ကနောင်မင်းဆက် ဦးနေဝင်းရဲ့ မြန်မာဆန်တဲ့ရုပ်ကို ကြည့်ကြပါဗျာ

Aung Tin

သူ့ကိုယ်သူ ကနောင်မင်းဆက်ဖြစ်တယ်လို့ ဦးနေဝင်းက သူ့လက်စွဲတော်ကြီး ဦးချစ်လှိုင်ကို ပြောခဲ့ကြောင်း ဦးချစ်လှိုင်က မှတ်တမ်းတင်ထားပါတယ်။

ကနောင်မင်းဆက် ဦးနေဝင်းရဲ့ မြန်မာဆန်တဲ့ရုပ်ကို ကြည့်ကြပါဗျာ။

Image may contain: 1 person

ကျနော့မိတ်ဆွေကြီး ဦးအန်းကူ(ကွယ်လွန်)ကတော့ ဦးနေဝင်း အဖေ၊ အမေတို့ရဲ့ တရုတ်နာမည်တွေနဲ့ တရုပ်ပြည်ဖွား ဦးနေဝင်း မိဘတွေ မွေးဇာတိ ရွာအမည်ကိုပါ အတိအကျ ပြောပြခဲ့တယ်။

ဦးနေဝင်းရဲ့ ငယ်နာမည် ရှုမောင်ဆိုတာ တရုတ်နာမည်ရင်းကို မြန်မာတွေ မပီကြလို့ ခေါ်ခဲ့ကြတာပါ။ မြန်မာတွေက ရှုမောင်၊ စန်းယုဆိုတဲ့ အမည်မျိုးကို မှည့်လေ့မှည့်ထ မရှိကြပါဘူး။

ဗိုလ်ချုပ်အောင်ကြီးက သူ့မှာ တရုပ်နာမည်ကလွဲလို့ မြန်မာနာမည် ရှိကို မရှိခဲ့လို့ အောင်ကြီးဆိုတာ
ကျောင်းအပ်မှ ဆရာမက ပေးခဲ့တာပါတဲ့။

တရုတ်ဆက်ဖြစ်ဖြစ်၊ ကုလားဆက်ဖြစ်ဖြစ် အရေးမကြီးပါဘူး။ တိုင်းချစ်ပြည်ချစ်ဖြစ်ရင် ပြီးပါတယ်။ ဘယ်လူမျိုးမှ သွေးမစစ်ပါဘူး။ ငါက ဗမာစစ်စစ်၊ ရှမ်းစစ်စစ်၊ ရခိုင်စစ်စစ်ဆိုတာ အမျိးကိုချစ်တဲ့အတွက် ဂုဏ်တင်ပြီး ပြောကြတာသာဖြစ်လို့ နားလည်စာနာပါတယ်။

ကမ္ဘာပေါ်မှာ လူမျိုးစစ်စစ်ဆိုတာ လုံးဝမရှိတော့ပါဘူးလို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေ လက်ခံထားတဲ့အချိန်မှာ မြန်မာမှာဘဲ မြန်မာလူမျိုးစစ်စစ်၊ ရှမ်းစစ်စစ်၊ ရခိုင်စစ်စစ် ရှိနေတယ်ဆိုရင်လည်း ဂင်းနစ် ကမ္ဘာ့စံချိန် Guinness World Records ကိုသာ အကြောင်းကြားလိုက်ကြပါ။

ပြည်သူချစ်တဲ့ စွယ်စုံရ အနုပညာရှင်ကြီး ဦးဝင်းဖေရဲ့ အဖေက တရုတ်ကြီးဖြစ်ကြောင်း၊ လူထုချစ်တဲ့ ဟာဂျူလီကသာရဲ့ ကျေးဇူးရှင်ဖခင်ကြီးဟာ မွတ်စလင်ကြီးဖြစ်ကြောင်း၊ ဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်အောင်ရဲ့ အဖိုးက အိန္ဒိယကလာကြောင်း ကာယကံရှင်တွေကိုယ်တိုင် ပြောနေကြပါတယ်။

ပြောချင်တာက အာဏာအကြောင်းပါ။

အာဏာ ထိုင်ခုံလှုပ်လာတော့ တရုတ်ဖြစ်တဲ့ ဦးနေဝင်းက တရုတ်-မြန်မာအရေးအခင်းကို ဖန်တီးပြီး သူ့လူမျိုး တရုတ်တွေကို ရက်ရက်စက်စက် သတ်ပြခဲ့သူပါ။

ဒီနေ့ မွတ်စလင်တွေ အကြမ်းဖက်မှုတွေမှာ အသတ်ခံရတယ်ဆိုတာ တရုတ်တွေခံခဲ့ရတာရဲ့ အဖျားအနားဘဲ ရှိပါတယ်။ တရုတ်-မြန်မာအရေးအခင်းကို သိမှီခဲ့သော အသက်ကြီးတဲ့ တရုတ်တွေကို မေးကြည့်ကြပါတော့။

ဗိုလ်နေဝင်းနဲ့ ဗိုလ်စိန်လွင်တို့ တက်ညီလက်ညီ လက်သံပြောင်ပြောင် တစ်နိုင်ငံလုံးက သံဃာတွေကို နှိပ်စက် စော်ကား အရှက်ခွဲခဲ့တာတွေကိုလည်း သိမှီလိုက်ကြတဲ့ ဆရာတော်၊ သံဃာတော်တွေကိုသာ လျှောက်ကြည့်နိုင်ကြပါတယ်။

တိပိဋကဓရ ဆရာတော်တွေတောင် မချန်ဘဲ မှော်ဝန်းသား ဗိုလ်ခင်ညွှန့်တို့ ပါးကွက်အာဏာသားတစ်စု မိုက်မိုက်ကန်းကန်း ရိုက်နှက်ကန်ကျောက် ထောင်ချခဲ့တာတွေကော မေ့ကုန်ကြပြီလား။

ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ဆိုလည်း တိုင်းရင်းသားလောက် အသာထား မြန်မာအချင်းချင်းပေါ်မှာတောင် အခုထက်တိုင် ရက်စက်နေကြတာကလည်း ဒီအာဏာပါဘဲ။

၂၀၀၇ ရွှေဝါရောင်မှာ သံဃာတွေကို ဓါတ်တိုင်မှာ ကြိုးတုတ်ရိုက်ခဲ့တာ၊ ရွှေဝါရောင်မှာဘဲ ရန်ကုန်မှာ သံဃာတွေကို ရက်ရက်စက်စက် အကြမ်းဖက်ခဲ့တာ၊ ၂၀၁၂ ဝါဆိုလပြည့်ည လက်ပံတောင်းတောင်မှာ ညအချိန် ကြိမ်းနေတဲ့ သံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခဲ့တာကြောင့် ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်အစိုးရတွေဟာ ယနေ့တိုင်အောင် သံဃာထုက သပိတ်မှောက်ကံဆောင် (ပတ္တနိက္ကုဇ္ဖနကံ)ထားတာကို အကြိမ်ကြိမ် ခံနေရသူတွေဖြစ်ပါတယ်။

ဒါတွေကို တစ်ထောင့်တစ်ည ပုံပြင်တွေလို ဆက်ကာ ဆက်ကာ ပြောနေမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်သွားပါလိမ့်မယ်။

သံဃာနဲ့ ပြည်သူတွေ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လူထုရန်သူအစစ်ကို မြင်ကြဖို့ အချိန်တန်ပါပြီ။

ငရဲပန်းကို ရွှေပန်းမထင်ကြပါနဲ့။

တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မမှားကြပါနဲ့။

(ဦးနေဝင်းမျိုးဆက် အမည်တွေကို မမှတ်မိတော့လို့ မရေးပြနိုင်ပါဘူး။ အမှန်တရားကို တန်ဖိုးထားလို့ သုတေသန လုပ်ရဲကြရင် လုပ်လို့ရပါတယ်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s