန့်ပြန်ပြီဆိုတဲ့နေ့ကစပြီး ဒီတိုင်းပြည် အတွက် အေးငြိမ်းတဲ့နေ့ ရှိမှာမဟုတ်တော့ဘူး

နိုင်ငံတကာက အဖွဲ့အစည်းတွေကရော ဝင်ပါမလာဘူး လို့ပြောလို့ရမလား

အခုတောင် ဘယ်ကမှမလာတဲ့ ISIS တွေရောက်နေပါပြီ လို့ လုပ်ကြံပြောပြီး သွေးပျက်နေကြတယ် မဟုတ်လား

ကမ္ဘာမှာ အစ္စလာမ်နိုင်ငံတွေက အများကြီးရှိတယ်-အဲ့ဒီ အစ္စလာမ်နိုင်ငံတွေက ဒီအတိုင်းငြိမ်ပြီး ကြည့်နေကြလိမ့် မယ်လို့များ ထင်နေကြသလား

အစိုးရတွေက ဝင်မပါဘူးထားဦး
အစိုးရတိုင်း အစိုးရတိုင်းက သူတို့နိုင်ငံထဲက ဘာသာရေး လူမှုရေး အဖွဲ့ အစည်းအားလုံးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်တယ်လို့များ ထင်နေသလား

ဒီနိုင်ငံလေးထဲမှာ ကိုယ့် ကိုယ်ကိုယ် လူများစုလို့ သိပ်အထင်ကြီးမနေနဲ့ ဗမာလူဦးရေနဲ့ မွတ်စလင်လူဦးရေ ကွာလှ ၂သန်း ၃သန်းဘဲ-သန်းခေါင်စာရင်းအဖြေ မေးကြည့်လိုက်ဦး

အမိမြေကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ နိုင်ငံကို အထိအခိုက်မရှိ ရအောင် ကျုပ်တို့ သည်းခံနေကြတယ် ကိုယ့်လူကိုယ် ထိန်သိမ်းနေကြတယ်ဆိုတာ သဘောပေါက်စေချင်တယ်

ဒီကိစ္စ ဒီပြသနာတွေ ကြိုမြင်လို့ ဒီလိုအလုပ်တွေ မလုပ်ဖို့ ဝီရသူကိုလဲ ကျုပ်ကိုယ်တိုင် ပြောပြ ရှင်းပြခဲ့ဘူးတယ်

End of Genocide အဖွဲ့ ဥက္ကဌကြီး မစ္စတာသောမတ်စ် အင်ဒရူး ကျွန်တော့်ဆိုင်ကိုလာစဉ် ၂၀၁၃ ခုနှစ် ကတည်း ကလဲ ပြောခဲ့ဘူးသလို နိုင်ငံခြား သတင်းမီဒီယာတွေကို လဲ စိုးရိမ်စိတ်နဲ့ ပြောပြခဲ့ဘူးတယ်

တည်ငြိမ်အေးချမ်းတဲ့မြန်မာပြည်မဖြစ်လာဘဲ အာရှတိုက်ရဲ့ ဆိုမာလီ ဖြစ်သွားလိမ့်မယ် ထိန်းကြပါ သိမ်းကြပါ မတရားမှုတွေရပ်လိုက်ကြပါ မတရားမှုလုပ်တဲ့ သူတွေကို အရေးယူနိုင်အောင် လုပ်ပေးကြပါ ဆိုတာတွေ ကိုပေါ့

အခုအချိန်အထိ ပြသနာဖြစ်မလာသေးတာ အစ္စလာမ် ဘာသာဝင်တွေက သည်းခံ ထိန်းသိမ်းထားလို့

ဆက်လုပ်ကြလေ အစိုးရအကာအကွယ်နဲ့ မဟုတ်မမှန် လုပ်ကြံ စွတ်စွဲချက်တွေနဲ့
ပြသနာတွေဆက်ရှာကြ
စော်ကားကြ
နိုင့်ထက်စီးနင်းလုပ်ကြ

နောက်ဆုံးတနေ့တော့ လမ်းဆုံးရောက်သွားကြမှာပဲ

ကမ္ဘာပေါ်မှာ လူသန်းပေါင်း ထောင်ချီပြီး ကိုးကွယ်နေတဲ့ သာသနာဝင်တွေနဲ့ မြန်မာနိုင်ငံလေးထဲက ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေထဲက လက်တဆုပ်စာလောက်ရှိတဲ့ ၉၆၉ တွေ မဘသ တွေ သူတို့ကို ထောက်ခံ အကာအကွယ်ပေးနေတဲ့ စစ်အုပ်စုတွေ-
ဘယ်သူက အင်အားသာပြီး
နောက်ဆုံးတနေ့ ဘယ်သူက အနိုင်ရမလဲဆိုတာကို

ဒီ့အပြင် မဘသတွေ ၉၆၉တွေက အစိုးရက လယ်သမား အလုပ်သမား ကျောင်းသား ပြည်သူ အားလုံးကို နှိပ်ကွပ်တဲ့နေရာတိုင်းမှာ အစိုးရနဲ့ တသားထဲရပ်နေသေး တယ်

အဲ့ဒီတော့ ကျုပ် တိုင်းပြည်အတွက် ကောင်းတဲ့ အကြံ ပေးချင်ပါတယ်
မတရားမှုတွေ ရပ်လိုက်ပါ
တိုင်းပြည်ကိုချစ်တယ်ဆိုရင်ပေါ့
အလုံးစုံ ပျက်စီးမဲ့လမ်းကို မလျှောက်ပါနဲ့

ကျုပ်တို့ မွတ်စလင်တွေက ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ နိုင်ငံသား အားလုံးနဲ့ အတူ တန်းတူ အခွင့်အရေးကိုဘဲ လိုချင်တာပါ

ပိုလဲမလိုချင်ပါဘူး
လျော့လဲ မလျော့ချင်ပါဘူး

ဗမာတကျပ် ကချင်တကျပ် ကရင်တကျပ် တွေပြောမနေ ပါနဲ့ နားရှုပ်ပါတယ်

မြန်မာနိုင်ငံသားမှန်ရင် တကျပ် လို့ဘဲ လုပ်လိုက်ပါ

လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေရပ်လိုက်ပါ

အမုန်းစကားဟောကြားမှုတွေကို ဥပဒေပြဌာန်းပြီး ပိတ်ပင်ပေးပါ

အပြစ်ရှိသူတွေကို အရေးယူပေးပါ

နောက်ကွယ်က ကြိုးကိုင်ထားသူတွေကြောင့် ဘာမှလုပ် လို့ ကိုင်လို့မရဘူးဆိုရင် နိုင်ငံတကာစုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ဖေါ်ထုတ် အရေးယူပေးပါ

တိုင်းပြည်ကို ချစ်လို့ ပြောတယ် မှတ်ပါ



မောင်မောင်
ရွှေကရဝိက်
၁၁-၄-၂၀၁၅
ခေတ္တ ကွာလာလမ်ပူ မလေးရှား

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s